← Chapters

ထျန်းယာမြို့

Vol. 133 Ch. 4.1512

ထျန်းယာမြို့

Vol. 133 Ch. 4.1512

လုရွှမ်လည်း မထင်မှတ်ထားသော စွမ်းအင်တစ်ခု သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာ ခံစားမိတာကြောင့် လက်သီးတစ်ချက် ထိုးဖောက်​ကြည့်လိုက်သည်။ ဝုန်းကနဲ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် လက်သီးပေါက်ကွဲမှုကြောင့် သူ့ရှေ့တွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

သူ့လက်သီးရဲ့ ပေါက်ကွဲမှုစွမ်းအားက ၎င်းထဲသို့ စုပ်ယူသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ် အံ့သြဝမ်းသာသွားသည်။ ဒီလက်သီးချက်က အလွန်အစွမ်းထက်သော စွမ်းအားတစ်မျိုးပင်။ ၎င်းသည် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကိုပင် ကျော်လွန်သွားခဲ့​ပြီ။

လုရွှမ် သူ့စိတ်အတွင်းဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်လူပုတီးစေ့နဲ့ နဂါးပုတီးစေ့တို့ အတူတကွ စုစည်းထားသော စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရွှေရောင်အလင်းတန်းများ ဆုံစည်းသွားတာ တွေ့လိုက်ရသည်။

သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့်အမျှ ရွှေဦးချိုအလင်းက ထွန်းတောက်လာကာ နဂါးပုတီးစေ့ကလည်း ထွန်းလင်းတောက်ပလာခဲ့သည်။ လက်နှစ်ချောင်းထိပ်၌ စုစည်းကြည့်လိုက်ရင် တောက်ပနေသော စွမ်းအားတစ်ခုစီက လက်တစ်ချောင်းစီ၌ ပေါ်ထွက်လာ၏။

အစောက လက်သီးချက်နဲ့အတူ သူ့ခွန်အားက အလွန်တိုးတက်လာပြီး နတ်ခြေလှမ်းနယ်ပယ်က သခင်များကို အမှန်တကယ် တိုက်ခိုက်နိုင်​ပြီဟု ဆိုနိုင်သည်။ အနာဂတ်တွင် ရဲ့ရှားတို့ ပူးပေါင်းကာ ရောက်လာမည်ဆိုပါက ၎င်းတို့သည် ကာကွယ်ရန် အရင်းအနှီး ရှိလာပြီမလို့ ရှက်ရွံ့စွာ ထွက်ပြေးရန် မလိုအပ်တော့ပါ။

သူတို့ တစ်ယောက်တည်းနေရင် လွတ်မြောက်ဖို့က ရွေးချယ်ရမယ့် အလှည့်ပါပဲ။

"အစ်ကိုလုရွှမ်....."

ရှန်းရှန်းရဲ့ စိုးရိမ်မှုအပြည့်နဲ့ အသံက တိမ်ဖြူလွှာကိုဖြတ်ပြီး လုရွှမ်အနားကို ရောက်လာခဲ့သည်။

လုရွှမ်: "စိတ်မပူပါနဲ့... ဘာမှမဖြစ်ဘူး ငါ ခွန်အားတွေ အများကြီး တိုးလာစေတဲ့ လှုပ်ရှားမှုတစ်ခု ရလိုက်တယ်.. ငါ့အသက်ကို ကယ်တင်ဖို့ အရင်းအနှီးရှိ​ပြီ အဲဒါကြောင့် ငါ နည်းနည်း စိတ်လှုပ်ရှားနေတာ..."

ရှန်းရှန်းကတော့ လုရွှမ် လုံခြုံနေသရွေ့ အခွင့်အလမ်းများ ရမရကို ဂရုမစိုက်ပါ။ သူမက ပြုံးပြီး ဂုဏ်ပြုစကား အနည်းငယ်ပြောလာသည်။

လုရွှမ်လည်း ရှန်းရှန်းက အလွန်ယုံကြည်အားကိုးရကြောင်း လက်ခံထားတာ ဖြစ်သလို သူမကိုယ်တိုင်က နဂါးတစ်ကောင် ဖြစ်သောကြောင့် နတ်နဂါသ ယခင်က ပြောခဲ့သောစကားများကို ပြောပြခဲ့သည်။ လုရွှမ် ခွန်လွန်တောင် အကြောင်း ဘာမှ မပြောခဲ့ပေ။ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး လောင်းကြေးတွေက အရမ်းများတာကြောင့် နဂါးမျိုးနွယ် မင်းသမီးက မခံနိုင်လောက်ချေ။

ရှန်းရှန်း မျက်နှာက ထိုစကားကို ကြားတော့ ထိတ်လန့်တုန်လှုပ်သွားသည်။

"အစ်ကိုလုရွှမ်... ညီမတို့ နဂါးကျွန်းကို မြန်မြန်ပြန်ရအောင်... ဒီသတင်းကို သေချာပေါက် ပြန်ပြောပြရမယ်"

လုရွှမ်လည်း လက်ခံသည်။ သူ ဒီသတင်းကို မြေကမ္ဘာထဲက လူတိုင်းကို အသိပေးချင်နေတာတော့ မဟုတ်ပေ။ မထင်ထားတဲ့ အနှောင့်အယှက်တွေ ရှိလာနိုင်သည်။

"ရှန်းရှန်း... သတိထားပါ ဒီကိစ္စက သိပ်အရေးကြီးတယ် ဘယ်သူမှ မပြောနိုင်ဘူး မင်းရဲ့မိဘတွေကိုပဲ ပြောရမယ်... မင်းနားလည်လား"

ရှန်းရှန်းက သူမ နားလည်ကြောင်း ညွှန်ပြရင်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ မြန်မြန်သွားရအောင်"

တစ်လမ်းလုံး ပြေးကာ ပို့ဆောင်ခြင်း ယဇ်ပလ္လင်ဖြင့် ပို့ဆောင်ခဲ့ရာ နောက်ဆုံး နှစ်ဝက်လောက်ကြာတော့ သူတို့နှစ်ဦးဟာ အလယ်ပိုင်းနယ်မြေရဲ့ တောင်ဘက်စွန်းကို ရောက်လာခဲ့သည်။ ပင်လယ်ကို ဖြတ်ပြီး ကြည့်လိုက်ရင် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

ကြည်လင်သော ရာသီဥတုတွင်သာ၊ လေနှင့် လှိုင်းများ မရှိသည့် အခါတွင်သာ လှိုင်းလုံးများကဲ့သို့ အရာတချို့ကို တွေ့နိုင်သည်။

အနောက်တိုင်း ဒေသကြီးနှင့် အခြားဒေသကြီးများတွင် လူသားများက အာကာသ လမ်းကြောင်းများကို ပိတ်ပစ်ရန် အစပြုခဲ့ကြသည်။ သို့သော် တောင်ပိုင်းနယ်မြေသည် ပင်လယ်ဖြတ်ကျော်ထားကာ အခြားအဓိက နယ်မြေများနှင့် သဘာဝအတိုင်း ကွဲကွာနေသည်။

ဤသမုဒ္ဒရာကို သေမင်းပင်လယ်ဟု အမည်ပေးထားတာကြောင့် သမုဒ္ဒရာက အလွန်အန္တရာယ်များတယ်ဟု ဆိုလို​ပေသည်။ တစ်နေ့တာလုံးတွင် လေပြင်းများ၊ လှိုင်းကြီးများ၊ ပြင်းထန်သော ပင်လယ်သားရဲများကို ကြုံတွေ့ရမည်။ အထူးသဖြင့် တောင်ပိုင်းဒေသကို အလယ်ပိုင်းဒေသနှင့် ပိုင်းခြားထားသည့် အလယ်တွင် အက်ကြောင်းအချို့ ရှိနေသည်။

အလယ်ပိုင်းဒေသမှ တောင်ပိုင်းမှာသို့ သွားလိုပါက ရွက်လွှင့်သွားရမယ့် နည်းလမ်းတစ်ခုသာ ရှိပါသည်။ ၎င်းသည် တစ်နှစ်လျှင် နှစ်ကြိမ်သာ ပင်လယ်သို့သွားသည့် သီးခြားသင်္ဘောများနဲ့ သွားရလိမ့်မည်။

နှစ်ယောက်သားက အလယ်ပိုင်းဒေသ၏ တောင်ဘက်စွန်းတွင် ထျန်းယာမြို့ဟုခေါ်သော မြို့တစ်မြို့၌ အခြေချနေခဲ့သည်။ တောင်ပိုင်းဒေသရဲ့ မြောက်ဘက်စွန်းက ဟိုင်ကျိုမြို့သည် ထျန်းယာမြို့နဲ့ ဆက်သွယ်ထားကြောင်း ကြားရ၏။

သူတို့နှစ်ယောက် ထျန်းယာမြို့ကို အနီးဆုံးပင်လယ်ခရီးကို မထွက်ခင် တစ်လလောက်အလိုမှာ ရောက်လာခဲ့တာကြောင့် ကံဆိုးစွာနဲ့ပဲ နှစ်ယောက်သား ခဏနားနေရလေသည်။

ထျန်းယာမြို့သည် အလွန်ကြမ်းတမ်းပြီး ပင်လယ်ကမ်းစပ်တွင် ရှိသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသောကြောင့် အလွန်ပြင်းထန်သော ပင်လယ်ရေနံ့နှင့်သာ ပြည့်နေသည်။ ရေစွမ်းအားကတော့ အလွန်အားကောင်းပါ၏။

မြို့မှာ သတ္တဝါမျိုးစုံရှိပေမယ့် လူသားတွေကတော့ အလွန်ရှားသည်။ နှစ်ယောက် လှည့်ပတ်သွားလာသော်လည်း လူအရိပ်အယောင်ကိုပင် မမြင်နိုင်ဘဲ အားလုံးက လုရွှမ်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေကြသည်။

လူတစ်ယောက်နဲ့ နဂါးတစ်ကောင် ဘာကြောင့် အတူ လမ်းလျှောက်နေတာလဲ ဆိုတာကို ပိုသိချင်လာ​ကြသည်။ ဒါပေမဲ့ ဒီလူတွေအားလုံးဟာ စူးစမ်းချင်စိတ်ရှိကြပေမဲ့ ဒုက္ခရောက်အောင် အလျင်စလိုလုပ်မယ့်သူ မရှိဘူးဆိုတာလည်း ထင်ရှားပါ၏။

မြို့မှာ လူသိပ်မများပေမယ့် တည်းခိုခန်းတွေ အများကြီးရှိလေသည် ဒီအချိန်ဟာ အလုပ်များတဲ့ အချိန်မဟုတ်သေးမှန်း လုရွှမ် သဘာဝကျကျ နားလည်သည်။

"ရှန်းရှန်း... ငါတို့ ဒီမှာ တစ်လလောက်နေဖို့ လိုတယ် ဒီမှာ အခြေချဖို့ အဆင်ပြေတဲ့ နေရာကို ရှာကြည့်ရအောင်..."

"ကောင်းပြီ အစ်ကိုလုရွှမ် ပြောတာ နားထောင်မယ်..."

မြို့ထဲတွင် လူအနည်းငယ်သာရှိ၍ နေရာသည် သဘာဝအတိုင်း လွတ်နေသော်လည်း လုရွှမ်ဟာ အခြားသူများနှင့် တွဲလုပ်​ရတာကို မနှစ်သက်သောကြောင့် မြို့၏ အကြီးဆုံး တည်းခိုခန်းကိုသာ တိုက်ရိုက် ဝင်သွားခဲ့သည်။

လုရွှမ်သည် ယခုအချိန်တွင် သူ့မှာ ငွေဘယ်လောက် ပေါနေသလဲပင် မသိတော့ပေ။ သူတို့က တစ်လစာကို သလင်းကျောက်ဖြင့် တိုက်ရိုက်ပေးချေပြီး အခန်းနှစ်ခန်းကို ရွေးလိုက်ကြသည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် ဤလေ့ကျင့်မှုတွေကို အချင်းချင်း ဆွေးနွေးရင်း အချိန်ကုန်ခဲ့ရာ မသိလိုက်ဘဲ တစ်လကျော် ကြာသွားခဲ့သည်။ ပြီးတော့ ထျန်းယာမြို့တစ်ခုလုံး အသက်ဝင်လာပြီ။

ပင်လယ်ကမ်းစပ်မှာ သင်္ဘောတွေ ဆိုက်ကပ်​နေပြီး ကောင်းကင်မှာ သားရဲတွေ အမြောက်အမြား ဆင်းသက်လာကြသည်။ မူလလမ်းကနေ ခြေလျင်လျှောက်လာတဲ့ ကျင့်ကြံသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် စောစော ရောက်လာကြ၏။

ထျန်းယာမြို့ တစ်ခုလုံး ရုတ်တရက် တက်ကြွလာပြီး တည်းခိုခန်းနဲ့ စားသောက်ဆိုင်တိုင်းကလည်း စည်ကား​နေသည်။

အားလုံးအတွက်က တည်းခိုခန်းတွင် နေထိုင်သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ နေရာတစ်ခုရှာနိုင်ပြီး ကောင်းကောင်း အနားယူနိုင်သည်။ ဒါပေမဲ့ တစ်ခုက တည်းခိုခန်းမှာ နေရတာလောက် မလုံခြုံပါဘူး။ အပြင်မှာ တစ်ယောက်တည်း ဘယ်သူကမှ တရားထိုင်ဖို့ သတ္တိရှိမှာ မဟုတ်ချေ။

ဥပမာ ဤနေရာသို့ လာရောက်နိုင်သော သူတိုင်းက တောင်ပိုင်းနယ်မြေသို့ သွားကြမှာ ဖြစ်သည်။ တောင်ပိုင်းဒေသသည် ခက်ခဲပြီး အန္တရာယ်များသည်။ ထိုနေရာက ကျင့်ကြံတဲ့ သတ္တဝါအားလုံးအတွက် သန့်ရှင်းသော နယ်မြေဖြစ်သောကြောင့် သွားချင်သူတွေက များပြားလှသည်။

အရေးကြီးဆုံး အချက်မှာ ထျန်းယာမြို့နှင့် ဟိုင်ကျိုမြို့ နှစ်ခုလုံးက အာဏာရှင်ဆန်ဆန် အာဏာဖြင့် ချုပ်ကိုင်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ဆိုင်ဖွင့်သူ မည်သူမဆို ဆိုင်တွင် တည်းခိုသူမရှိပါက အကာအကွယ်ကြေးကို ဘယ်လို ပေးဆောင်ရမလဲ စဥ်းစားရသည်။

တစ်ချိန်က သလင်းကျောက်တွေကို မပေးချင်လို့ အပြင်မှာ အနားယူနေတဲ့ လူတစ်စုရှိခဲ့ပေမယ့် အကုန် အသတ်ခံလိုက်ရတယ်လို့ ကောလဟာလတွေ ရှိခဲ့လေသည်။ အဲဒီအချိန်ကစပြီး ဒဏ္ဍာရီတစ်ခုပဲ ကျန်ရစ်ခဲ့ကာ ဘယ်သူမှ အတည်မပြုနိုင်သေးပေ။

တည်းခိုခန်းမှာ မတည်းသူက ကူးတို့သင်္ဘောပေါ်၌ တည်းခိုရန် အရည်အချင်း မပြည့်မီချေ။

ဒီကိုလာရတဲ့ ရည်ရွယ်ချက်က တောင်ပိုင်းနယ်မြေကို သွားဖို့ပင်။ အရည်အချင်း မပြည့်မီတဲ့ ကျောက်တုံးလေးတွေကြောင့် သင်္ဘောထွက်သွားရမယ် ဆိုရင် တကယ့်ကို ရယ်စရာပါပဲ။

All Chapters