← Chapters

မြွေသေ

Vol. 133 Ch. 4.1509

မြွေသေ

Vol. 133 Ch. 4.1509

ရဲ့ရှားက မျှော်စင်နယ်ပယ် အဆင့်၅၊ ကောင်းကင်လူသားနဲ့ မြွေလူသားက မျှော်စင်နယ်ပယ် အဆင့်၄၌ ရှိပြီး သုံးဦးပေါင်းလျှင် ဦးချိုနဂါးကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

ယခုဆိုလျှင် လုရွှမ်၏ အင်အားသည် နတ်မီးနယ်ပယ် အဆင့်၁၂ သို့ တိုးမြှင့်လိုက်သော်လည်း ဤတိုက်ပွဲတွင် အနိုင်ရရန် ခွန်အားမရှိသည်ကို ကောင်းစွာသိသည်။

ထို့ပြင် ကောင်းကင်လူသားနှင့် မြွေလူသားတို့အပြင် လျှို့ဝှက်နယ်မြေတွင် ဦးချိုနဂါးကလည်း ဘယ်လို အမွေကို ရရှိခဲ့သလဲ မသိနိုင်ပေ။ အပေါ်ယံအခြေနေကို ကြည့်လျှင် လူလေးဦး၏ စွမ်းအားသည် သူ့အထက်တွင်ရှိပြီး သူ့အောက်မဟုတ်ပေ။

လူလေးယောက်ရဲ့ ဝိုင်းပြီး နှိပ်ကွပ်မှုကနေ တွန်းလှန်ပြီး အလျင်စလို ရုန်းထွက်ချင်ရင်တော့ အန္တရာယ်က အရမ်းကြီးပြီး အောင်မြင်ဖို့ အခွင့်အလမ်းကလည်း အရမ်းနည်းပေသည်။

"နင်တို့သုံးယောက်က ဘာကိုဆိုလိုတာလဲ.... ငါဘယ်သူလဲမသိဘူး အဲဒီလူယုတ်မာကရော ဘယ်သူလဲဆိုတာ မသိဘူးလား"

ရှန်းရှန်း ဦးချိုနဂါး ချီလီကို လွန်စွာစက်ဆုပ်နေပြီ။

ချီလီ: " မင်းသမီးရှန်းရှန်း... မင်းဘာလို့ စိတ်ဆိုးနေတာလဲ ငါတို့အားလုံးက မျိုးနွယ်စုတစ်ခုကနေ လာကြတာ... ရွာသားတစ်ယောက်က ရွာသားတစ်ယောက်နဲ့ တွေ့တဲ့အခါ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေတတ်တယ်တဲ့...နေရာစိမ်းမှာ အကြိမ်ပေါင်းများစွာ ဆုံတွေ့ခွင့်ရတာကို ဂုဏ်ယူမိသင့်ပါတယ်”

"ဟမ့် နင်ငါတို့ကို လုပ်ကြံနေတာ အသိသာကြီး... ဘာကို ဂုဏ်ယူရမှာလဲ"

ချီလီ: "ဒါပေါ့ ဒါက ဂုဏ်ယူစရာပဲလေး... မင်းသမီးလေးကို မြင်တိုင်း အမြတ်တွေ အများကြီးရတာ..အရင်ဟာတွေက ဒီတစ်ခါလောက်တော့ မကောင်းပါဘူး ငါတို့လိုချင်တာကလည်း အရမ်းရိုးရှင်းပါတယ်.... မင်းသမီးလေး မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထာဝရအသက်ဓားကို ငါလိုချင်တယ်"

ကောင်းကင်လူသားကလည်း ဂုဏ်ယူစွာ အော်သည်။

“ကောင်းကင်လူသား အမွေကို ငါလိုချင်တယ်”

ရဲ့ရှားရဲ့အသံက ဆွဲဆောင်မှုရှိပြီး "လုရွှမ်... မင်းလက်နဲ့ မင်းခန္ဓာကိုယ်မှာ ကောင်းကင်လက်နက်တွေကို ငါလိုချင်တယ်... မင်းခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ အရာတစ်ခုလည်း ရှိတယ်... နေဖြိုခွင်းနတ်လေးကို ယူချင်လို့... "

လုရွှမ် အော်ရယ်လိုက်ကာ။

"မင်းတို့မှာ အစီအစဉ်ကောင်း တစ်ခုစီ ရှိနေတာပဲ... ငါတို့ လမ်းခွဲပြီးသွားတဲ့နောက် မင်းစားချင်စိတ်က အရမ်းများလာတယ်နော်"

ရဲ့ရှား: "မင်းက စားချင်စရာကြီးလေ..."

"ကောင်းပြီ... စမ်းကြည့်ရအောင်"

လုရွှမ် ရှန်းရှန်းကို ဖမ်းကိုင်လိုက်ပြီး သူတို့နှစ်ဦးသည် ဟန်သွမ့်တောင်တန်းများဆီသို့ ပျံသန်းဆင်းလာခဲ့သည်။ ကျန်လေးယောက်က ခဏလောက် မလှုပ်မယှက်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

ရဲ့ရှား: "ဒီကောင်လေးက ဒီတောင်တန်း ထူးဆန်းနေတာကို ခံစားမိနေတာ ဖြစ်မယ်"

ချီလီ: "ဒါဆို ထူးဆန်းတာ တစ်ခုရှိရင်တောင် ဒီတောင်တန်းကြီးကြားမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာလဲ"

မြွေလူသား: "လိုက်!"

ကောင်းကင်လူသားသည် စကားမပြောဘဲ ရင်တုန်နေသော မျက်လုံးများဖြင့် ငုံ့ကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့နောက်ကို လိုက်လာခဲ့သည်။ လုရွှမ်နဲ့ ရှန်းရှန်းတို့သည် ကြီးမားသော ကျောက်တုံးကြီး တစ်ခုရှိရာ တောင်တန်းထိပ်ပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။

ကျောက်တောင်၏ ဧရိယာက ကြီးမားပြီး အလျားနှင့်အနံ ရာချီနီးပါး ကျယ်ဝန်းကာ လူခြောက်ဦးကို ထမ်းထားဖို့ လုံလောက်​ပေသည်။

လုရွှမ် သူ့နားထဲတွင် လျင်မြန်သော စွမ်းအင်များရဲ့ ပေါက်ကွဲသံကို ကြားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ရန် မလိုအပ်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေသော စွမ်းအင်ကို ခံစားနိုင်သည်။ ဘာပြောင်းလဲမှုကိုမျှ မမြင်နိုင်သော်လည်း ဤနေရာတွင် လေထုမတည်ငြိမ်မှုကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ ထိုအရာကြောင့် ရှန်းရှန်းရဲ့ပျံသန်းမှုက ခဏတာ မတည်ငြိမ်သလို ဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် လူခြောက်ယောက်စလုံး မြေပြင်ပေါ်သို့ ဆင်းလာသည်။ လူလေးယောက်ရဲ့ အမူအရာမှာတော့ ရုတ်တရက် ပြောင်းလဲသွားသည်။

ရဲ့ရှား: "ဒီနေရာမှာ တစ်ခုခုမှားနေသလိုပဲ"

ရဲ့ရှားက သူ့အသံတိုးတိုးသာ ထွက်ပြီး ရုန်းကန်ချင်နေသည်။ မြွေလူသားကလည်း မြွေရဲ့အမြီးကို မထိန်းနိုင်ဘဲ ဆရာတော်ချင်ယဲ့နဲ့ ဆင်တူတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်သွားပါ၏။ ဦးချိုနဂါးသုံးဟာ ရောင်ပြန်ဟပ်မှု၏ ပြောင်းလဲမှုများကို အံ့အားသင့်စွာ ကြည့်ရှုလိုက်သော်လည်း ၎င်းတို့သုံးကောင်တွင် လုံးဝပြောင်းလဲမှု မရှိပေ။

"ငါ မင်းတို့ကို ထွက်သွားဖို့ အကြံပေးတယ်... ဒီနေရာက မင်းတို့ရိုင်းစိုင်းနိုင်တဲ့ နေရာ မဟုတ်ဘူး... ဒီမှာ ခြားနားမှုကို ခံစားမိမယ်လို့ ငါ ထင်ပါတယ်.... ဒါပေမဲ့ ဒီမှာ ဘာရှိလဲ ဆိုတာ ဘယ်သူက သိမှာလဲ ဟမ့် မြွေလူသား... မင်း ဒီမှာ အကြာကြီး နေရရင် အဆင်မပြေလောက်ဘူးနော်... မြွေတွေချည်းပဲ မဟုတ်ဘူး... မင်းတို့လည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး"

လုရွှမ် ရယ်ပြီး သူတို့လေးယောက်ကို နောက်ပြောင်လိုက်သည်။ လူလေးယောက် စုနေရာမှ သုံးယောက်က မြွေလူသားကို ကြည့်လိုက်သည်။

"မသိဘူး ဒါပေမဲ့ အသက်ရှုကြပ်တာက တစ်ခုခုတော့ လွဲနေတယ်... အချိန်ကြာလာရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ အာမမခံနိုင်ဘူး။"

သူတို့သုံးယောက် ရုတ်တရတ် လန့်ဖြတ်လာသည်။ သံသယဝင်သွားတာက လုရွှမ်ရဲ့ အပြစ်တော့ မဖြစ်နိုင်ပေ။ ဒီပြဿနာကို သူ ကောင်းကောင်း သဘောပေါက်ထားတာသာ ဖြစ်ပေလိမ့်မည်။

ဤနေရာ၌ တစ်စုံတစ်ခု ပြောင်းလဲသွားသလို ခံစားနိုင်သော်လည်း လုရွှမ်၏ ယုံကြည်ချက်ရှိသော အကြည့်ကိုကြည့်ရင်း ဒီပြဿနာက ဒီလုရွှမ်နှင့် တကယ် သက်ဆိုင်နေပုံရသည်။

"အိုး မယုံဘူးလား... မြွေကောင်... မင်းတစ်ကိုယ်လုံး မြွေလူသားတစ်ကောင် ဘယ်လိုလုပ် ဖြစ်သွားတာလဲ ဆိုပြီး ငါ အံ့သြနေတာ..."

ဒါက နေကိုးစင်းဖယောင်းနဂါးရဲ့ ရုပ်ခန္ဓာဖြစ်သည်။ ဝိညာဉ်က ထွက်ခွာသွားသည့်တိုင် ၎င်းသည် နတ်နဂါး၏ ဘုန်းအာနုဘော်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး မြင့်မြတ်သောနဂါးများကြားတွင် ပထမအဆင့် ဖြစ်သည်။

နဂါးများနှင့် မြွေများက အချင်းချင်း မလိုလားကြပေ။ ယခု နတ်နဂါး၏ နောက်ကျောတွင် မြွေတစ်ကောင်က အမှန်တကယ် ရပ်တည်နေပေရာ ခန္ဓာကိုယ်ရောင်ဝါက သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

လုရွှမ်စကားများနှင့်အညီ တိုက်ဆိုင်သွားသလိုမျိုး မြွေလူသားက အော်ဟစ်လိုက်ပြီး သူ့လက်တွေကို သူ့ခန္ဓာကိုယ်မှာ အလိုအလျောက် ချည်နှောင်ခံထားလိုက်ရသည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်က မြွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။

မြွေလူသားရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သူတို့ဆီပါ ကူးစက်လာမှာကို စိုးရိမ်သဖြင့် လန့်ဖျပ်သွားကာ သုံးယောက်သား အမြန် ဆုတ်ခွာသွားကြသည်။

မြွေလူသားမှာ ဝမ်းနည်းစွာ အော်ဟစ်ပြီး မြေပြင်ပေါ်တွင် လှိမ့်နေ၏။ တစ်နေရာရာကို ပျံသန်းချင်သော်လည်း အသက်ရှုသံ တစ်သံက မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသက်ရှူသံ ကျောက်ပြားကြီးဆီက မဟုတ်ဘဲ အသက်ရှုသံနဲ့တူသော ရောင်ဝါတစ်ခု ရှိဖြစ်လေသည်။

ထိုရောင်ဝါက မြွေလူသားရဲ့ ခန္ဓာကိုယ်ကို ထိမှန်ပြီး သူ့ကို လေထုထဲကနေ ပြုတ်ကျသွားစေခဲ့သည်။ မြွေလူသား စိတ်ဆင်းရဲစွာ အော်ဟစ်နေရ၏။ အကြောင်းမှ ခန္ဓာကိုယ်ကို ထိမှန်သွားသည့်နေရာမှ အသားတစ်စ ပြုတ်ကျသွားလို့ပါပဲ။

သူ နောက်တစ်ကြိမ် ပျံသန်းချင်စိတ်ကို တွန့်ဆုတ်စွာ တားဆီးနေပေမယ့် နောက်ထပ် အသက်ရှူသံ ထွက်လာလိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်က ခြေဖဝါးလေးသာ လှုပ်ခါသွားခဲ့သည်။

ဤတစ်ကြိမ်တွင် လူတိုင်းလည်း ကျောက်ပြားကြီးက တကယ် စီရင်နေတာ့ဖြစ်ကြောင်း အသေအချာ မြင်လာရသည်။ ပထမအကြိမ်တုန်းက အားလုံး နည်းနည်းတော့ ရှုပ်နေသေးပေမယ့် ဒီတစ်ခါတော့ ရှင်းနေပါပြီ။ ဤသည်မှာ အသေကောင်မြွေကို တိုက်ခိုက်နေသည့် တောင်တန်းတစ်ခုလုံး ထင်ရှားသည်။

"ငါ့ကို ကယ်ပါ?"

မြွေလူသားမှာ သူ့အသက်ကို ကယ်တင်​ပေးဖို့ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပေမယ့် အသက်ရှုသံတွေက တဟုန်ထိုး ထိုးထွက်လာပြီး မြွေလူသားရဲ့ ခန္ဓာကိုယ်ကို အဆက်မပြတ် တရစပ် ဗုံးကြဲလိုက်ပါတော့သည်။

သူရုန်းကန်သော်လည်း တဖြည်းဖြည်း အသံမထွက်နိုင်တော့ပေ။ သူ့ဦးခေါင်းသည် တဖြည်းဖြည်း လူပုံသဏ္ဌာန်ပျောက်ကာ မြွေတစ်ကောင်လို ပြောင်းလဲသွားသည်။ သွေးနီရောင် မြွေကြီးတစ်ကောင်ပါပဲ။ သူ့အသွေးက မြေပြင်တစ်ခုလုံး စီးဆင်းနေပြီလေ။

အလွန်မာကျောသော ကျောက်တုံးသည် ယခုအချိန်တွင် ခွန်အားပြင်းသော စိမ့်ရေနှင့် တူလာ၏။ ဧရာမမြွေကြီးသည် ၎င်း၏ခန္ဓာကိုယ်ကို ရေထဲမှာ ကူးခတ်နေရသလို ကျောက်ဆောင်ထဲသို့ တဖြည်းဖြည်း စုပ်ယူခံလိုက်ရလေသည်။

ဧရာမမြွေကြီး လုံးဝပျောက်ကွယ်သွားသောအခါတွင် ကျန်ခဲ့သော ကျောက်ပြားများသည် ပျော့ပျောင်းမှု လုံးဝမရှိ​တော့ဘဲ ပြန့်ကျဲနေဆဲ ဖြစ်သွားသည်။

ထန်း!

သို့သော် ဦးချိုနဂါးသည် မယုံနိုင်သောကြောင့် ဓားစွမ်းအင်ဖြင့် ရှေ့သို့ တိုးဝင်ကာ ခုတ်ချလိုက်သည်။ ရွှေနှင့် ကျောက်စိမ်း ထိခတ်သွားသည့် အသံသာ ထူးထူးခြားခြား ထွက်ပေါ်လာကာ ယခင်ကဲ့သို့ မပျော့နေချေ။

"ကျစ် ကျစ် အရမ်း အစွမ်းထက်​တာပဲ... ငါ့ကိုတောင် ခြောက်နိုင်တယ်​"

လုရွှမ် အော်​လိုက်​သည်။ သူ့မျက်​နှာမှာ အမူအရာ ချဲ့ကားတာမျိုး လုံးဝမဟုတ်​ပဲ သူတကယ်​ကို ထိတ်​လန့်​သွားကြောင်း ပြသနေသည်။ နတ်နဂါးနဲ့ မြွေဟာ တစ်ယောက်နဲ့တစ်ယောက် မဆက်ဆံနိုင်ဘူး ဆိုတာ သိပေမဲ့ သူတို့ ဒီလောက် မုန်းတီးနေမယ်လို့ မမျှော်လင့်ထားပါဘူး။

ပြီးတော့ အဲဒီမြွေ သေသွားရတဲ့ပုံက တကယ်သနားစရာ ကောင်းလေသည်။

All Chapters