တောင်ပိုင်းဒေသ၏ မကောင်းမှုသုံးပါး
Vol. 133 Ch. 4.1513
လုရွှမ်နဲ့ ရှန်းရှန်း နေထိုင်သည့် တည်းခိုခန်းကို ထျန်းယာ နံပါတ်တစ် အဆောက်အအုံ ဟုခေါ်လေသည်။ ထိုနေ့တွင် ညစာစားချိန်၌ သူတို့နှစ်ဦးသည် အဆောက်အအုံ၏ ပထမထပ်တွင် ညစာစားရန် ဆင်းလာခဲ့ကြသည်။ အောက်ထပ်တွင် ပြင်ဆင်ထားသော အစားအသောက်က နာမည်အတိုင်းပင် အရသာရှိလှသည်။
ကောင်းကင်မှာပျံ၊ မြေပြင်ပေါ်ပြေး၊ ရေထဲမှာကူးခတ်၊ မထင်မှတ်ထားတဲ့ အရာကလွဲလို့ ကျန်တာ အားလုံးက အဆင်သင့်ဖြစ်ပြီးသား အစားအသောက်တွေပဲ ဖြစ်သည်။
လုရွှမ်သည် အစားအစာ၏ ထိပ်တွင် "နဂါးအမဲသား" ဟုပင် ရေးထားသော ဟင်းလျာကို သဘောကျနေ၏။ စျေးနှုန်းသည် သဘာဝအတိုင်း အလွန်စျေးကြီးသောကြောင့် လူများကို မြင်မြင်ချင်း ထိတ်လန့်သွားစေသည်။
ပုံမှန်အားဖြင့် နဂါးအမဲသားကို အများရှေ့တွင် ဘယ်သူမှ မှာစားဝံ့ခြင်း မရှိသော်လည်း လူအများက ၎င်းကို စမ်းကြည့်လိုစိတ် ရှိမည်ဟု စိတ်ကူးကြည့်နိုင်သည်။ ဒါကြောင့် အစားအသောက်ကို ၎င်းတို့စားလိုသော အခန်းများသို့ ပို့ဆောင်ပေးမည်မှာ သဘာဝအတိုင်းဖြစ်သည်။
ရှန်းရှန်းကလည်း သဘာဝအတိုင်း ဤအရာကို အလွန်ရွံရှာနေ၏။ လုရွှမ်၏ ချုပ်တည်းမှုအောက်တွင် သူမ ဘာမှ မပြောဝံ့ပေ။
နဂါးမျိုးနွယ်က ဘယ်လောက် အစွမ်းထက်ကြောင်း လူတိုင်း သိရဲ့သားနဲ့ ဤဆိုင်သည် နဂါးအသားကို အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ဖြင့် ရောင်းစားနေကြောင်း သိသာသည်။ သူတို့နှစ်ဦးသည် အားနည်းတာကြောင့် ပြဿနာရှာဖို့ ရှေ့တိုးလာပါက သေခြင်းတရားကို ရှာဖွေမိသွားလိမ့်မည်။
နဂါးအသားအပြင် ပထမထပ်မှာ အစားအသောက်တွေ အများကြီး ပြင်ဆင်ထားပါသေးသည်။ အထူးသဖြင့် အလွန်ရှားပါးသော ဝိညာဉ်သားရဲများပင်။ ၎င်းတို့က စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာအတွက် များစွာအထောက်အကူ ဖြစ်သည်။
၎င်းတို့ထဲမှ အချို့သည် စိတ်ဝိညာဉ်ကို ခိုင်ခံ့စေကာ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်သည့်အပြင် အလွန်အံ့ဖွယ်ကောင်းသည့် စွမ်းရည်များကိုပင် တိုးတက်စေနိုင်သည်။
ငါးတစ်မျိုးလည်း ရှိသေးသည်။ သလင်းအကြေးခွံငါး ဖြစ်ကာ ရှန်းရှန်း အကြိုက်ဆုံးပင်။ သူမဟာ အလွန်လောဘကြီးတာကြောင့် နေ့တိုင်း ဒီလိုထမင်းစားတဲ့ အချိန်ရောက်ရင် ဒီငါးကိုစားဖို့ လုရွှမ်ဆီမှာ တောင်းပန်နေလိမ့်မယ်။
လုရွှမ်သည်လည်း ထိုကြည်လင်သောငါး၏ အရသာကို အလွန်နှစ်သက်နေတာကြောင့် ၎င်းကို သဘာဝအတိုင်း ပျော်ရွှင်စွာ မှာပေးခဲ့သည်။
လုရွှမ်သည် ဤငါးမျိုးက နဂါးမျိုးရိုးကို ဘယ်လို ကူညီပေးနိုင်သလဲ မသိသော်လည်း ဤငါးအသားကို စားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ခံစားလိုက်ရပြီး နားမလည်နိုင်သော အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာ၏။
ထိုအခြေအနေတွင် လုရွှမ်သည် အနာဂတ်တွင် ကောင်းကင်လူသားကြီး ထားရစ်ခဲ့သော အမွေကို နက်ရှိုင်းစွာ နားလည်နိုင်လိမ့်မည် ဖြစ်ကြောင်း သိလာသည်။ သူတို့ရဲ့ အထူးထိုင်ခုံတွေဆီကို လူများလာမယ်လို့ လုရွှမ် ခန့်မှန်းမိတာကြောင့် ထိုင်ခုံနေရာယူဖို့ သလင်းကျောက်တွေ ပိုသုံးခဲ့၏။
သို့သော် ယနေ့ညတွင် သူတို့၏ အထူးထိုင်ခုံများရှေ့တွင် လူသုံးဦးက ထိုင်ခုံနေရာ ယူထားသည်။ ယောက်ျားနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးပင်။
သူတို့ သုံးယောက်သည် လုရွှမ်နှင့် ရှန်းရှန်းကို အမျက်ထွက်ကာ ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ လုရွှမ်တို့ ခုံနေရာကို သူတို့ယူထားသလိုမျိုး မဟုတ်ဘဲ သူတို့ရဲ့နေရာတွေကို လုရွှမ်တို့က သိမ်းယူလိုက်ကြလိုပင်။
"ငါတို့တောင်ဘက်ခြမ်းက လူဆိုးသုံးယောက်ရဲ့ သီးသန့်ခန်းတွေကို လုယူသွားနိုင်တဲ့အထိ ဘယ်သူကများ မာနကြီးနေတာလဲလို့ တွေးနေတာ... လတ်စသတ်တော့ နဂါးမလေးနဲ့ လူသားကျွန်တစ်ယောက် ဖြစ်နေတာကိုး"
လုရွှမ်နဲ့ ရှန်းရှန်း စကားမပြောသေးပေမယ့် သူတို့ သုံးယောက်က အရင်စပြောပြီး စကားပြောတဲ့သူကလည်း အမျိုးသမီးပဲ ဖြစ်လေသည်။
သူမ၏အသွင်အပြင်က ထူးခြားလှသောကြောင့် လုရွှမ်ကိုတောင် အံ့အားသင့်သွားစေသည်။ သူမက အရမ်း စွဲမက်ဖွယ် ကောင်းနေတာတော့ မဟုတ်ပေ။ သူ့အသွင်အပြင်ရဲ့ သက်ရောက်မှုက အရမ်းပြင်းထန်လွန်းနေတာပင်။
ဒါပေမဲ့ ပါးစပ်က နည်းနည်းတော့ ဆိုးပေသည်။ ဒါ့အပြင် ရှန်းရှန်းကလည်း လုရွှမ်ကို တခြားသူတွေကို စော်ကားနေတာကို ခွင့်မပြုနိုင်ခဲ့။
"ရဲ့ရှား... နင်ဘာတွေပြောနေတာလဲ သူက ငါ့ကိုကို လုရွှမ်! ကျွန် မဟုတ်ဘူး မိုက်မဲတဲ့စကားတွေ မပြောနဲ့"
"ဟာဟား!" အမျိုးသမီးက လှောင်ပြောင်ရယ်မောရင်း။
"နဂါးတစ်ကောင်က လူသားကို သူ့အစ်ကိုလို့ အသိအမှတ်ပြုတယ်?? ကျစ် ဒါက တကယ့်ကို ရှားတယ်နော်... ဒီလူသားရဲ့ အရည်အချင်းက ဘာလဲဆိုတာတော့ ငါ မသိဘူး သူ့နယ်ပယ်က နိမ့်နေတာတော့ သေချာတယ် သူ့ရဲ့ စွမ်းအားက ညံ့ဖျင်းတယ်... ဟမ့် ငါတို့ ရဲ့ရှားမျိုးနွယ်ထက်တောင် ပိုဆိုးသေးတယ်..."
လုရွှမ် သူမပြောတာကို နားထောင်ရင်း ရှက်ရွံ့ဟန်ဖြင့် သူ၏ နိမ့်ကျသော အစွမ်းသတ္တိကို ဝန်ခံကြောင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ငါပြောတာကို နင် ကန့်ကွက်တာရှိလား"
ရဲ့ရှားသည် လုရွှမ်နှုတ်ခမ်းက အထင်အမြင်သေးတဲ့ အမူအရာကို သတိပြုမိတာကြောင့် စားပွဲကို ပုတ်ကာ မတ်တပ်ရပ်လိုက်သည်။ လုရွှမ်ကတော့ ထိုအမျိုးသမီးကို လျစ်လျူရှုလိုက်ကာ တည်းခိုခန်းက ကောင်လေးကို ကြည့်လိုက်သည်။
"ဟီးဟီး ကောင်လေး၊ မင်းက မျှော်လင့်ထားသလိုပဲ ပြည်ဖုတွေနဲ့ လူသစ်တစ်ယောက်ပါကွာ... ထျန်းယာမြို့ရဲ့ စည်းမျဉ်းတွေက အရမ်းရိုးရှင်းတယ်... ခွန်အားကို လေးစားတယ် မင်းသာ သန်မာပြီး ကြံ့ခိုင်တဲ့ နောက်ခံရှိသရွေ့ မင်းလိုချင်တဲ့အတိုင်း ကစားလို့ရတယ်...."
"စားသောက်ဆိုင်မှာ ရန်ဖြစ်တာကတော့ ဟဲဟဲ... လျော်ကြေးငွေ သုံးဆပဲရတယ် ငါ့မှာ သလင်းကျောက်တွေ အများကြီး ရှိတယ်နော်"
လူတစ်ယောက်က ထွားထွားကြိုင်းကြိုင်းဖြင့် မတ်တပ်ထရပ်လိုက်တော့ သူ့ခန္ဓာကိုယ်က အဆီတွေ တဆတ်ဆတ်တုန်လာရာ ကြည့်နေသူတိုင်းကို အန်ချင်သလို ဖြစ်လာစေ၏။
နောက်တစ်ယောက်က ဝါးတိုင်လို အရပ်ရှည်ပြီး ပိန်သည်။ ဒါပေမဲ့ လူသတ်ချင်တဲ့ အရိပ်အယောင်က ပတ်ဝန်းကျင်ကို စိမ့်ဝင်လုနီးပါးဖြစ်နေပြီး အဲဒီလူရဲ့ဘေးမှာ ရပ်လိုက်ရင် အေးစက်သွားသလို ခံစားရစေလေသည်။ အဲဒီလူကတော့ မျှော်စင်နယ်ပယ် အဆင့်၉ ဖြစ်တာကြောင့် လုရွှမ်တို့နှစ်ဦးကို လုံးဝဂရုမစိုက်ဘဲ သေရည် ထိုင်သောက်နေသည်။
သူ၏ ခွက်ထဲတွင်တော့ အဖြူရောင် မီးခိုးငွေ့များ ထွက်လာနေပြီး အလွန်ကြောက်စရာကောင်းသည်။
ရှန်းရှန်း အနည်းငယ် ကြောက်လန့်သွားသည်။ ရဲ့ရှားနဲ့ ဖက်တီးတို့သည် မျှော်စင်နယ်ပယ် အဆင့်၈ တွင် ရှိနေကြပြီး သူတို့နှင့် ရောနှောရန် မလွယ်ကူကြောင်း တစ်ချက် ကြည့်လိုက်ရုံနဲ့ သိသာသည်။
အနီးနားရှိ လူအချို့က စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ အချို့က တောင်ပိုင်းဒေသရှိ လူသတ်သမား သုံးဦး၏ အမည်များကို ကြားလိုက်ရတာနဲ့ ၎င်းတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကာ ဂရုတစိုက် တိတ်တဆိတ် ထွက်ခွာသွားကြသည်။
လုရွှမ် သူ့မျက်လုံးထောင့်ကနေ အရာအားလုံးကို မြင်နေရသည်။ အခြားသူများရဲ့ မျက်လုံးများကလည်း သူတို့ကို ကြည့်နေသည်။
အကယ်၍ တောင်ပိုင်းနယ်မြေသည် အကြီးဆုံး အမဲလိုက်နယ်မြေဟု ဆိုပါက သတ္တဝါအားလုံးက အဲဒီနေရာမှာ သားကောင်များ ဖြစ်သည်။ လူတိုင်းရဲ့ မျက်လုံးထဲက ပြင်းထန်သော အလင်းရောင်ကို လုရွှမ်လည်း မြင်နေရသည်။
သူတို့နှစ်ဦး၏ နယ်ပယ်က နိမ့်ပါးလွန်းသဖြင့် ၎င်းတို့အတွက် လိုချင်တပ်မက်တာတွေ ရယူချင်တာက ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ လုရွှမ်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံက ကိုယ့်ကိုကိုယ် ဒုက္ခမပေးချင်ဘူးဆိုရင် အကောင်းဆုံးနည်းလမ်းက ဒုက္ခကို အရင်ရှာပြီး အဲဒီလူတွေရဲ့ လောဘကို ဖယ်ရှားပစ်ဖို့ သူ့အစွမ်းသတ္တိကို ပြသလိုက်တာပါပဲ။
ဒီလိုမှမဟုတ်ရင် ပွင့်နေတဲ့လှံတွေကို ရှောင်ဖို့ မလွယ်ကူသလို လျှို့ဝှက်မြှားတွေကို ထိန်းဖို့ကလည်း ခက်ပေလိမ့်မည်။
လက်ရှိအခြေအနေက ရှင်းနေပြီ။ ဒီအချိန်မှာ သူလက်လျှော့လိုက်ရင် ဒီလူတွေက သူ့ကို အလေးအနက်ထားမှာ မဟုတ်ဘူး။ အခု တစ်စုံတစ်ယောက်က သူတို့ရဲ့ စားပွဲကို ကိုင်ထားပြီးရင် ခဏနေဆို တစ်ယောက်ယောက်က သူတို့ရဲ့ အခန်းကို သိမ်းပိုက်တော့မည်။
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ကို သတ်ပစ်လိုက်ရင်တောင် လုံးဝ မထူးဆန်းတော့ချေ။
ရှန်းရှန်းရဲ့ ခွန်အားက မမြင့်မားပေမယ့် နတ်နဂါးရဲ့ ဝိသေသလက္ခဏာအရ အနည်းဆုံးတော့ ဘယ်သူမှ သူ့ကို စိန်ခေါ်ဝံ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုရွှမ်လို အတွေးအမြင် ရှိသူတွေလည်း အများကြီး ရှိပါသေးသည်။
လုရွှမ် စဉ်းစားနေရင်းမှ သူတို့ သုံးယောက်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်သည်။
"ကောင်လေး... ဘာလို့ရယ်နေတာလဲ အဒေါ်တစ်ယောက်လို သဘောထားပြီး ဒူးထောက် ထိုင်ချလိုက်ရင် အသက်ချမ်းသာပေးလို့ ရတယ်... မဟုတ်ရင် ဒီမှာ တစ်ခုခုပြောမိရင်တော့ မင်းကို သတ်ပစ်မယ်"
အမျိုးသမီးက အော်ပြောလိုက်သည်။ လုရွှမ်က သူတို့ကို အထင်အမြင်သေးပြီး သူ့ကို အလေးအနက် မထားဘူးဆိုတာ သိသာပါ၏။
လုရွှမ် နောက်ထပ် လှောင်ပြောင်တဲ့ အသံတစ်ချက် ထုတ်လွှတ်လိုက်ပြန်သည်။ လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသော အသံသည် နတိမိုးခြိမ်းသံများ ဟိန်းဟောက်သံများလိုပင်။
ပြတင်းပေါက်တွေ တစ်ခုပြီးတစ်ခု ဖွင့်သံကြောင့် အဆောက်အဦးကြီး ပြိုကျပျက်စီးတော့မယ့် အတိုင်းပင်။ ပြတင်းပေါက်ကနေ မရေမတွက်နိုင်တဲ့ ခေါင်းတွေ ထွက်လာပြီး အသံထွက်အောင် လုပ်နိုင်တဲ့သူကို ရှာဖွေနေကြ၏။