← Chapters

ကောင်းကင်နဂါး ပုတီးစေ့

Vol. 133 Ch. 4.1511

ကောင်းကင်နဂါး ပုတီးစေ့

Vol. 133 Ch. 4.1511

လုရွှမ်သည် အစောက အပြောင်းအလဲ အားလုံးကို လမ်းညွှန်ပေးနေတာက နတ်နဂါးကိုယ်က ဖြစ်ကြောင်း သိတာကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။ သို့သော် ဤအခိုက်တွင် နတ်နဂါးက မျက်လုံးများကို ဖွင့်လိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မွေးရာပါဟုထင်ရသည့် စွမ်းအားကို တွန်းလှန်ရန် ခက်ခဲစေခဲ့သည်။

"အကြီးအကဲက်ို ဂါဝရပြုပါတယ်"

လုရွှမ် ငြိမ်သက်ကာ ဦးညွှတ်လိုက်သည်။ နတ်နဂါးက အနည်းငယ် ခေါင်းညိတ်ပြကာ ပါးစပ်ကိုဖွင့်ကာ တံတွေးထွေးလိုက်တော့ နဂါးနီလေးတစ်ကောင်သည် သူ့ပါးစပ်မှ ထွက်သွားကာ လေထဲတွင် လှိမ့်၍ လူအဖြစ်သို့ ပြောင်းလဲသွားသည်။

"မိတ်ဆွေလေး ယဥ်ကျေးနေဖို့ မလိုပါဘူး"

လုရွှမ် တည့်တည့် မတ်တပ်ထရပ်နေရင်း ဤလူကို အံ့သြစွာကြည့်နေမိသည်။ သူသည် ဤရုပ်ခန္ဓာမှ ဆင်းသက်လာသော နတ်ဝိညာဉ်တစ်ပါးဖြစ်သကဲ့သို့ သူသည် နတ်ဝိညာဉ်၏ အခြေအနေသို့ လုံးဝ ရောက်ရှိသွားခဲ့ပြီ။

“ငါက အစကတည်းက ကျန်ရစ်ခဲ့တဲ့ ကွဲကွာနေတဲ့ ဝိညာဉ်ပဲ.... နောက်ဆုံးတော့ ရုပ်ခန္ဓာကို အခြေခံရင်း စိတ်ဝိညာဉ်ကို သုံးခဲ့ရတာ... လက်တွေ့မှာ အောင်မြင်ချင်ရင် ရုပ်ခန္ဓာကောင်းကို ဘယ်လို လွယ်လွယ်နဲ့ ချန်ထားခဲ့မှာလဲ ?"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူပြောတာက အဓိပ္ပာယ်ရှိပေ၏။

"ဒီအငယ်တန်းကို ဆင်းလာဖို့ ဆင့်ခေါ်တာက အကြီးအကဲမှာ ဘာညွှန်ကြားချက်များ ရှိမလဲ မသိဘူး"

"ငါအရင်ကပြောခဲ့သလိုပဲ... ခန္ဓာကိုယ်က အခြေခံအုတ်မြစ်... စိတ်ဝိညာဉ်က အသုံးပြုမှုတစ်ခုပဲ... မင်းရဲ့ခန္ဓာကိုယ်က အရမ်းအစွမ်းထက်တယ် ငါတို့နဂါးမျိုးရိုးနဲ့တောင် ယှဉ်နိုင်နေပြီ မင်းရဲ့အလားအလာကို ကြည့်ရင် အနာဂတ်က မဆိုးဘူး... "

“အရင်က ငါ့အတွေ့အကြုံကို မင်းမြင်ဖူးတယ်... ငါဒုက္ခကြုံတော့ ဘိုးဘေးသားရဲက ငါ့ကို လှည့်စားပြီး မတက်မနေရ တားထားလို့ ငါ့ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး ဘိုးဘေးသားရဲကို တားဖို့ တောင်ကြီးတစ်ခု ဖြစ်သွားခဲ့ရတယ်.... ကောင်းကင်နဂါး မျိုးနွယ်ရှစ်မျိုးက မြို့တွေကို တစ်ခုပြီးတစ်ခု တည်ဆောက်ပြီး ဘိုးဘေးသားရဲရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်ခဲ့ရတယ်..."

လုရွှမ် ဒီကောလဟာလအကြောင်း ကြားထားပြီးသားပါ။ မမျှော်လင့်ထားတဲ့အရာက နတ်နဂါးကို လှည့်စားသွားခဲ့တာက ဘိုးဘေးသားရဲ ဖြစ်နေမယ်လို့ပင်။ ဒါ့အပြင် ဒီလောက် တန်ခိုးကြီးသော နတ်နဂါးကို မိုးကြိုးဘေးဒဏ်က ဘယ်လိုလုပ် အလွယ်တကူ ဖြိုချသွားနိုင်တာလဲ။

"ဒါပေမယ့် ဘိုးဘေးသားရဲ ထပ်ပြီး လွတ်မြောက်တော့မယ်ဆိုတာ မင်းမြင်နေရတယ်... ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ငါဆန္ဒအလျောက် တောင်ကြီးတစ်ခုလို ပြောင်းလဲသွားပြီ... ခန္ဓာကိုယ်ကို ပြန်ပုံဖော်ဖို့ အခွင့်အရေးမရှိတော့ဘူး ဒါကြောင့် ငါ့ရဲ့တံဆိပ်ကို ဖယ်ရှားဖို့ မင်းရဲ့အကူအညီလိုတယ်.. မဟုတ်ရင် ငါ့ခန္ဓာရဲ့ အနှစ်သာရက ပျောက်ကွယ်သွားလိမ့်မယ်"

"ဒါဆို အကြီးအကဲ ဒီအငယ်တန်းကို လုပ်စေချင်တာက...."

နတ်နဂါးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အိုး မင်း အခု မလုပ်နိုင်သေးပါဘူး မင်းရဲ့ စွမ်းရည်တွေက အရမ်း မှော်ဆန်တယ်... နယ်ပယ်နဲ့ ယှဉ်ရင် မင်းရဲ့ စွမ်းအားက ငါတို့ နဂါးမျိုးရိုးရဲ့ အရည်အချင်းတွေထက် ပိုအားကောင်းတယ် ဒါပေမဲ့ နယ်ပယ်က နိမ့်လွန်းသေးတယ်... မင်း မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်မချင်း ဒီစွမ်းရည်တွေ ရှိလာမှာ မဟုတ်ဘူး"

လုရွှမ်: "ဒါပေမဲ့"

"ဒါပေမဲ့ မင်း မျှော်စင်နယ်ပယ် အထွတ်အထိပ်ကို ရောက်တာနဲ့ ဘိုးဘေးသားရဲရဲ့ အစိတ်အပိုင်းတွေ အကုန်လုံး လွတ်သွားမှာကို မစိုးရိမ်နေတာမလား...."

လုရွှမ် ခေါင်းညိတ်လိုက်သည်။

"အနာဂတ်က မီးရှူးတိုင်လို တောက်ပနေတယ်... မင်း ဒါကို စိတ်ပူနေစရာ မလိုပါဘူး ဘိုးဘေးသားရဲ ဒုက္ခက လွတ်မြောက်ဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်... ငါ ဒီမှာ ရှိနေသရွေ့တော့ အနည်းဆုံး အနှစ်တစ်ရာကျော်မှ ထွက်သွားနိုင်မှာ... ဒါကို မင်း စိတ်ချနိုင်ပေမယ့် ငါစိုးရိမ်တာက ကောင်းကင်ကမ္ဘာပဲ"

လုရွှမ်ရဲ့ မျက်လုံးများက မကူညီနိုင်ဘဲ ပြူးကျယ်သွားသည်။

"ကောင်းကင်ကမ္ဘာ?"

"အင်း.... ကောင်းကင်ကမ္ဘာက ပြိုကျလုနီးပါးဖြစ်နေပြီ... အလွန်ဆုံးဆယ်နှစ်အတွင်း မြေကမ္ဘာရဲ့ စရိုက်လက္ခဏာ နယ်ပယ်ထဲကို ကျရောက်သွားနိုင်တယ်... ဒီမှာ ဘိုးဘေးသားရဲက ဘာကြောင့် ငါ့ရဲ့ဖိနှိပ်မှုကနေ လွတ်မြောက်နိုင်လဲဆိုတာကို အခုအချိန်အထိ အဖြေရှာဖို့ ကြိုးစားနေရတုန်းပဲ...ဒါက စကြာဝဠာတစ်ခုလုံး မတည်မငြိမ်ဖြစ်စေတဲ့ အရာကြောင့်ပဲလို့ မကြာသေးခင်ကမှ ကောက်ချက်ချခဲ့တာ...."

"ဒါကြောင့် ဘိုး​ဘေးသားရဲက လွတ်မြောက်ဖို့ အခွင့်အလမ်း ရှိသွားတာ... မဟုတ်ရင် နောင်နှစ်ပေါင်း တစ်သောင်းလောက် အထိတောင် ဘိုး​ဘေးသားရဲက လွတ်မြောက်ဖို့ အခွင့်အလမ်း လုံးဝ မရှိဘူး"

လုရွှမ် တစ်ချိန်တည်းမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ရင်ထဲက မျှော်လင့်ချက် အနည်းငယ်ကိုပင် ကူကယ်ရာမဲ့ ဆုပ်ကိုင်လိုက်မိသည်။

ကောင်းကင်ကမ္ဘာက သူအမြဲတမ်း တောင့်တခဲ့သောနေရာ ဖြစ်သည်။ ထိုနေရာတွင် ယွီရှန် ရှိသော်လည်း သူသည် ကောင်းကင်ကမ္ဘာထဲ ဝင်နိုင်မယ့် နည်းလမ်းကို တစ်ခါမျှ မရှာဖွေနိုင်ခဲ့ပေ။ သူ့ကိုယ်ပိုင်အင်အားက မလုံလောက်သောကြောင့် စောင့်ရုံသာ ရှိခဲ့သည်။

ကောင်းကင်ကမ္ဘာကို တတ်နိုင်သမျှ မြန်မြန်ဝင်ဖို့ သူ့ခွန်အားကို မြှင့်တင်ဖို့ ကြိုးစားနေပေမယ့် အခု ကောင်းကင်ကမ္ဘာက ပြိုလဲတော့မည်။

"မင်းရှာနေတဲ့လူက ကောင်းကင်ကမ္ဘာမှာ ရှိတယ်ဆိုတာ ငါတွက်ထားပြီးသား... ဒါပေမဲ့ ဒါက ကောင်းတဲ့ အရာလို့ မယူဆပါနဲ့ ကောင်းကင်ကမ္ဘာ ပြိုကျရင် ကြီးမားတဲ့ စွမ်းအင်တွေ သယ်ဆောင်လာလိမ့်မယ် ပြီးတော့ ငါတို့ရဲ့ မြေကမ္ဘာကလည်း အဲ့လို ဖြစ်ခဲ့မယ်ဆိုရင် မင်း သည်းမခံနိုင်တော့ဘဲ မြေကြီးပေါ် မှောက်ကျပြီး ဆက်ကျ​နေရလိမ့်မယ်”

"စဉ်းစားကြည့်ပါ.... မြေကမ္ဘာကသာ သည်းမခံနိုင်ရင် ရှေးဟောင်းကမ္ဘာနဲ့ တစ်သောင်းကမ္ဘာတွေက ဘယ်လို ခံနိုင်ရည်ရှိမှာလဲ မြေကမ္ဘာ မခံနိုင်ဘဲ ပြိုလဲသွားရင် အဲ့ကမ္ဘာငယ် နှစ်ခုက အလိုအလျောက်... ပြိုကျသွားမှာ..."

လုရွှမ်သည် နတ်နဂါး ပြောပြနေတာတွေကို သဘာဝအတိုင်း ယုံကြည်နေပါသည်။ ကောင်းကင်ကမ္ဘာသာ တကယ်ပြိုကျရင် ဆိုတာကို တွေးလိုက်ရုံနဲ့ ကြောက်စရာ ကောင်းနေပြီ။

"ဒါဆို အကြီးအကဲ... ငါတို့ ဘာလုပ်ရမလဲ"

"ကမ္ဘာပေါ်ရှိ နံပါတ်တစ် ဝိညာဥ်တောင်ဖြစ်တဲ့ ခွန်လွန်တောင်ကို ရှာ... တောင်ပေါ်က တစ်ခုခုကိုရယူလာခဲ့... အချိန် အတိအကျကို ငါ မသိဘူး...ဒါပေမဲ့ မင်း ရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်... အဲ့ဒါက ငါတို့ မြေကမ္ဘာဆီ ကျဆင်းလာမယ့် ကောင်းကင်ကမ္ဘာ ကို ပံ့ပိုးပေးနိုင်မှာ သေချာတယ်"

ခွန်လွန်တောင်?

နတ်နဂါးက လုရွှမ်ရဲ့ အတွေးများကို သတိပြုမိတာကြောင့် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... ငါက ခွန်လွန်တောင်က မွေးတာဆိုတော့ လျှို့ဝှက်ချက်တချို့ကို သိတယ်.... ကံမကောင်းစွာပဲ ခွန်လွန်တောင်က ထွက်သွားပြီးတဲ့နောက်ပိုင်း ငါ ဘယ်တော့မှ မပြန်နိုင်​တော့ဘူး"

နတ်နဂါးက လွမ်းဆွတ်မှုတွေနဲ့ ဆုံးရှုံးမှုတွေ အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"မင်းသတိထားရမယ့် အချက်ကို ငါကြိုတင်ခန့်မှန်းနိုင်တယ်... ကောင်းကင်ကမ္ဘာက လူတွေလည်း ဒါကိုကြိုတင် ခန့်မှန်းနိုင်ရမယ် ဒါကြောင့် ဒီနယ်ပယ်ကို ဆင်းသက်လာတဲ့ ကျင့်ကြံသူတွေ အများကြီးရှိမယ်... မင်းပြင်ဆင်ထားရမယ်... ."

လုရွှမ် အေးအေးဆေးဆေး ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ဒါကို စဉ်းစားမိပါ၏။ ကောင်းကင်ကမ္ဘာ ပြိုလဲခြင်းမှ ကာကွယ်ရန် သို့မဟုတ် မြေကမ္ဘာ တစ်ခုလုံးကိုပင် သိမ်းပိုက်ရန်အတွက် ကြံစည်ထားမှာမလို့ နှစ်ဖက်စလုံးသည် မလွှဲမရှောင်သာ ရန်သူများ ဖြစ်လာကြလိမ့်မယ်...."

"ကောင်းပြီ ငါမင်းကိုပြောပြမယ်... လာမယ့်ရက်အနည်းငယ်မှာ ငါအိပ်နေတုန်း ဘိုး​ဘေးသားရဲရဲ့ အစိတ်အပိုင်းတွေကို ပြန်ပေါင်းစည်းလိမ့်မယ်... နောက်အနှစ်တစ်ရာကျော်တော့ မင်းအတွက်ပဲ"

ထိုစကားကို ပြောပြီးနောက် နတ်နဂါးက မျက်လုံးများကို မှိတ်ထားကာ နတ်ဝိညာဉ်သည် တိုက်ရိုက် ကွယ်ပျောက်သွားသည်။

အင်အားတစ်ခုက လုရွှမ်ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး သူ့ကို တွန်းထုတ်လိုက်တဲ့အခါ တောင်တန်းထဲမှ ပြေးထွက်လာခဲ့သည်။ သူသည် တောင်တန်းပေါ်တွင် ခိုင်မြဲစွာ ရပ်နေသော်လည်း ယခုအခါ သာမန်တောင်တန်း တစ်ခုလိုပင် ထူးထူးခြားခြား လုံးဝ ကင်းစင်သွားသည်။

နဂါးပုတီးစေ့က တောင်တန်းအောက်မှ ရုတ်တရက် လှိမ့်ထွက်ကာ လုရွှမ်ရှေ့တွင် မျောလွင့်နေ၏။ သူ့ခန္ဓာကိုယ်ထဲက ကောင်းကင်လူပုတီးစေ့ကလည်း ပြေးထွက်လာသည်။ ဆွဲဆောင်မှုရှိသော ပုတီးစေ့နှစ်ခုသည် လုရွှမ် ခန္ဓာကိုယ်ကို လှည့်ပတ်ပြီးနောက် ပေါင်းစပ်သွားခဲ့သည်။

လုရွှမ်လည်း သူ့လက်ဖဝါးကို ဆန့်ကာ ပုတီးစေ့ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။

မူလက ကောင်းကင်လူပုတီးစေ့သည် အရောင်ကိုးရောင်ဖြင့် ထွန်းလင်းနေပြီး နဂါးပုတီးစေ့က မီးနီရောင်ဖြင့် တောက်ပနေသည်။ ပေါင်းစပ်ထားသော ပုတီးစေ့များကတော့ အရောင်အဆင်းမရှိဘဲ ဖောက်ထွင်းမြင်​နေရကာ သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေထဲ ဝင်သွား​လေသည်။

လုရွှမ်ဟာ သူ့စိတ်ဝိညာဉ် ပင်လယ်ထဲက ရွှေချိုက ရွေ့လျားသွားတယ်လို့ ခံစားလိုက်ရသည်။ ပုတီးလုံးများက စွမ်းအားတစ်ခု လွင့်ထွက်ကာ အပေါ်ကို ဖြန့်ရင်း ရွှေချို၏ လမ်းညွှန်မှုဖြင့် ပေါင်းစပ်သွားလေသည်။

All Chapters