← Chapters

ပြိုင်ဘက်များ

Vol. 100 Ch. 1308

ပြိုင်ဘက်များ

Vol. 100 Ch. 1308

'ဟင်းလင်းပြင်သားရဲမိခင်က သူ့ခန္ဓာကိုယ်ကို သေးသွားအောင် ချုံ့လိုက်ပြီး ငါ ဘိုးဘေးနန်းတော်ကို ပထမဆုံး ၀င်လာတုန်းက တွေ့ခဲ့ရတဲ့ ဟင်းလင်းပြင်သားရဲမိခင်ထက် ပိုပြီး သန်မာသွားပြီ’

ချင်မူက ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လာသော ဟင်းလင်းပြင်သားရဲမိခင်ဆီသို့ ကြည့်ရင်း သူ့ရင်ထဲတွင် အနည်းငယ် တုန်လှုပ်လာသည်။ မဟာဧကရာဇ်သည် ကောင်းကင်နတ်အရှင်တစ်ပါး သို့မဟုတ် နှစ်ပါးကို သတ်ဖြတ်၍ အတားအဆီးများ ဖယ်ရှားပြီး အနာဂတ်တွင် အုပ်ချုပ်မင်းလုပ်နိုင်မည့် အကွက်ကို ရွှေ့ထားခြင်း ဖြစ်ပေလိမ့်မည်။

လက်ရှိ ကောင်းကင်နတ်အရှင်များအတွက် ရှေးဟောင်းနတ်ဘုရားများသည် မဟာရန်သူတော်များ ဖြစ်ကြသော်လည်း မဟာဧကရာဇ်အတွက်တော့ ရှေးဟောင်းနတ်ဘုရားများမှာ စိုးရိမ်စရာမရှိချေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးက သူ၏ အဓိကရန်သူပင်။

ကမ္ဘာဦးခေတ်၏ ဘုရင်တစ်ပါးဖြစ်သည့်အလျောက် သူ့တွင် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အခြားရှေးဟောင်းနတ်ဘုရားများအား ရင်ဆိုင်ရန် နည်းလမ်းများစွာ ရှိသော်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဆိုင်ရမည့်အခါ ယုံကြည်ချက်မရှိပေ။

‌

ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လက်ရှိဩဇာအာဏာသည် ရှေးဟောင်းနတ်ဘုရားများထက် များစွာသာလွန်၏။ သူတို့ အတင်းအကြပ် မလှုပ်ရှားကြသည့် အကြောင်းအရင်းမှာ ရှေးဟောင်းနတ်ဘုရားများကို အင်အားသုံး၍ ရှင်းလင်းသုတ်သင်လိုက်ပါက သူတို့အတွက်လည်း အဆုံးအရှုံးများနိုင်သောကြောင့် ဖြစ်သည်။ မည်သူကမှ အထိအခိုက်မခံလိုကြချေ။

ဝှစ်….

ဟင်းလင်းပြင်သားရဲမိခင်က ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လိုက်သည်နှင့် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ မှန်တစ်ချပ်အလား ကောင်းကင်တစ်လျှောက် ရိပ်ခနဲ ရွေ့လျားသွားသယောင် ထင်ရသည်။

၎င်း၏ခန္ဓာကိုယ်က ကောင်းကင်နတ်အရှင်သုံးပါး၏ ကောင်းကင်နတ်သိုင်းများကို ကျော်ဖြတ်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ နောက်ကျောသို့ တိုက်ရိုက် ရောက်ချသွားသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်သည် မဟာဧကရာဇ်ကို သည်းကြီးမည်းကြီး ခုတ်ဖြတ်နေရာမှ ရုတ်တရက် သတိအနေအထား ဖြစ်သွား၏။ သူ့အနောက်ရှိ ၀တ်ရုံက တဖျတ်ဖျတ် လွင့်ခါသွားပြီး ဝှီးခနဲ မြည်ကာ ရွှမ်တုကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

ဟင်းလင်းပြင်သားရဲမိခင် ရွှမ်တုကမ္ဘာကို ဖြတ်လိုက်သည့်အခါ ၎င်း၏ တည်နေရာအတိအကျကို ချက်ချင်း အာရုံခံမိသွားသည်။

သူ၏ ရွှမ်တုကမ္ဘာမှာ ကောင်းကာတာအိုဖြင့် ဖွဲ့တည်သွားခြင်း ဖြစ်သလို၊ အခြားမဟာတာအိုများနှင့် ရောယှက်ထားသောကြောင့် အစွမ်းထက်၏။ ကောင်းကင်နယ်စားမင်းပင်လျှင် သူ၏သားမိုက်မှာ အစွမ်းထက်နေသောကြောင့် မချီးကျူးဘဲ မနေနိုင်ပေ။

ရှေးဟောင်းနတ်ဘုရားဘုရင် ဟင်းလင်းပြင်သားရဲမိခင်ကို အာရုံခံမိသည်နှင့် သူ၏မူလဝိညာဥ် ပေါ်ထွက်လာသည်။ ကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်လာပြီး သူ၏မူလဝိညာဉ်သည် ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမရှေ့တွင် ရပ်နေ၏။ သူက အတားအဆီးအစီအရင်တစ်ခုဖြင့် ရိုက်ချလိုက်သည်။

ထိုအခိုက်အတန့်တွင် မဟာဧကရာဇ်က အော်ရယ်လိုက်သည်။ သူက အရေးနိမ့်နေရာမှ ရုတ်တရက် နတ်ဧကရာဇ်လန်ရွှမ်၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ အရှေ့သို့ ရောက်သွားတော့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်လက်ထဲရှိ ကောင်းကင်တာအိုရတနာသည် ကောင်းကင်လှံရှည်အသွင်ဖြင့် ထိုးဆင်းလာ၏။ မဟာဧကရာဇ်က မရှောင်ပေ။ ခေါင်းဖြင့် ထိုလှံကို ၀င်တိုက်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်နတ်ဘုံထဲသို့ အသိစိတ်အလျဉ် ပို့လွှတ်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံလိုက်ရ၏။ မူလဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို စုပ်ယူလိုက်သောကြောင့် ခန္ဓာကိုယ်မှာ ရုတ်တရက် အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး မူလဝိညာည်နှင့် တစ်သားဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်တာအိုရတနာက နောက်သို့ လွင့်ထွက်၍ ကောင်းကင်တာအိုရတနာ ၄၉ ခုအဖြစ် ဖြန့်ကျက်လိုက်ကာ ကောင်းကင်နတ်ဘုံကို ကာကွယ်လိုက်သည်။ သူက ထိုအချိန်မှာပင် မဟာဧကရာဇ်နှင့် ဟင်းလင်းပြင်သားရဲမိခင်၏ တိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်း….

မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံသည် ကောင်းကင်ထက်မှ ကျဆင်းလာကာ ကောင်းကင်တာအိုရတနာ ၄၉ ခုနှင့် ဝင်တိုက်သွား၏။ ဤသည်မှာ မဟာဧကရာဇ်၏ အသိစိတ်အလျဉ် ကိန်းဝပ်နေသော တာအိုတိုက်ကွက်ဖြစ်သည့်အတွက် ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ပင် ဤတိုက်ကွက်၏ ချုပ်နှောင်ခြင်း ခံရပေလိမ့်မည်။

ကောင်းကင်တာအိုရတနာ ၄၉ ခုမှာ စိစိညက်ညက် ကြေကာ ရတနာအပိုင်းအစများက အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားကြ၏။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ တစ်ပြိုင်နက် စီးကျလာကြသည်။ သူ့မှာ အံ့ဩမှင်သက်နေ၏။ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဥ်မှာ နှစ်ခြမ်းကွဲလုမတတ် ဖြစ်သွားခဲ့ရချေပြီ။

မဟာဧကရာဇ်က တာအိုသစ်သီးသုံး၍ ထိုမျှပြင်းထန်လှသော အင်အားဖြင့် တိုက်ခိုက်လိုက်သောကြောင့် သူ့မှာ မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာအပြင်းအထန် ရသွားတော့သည်။

“တာအိုအဆင့်… ဒါက ခိုင်ဧကရာဇ်ပြောတဲ့ အန္တိမတာအိုအဆင့်လား”

သူသည် အတိတ်တုန်းက ခိုင်ဧကရာဇ် ဖန်တီးတီးခဲ့သော တာအိုစနစ်ကို အထင်သေးခဲ့၏။ ခိုင်ဧကရာဇ်၏ လမ်းစဉ်မှာ လမ်းမှားနေပြီး ကျဉ်းမြောင်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် မဟာဧကရာဇ်၏ တာအိုသစ်သီးထဲ၌ ကိန်းဝပ်နေသော တိုက်ကွက်အရ တာအိုစနစ်သည် မည်မျှအင်အားသင့်ကြောင်း သဘောပေါက်သွားချေပြီ။

ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်သည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားခြင်း ဖြစ်၏။ တိုးတက်မှုတိုင်းအား အမှီလိုက်နိုင်မည့် လမ်းကြောင်းများ ရှိသည်။ သိုင်းအဆင့်မြင့်တက်ခြင်းနှင့်အတူ တိုးတက်လာမည့် သိုင်းအခြေခံကိုလည်း ခန့်မှန်း၍ ရနိုင်ပြီး အလွယ်တကူ အမှီလိုက်နိုင်သေးသည်။

သို့သော် တာအိုစနစ်၏ ကြောက်စရာကောင်းသောအရာမှာ စဦးပိုင်းအဆင့်များတွင် တာအို တဖြစ်လဲ လမ်းစဉ်သို့ ဝင်ရောက်နိုင်ရန် ခက်သည်။ ထို့အပြင် သိုင်းကျအခြေခံမှာလည်း ကောင်းကင်နန်းဆောင်စနစ်‌လောက် သိသိသာသာ မတိုးတက်လာပေ။ အချိန်လည်းများစွာ ပေးရ၏။ သို့သော် နှောင်းပိုင်းအဆင့်များတွင်တော့ တိုးတက်မှုတိုင်းမှ ရရှိသည့် အကျိုးအမြတ်များသည် အလွန်တရာ ကောင်းမွန်လာပြီး တာအိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပါက တာအိုသစ်သီးအား ဖွဲ့တည်နိုင်သော မဟာဧကရာဇ်နီးပါး ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။

သို့သော် လက်ရှိ မဟာဧကရာဇ်မှာ ပြီးပြည့်စုံသော မဟာဧကရာဇ်တစ်ပါး မဟုတ်ပေ။

လက်ရှိမဟာဧကရာဇ်တွင် ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ်ရှိသော်လည်း မူလဝိညာဉ် မရှိချေ။

သို့ထိတိုင် ရှေးဟောင်းနတ်ဘုရားဘုရင်အား အနိုင်ယူနိုင်သေးသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်သည် တာအိုစနစ် မည်မျှကြောက်မက်ဖွယ်ကောင်းမှန်း သိသွားသော်လည်း မဟာဧကရာဇ်၏ တာအိုအဆင့်မှာ ခိုင်ဧကရာဇ်၏ တာအိုအဆင့်နှင့် မတူပေ။ မဟာဧကရာဇ်၏ သိုင်းအခြေခံက အတုဖြစ်ပြီး ဤအဆင့်အထိ ရောက်လာအောင် ဖန်ဆင်းရှင်များနှင့် ယဇ်ပူဇော်မူများကို အားကိုးခဲ့ရသည်။

ခိုင်ဧကရာဇ်၏ တာအိုအဆင့်မှာတော့ တစ်လှမ်းပြီးတစ်လှမ်း ကျင့်ကြံအားထုတ်ခြင်းဖြင့် တာအိုအပေါ် နားလည်သိမြင်မှုကို တိုးတက်စေကာ ကိုယ်ပိုင်တာအိုကို ဖန်တီးခဲ့ပြီးနောက် နောက်ဆုံးတွင် ဓားတာအိုသစ်သီးတစ်လုံး ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

မဟာဧကရာဇ်သည် သူ့ကိုယ်သူ ဒုက္ခိတ ဖြစ်စေခဲ့သည်ဟုပင် ပြောရနိုင်သည်။

သို့သော် ရှေးဟောင်းနတ်ဘုရားဘုရင်မှာလည်း မခေပေ။ သူက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။ ဤတိုက်ကွက်ကို ခုခံနိုင်သရွေ့ နတ်ဧကရာဇ်လန်ရွှမ်သည် မဟာဧကရာဇ်ကို တားဆီးနိုင်လိမ့်မည်။ ဤအချိန်တွင် မည်သူက အနိုင်ရသူဖြစ်လာမည်မှန်း မသိနိုင်ပေ။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်သားရဲမိခင်က ခုန်လိုက်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားသည်။ သားရဲကြီးမှာ ပုံရိပ်အသွင်မှ ချက်ချင်း အကောင်အထည် ရှိလာကာ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက ရှေးဟောင်းနတ်ဘုရားဘုရင်ကို ဖောင်းကားလာစေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ လေထိုးခံနေရသကဲ့သို့ ရှည်လျားဖောင်းကားလာ၏။ မကြာမီ သူသည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမနတ်ဘုရားကြီးတစ်ပါးအဖြစ် ပြောင်းလဲသွားကာ ဆက်လက်ဖောင်းကားနေပြီး အလွန်တရာ ကြောက်စရာကောင်းလာ၏။

ဟင်းလင်းပြင်သားရဲမိခင်က သူ၏ခန္ဓာကိုယ်ထဲရှိ ချီနှင့်သွေးကို အငမ်းမရ ဝါးမြိုနေသည်။ သူမကား သူ၏ ချီနှင့်သွေးကို ‌သောက်သုံးလျက် သူ့ကို အပြီးအသတ် ဝါးမြိုပစ်နိုင်ရန် ကြံစည်နေသည်။

“ဟားဟားဟား”

ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်နှာကြီးမှာ ပုံပျက်ရှုံ့တွနေသော်လည်း သူက တဟားဟား ရယ်၏။ “ကောင်းကင်နယ်စားမင်းက ဘာမှမလုပ်နိုင်ပေမယ့် ကောင်းကင်နယ်စားမင်းရဲ့ သွေးပါတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သားတော်တစ်ပါးအနေနဲ့ ဘယ်အရာမဆို လုပ်နိုင်တယ်… ငါ့မှာ မဟာတာအို ကန့်သတ်ချက်တွေ မရှိဘူး..”

သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားသည်။ စောစောက ဖြောင့်မတ်တည်ကြည်သော နတ်ဘုရားတစ်ပါးအသွင် ရှိခဲ့သော်လည်း ယခုတွင် ယိုတုမှ မကောင်းမှုများအားလုံးကို ကိုယ်စားပြုနေသည့်အလား မိစ္ဆာဘုရင်တစ်ပါးပမာ ပြောင်းလဲသွားသည်။

သူ၏ခန္ဓာကိုယ်မှာ ယိုတုကမ္ဘာအဖြစ် ပြောင်းလဲသွားပုံပင်။ ၎င်းမှာ မည်းမှောင်၍ ကြောက်မက်ဖွယ်ကောင်းနေပြီး မှန်းဆမရနိုင်သည့် ယိုတုစွမ်းအားက ပေါက်ကွဲထွက်လာ၏။ မဟာတာအိုတို့က ဝိညာဉ်ကို ချုပ်နှောင်နေသည့် သံကြိုးများအလား တစ်ခုပြီးတစ်ခု ပေါ်လာကာ ဟင်းလင်းပြင်သားရဲမိခင်ကို ချုပ်နှောင်လိုက်သည်။

သံကြိုးများက ဟင်းလင်းပြင်သားရဲမိခင်၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လျက် ၎င်း၏ဝိညာဉ်သို့ ချိတ်လိုက်၏။

ရှေးဟောင်းနတ်ဘုရားဘုရင်ကား ဟင်းလင်းပြင်သားရဲမိခင်ကို ဝါးမြိုရန် ကြံရွယ်နေလေသည်။

“ဟင်..”

မဟာဧကရာဇ်မှာ အံ့အားသင့်သွား၏။ “ငါ ရန်စတာ မှားသွားပြီထင်တယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးက သူတို့ရဲ့အစွမ်းအစအစစ်တွေကို သိုသို၀ှက်၀ှက် ဖုံးထားကြတာ… ဒါပေမဲ့ သူသာ ဟင်းလင်းပြင်သားရဲမိခင်ကို အားကုန်သုံးပြီး ဝါးမြိုလိုက်မယ်ဆိုရင် ငါ့ရဲ့ မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံကို ခုခံနိုင်တော့မှာမဟုတ်ဘူး… ဒီတိုက်ကွက်က သူ့အသက်ကို နှုတ်ယူပစ်နိုင်တယ်”

သူ့အနေဖြင့် နတ်အရှင်မချန်းက သူဖြစ်နေသည့် သရုပ်မှန်ကို မဖော်ပြလိုချေ။ ထို့ကြောင့် အသိစိတ်အလျဉ် သုံးလျက် မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံအား အသက်သွင်းလိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကို သတ်ရန် ပြင်သည်။ သို့သော် နတ်ဧကရာဇ်လန်ရွှမ်က သူ့အနောက်မှ ထွက်လာ၏။ သူ၏အသိစိတ်အလျဉ်နှင့် လက်ချောင်းက မဟာဧကရာဇ်၏ နောက်စေ့မှ ဖောက်ဝင်လာကာ နဖူးမှ ပြန်ထွက်သွားသည်။

ချွင်…

အသံတစ်သံ ထွက်ပေါ်လာ၏။ မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားရှိ မူလကျောက်တုံးမှာ အရပ်လေးမျက်နှာသို့ ကွဲထွက်သွားချေပြီ။

နတ်ဧကရာဇ်လန်ရွှမ်မှာ ဝမ်းမြောက်နေပြီး မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံသို့ ကျရောက်တော့မည့် ရှေးဟောင်းနတ်ဘုရားဘုရင်ကို ကယ်တင်ရန် စိတ်မဝင်စားချေ။ အလျင်အမြန် ပျံထွက်သွားပြီး မူလကျောက်တုံး အပိုင်းအစများကို ကောက်ယူလိုက်သည်။

မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံမှာ မူလကျောက်တုံး ပေါက်ကွဲသွားခြင်းကြောင့် သိသိသာသာ အားနည်းသွားသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဦးခေါင်းမှာ ၎င်းအထဲသို့ ဝင်ရောက်နေပြီဖြစ်၏။ သူ၏ဦးခေါင်းခွံမှာ အက်ကွဲလာပြီး အရေပြားတို့က စက္ကူအပိုင်းအစများကဲ့သို့ စုတ်ပြတ်သွားသည်။ သူ၏မျက်နှာမှာလည်း သိသိသာသာ ပုံပျက်သွားပြီး အရိုးဖြူများ ပေါ်လာတော့သည်။

မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံ၏ စွမ်းအားမှာ ကြောက်စရာကောင်းလွန်းသည်။ မဟာဧကရာဇ်အနေဖြင့် ခွန်အားအပြည့်အဝ မသုံးနိုင်လျှင်တောင်မှ ကောင်းကင်နတ်အရှင်တစ်ပါး၏ ရုပ်ခန္ဓာသည် ၎င်းကို ခံနိုင်ရည်မရှိပေ။

၂၉ ခုမြောက် ဟင်းလင်းပြင်ထဲတွင် ရပ်နေသည့် ချင်မူက ချီစွမ်းအင်ကို ချက်ချင်း လှုံ့ဆော်ကာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ သူက ဟင်းလင်းပြင်များထဲမှ ပြေးဆင်းလာပြီး ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ပရမတ္တလှေအား နင်းလျက် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသော အရိပ်များသဖွယ် ပြောင်းလဲသွားသည်။ သူလည်း မူလကျောက်တုံးကို လုယူရန် ကြံစည်နေလေသည်။

တစ်ချိန်တည်းမှာပင် ဖရိုဖရဲပင်လယ်ထဲရှိ ထိုက်ယီက အေးဆေးစွာ ပြောသည်။ “တာအိုမိတ်ဆွေတို့၊ သေချာကြည့်ထားကြ… မကြာခင် အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်”

လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့မှာ အလွန်စိတ်လှုပ်ရှားနေကြပြီး အပြောင်းအလဲတစ်ခု ဖြစ်လာမည်ဟူသော စကားကို ကြားရသည့်အခါ တအံ့တဩ မေးလိုက်မိကြသည်။ “တာအိုနောင်တော်၊ ဘယ်လိုအပြောင်းလဲတွေများ ဖြစ်လာဦးမှာလဲဗျ”

ထိုက်ယီက မည်သည်ကိုမှ မဖြေ။

နတ်ဧကရာဇ်လန်ရွှမ်က အင်္ကျီလက်စခါလျက် မူလကျောက်တုံးကို အင်္ကျီလက်အိုးထဲ ထည့်တော့မည်အချိန် ခရမ်းရောင် အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာပြီး ခရမ်းရောင်တိမ်တိုက်များ ဆင်းသက်လာသည်။ ကောင်းကင်မှာ ရုတ်တရက် ပြိုလဲသွားသည့်အလားပင်။

“ကောင်းကင်နတ်အရှင်ယွင်…” နတ်ဧကရာဇ်လန်ရွှမ်မှာ အံ့အားသင့်စွာဖြင့် အက်ကွဲကွဲ ရေရွတ်လိုက်မိသည်။

သူက နောက်သို့ လှည့်ကြည့်လိုက်သော်လည်း မြင်လိုက်ရသူမှာ ကောင်းကင်နတ်အရှင်ယွင် မဟုတ်ပေ။ ထိုအစား ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလျက် လက်ဆန့်တန်းကာ ထိုက်ချူမူလကျောက်တုံး အပိုင်းအစများကို ယူနေ၏။

ကောင်းကင်နတ်အရှင်ရှောင်၏ လက်ထဲတွင် မူလကျောက်တုံး အပိုင်းအစများ ကိုင်ထားသော်လည်း နောက်တစ်ခဏတွင် သူ၏မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။ မူလကျောက်တုံး အပိုင်းအစများ ကိုင်ထားသောလက်၏ လက်ကောက်ဝတ်သည် ရုတ်တရက် ကျိုးသွားပြီး လက်ပြတ်က ကောင်းကင်ထက်မှ ပြုတ်ကျသွားလေ၏။

သူ့လက်ကို ဖြတ်လိုက်သည့်အရာက ဆံထိုးတစ်လက် ဖြစ်သည်။ ဆံထိုးမှာ အင်မတန် ချွန်မြပြီး အဆင့်မြင့်‌သော မဟာတာအိုတို့ ကိန်းဝပ်နေသည်။

အဝေးတွင် နတ်အရှင်မယန်က ဆံထိုးကို သူမ၏ဆံထုံးထဲသို့ ပြန်ထိုးသွင်းလိုက်သည်။ သူမက လက်မြှောက်၍ ခါရမ်းလိုက်သည့်အခါ ထိုက်ရှီသတ္တုကြောကို ဖိနှိပ်ထားခဲ့သည့် စတုရန်းပုံ ဒယ်အိုးကြီးက ကောင်းကင်ထက်သို့ မြောက်တက်လာပြီး ကောင်းကင်နတ်အရှင်ရှောင်အား ဝှစ်ခနဲ အုပ်မိုးလိုက်သည်။

ကြာပန်းတစ်ပွင့်သည် ကောင်းကင်နတ်အရှင်ရှောင်၏ ခြေဖဝါးအောက်တွင် ပွင့်လာ၏။ သူက ကြာပန်းကို ဒယ်အိုးဆီသို့ ကန်ထုတ်လိုက်သည်။ ကြာပန်းနှင့် ဒယ်အိုးတို့မှာ အတူတကွ ပြုတ်ကျသွားတော့သည်။

အောက်တွင်ကား ဖရိုဖရဲပင်လယ် ရှိနေသည်။

ကြာပန်းနှင့် ဒယ်အိုးအောက်တွင်တော့ မူလကျောက်တုံးများ ဆုပ်ကိုင်ထားသေးသည့် ကောင်းကင်နတ်အရှင်ရှောင်၏ လက်ပြတ်ကြီးက နေရာယူထားသည်။

ထိုစဉ် ဖရိုဖရဲပင်လယ်၏ ပတ်ပတ်လည်ရှိ မြေပြင်သည် ရုတ်တရက် လှုပ်ခတ်ကွဲအက်လာပြီး ဧရာမသစ်မြစ်ကြီးများက ကောင်းကင်ပေါ်သို့ ထိုးထွက်လာသည်။ ၎င်းတို့က လက်တံကြီးများကဲ့သို့ ကောင်းကင်နတ်အရှင်ရှောင်၏ လက်အား ရစ်ပတ်နေကြ၏။

ပြောင်းလဲမှုများက ဖရိုဖရဲပင်လယ်ထဲတွင် ပုန်းခိုနေကြသည့် ပုဂ္ဂိုလ်များအား တအံ့တဩ ဖြစ်သွားစေသည်။ သူတို့မှာ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး မည်သည့်စကားမှ မထွက်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ချင်မူက လှေထိပ်တွင် အီးမှန်နေသော မျက်နှာကြီးဖြင့် ရပ်နေသည်။ “အစောကြီးရောက်နေပြီးမှ နောက်ကျသွားရတယ်လို့ … ကံဆိုးလိုက်တာကွာ”

All Chapters