← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 133 Ch. 4.1514

တန်ပြန်တိုက်ခိုက်မှု

Vol. 133 Ch. 4.1514

အားလုံးရဲ့ မျက်လုံးများက လုရွှမ်ကို စူးစိုက်ကြည့်နေကြပြီး လျှို့ဝှက်စွာ အံ့သြသွားကြသည်။

"ဒီကောင်လေးက ဘယ်သူလဲ သူက နယ်ပယ်မမြင့်တာတောင် ဒီလောက်လေးနက်တဲ့ ယွမ်စွမ်းအင်တွေ ရှိနေတယ်"

"ဟုတ်တယ် အရည်အချင်းက လျှော့တွက်လို့ မရ​လောက်ဘူး!"

"ဟီးဟီး တောင်ပိုင်းနယ်မြေက နတ်ဆိုး ၃ ကောင်က မာနကြီးတာ ကြာပြီ အခု ဒီလို နတ်ဆိုးမျိုးနဲ့ ကြုံရတာ ကံမကောင်းဘူးကွယ်"

"အိုး အစ်ကို... မင်းက အဲဒီလူကို အရမ်း အထင်ကြီးနေတာလား"

"ဟမ့် အဲဒီလူကို လုရွှမ်လို့ခေါ်တယ်.. လူသားတွေရဲ့ ပါရမီရှင် စာရင်းမှာ နံပါတ်တစ်!"

စကားသံများသည် နေရာပေါင်းစုံမှ ထွက်ပေါ်လာရာ လုရွှမ်က အရည်အချင်းရှိသူ စာရင်းတွင် ပထမဆုံးလူ ဖြစ်ကြောင်း သတင်းသည်လည်း လူတိုင်းနားထဲသို့ ရောက်ရှိသွားခဲ့သည်။

အမျိုးသမီးက :"သူက လူ့အရည်အချင်း စာရင်းမှာ နံပါတ်တစ်လူ ဖြစ်နေတော့ရော ဘာဖြစ်လဲ? သူက လူသားတစ်ယောက်ပဲ ငါတို့စားစရာထက် ဘာမှ မပိုဘူး။"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ငါ့နေရာမှာတော့ ယောက်ျားနဲ့ မိန်းမ သွားရမယ့်လမ်းက အတူတူပဲ"

"ဘာကိုဆိုလိုတာလဲ"

လုရွှမ်: "နားမလည်ဘူးလား... အတိုချုံးပြောရရင် မင်းက မိန်းမမို့လို့ ငါမင်းကို သနားမှာမဟုတ်ဘူး.... တိုက်ကွက် ထုတ်လိုက်တော့!"

အမျိုးသမီးက အံ့အားသင့်စွာဖြင့် ရယ်မောလိုက်သည်။

"လူသားလေး... မင်းက တကယ် မာနကြီးတာပဲ.. ငါ့ကိုတော့ နည်းနည်း သဘောကျလာစေတယ်... ကံဆိုးစွာနဲ့ပဲ မင်း ငရဲပြည်ကို သွားရတော့မယ်"

ရဲ့ရှားသည် သူမခန္ဓာကိုယ်ကို ရွေ့လျားစေလိုက်တာနဲ့ သူမ၏ လက်ဖဝါးပေါ်ရှိ လက်သည်းဆယ်ချောင်းက သိသိသာသာ ကြီးထွားလာကာ လုရွှမ်ရဲ့ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ထိုးလိုက်လေသည်။

ဤရဲ့ရှားသည် အလွန်လျင်မြန်သော်လည်း လုရွှမ်မျက်လုံးထဲတွင် မြင်လိုက်ရသည်မှာ အလွန်နှေးကွေးသည်။ လုရွှမ် နောက်သို့ ဆုတ်မသွားဘဲ သူမလက်ဖဝါးကို တိုက်ရိုက်ပဲ ဆုပ်ကိုင်ထားလိုက်သည်။

ရဲ့ရှား အမျိုးသမီး၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာ​ပြန်သည်။ ဤကောင်လေးက သူမ မြင်ဖူးသော လူသားအများစုကဲ့သို့ပင်။

သူမသည် သူမ၏ လက်ဖဝါးများကို မြန်စေပြီး ပြီးပြည့်စုံသော တိကျမှုဖြင့် မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ သူမရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ သတ္တဝါ အရေအတွက်ဟာ ကိန်းဂဏန်း သုံးခုထက် ကျော်လွန်ခဲ့ပါပြီ။

"အား!"

ရဲ့ရှားသည် သူ့လက်ဖဝါးတွင် မကြုံစဖူး နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမလက်ဖဝါးက မလှုပ်ရှားနိုင်သလို ခံစားလာရပြီး ထိုကောင်လေးက အမှန်တကယ် ဆုပ်ကိုင်ထားနိုင်​တာကို တွေ့လိုက်ရတဲ့ အတွက်လည်း ထိတ်လန့်သွားခဲ့သည်။

သူနလက်ဖဝါးတွေကို ဘယ်လောက်ပဲ လှုပ်ရှားဖို့ ကြိုးစားနေပါစေ ဧရာမတောင်တန်းကြီးမှာ မြှုပ်ထားသလိုမျိုး လုံးဝ မလှုပ်ရှားနိုင်တော့ဘူး။ ရဲ့ရှားအမျိုးသမီးက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူမ ဘယ်လက်ဖြင့် တိုက်ခိုက်ပေမယ့် ရုတ်တရက် ထပ်မံ ဆုပ်ကိုင်လိုက်ဂပြန်သည်။

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ဘယ်ဘက်လက်ကိုလည်း ဆုပ်ကိုင်ထားကြောင်း ရဲ့ရှား တွေ့ရှိခဲ့သည်။

"မင်း!!"

ရဲ့ရှား ဟစ်အော်လိုက်သည်။ သူမရဲ့ မျက်လုံးတွေထဲမှာတော့ ဒီလူဟာ သူနဲ့ ကစားဖို့တောင် ထိုက်တန်တဲ့ သားကောင် မဟုတ်ပေ။ အခုတော့ စိတ်ထဲမှာ ထိတ်လန့်တကြား သဲလွန်စတွေ ရှိနေပြီ။

လုရွှမ် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ ဒါဟာ သူ့အာဏာတည်မြဲဖို့နဲ့ သူဘယ်လောက် အစွမ်းထက်တယ် ဆိုတာ လူတိုင်းကို အသိပေးဖို့ပါပဲ။ လုရွှမ် ခြေထောက်ကိုလည်း မြှောက်လိုက်ပြီး ရဲ့​ရှားရဲ့ ခြေဖမိုးကို နင်းပြီး မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကြီးမားသော ခြေရာ​​​ကြီးတစ်ခု ကောင်းကင်က ကျလာသလို လေထုက တုန်ခါသွားသည်။ ရဲ့ရှား အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ လုရွှမ်က သူမတိုက်ကွက်ကို မရှောင်နိုင်ဘဲ သူမဘက်ကတောင် ဦးစွာ ကန်ထုတ်ပစ်နိုင်မယ်လို့ ထင်ခဲ့သည်။

သူမသည် ဤလူသား၏ အနီးကပ် ချဉ်းကပ်မှုကို ရှောင်ရှားနိုင်သရွေ့ သူ့ကို သတ်ပစ်ရန် အဆင်သင့်ဖြစ်နေပြီးသာ။ လုရွှမ်က သူမကို ခြေဖဝါးဖြင့် နင်းလာလိမ့်မယ်လို့ ဘယ်လိုမှ မတွေးထား။ ရဲ့ရှား နောက်ဆုံး​တော့ ခြေတစ်ချောင်းကို မြှောက်ကာ ကန်ထုတ်ပစ်ခဲ့သည်။

လုရွှမ် တစ်ဖန် ပေါ့ပေါ့ပါးပါး ရယ်ပြီး သူ့ခြေဖဝါးကို မြှောက်လိုက်ပြီး ရဲ့ရှားရဲ့ တခြားခြေထောက်ကို လှမ်းနင်းလိုက်၏။

"နင်!"

ရဲ့ရှား ဒေါသတကြီး မျက်လုံးပြူးပြလိုက်သည်။ ဒါဟာ သူမကို ဒီအချက်ကို ပထမဆုံးအကြိမ် အတင်းအကြပ် အနင်းခံရတာပါပဲ။

"ငါဘာဖြစ်လဲ"

လုရွှမ် အပြုံးလေးနဲ့ သူ့လက်အားတွေ ခြေအားတွေကို ထပ်ထုတ်လိုက်ရာ အမျိုးသမီးရဲ့ရှားလည်း နာကျင်စွာ အော်လိုက်လေတော့သည်။ သူမ ခြေလက်တွေ ကျိုးသွားတော့မယ်လို့ ခံစားနေရ၏။

"ငါ နင့်ကို သေအောင် ကိုက်သတ်ပစ်မယ်"

သူမသည် ခြေလက်များကို အချုပ်ခံထားရတာကြောင့် ရုန်းထွက်လိုသော ကြွက်တစ်ကောင်လို ဖြစ်နေသည်။

လုရွှမ်က ဘယ်လိုနည်းနဲ့မှ အကိုက်ခံမယ့်သူ မဟုတ်ချေ။ သူ့လက်က ခွန်အားတွေ ရုတ်တရက် နှစ်ဆတိုးပစ်လိုက်ပြီး ထိုအမျိုးသမီးရဲ့ စွမ်းအားအားလုံးကို ချေမှုန်းပစ်လိုက်သည်။ တစ်ဆက်တည်း ထိုအမျိုးသမီးရဲ့ အော်သံကို ထပ်မံကြားလိုက်ရကာ သူမသည် လက်နှစ်ချောင်း ကျိုးသွားသဖြင့် ခန္ဓာကိုယ်သည် နာကျင်လွန်းစွာ ကျိုး တွန့်လိမ်သွားခဲ့သည်။

လုရွှမ်က ထိုအော်သံကို မကြိုက်သလို ညည်းညူရင်း သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပိုလေးလာပြီး ပေါက်ကွဲသံနှစ်ခု ထွက်လာပြန်၏။ အမျိုးသမီးရဲ့ ခြေဖမိုးတွေ ကြေ​မွ​သွား​ပြန်ပြီ။

အမျိုးသမီးသည် ဝမ်းနည်းစွာ အော်ဟစ်ရင်း မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား လဲကျသွားသည်။

"ငါက မင်းကို သနားမှာမဟုတ်ဘူး"

လုရွှမ် ပြောပြီးနောက် သူကဓားကို ဆွဲထုတ်လိုက်ပြီး ရဲ့ရှားမိန်းကလေးကို အပိုင်းပိုင်း လှီးဖြတ်ဖို့ အမူအရာ လုပ်လိုက်သည်။

"မာနကြီးနေတဲ့ အကောင်!"

ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီး၏ အဖော်ဖြစ်သူ ဖက်တီးက ပြေးထွက်လာသည်။ သူ့ခန္ဓာကိုယ်က အဆီတွေအရမ်းများပေမယ့် ခန္ဓာကိုယ် လှုပ်ရှားမှုတွေက အရမ်းပျော့ပြောင်းသည်။

အသံထွက်လာသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်သည် လုရွှမ်ရဲ့ ကောင်းကင်လက်နက်ကို တားဆီးရန် လုရွှမ်ရှေ့သို့ ပြေးထွက်သွားခဲ့သည်။ လုရွှမ်ရဲ့ဓားက အမျိုးသမီးကို ခုတ်မလိုဖြင့် ဓားထိပ်ဖျားက ကယ်ဆယ့်မယ့်သူ့ဘက်သို့ လမ်းကြောင်းပြောင်းသွား၏။

ဓား၏အစွန်း လမ်းကြောင်း လှည့်သွားတာနဲ့ လုရွှမ်ဟာ သူ့လက်ကောက်ဝတ်ကို လိမ်ကာ ဖက်တီးရဲ့ လည်ပင်းကို လှီးဖြတ်လိုက်သည်။

ဖက်တီးရဲ့ အမူအရာက ပြောင်းလဲသွား၏။ ဓားသွားက သူ့ကို ဦးတည်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူ့ဓားက ဆုတ်ခွာပြီး သူ့ကိုယ်သူ ကယ်တင်ရန် သို့မဟုတ် ရဲ့ရှားမိန်းကလေးကို ဆက်လက် ကယ်တင်ရန် ရွေးချယ်စရာ နှစ်ခုရှိသည်။

ဖက်တီးက မဆိုင်းမတွဘဲ သူ့ဓားကို ဖမ်းဆွဲကာ သူ့ကိုယ်သူ ကယ်တင်ချင်သည်။

လုရွှမ်: "ရှောင်နိုင်မယ် ထင်လား"

လုရွှမ် သူ့လက်ကောက်ဝတ်ကို ထပ်လိမ်ပြီး ဖက်တီးလည်ပင်းမှ ချက်ချင်း ပြန်ဆုတ်ကာ နှလုံးနေရာကို ဓားဖြင့်ထိုးလိုက်သည်။

ဖက်တီးလည်း ထိတ်လန့်သွားသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သူ့ကို လုပ်ကြံရန် ကြံစည်နေခဲ့သော်လည်း ရယ်စရာကောင်းလောက်အောင် ၎င်းတို့က ပြန်ခံနေရသည်။

တွေးမနေ​တော့ဘဲ သူသည် လုရွှမ်ဓားကို ပိတ်ဆို့ရန် ကြိုးစားရင်း အမျိုးသမီးကိုသာ ဓားရှေ့သို့သာ ကန်သွင်းခဲ့သည်။ သူ့ဓားကိုတော့ အရေးကြီးသော အချက်များကို တားဆီးရန် အစွမ်းကုန် ကြိုးစားပြီးနောက် လှည့်ထွက်ပြေးသွားခဲ့သည်။

လူတိုင်းက အံ့အားသင့်စွာ ကြည့်နေကြ၏။

အရင်ကတော့ လူတိုင်းက လုရွှမ်ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်း ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ခန့်မှန်းခဲ့ကြသည်။ ဖက်တီး ဝင်လာမယ်လို့လည်း မျှော်လင့်ထားပြီးသား ဖြစ်၏။ လုရွှမ်ရဲ့ဓားကို ဘယ်လိုရှောင်ရမလဲ ဆိုတာလည်း သူတို့ တွေးထားသေးသည်။

ဒါပေမယ့် သူ့အဖော်ကို ဒိုင်းကာအဖြစ်နဲ့၊ မိန်းကလေး တစ်ယောက်ကို ဓားစာခံအဖြစ် အသုံးပြုရလောက်တဲ့အထိ ဒီဖက်တီးကောင်က ဒီလောက် ရက်စက်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားချေ။

လုရွှမ်: "ဒါက အစီအစဉ်ကောင်းပဲ... ဒါပေမယ့် သနားစရာပဲ ဓားပန်းပွင့်က တောက်ပသွားပြီး ဓားစွမ်းအင်တွေ တိုးလာတယ်လေ...."

ချင်ထျန်းဓားက နဂါးဟောက်သံကဲ့သို့ လေထုထဲက ပေါက်ထွက်ပြီး ဖက်တီးခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေ၏။

ဖက်တီး ရှက်ရွံ့စွာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ပါးစပ်မှ သွေးများ ထွက်လာကာ ရုတ်တရက် သူ့ခန္ဓာကိုယ်မှ မီးတောက်များကလည်း ထွက်ပေါ်လာကာ သူ့ကို မီးလူသားဘဝကို ချက်ချင်း ပြောင်းသွားစေခဲ့သည်။

"အဲဒါ ကောင်းကင်မီးပဲ!"

All Chapters