← Chapters

တာအိုသစ်သီးနှင့် မဟူရာသစ်ပင်

Vol. 100 Ch. 1316

တာအိုသစ်သီးနှင့် မဟူရာသစ်ပင်

Vol. 100 Ch. 1316

မူလချီ၏ ဖွားမြင်မှု ဆိုသည်မှာ ချင်မူ လမ်းစဉ်သို့ ဝင်ရောက်ခဲ့သော ကောင်းကင်နတ်သိုင်း၏ ၁၂ ဘုံမြောက် ကောင်းကင်နတ်ဘုံအဆင့်၌ ရှိသည်။ ဤတိုက်ကွက်၏ အစွမ်းထက်ဆုံးအပိုင်းက ရန်သူ၏ ခွန်အားကို ဝါးမြိုပစ်ခြင်း ဖြစ်သည်။ ဤကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်လိုက်လျှင် အသူရာချောက်နက်ထဲရှိ အမြွှာကြာပွင့်သည် ယိမ်းခါလာပြီးနောက် တစ်ဖက်လူ၏ ခွန်အားကို ချောက်နက်အတွင်းသို့ စုပ်ယူလိုက်ကာ မူလချီအဖြစ် ပြောင်းလဲပေးလိုက်သည်။ ထိုသို့ ဖွားမြင်လာသည့် မူလချီသည် သူ့ခေါင်းအထက်၌ ဦးစိုက်ကျွမ်းပြန် ရှိသော ကြာပွင့်ထဲမှ ကျဆင်းလာကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေး၏။

မူလချီ များများထွက်လာလေလေ၊ ကောင်းကင်နတ်သိုင်းကလည်း အားကောင်းသထက် အားကောင်းလာကာ ရန်သူကိုလည်း ပို၍ပင် ထိခိုက်လာစေ၏။

ဤကောင်းကင်နတ်သိုင်းမှာ ကောင်းကင်နတ်အရှင်ဟောင်၏ အဆုံးသတ်မြို့ပျက် ‌ကောင်းကင်နတ်သိုင်းအပေါ် အခြေခံ၍ ဖန်တီးထားခြင်းဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ တီထွင်မှုအား ကူးထားသည်ဟုပင် ဆိုနိုင်သည်။

ချင်မူမှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် အရှင်မယွမ်မု၏ သွေးအား ပိုင်ဆိုင်ထားသော ကောင်းကင်နတ်အရှင်ဟောင် မဟုတ်သော်လည်း မူလချီနှင့် အဆုံးသတ်မြို့ပျက်မဟာတာအိုအပေါ် သူ၏နားလည်မှုက ကောင်းကင်နတ်အရှင်ဟောင်အောက် မနိမ့်ကျပေ။ ပို၍ပင် သာသေးသည်။

သူသည် တာအိုဘိုးဘေးကြီး၏ အကူအညီကြောင့် အစောင့်အရှောင်ဆောင်မှ မဟာတာအိုသင်္ကေတများစွာ သင်ယူလေ့လာခဲ့ရ၏။ အ‌စောင့်အရှောက်ဆောင်၏ သင်္ကေတအမှတ်အသားများက ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုများကို သင်္ချာဖြင့် ပြန်လည်ထုတ်နုတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့တွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထဲက မူလချီသင်္ကေတများလည်း ပါဝင်ခဲ့လေသည်။

ချင်မူသည် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုတို့၏ ရုပ်ခန္ဓာများကိုလည်း ရရှိခဲ့ရာ သူတို့၏သင်္ကေတအမှတ်အသားများမှတစ်ဆင့် မဟာတာအိုကို ကောင်းကောင်းနားလည်ခဲ့၏။ တစ်ချိန်တည်းမှာပင် အဏုမြူသင်္ချာ သုံး၍ တာအိုဘိုးဘေးကြီး၏ လိုအပ်ချက်များကိုလည်း ဖြည့်စွက်ခဲ့သေးသည်။

ဤအခြေအနေတွင် ကောင်းကင်နတ်အရှင်ဟောင်၏ မူလချီနှင့် အဆုံးသတ်မြို့ပျက်တာအိုပင်လျှင် သူ့အား ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုအပြင် သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံကလည်း ရှိနေသေးသဖြင့် သူကား ထိုက်ချူ၏လမ်းစဉ်နှင့်ပင် ထိတွေ့စပြုလာပြီဟု ဆိုရမည်။

ကောင်းကင်နတ်အရှင်ဟောင်နှင့် ချင်မူ သိုင်းအဆင့်အတူတူတွင် တိုက်ခိုက်၍ မူလချီနှင့် အဆုံးသတ်မြို့ပျက်သိုင်းကွက်များအား အသုံးပြုပါက ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏သွေးကြောင်း အားသာနိုင်သလို၊ ချင်မူကမူ ထိုက်ချူနှင့် နတ်အရှင်မယွမ်မု၏ တာအိုကို ပိုမိုနက်နက်နဲနဲ နားလည်ထားသည့် အားသာချက်ရှိပေလိမ့်မည်။ ထို့ကြောင့် သူက ကောင်းကင်နတ်အရှင်ဟောင်‌အောက် အားနည်းလိမ့်မည်မဟုတ်ပေ။

နှစ်ယောက်လုံး ဝင်တိုက်သွားသည်နှင့် မဟာဧကရာဇ်မှာ သူ၏ခွန်အားများ ချင်မူ့ခြေထောက်အောက်ရှိ အဆုံးသတ်မြို့ပျက်ချောက်နက်ထဲသို့ စုပ်ယူဝါးမြိုခံနေကြောင်း ခံစားလိုက်ရသည်။

ဤအတိုင်း ဆက်သွားလျှင် သူ့အနေဖြင့် သေချာပေါက် အားနည်းသထက် အားနည်းလာပေလိမ့်မည်။

ဝုန်း…. ဝုန်း…. ဝုန်း

သူတို့၏လက်သီးများမှာ အလင်းဖြတ်ပြေးသွားသလို၊ လျှပ်စီးလက်သွားသလို အလွန်တရာ မြန်ဆန်လှသည်။ ခန္ဓာကိုယ်များလည်း လျှပ်တပြက် သွက်သွက်လက်လက် လှုပ်ရှားနေကြပြီး မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်အလွှာတစ်ခုမှ နောက်တစ်ခုသို့ ရောက်သွားကြ၏။

ချင်မူက သူ၏ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ကို အားပြုထားပြီး သူ့တိုက်ကွက်များ၏ အမြန်နှုန်းမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှသည်။ တခဏအတွင်း မရေမတွက်နိုင်သော လက်သီးချက်များ ကျဆင်းလာ၏။ မဟာဧကရာဇ်မှာ ချင်မူ့ထံမှ လက်သီးချက်တစ်ချက်ဖြင့် ထိုးနှက်ခံလိုက်ရတိုင်း သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားမှာ လျော့ကျသွားပြီး ဝါးမြိုခံ‌လိုက်ရသည်။

မဟာဧကရာဇ်၏ ခွန်အားများမှာ ချင်မူ၏လက်သီး ၊ လက်မောင်း၊ ခန္ဓာကိုယ်၊ ခြေထောက်များမှတစ်ဆင့် သူ့ခြေထောက်အောက်ရှိ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ဝင်ရောက်သွားသည်။

အဆုံးသတ်မြို့ပျက်၏ ချောက်နက်ထဲ ရောက်သွားသည့်အခါတွင်တော့ သူ၏ခွန်အားကို အာရုံခံမရတော့ပေ။ ချောက်နက်ထဲတွင် ဝါးမြိုသန့်စင်ခံရပြီးနောက် မွေးရာပါချီအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ပေလိမ့်မည်။

မဟာဧကရာဇ်သည် ပြန်လည်မွေးဖွားလာကတည်းက တခြားခန္ဓာကိုယ်ဖြစ်သည့် နတ်အရှင်မချန်းနှင့် ချိတ်ဆက်နိုင်ခဲ့၏။ သူက သိပ်သည်းခိုင်မာသော သိုင်းအခြေခံကို သုံးလျက် ကောင်းကင်နန်းဆောင်များ ဖွင့်လှစ်ကာ တစ်ခါတည်း ကောင်းကင်နန်းဆောင် ၃၄ ဆောင်ကို ရရှိခဲ့ပြီး ချီစွမ်းအင်အားနည်းနေသည်အား ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။

သို့သော် ကောင်းကင်နတ်အရှင်လေးပါးနှင့် တိုက်ပွဲတွင် သူ၏ကောင်းကင်နန်းဆောင်မှာ လုံးဝ ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့သည်။ ယခုမူ ပျက်စီးနေသည့် ကောင်းကင်နန်းဆောင်များထဲရှိ ချီစွမ်းအင်တို့က ဒလဟောစိမ့်ထွက်ကာ ချင်မူ့ခန္ဓာကိုယ်ထဲသို့ စိမ့်၀င်နေကြချေပြီ။

ဤအခိုက်အတန့်တွင် သူ့အနေဖြင့် ချီစွမ်းအင်စိမ့်ထွက်မှုကို တားဆီးနိုင်စွမ်း မရှိတော့ပေ။

ဝုန်း….

သူ့မှာ ချင်မူ၏ တိုက်ကွက်ကို နောက်တစ်ကြိမ် ခံလိုက်ရသဖြင့် သူ၏ဧရာမခန္ဓာကိုယ်ကြီးမှာ ဟင်းလင်းပြင်အလွှာများတစ်လျှောက် ဖြတ်၍ ၂၇ ခုမြောက် ဟင်းလင်းပြင်မှ ဆယ်ခုမြောက် ဟင်းလင်းပြင်သို့ ကျသွားတော့သည်။ သွေးများက သူ၏မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ အဆက်မပြတ် စီးကျနေ၏။

သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ပေါက်သွားသည့် ဟင်းလင်းပြင်များမှာ ပြန်မပိတ်ကြသေးပေ။ ချင်မူက ၁၇ ခုမြောက် ဟင်းလင်းပြင်မှ တဟုန်ထိုး ပြေးဆင်းလာပြီး ဂျင်ကဲ့သို့ ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ မရေမတွက်နိုင်သော လက်သီးချက်များ တရစပ် ပေါ်လာပြီး လက်သီးမကောင်းဆိုးဝါးကြီးပမာ သူ့ဆီသို့ ဝင်ချလာချေပြီ။

ဤအချိန်တွင် ချင်မူသည် သူ၏သိုင်းပညာလမ်းစဉ်ကို အသုံးပြုခဲ့၏။ ခိုင်ဧကရာဇ်၏ ကောင်းကင်ဆရာသခင် လေးဦးထဲမှ တစ်ဦးဖြစ်သည့် လယ်သမားအိုကြီးကွမ်းချာ၏ သိုင်းဝိညာဥ်က သူ၏လက်သီးချက်များတွင် ကိန်းအောင်းလျက် အားဖြင့်အင်ဖြင့် ထွက်ပေါ်လာသည်။

မဟာဧကရာဇ်က လက်မြှောက်၍ ပါးစပ်ထောင့်ရှိ သွေးကို သုတ်ကာ ချက်ချင်း တိုက်ကွက်ပြောင်းလိုက်သည်။ ပျက်စီးနေသည့် ကောင်းကင်နန်းဆောင် တစ်ဒါဇင်ခန့်က သူ့အနောက်တွင် ဘွားခနဲ ထွက်ပေါ်လာ၏။ သူ၏ကောင်းကင်နန်းဆောင်များမှာ ကောင်းကင်နတ်အရှင်လေးပါးကြောင့် စိစိညက်ညက် ကြေမွနေပြီး ‌ချီစွမ်းအင်တို့လည်း ဆုံးရှုံးနေလေသည်။

သို့သော် သူသည် ဒဏ်ရာမည်မျှကြီးမားပါစေ မခံစားရသည့်အလားပင်။ သူ တစ်ချက် ဟိန်းဟောက်လိုက်သည့်အခါ ကောင်းကင်နန်းဆောင်များ ပြိုလဲသွားသည်။ သူ၏အရှိန်အဝါမှာလည်း လျင်မြန်စွာ ဆုတ်ယုတ်လာသည်။

ချင်မူကလည်း အခွင့်ကောင်းတွေ့သည်နှင့် အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ ထိုစဉ်မှာပဲ အပျက်အစီးများကြားမှ ကောင်းကင်နန်းဆောင်တစ်ဆောင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ချင်မူမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး အန္တရာယ်ကို ချက်ချင်း ခံစားလိုက်မိသည်။ သူက တမုဟုတ်ချင်း အရှိန်လျှော့၍ နောက်သို့ ပျံသန်းလိုက်ကာ ပြန်မပိတ်သေးသည့် ဟင်းလင်းပြင်အလွှာများမှတစ်ဆင့် ခုန်ထွက်လိုက်သည်။

မဟာဧကရာဇ်၏ ကောင်းကင်နန်းဆောင်သည် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ဖွဲ့တည်လာနေ၏။ ဤကောင်းကင်နန်းဆောင်၏ အရှိန်အဝါက ချင်မူ့ကို အင်မတန် ရင်းနှီးနေစေသည်။ ၎င်းကား မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်း‌ဆောင်မှလွဲ၍ တခြားမဟုတ်ပေ။

မဟာဧကရာဇ်သည် သူ့တွင် မှော်စွမ်းအင် သိပ်မကျန်တော့မှန်း ကောင်းကောင်းသိ၏။ မှော်စွမ်းအင်ကို အခြားကောင်းကင်နန်းဆောင်များဆီ ခွဲဝေထားပါက ချင်မူ၏ ကောင်းကင်နတ်သိုင်းများကို ခုခံရန် ခက်ခဲပေလိမ့်မည်။ ကောင်းကင်နန်းဆောင်အားလုံး ဖျက်ဆီး၍ ထွက်ပေါ်လာသော စွမ်းအင်တို့ကို စုစည်းကာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်အဖြစ် ပြန်လည်တည်ဆောက်ရပေမည်။

ဤနည်းဖြင့်သာ စွမ်းအားမှန်သမျှ အသုံးချ၍ ချင်မူ့ကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်မည်ဖြစ်သည်။

သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင် ဖွဲ့တည်လာသည်နှင့် မူလဝိညာဉ်သည် လှုပ်ခါသွား၏။ နတ်ကောင်းကင်ခန်းမ၏ ဧကရာဇ်ပလ္လင်ထက်တွင် ပေါ်လာသည်။ ၎င်းက ချောက်ချားစရာကောင်းသော အသွင်သဏ္ဍာန်ဖြင့် ထိုင်နေသည်။

ဧကရာဇ်ဩဇာသည် ကောင်းကင်ထက်သို့ ထိုးတက်၍ ဟင်းလင်းပြင်အလွှာများကို ဖောက်ထွက်သွားသည်။ မဟာဧကရာဇ်က နတ်ကောင်းကင်ခန်းမပလ္လင်ထက်တွင် ထိုင်လျက် တစ်လောကလုံးကို အုပ်ချုပ်နေသော ဟန်ပန်ရှိသည်။ သူ၏ဟန်ပန်အနေအထားက ဩဇာအာဏာအရှိန်အဝါ ကြီးမားသော အမူအရာ ရှိသည်။

မဟာဧကရာဇ်သည် ကမ္ဘာဦးခေတ်အား နှစ်သန်းပေါင်းများစွာ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ သူ၏ ဧကရာဇ်ဩဇာကား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထက်ပင် မြင့်မားချေသည်။

ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ဤဧကရာဇ်ဩဇာသည် သူ၏တာအိုနှလုံးသားအပေါ်ပင် သက်ရောက်ခံနေရ၏။

မဟာဧကရာဇ်သည် ပြီးပြည့်စုံသော ဧကရာဇ်ပလ္လင်အဆင့်တွင် မဟုတ်သလို ပြီးပြည့်စုံသော မူလဝိညာဉ်မရှိသော်လည်း ချင်မူ ခံစားနေရသည့် ဖိအားမှာ နှိုင်းမရနိုင်အောင် ကြောက်စရာကောင်းလှသည်။

ချင်မူမှာ အလျင်အမြန် နောက်ဆုတ်ရင်း ပရမတ္တလှေကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရင်း လှေဖြင့် ဟင်းလင်းပြင်အလွှာများတစ်လျှောက် ဖြတ်ကျော်သွားလေသည်။ ထို့နောက် ပေါက်ကွဲသံနှစ်ချက်နှင့်အတူ ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွား၏။

တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်နတ်သိုင်းကွက် နောက်တစ်ကွက်က ပေါ်ထွက်လာကာ သူ့အား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေစေသည်။ မည်သူမဆို သူ့အား တိုက်ခိုက်ရန် မလွယ်ကူတော့သဖြင့် မဟာဧကရာဇ်၏ အရှိန်အဝါမှာ သူ့အပေါ် ပစ်မှတ်မထားနိုင် ဖြစ်နေတော့သည်။

“ကောင်းကင်နတ်အရှင်မူ”

မဟာဧကရာဇ်က ၂၉ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်သွားပြီဖြစ်သော ချင်မူ့ကို မော့ကြည့်လိုက်၏။ သူ၏အကြည့်က ဟင်းလင်းပြင်အလွှာများကို ဖြတ်၍ လှေထိပ်တွင် ရပ်နေသည့် ချင်မူ့ထံ ကျရောက်သွားသည်။ ချင်မူ၏ဝတ်ရုံက တောင်ပံများအလား ပြန့်ကားနေကာ လှေတစ်စင်းလုံးကို လွှမ်းခြုံထားလေသည်။

ချင်မူ၏ ဝတ်ရုံမှာ သာမန်အဝတ်အစား မဟုတ်ဘဲ အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၏ ဝတ်ရုံ ဖြစ်လေသည်။ ၎င်းက ဧကရာဇ်အဆင့်၀တ်ရုံရတနာ ဖြစ်သည့်အလျောက် ပြန့်ကားနေသည့်အချိန်တွင် အင်မတန် လှပ၏။ အောက်မှ ကြည့်ပါက ကြယ်တာရာများ တိမ်တိုက်များအလား လွင့်မြောနေကြသည်ကို တွေ့မြင်ရလေသည်။

ချင်မူ၏ ချိမင်နတ်ဘုရားခန္ဓာ ကောင်းကင်နတ်သိုင်းကလည်း သူ၏ရုပ်ခန္ဓာကို အနှိုင်းမဲ့အောင် သန်မာနေစေသည်။ သူသည် ကိုက်သုံးထောင် မြင့်မားနေပြီး အံ့ဩငေးမောဖွယ်ကောင်းလှသည်။ ပရမတ္တလှေကောင်းကင်နတ်သိုင်းမှာ သူ၏ခြေထောက်အောက်တွင် သေးငယ်သယောင် ထင်ရပြီး သူ၏ခန္ဓာကိုယ်နှင့် မကာမိပေ။

သို့သော် မဟာဧကရာဇ်သည် သူ့ထံမှ အလွန်ဝေးကွာသဖြင့် မော့ကြည့်လိုက်ရာတွင် လှေပေါ်၌ ရပ်နေသည့် ချင်မူ့ကိုသာ မြင်ရသည်။ သူ၏ ဝတ်ရုံက အာကာသဟင်းလင်းပြင်အလား ဖြစ်နေသဖြင့် သာမန်ထက် ကြီးမားမနေပေ။

သူတို့နှစ်ယောက်ကြားတွင် ဟင်းလင်းပြင်အလွှာ ၁၁ လွှာ ရှိပြီး နှစ်ယောက်လုံး မတုန်မလှုပ် ရပ်နေကြသည်။

“ကောင်းကင်နန်းဆောင်အဆင့်နဲ့ ခွဲလိုက်ရင် မင်းရဲ့လက်ရှိအဆင့်က နတ်ကောင်းကင်ခန်းမအဆင့်အထွတ်အထပ်ကို ရောက်နေပြီ... ချီးကျူးစရာပဲ… သိပ်ကိုကောင်းတယ်”

မဟာဧကရာဇ် စကားမဆုံးခင်မှာပင် သူ၏ပုံရိပ်သည် ၂၉ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ရောက်သွားပြီဖြစ်သည်။ သူတို့နှစ်ယောက်က အပေါ်အောက် ဖြစ်နေပြီး အလွန်တရာ ဝေးကွာနေသည်။ သူတို့အမြင်တွင် တစ်ဖက်လူ၏ပုံရိပ်မှာ အလွန်အမင်း ကြီးမားလာနေပြီ ဖြစ်၏။

“မင်းက ကောင်းကင်ရတနာစနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်ကို မလျှောက်ခဲ့ဘဲ ဒီနေရာအထိ ရောက်ဖို့ မင်းရဲ့ဉာဏ်ပညာကိုပဲ အားကိုးခဲ့တယ်… အဲဒါက ချီးကျူးစရာအကောင်းဆုံးပဲ…ဒါကြောင့်….”

မဟာဧကရာဇ်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြန်ပြီး နောက်တခဏတွင် ချင်မူ့အရှေ့၌ ပေါ်လာသည်။ “ငါ့ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်အောက်မှာ သေရရင်တောင် ဂုဏ်ယူသင့်တယ်”

ချင်မူမှာ ကြက်သီးမွှေးညှင်းများ ထသွားပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ သူခြေထောက်အောက်ရှိ လှေက ပိုမိုမြင့်မားသော ဟင်းလင်းပြင်ထဲသို့ တက်သွားပြီးတစ်ချိန်တည်းမှာပင် ကောင်းကင်နတ်သိုင်းမျိုးစုံ ပေါက်ကွဲထွက်လာကြ၏။

ဘိုးဘေးနန်းတော်မှ မဟာလမ်းစဉ်ပေါ်ထွန်းမှု

ငုပ်လျှိုးနေသော ဖန်ဆင်းခြင်း

ဦးစွာဖြစ်ပေါ်လာသော အသိစိတ်အလျဉ်လမ်းစဉ်

ကောင်းကင်နတ်သိုင်းမျိုးစုံမှာ သေရမည်ကို မကြောက်သည့်အလား ထွက်ပေါ်လာကြပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံကို ရင်ဆိုင်နေကြသည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဘုံထဲတွင် မဟာဧကရာဇ် အသိစိတ်အလျဉ်ပန်းပွင့်သည် ပွင့်လန်းနေပြီဖြစ်သော်လည်း တာအိုသစ်သီးကမူ စိမ်းနေဆဲပင်။

ထိုအခိုက်အတန့်တွင် ချင်မူသည် မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ သစ်ပင်ကို ပြတ်ပြတ်သားသား မြင်လိုက်ရသည်။

၎င်းက လောကသစ်ပင် ဖြစ်သည်။

ရှင်းလင်းစွာ ပြောရလျှင် ထိုလောကသစ်ပင်သည် ဘိုးဘေးနန်းတော်ထဲရှိ သူ၏ပိုင်နက်မှ မဟူရာသစ်ပင်ကြီးသာ ဖြစ်၏။ ခုတ်ထစ်မီးရှို့ခြင်း မခံရသေးသည့် အနက်ရောင်သစ်ပင်ကြီးပင်။

All Chapters