← Chapters

နဂါး

Vol. 133 Ch. 4.1510

နဂါး

Vol. 133 Ch. 4.1510

လုရွှမ်: "မင်းတို့ထဲက နောက်ထပ် ဘယ်သူအရင်လာမလဲ...."

ကျန်သုံးယောက်သည် ကြောက်လန့်တကြား လေပေါ် ခုန်တက်ကာ ရင်ဘတ်ရှေ့တွင် လက်နက်များကို အသင့်ကာထားရင်း လုရွှမ်ကို သတိနှင့် ကြည့်ကြသည်။

"မင်းတို့ဘာလို့အရမ်း စိတ်​ပူ​နေရတာလဲ... တကယ်​​တော့ ငါလည်းတကယ်​ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး...."

လုရွှမ်ပုံစံက အပြစ်​ကင်းတဲ့ပုံ​ ပေါက်​​နေ​ပေမယ့်​ သူ့ကိုကြည့်​​နေတဲ့ လူသုံး​ယောက်​ကတော့ သူ့အမူအရာကို ပိုလို့​တောင်​ အံ့သြနေမိကြသည်။

လုရွှမ် ပြုံးလျက်: "ဟေး လွန်ခဲ့တဲ့ နှစ်နှစ်က ငါ အမှန်တရားကို ပြောခဲ့ပေမယ့် ဘယ်သူမှ မယုံခဲ့သလိုပဲနော်..."

ရှန်းရှန်းဟာ အဖြစ်အပျက်ကို လုံးလုံးမသိပေမယ့် အခုတော့ သူတို့ လုံခြုံသွားသလို ခံစားနေရသည်။ တခြားသော စွမ်းအားတွေက သူတို့ကို ကောင်းချီးပေးပြီး ကာကွယ်ပေးနေပုံရတာမို့ အရမ်းပျော်သွားသည်။ သို့သော်လည်း သူမသည် ယခင်က မြွေ၏ အဖြစ်ဆိုးကြောင့် အနည်းငယ် ထိတ်လန့်သွားတာမလို့ လုရွှမ်နောက်တွင် ပုန်းနေခဲ့သည်။

"ဟမ့် တစ္ဆေလို ဟန်ဆောင်ချင်နေတဲ့ကောင်!"

ရဲ့ရှားက ရုတ်တရက် အရင် အော်ဟစ်ပြီး လုရွှမ်ကို ဓားနဲ့ ပြေးခုတ်လေသည်။

လုရွှမ်ရဲ့ မျက်လုံးများက တည်​ကြည်လေးနက်နေသည်။ သူ့အမြင်အရ လေးယောက်ထဲတွင် အခြိမ်းခြောက်ဆုံးလူမှာ ရဲ့ရှား ဖြစ်သည်။ အလားအလာရဲ့ ရှုထောင့်မှသာမကဘဲ ကောင်းကင်လူသားထက် မြင့်သော မျှော်စင်နယ်ပယ် အဆင့်၅မှာ ရှိနေသူ ဖြစ်သည်။

တခြားသူများနှင့် ယှဥ်ကြည့်လျှင် ရဲ့ရှား ရရှိခဲ့သော အမွေသည် ရှန်းရှန်းပြီးလျှင် ဒုတိယနေရာမှာ ရှိမှာ သေချာသည်။ လုရွှမ် ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ဝင်လာသော ဓားစွမ်းအင်ကို ရင်ဆိုင်လိုက်သည်။

ဝုန်း!

လုရွှမ် ပြုံး၍ သူ့လက်ကို ပြန်ဆွဲကာ ရှန်းရှန်းကို ခေါ်၍ နောက်သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။ ရဲ့ရှားမှာ လုရွှမ် ဘာလုပ်နေမှန်း မသိတာကြောင့် အနည်းငယ် လန့်သွားသည်။ အလိုလို တစ်ဖက်သို့ လှည့်သွားပုံက ထူးဆန်းလှသည်။

ဆူညံသံ တစ်ခုနဲ့အတူ ယဲ့ရှားသည် တစ်စုံတစ်ခု တိုက်ခိုက်ခံရသကဲ့သို့ သူ့ဓားကြီး တုန်ခါသွားတာကြောင့် ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

"အစောက ရောင်ဝါပဲ!"

ချီလီနဲ့ ကောင်းကင်လူသားတို့ရဲ့ ခန္ဓာကိုယ်တွေ တစ်ပြိုင်တည်း တုန်သွားကာ သူတို့ကြားလိုက်ရတဲ့ အသံကြောင့် ပိုထိတ်လန့်သွားခဲ့သည်။ အစောက ရောင်ဝါဟာ မြွေလူသားတစ်ကောင်ကို မြွေတစ်ကောင်အဖြစ် လုံးလုံး ပြောင်းလဲစေမယ့် ရောင်ဝါမျိုးပဲ ​ဖြစ်လေသည်။

ရဲ့ရှားလည်း ရုတ်တရတ် ထိတ်လန့်သွားသဖြင့် ကမန်းကတမ်း နောက်ပြန်ဆုတ်လိုက်သည်။ လူသုံးဦးသည် ကြောက်ရွံ့စွာ အတူတူ စုစည်းသွား၏။

လုရွှမ် ရယ်လိုက်သည်။

ယခုဆိုလျှင် သူတို့သည် အနည်းဆုံးတော့ ယခင်က သူ မြင်ဖူးသောအရာကို မမြင်ခဲ့ကြတာ ထင်ရှားပါသည်။ ဟန်သွမ့်တောင်တန်းများ ၏ နိယာမနှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေတယ်လို့သာ ထင်နေကြတာ သူတို့မျက်နှာပေါ်မှာ ပေါ်နေပြီ။

သို့သော် တောင်တန်းကြီး ဘာဖြစ်သွားမှန်း မသိ။

ပထမတော့ လုရွှမ်လည်း ဒီနေရာရဲ့ နိယာမစွမ်းအင်တွေကြောင့်လို့ ထင်ခဲ့သည်။ ရှန်းရှန်းလည်း အဲဒါကို မခံစားရချေ။ ဒီလူတွေရဲ့ အရည်အချင်းတွေက ထူးကဲပေမယ့် သူတို့မှာ ခံစားနိုင်တဲ့ သဲလွန်စမရှိတာ သိသာပါ၏။

ဒါပေမဲ့ ဟန်သွမ့်တောင်တွေက ဘာလို့ သူ့ကို ကူညီပေးတာလဲ။

သူတို့ သုံးယောက် ထိတ်လန့်သွားသော်လည်း သတ္တိမပျောက်သေးပေ။ ဤနေရာတွင် လုရွှမ်တို့ကို ရောင်ဝါတစ်ခုက ဆက်လက် ဝိုင်းရံထားသရွေ့တော့ သူတို့လည်း လှုပ်ရှားဖို့ မလွယ်ကူပေ။

ရောင်ဝါအသံတစ်သံက ရုတ်တရက် ကျယ်လောင်လာပြန်သည်။ လုရွှမ်မှာ ရှန်းရှန်း မတော်တဆ ထိခိုက်သွားမိမည်ကို စိုးရိမ်သဖြင့် သူ့အနောက်မှာ ကာကွယ်ထားသည်။ ဒါပေမဲ့ ရှန်းရှန်းကတော့ သူမ နားမလည်နိုင်တဲ့ အရာကြောင့် အနည်းဆုံးတော့ သူမ စိတ်ထိခိုက်သွားခဲ့ရသည်။

"အား!"

ရဲ့ရှား သူ့ဘယ်ဘက်လက်ကို အုပ်ထားလိုက်သည်။ သူ့လက်ကနေ ကြေးနီဒင်္ဂါးပြားအရွယ် အသွေးအသား အပိုင်းအစ တစ်စ ပြုတ်ထွက်သွားတယ်။ တခြားလူနှစ်ဦးကလည်း ရှောင်တိမ်းကာ ပြန်ဆုတ်သွားခဲ့သည်။

"လုရွှမ်! မင်းစောင့်နေလိုက်! ဒီနေ့တော့ မင်းကို လွှတ်လိုက်မယ်... နောက်နေ့တွေ မင်း ငါတို့ကို မတွေ့ပါရစေနဲ့လို့ ဆုတောင်းထားရင် ပိုကောင်းလိမ့်မယ်"

ချီလီ သူ့နဖူးကို အုပ်ကာ အော်သည်။ သူသာ ရုတ်တရက် တုံ့ပြန်လိုက်ပြီး ခေါင်းကို နှိမ့်မထားလိုက်ပါက မျက်လုံးတွေ ကန်းသွားလိမ့်မည်။ ဒီတစ်ကြိမ်မှာတော့ သူ လုံးဝကို ထိတ်လန့်သွားခဲ့ပြီ။ တောင်တွေအောက်မှာ တစ္ဆေတစ်ကောင် ရှိနေပြီဆိုတာ သိသာထင်ရှားနေပြီပဲ ဖြစ်သည်။

“လူသားကောင်! မင်း အနာဂတ်မှာလည်း ထွက်ပြေးနိုင်ဦးမယ်လို့ ငါ မယုံဘူး!”

ကောင်းကင်လူသားကလည်း အော်ပြီးတာနဲ့ လှည့်ထွက်ပြေးသွား၏။ လူသုံးဦးသည် ရှက်ရွံ့စွာ ထွက်ပြေးသွားခဲ့ကြပြီး လမ်းတစ်လျှောက် အော်ဟစ်သွားသံများကိုလည်း ကြားလိုက်ရသည်။

ရှန်းရှန်းလည်း လုရွှမ်ကို ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။ အစ်ကိုလုရွှမ်ဟာ အရင်က တောင်တွေကို ထိမိတုန်းက နားမလည်နိုင်စွာ ငြိမ်သက်သွားဖူးသည်။ ဒါတွေအားလုံးကို အစ်ကိုလုရွှမ် ဦးဆောင်လုပ်နေတာ အသိသာကြီး။

လုရွှမ်ကိုယ်တိုင်လည်း အရင်ကထက် ပိုလို့တောင် အံ့သြသွား၏။ နောက်ဆုံး အခိုက်အတန့်တွင် တောင်တန်းသည် စွမ်းအင်စီးကြောင်းများကို ပေါက်ကွဲစေပြီး ထိုလူများကို မောင်းထုတ်ပစ်လိုက်သည်။

ဒီတောင်တွေဟာ သူ့အရင်က အတွေးတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောရင် သူ့ကိုယ်သူတောင် မယုံမိလောက်တော့ချေ။

ဒါပေမဲ့ ဒီတောင်တန်းကြီးက သူ့ကို ဘာကြောင့် ကူညီတာလဲ။

လုရွှမ်သည် သူ့ကိုယ်သူ ကံကြမ္မာကို စောင့်ထိန်းသူတစ်ယောက်အဖြစ် အချိန်မရွေး ဖြစ်လာနိုင်ကြောင်း ခံစားနေရလေသည်။

မိုးမြေအဆောက်အအုံမှာ ဖြစ်ပျက်ခဲ့တာတွေက သူဟာ ထိုအဆောက်အအုံကိုရဲ့ သခင်တစ်ယောက်လည်း ဖြစ်တာကြောင့် တာဝန်ကို လက်ခံလိုက်လို့ ဖြစ်လာတာပင်။ ဒါပေမဲ့ ခရီးထွက်ပြီးတာနဲ့၊ ဒီလို စွန့်စားခန်းတစ်ခု ရခဲ့ပြန်သည်။

ဒါက ကံကောင်းလွန်းတာလား။

သူသည် ဟန်သွမ့်တောင်များမှ အကူအညီအတွက် အလွန်ကျေးဇူး တင်ခဲ့သော်လည်း ၎င်းကသူတို့ကို ဆိုးဆိုးရွားရွား ကြံစည်ချင်နေတဲ့ အတွေး ရှိနေခဲ့ရင်တော့ အနာဂတ်မှာ ဘယ်တော့မှ ခွင့်လွတ်မည် မဟုတ်ပါ။

"ရှန်းရှန်း.... မင်းအရင်ပျံသန်းပြီး ဒီကနေ ထွက်သွားလိုက်... ငါဒီတောင်တန်းနဲ့ ဆက်သွယ်လိုက်မယ် ဘယ်လိုအန္တရာယ်တွေ ရှိနိုင်လဲ မသိသေးဘူး..."

ရှန်းရှန်းသည် ဒီတောင်တံတိုင်းနဲ့ ဘယ်လိုဆက်သွယ်မလဲ ဆိုတာထက် အန္တရာယ်ဆိုတာကို ပိုစိတ်ပူနေသည်။

"အစ်ကိုလုရွှမ်... အန္တရာယ်ရှိရင် ညီမ အစ်ကိုနဲ့အတူ လိုက်ခဲ့မယ်!"

"မလိုပါဘူး.... စကားနားထောင်ပါ အစ်ကို့အတွက် စိတ်မပူပါနဲ့... ဒီတောင်တန်းကြီးက ငါတို့ကို ကယ်တင်ထားမှတော့ ငါ့ကို သေချာပေါက် ခက်ခဲအောင် လုပ်မှယ မဟုတ်ပါဘူး"

ရှန်းရှန်း သံသယဝင်နေသော်လည်း အစ်ကို လုရွှမ်သည် တစ်စုံတစ်ခုကို စိတ်စွဲလန်းပြီးရင် နောက်တစ်ကြိမ် ဆုံးဖြတ်ချက် မပြောင်းလဲတတ်ကြောင်း သိနေပြီမို့ သူမ ပြေးကာ ဘေး၌ ပုန်းရှောင်နေလိုက်သည်။

"အကြီးအကဲ စိတ်ဝင်စားရင် ကျွန်​တော်တို့ စကားပြောလို့ရပါပြီ"

လှုပ်ရှားမှု မရှိလာခဲ့ပါ။ ရုတ်တရတ် သူ့ခြေထောက်တွေ ပျော့သွားသလို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း နစ်မြုပ်သွားသည်။ ရုတ်တရက်မလို့ ထိတ်လန့်သွားသော်လည်း ဒါက တောင်တန်းရဲ့ သဘောထားဖြစ်ကြောင်းတော့ နားလည်လိုက်သည်။

မလှုပ်ရှားဘဲ သူ့ခန္ဓာကိုယ်ကို အင်အားတစ်ခုဖြင့် ဖုံးအုပ်ထားကာ အောက်သို့ နစ်မြုပ်သွား​စေခဲ့သည်။

ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်သွားသလိုမျိုး၊ အာကာသအတွင်း တယ်လီပို့လိုက်သလိုမျိုး သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသလို၊ ပတ်ဝန်းကျင်ကိုလည်း အာရုံမခံစားနိုင်တော့ချေ။

ခဏအကြာတွင် နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ကာ သူ့ခြေထောက်များက ခိုင်မာသော မြေပြင်ပေါ်သို့ ကျရောက်သွားတာ တွေ့လိုက်ရသည်။ ပတ်ဝန်းကျင် ရှုခင်းများက တဖြည်းဖြည်း တုန်ခါလာကာ လုရွှမ် နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လာရ၏။

သူသည် ကြီးမားသော လေထုထဲမှာ ရှိနေတာပဲ ဖြစ်လေသည်။ သူသည် ခပ်မြင့်မြင့် ပုလ္လင်တစ်ခုပေါ်တွင် သူရပ်နေပုံရတာကြောင့် စိတ်ထဲက အတွေးတစ်ခုဖြင့် ခုန်ဆင်းကာ အောက်ကိုငုံ့ကြည့်လိုက်သည်။

သေချာသည်မှာ သူသည် နတ်နဂါး၏ နောက်ကျောဘက်သို့ ဆင်းသက်လာခဲ့သည်။ လုရွှမ် ထပ်မံ ပြေးဆင်းလာပြီး နတ်နဂါး၏ ခေါင်းပေါ်သို့ ရောက်လာသည်။

ယခင့်ယခင်က ထင်ယောင်ထင်မှားအတွင်း ဤနဂါးကြီး၏ ကြီးမားမှုကို မြင်ခဲ့ဖူးသည်။ ယခု သူမြင်လိုက်ရတော့ တောင်တန်း​ကြီး တစ်ခုစာလောက်အထိ ကြီးမားနေ၏။

"ကောင်လေး.... မင်းရောက်လာပြီပေါ့"

ချစ်လှစွာသော ဖခင်တစ်ယောက်က သူ့သားကို ခေါ်​နေသလို ထူးထူးခြားခြား ကြင်နာတတ်သော အသံတစ်ခုသည် လုရွှမ်ရဲ့ နှလုံးသားကို တုန်လှုပ်သွားစေလေသည်။ နတ်နဂါးရဲ့ မျက်လုံးများကို ကြည့်လိုက်ရာ နဂါးမျက်လုံးနှစ်လုံးက အမှန်တကယ်ပင် ပွင့်လာခဲ့တာ တွေ့လိုက်ရသည်။

All Chapters