← Chapters

တွင်းငါးတွင်း အတားအဆီးအစီအရင်

Vol. 100 Ch. 1317

တွင်းငါးတွင်း အတားအဆီးအစီအရင်

Vol. 100 Ch. 1317

'တာအိုစနစ်ရဲ့ နောက်ဆုံးအဆင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှာက မဟာတာအိုက လောကသစ်ပင်အပေါ်မှာ တာအိုပန်းပွင့်တွေနဲ့ တာအိုသစ်သီးတွေ ဖွဲ့တည်ပေးတာလား….”

ချင်မူမှာ ရှည်ရှည်ဝေးဝေး တွေးမနေနိုင်ပေ။ သူ၏လက်ထဲရှိ ကောင်းကင်နတ်သိုင်းသည် ပြောင်းလဲသွားပြီး နဂါးဟန်ကောင်းကင်နတ်သိုင်းက နဂါးဟန်ခေတ်၏ ကြီးမြတ်မှု၊ ခက်ထန်မှုတို့နှင့်အတူ ပေါ်ထွက်လာသည်။ ချိမင်နတ်ဘုရားခန္ဓာက သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တစ်သားတည်း ဖြစ်သွားစေ၏။

ချုံဧကရာဇ်၏ လမ်းစဉ်က ပြည့်စုံသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဧကရာဇ်၏ လမ်းစဉ်အတွက် စတင်တိုက်ခိုက်သည်။ ခမ်းနားကြီးမြတ်သော စွမ်းအားက အင်အားအလုံးအရင်းဖြင့် ပေါက်ကွဲဖြာထွက်သွားကာ နဂါးဟန်ခေတ်၏ သမိုင်းကြောင်းထဲ၌ တခဏ လျှောက်လှမ်းသွားရင်း ဘိုးဘေးတို့၏ ကြေကွဲတုန်လှုပ်ဖွယ်ရာ သမိုင်းအား မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရစေသည်။

ချင်မူ၏ ချီစွမ်းအင်သည်ကား ထိုတခဏတွင် တစ်ခါမှ မရောက်ဖူးသော အမြင့်အထိ တိုးတက်သွားချေပြီ။

သို့သော် သူ၏အသိစိတ်အလျဉ်မှာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်နှင့် ထိတွေ့သည့်အခါ‌တွင်တော့ အစအနပင်မကျန်အောင် ဖျက်စီးခံလိုက်ရသည်။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကောင်းကင်ဘုံသည် ချင်မူ မြင်ဖူးသမျှထဲ အပြီးပြည့်စုံဆုံး ကောင်းကင်နတ်သိုင်းဖြစ်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ မူလချီနှင့် အဆုံးသတ်မြို့ပျက်ချောက်နက်ထက်ပင် ပြည့်စုံနေကာ ပိုမို ထူးကဲပြောင်မြောက်၍ မယုံနိုင်စရာကောင်းသည်။

တာအိုသစ်သီး၏စွမ်းအားကလည်း လူတိုင်းကို သည်းမခံနိုင်သည့် ခံစားချက်အား ဖြစ်ပေါ်လာစေသည်။

ယခုမှသာ ကောင်းကင်နတ်အရှင်ဟောင်၏မူလဝိညာဉ် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲ၌ အဘယ့်ကြောင့် ပိတ်မိနေခဲ့ပြီး မလွတ်မြောက်နိုင်ခဲ့မှန်း သူ သဘောပေါက်သွားသည်။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်လမ်းစဉ်မှာ ကောင်းကင်နတ်အရှင်အဆင့်ထက် များစွာ ကျော်လွန်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုအဆင့်သည် မဟာဧကရာဇ်အဆင့်သို့ မရောက်သေးသဖြင့် မဟာဧကရာဇ်၏ တိုက်ခိုက်မှုအား မချိုးဖျက်နိုင်ခဲ့ပေ။

'ငါသာ အထဲမှာ ပိတ်မိသွားရင် ကောင်းကင်နတ်အရှင်ဟောင်ထက် ပိုဆိုးလောက်တယ်... ငါ့ရုပ်ခန္ဓာနဲ့ မူလဝိညာဉ် အရည်ပျော်သွားပြီး မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်လမ်းစဉ်အဖြစ် ပြောင်းလဲသွားမှာ…”

ချင်မူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရင်း ဆယ့်သုံးခုမြောက် ဟင်းလင်းပြင်အလွှာ ရောက်လာခဲ့၏။

ဆယ့်သုံးခုမြောက် ဟင်းလင်းပြင်အလွှာထဲတွင် သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ သိသိသာသာ ဖိနှိပ်ခံနေရသည်။ ၎င်းမှာ အင်မတန် အန္တရာယ်ကြီးသော ဟင်းလင်းပြင်ဖြစ်သည့်အလျောက် သူ့မှာ တတ်နိုင်သော အကန့်အသတ်သို့ ရောက်နေပြီဖြစ်လေသည်။

သူ၏ရုပ်ခန္ဓာက စတင်အက်ကွဲလာပြီးနောက် ပုံရိပ်ယောင်အဖြစ် ပြောင်းလာသလို၊ အရေပြားလည်း ကွာလာသည်။

ထိုအခိုက်အတန့်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကောင်းကင်နတ်သိုင်းအား အသုံးပြုလိုက်သဖြင့် သူ၏အဆီအနှစ်၊ ချီနှင့် သွေးများ ပြန်လည်တိုးပွားလာသည်။ သူကား ထပ်ခါထပ်ခါ အဆင့်တက်၍ အကန့်အသတ်များအား အကြိမ်ကြိမ် ကျော်လွန်နေတော့သည်။

ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း သိုင်းကွက်။

ချင်မူမှာ ရုတ်တရက် နမော်နမဲ့ဆန်လာပြီး သူ့လက်ထဲရှိ ကောင်းကင်နတ်သိုင်းမှာလည်း အလားတူဖြစ်လာသည်။ သူက ကောင်းကင်နတ်သိုင်း၏ ၂၂ ဘုံမြောက် ကောင်းကင်ဘုံကို အသုံးပြုရင်း တုန်ရီနေလေသည်။

ထိုက်စု၏ ဖရိုဖရဲပန်းပွင့်သိုင်းကွက်ကို အသက်သွင်းလိုက်သည့်အခါ ထိုက်စုတာအိုသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲသို့ ကျရောက်သွားသည့် ဥတစ်လုံး ဖြစ်သွား၏။

ဤကောင်းကင်နတ်သိုင်း မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲသို့ ရောက်သွားသည့်အချိန်တွင် ဥသည် ပေါက်သွားပြီး ထိုက်စု ထွက်လာကာ နတ်ဘုရားမတစ်ပါးဖြစ်လာ၏။ သူမ၏လက်ဖဝါးက ဆန့်တန်းလိုက်ပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ဘုံလုံး လှိုင်းထတုန်ခါသွားသည်။

ထိုက်စုတာအိုတွင် အသွင်သဏ္ဍာန်နှင့် ဒြပ်ထုဒြပ်ထည် ရှိသည်။ နတ်ဘုရားမထိုက်စုက လက်တစ်ဖက်ဖြင့် ကောင်းကင်သို့ ညွှန်ပြထားပြီး ကျန်လက်တစ်ဖက်က မြေပြင်သို့ ညွှန်ပြထားသည်။ ကြည်လင်သောချီများက မြောက်တက်လာပြီး လှိုင်းထန်သည့်ချီများက အောက်သို့ နိမ့်ဆင်းသွား၏။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ချက်ချင်း ယိုင်နဲ့လာတော့သည်။

ချင်မူ့ခန္ဓာကိုယ်မှာ ၁၃ ခုမြောက် ဟင်းလင်းပြင်ထက်သို့ ဆုတ်သွားနေဆဲ ဖြစ်သည်။ သူ့အနေဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ရခက်နေပြီး ဟင်းလင်းပြင်က သူ့ကို ပုံရိပ်ယောင်အဖြစ် ပြောင်းလဲရင်း ပိုမိုမြင့်မားသထက် မြင့်မားသည့်နေရာသို့ မြှောက်တင်ပေးနေသည့်အလားထင်ရသည်။

သူ၏လက်များမှာ အရုပ်ကြိုးပြတ် ခါရမ်းနေပြီး သူ့ချီစွမ်းအင်က မဟာတာအိုသင်္ကေတမျိုးစုံအသွင် ပြောင်းလဲနေသော်လည်း ဆက်လက် နမော်နမဲ့ဖြစ်နေဆဲပင်။

နောက်ဆုံးတော့ သူ၏မုဒြာလက်ကွက်က ပြည့်စုံသွား၍ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။ အလင်းတန်းနှစ်တန်းက သူ၏မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ အလင်းတန်းတစ်တန်းက အဖြူရောင်ဖြစ်ပြီး ကျန်တစ်တန်းက အနက်ရောင်ဖြစ်၏။

လမ်းစဉ်သို့ ဝင်ရောက်ထားသော ကောင်းကင်နတ်သိုင်း၏ ၂၃ ခုမြောက် ကောင်းကင်ဘုံ

ထိုက်ကျိ ယင်နှင့်ယန်အဖြစ် ပြောင်းလဲခြင်း။

ဝုန်း

သူ့အကြည့်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲသို့ ရောက်ရှိသွားပြီး ယင်နှင့်ယန်ချီက နတ်ဘုရားမထိုက်စုကို လှည့်ပတ်လိုက်ရင်း တာအိုပန်းပွင့်နှင့် တာအိုသစ်သီးကို ကြွေကျသွားစေသည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ပြိုလဲပျောက်ကွယ်သွားတော့သည်။

မဟာဧကရာဇ်၏မျက်နှာထက်တွင် အံ့ဩမှင်သက်မှုများ နေရာယူထားသည်။ သူက အံတင်းတင်းကြိတ် အနားလျှောက်လာပြီး ချင်မူ့ဆီ လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။

ချင်မူ့ခန္ဓာကိုယ်က ဆက်လက်မြောက်တက်နေပြီး ၃၁ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ရောက်လာသည်။ ထိုဟင်းလင်းပြင်အလွှာမှာ သူ မည်သို့နည်းနှင့်မျှ ရောက်မလာသင့်သော နေရာတစ်နေရာ ဖြစ်၏။ ရောက်သွားခဲ့လျှင် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့မှာ ဗလာနတ္ထိဖြစ်၍ ပျောက်ကွယ်ရပေလိမ့်မည်။

သို့သော် ယခုတွင် သူ့မှာ မဟာဧကရာဇ်ကို အစွမ်းကုန် တိုက်ခိုက်ရင်း သေ‌ရေးရှင်ရေးအခြေအနေသို့ ရောက်နေရာ သူ့ခန္ဓာကိုယ်ကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။

ဟင်းလင်းပြင်ထဲတွင် သူ့ကို ထောက်ပံ့ပေးနေသည့် စွမ်းအားတစ်ရပ် ရှိနေသည့်အလား သူ၏ခန္ဓာကိုယ်မှာ ဆက်လက်မြင့်တက်နေသည်။ သူ့အဖြစ်မှာ ဟင်းလင်းပြင်၏ စွမ်းအားဖြင့် ပြောင်းလဲခံထားရသော အထူအပါးမရှိသည့် စက္ကူရွက်တစ်ရွက်အလားပင်။

၃၀ ခုမြောက် ဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင်စွမ်းအားသည် အားကောင်းပြင်းထန်လွန်းသဖြင့် သူ မခံနိုင်တော့ပေ။

ထိုစဉ်မှာပဲ မဟာဧကရာဇ်၏ ရိုက်ချက်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ မဟာဧကရာဇ်သည် သူ့ကို မသတ်ဘဲ ၃၁ ခုမြောက် ဟင်းလင်းပြင်ထဲသို့ တွန်းပို့ကာ ဟင်းလင်းပြင်အား သူ့ကို ဖျက်ဆီးချေမှုန်းစေသည်။

ချင်မူသည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ချိုးဖျက်ခဲ့သောကြောင့် မဟာဧကရာဇ်က အံ့အားသင့်သွားပြီး သူ့အား သတ်ပစ်ချင်နေ၏။

ချင်မူ၏ခန္ဓာကိုယ်မှာ စတင် ပြားကပ်လာပြီး ရုပ်ခန္ဓာမှာလည်း ပြားလာ၏။ သူ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မြင့်သထက် မြင့်မြင့်သို့ မြောက်တက်သွားသည်။

ထိုအခိုက်အတန့်တွင် ချင်မူက ကောင်းကင်နတ်သိုင်းတစ်ခုကို ကပျာကယာ အသက်သွင်းလိုက်သည်။ ထိန်းချုပ်ရခက်နေသော သူ့လက်ကွက်များကြောင့် ဤကောင်းကင်နတ်သိုင်းမှာ ရွဲ့စောင်းနေပြီး သူ့လို ကောင်းကင်နတ်အရှင်များ ထုတ်ဖော်နိုင်သော ကောင်းကင်နတ်သိုင်းနှင့်မတူဘဲ အရုပ်ဆိုးလှသည်။

ကောင်းကင်နတ်သိုင်းလမ်းစဉ်သို့ ဝင်ရောက်ထားသည့် ကောင်းကင်နတ်အရှင်တစ်ပါးအနေဖြင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းများသည် တာအိုနှင့် ပတ်ဝန်းကျင်၏ အလှတရားကို အမြဲတစေ ပေါင်းစည်းနိုင်ခဲ့သော်လည်း ဤကောင်းကင်နတ်သိုင်းတွင်မူ ထိုသို့သောအလှတရားမျိုး မရှိပေ။

သို့သော် ဤအခိုက်အတန့်တွင် ကြည်လင်ပြတ်သားသော တာအိုသံတစ်သံ ထွက်ပေါ်လာ၏။ သန်းပေါင်းများစွာသော နတ်ဘုရားများ ပေါ်လာပြီး နာမည်တစ်ခုကို ပြိုင်တူအော်ခေါ်နေကြသည့်အလားပင်။

ထိုက်ရှီ၏လမ်းစဉ်..

ဒြပ်ထုမရှိသော အသွင်သဏ္ဍာန်...

လမ်းစဉ်၀င်ရောက်ထားသည့် ကောင်းကင်နတ်သိုင်းမှ ၂၄ ခုမြောက် ကောင်းကင်ဘုံအဆင့် -

ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း။

ချင်မူ၏ လက်ဖဝါးက ဆန့်တန်းလာပြီး မဟာဧကရာဇ်၏ လက်ဖဝါးနှင့် ထိတွေ့သွားသည်။ သူတို့လက်ဖဝါးများ ထိတွေ့သွားသည့်အခါ မဟာဧကရာဇ်က ပြုံး၏။

သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံးက ရုတ်ခြည်း အေးခဲသွားပြီး အံ့ဩမှုအဖြစ် ပြောင်းလဲသွားသည်။

သူ့မျက်နှာမှာ အံ့ဩသထက် ပို၍ အံ့ဩလာသည်။ သူ့လက်သီးရှိ အသွေးအသားတို့မှာ ကွာကျသွားပြီး အမှုန်များသဖွယ် ပျံ့လွင့်သွားသည်။

သူ၏လက်မောင်းမှာလည်း အလားတူပင်။ အမှုန်လေးများသည် ပကတိမျက်စိဖြင့်ပင် မြင်ရနိုင်ပြီး မြူခိုးများအလား နောက်သို့ လွင့်ထွက်သွားသည်။ မကြာမီ သူ၏ ပခုံး၊ ရင်ဘတ်၊ ကျန်လက်တစ်ဖက်နှင့် ခြေထောက်များအထိ ပျံ့နှံ့လာသည်။

မဟာဧကရာဇ်မှာ နေရာမှာတင် ရပ်နေပြီး သူ၏ ခန္ဓာကိုယ်လည်း နေရာမှာတင် ရှိသေးကြောင်း ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်သည် အ‌ကောင်းအတိုင်း ရှိနေသေးသယောင် ခံစားရသော်လည်း အသွေးအသားမရှိတော့ပေ။

သူ့လည်ပင်းအောက်မှစ၍ ခန္ဓာကိုယ်ကြီးကား ဒြပ်ထုမရှိတော့ဘဲ ထွင်းဖောက်မြင်ရနိုင်သည့် အသွင်သဏ္ဍာန်အဖြစ်သာ ပြောင်းလဲသွားချေပြီ။

သူ၏ ‌ချီစွမ်းအင်၊ အသိစိတ်အလျဉ်၊ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနှင့် ကောင်းကင်ရတနာခုနစ်ပါးတို့အားလုံး မြင်ရသော်လည်း ထိတွေ့ကိုင်တွယ်မရသည့် ဒြပ်မဲ့ဆန်းကြယ်အခြေအနေသို့ ရောက်သွားတော့သည်။

သူ၏ ဦးခေါင်းကမူ အစစ်အမှန်ကိုယ်ထည် ဖြစ်သောကြောင့် ချင်မူ၏ ဖျက်ဆီးချေမှုန်းခြင်း မခံရသေးပေ။

မဟာဧကရာဇ်၏ ရုပ်ခန္ဓာကြီးသည် မရေမတွက်နိုင်သော ပြုပြင်ပြောင်းလဲမှုများကို ဖြတ်ကျော်ခဲ့ရသည့်အပြင် မရေမတွက်နိုင်သော ဖန်ဆင်းရှင်တို့မှ ပူဇော်သန့်စင်မှုကိုလည်း ခံစားခဲ့ရ၏။ ထို့ကြောင့် ချင်မူ၏ မဟာကောင်းကင်နတ်သိုင်းမှာ အင်မတန် ထူးကဲသော်လည်း သူ၏ ဦးခေါင်းကို တခဏချင်း မဖျောက်ပစ်နိုင်ပေ။

ဦးခေါင်းကို ဖျောက်မပစ်နိုင်သေးသော်လည်း ခေါင်းထဲရှိ ချီစွမ်းအင်မှာတော့ ပျော်၀င်သွားပြီဖြစ်သည်။ သူ၏အသိစိတ်အလျဉ်မှာ မတည်မငြိမ်ဖြစ်လာကာ အားနည်းသထက် အားနည်းလာ၏။

ရုတ်တရက် ချင်မူ၏ လက်ဖဝါးက လက်သီးအဖြစ် ဆုပ်လိုက်ပြီး မဟာဧကရာဇ်၏ နဖူးရှိ အပေါက်ထဲသို့ ထိုးချလိုက်သည်။ ဤထိုးချက်က ကြီးမြတ်ခမ်းနားနေပြီး မည်သည့်အရာကိုမဆို လွှမ်းမိုးနိုင်သော သိုင်းလမ်းစဉ် ကိန်းဝပ်ပါရှိစေသည်။ ၎င်းက သူ၏ဦးနှောက်ကို စိစိညက်ညက် ကြေ၍ သူ၏အသိစိတ်အလျဉ်ကို လွင့်ပြယ်သွားစေတော့သည်။

မဟာဧကရာဇ်၏ ဦးခေါင်းက ၃၀ ခုမြောက် ဟင်းလင်းပြင်မှ ပြုတ်ကျလာသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ ၎င်းသည် ၂၉ ခုမြောက် ဟင်းလင်းပြင်နှင့် ၂၈ ခုမြောက် ဟင်းလင်းပြင်အား ဖြတ်သွား၏။ ဧရာမအပေါက်ကြီးများ ဟင်းလင်းပြင်အလွှာများတွင် ပေါက်ထွက်ကုန်သည်။

မဟာဧကရာဇ် မျက်လုံးများမှာ မှိန်ကျနေပြီး သူ၏အကြည့်တို့က ရီဝေနေ၏။ သူ့မျက်လုံးထဲတွင် ချင်မူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ၃၁ ခုမြောက် ဟင်းလင်းပြင်ထဲသို့ မြောက်တက်သွားကြောင်း မြင်နေရသည်။

‘ကောင်းကင်နတ်အရှင်မူ သေသွားပြီ…ငါက အသက်ရှင်နေတုန်းပဲ’ သူက စိတ်ထဲမှ တွေးနေ၏။

ထိုအခိုက်အတန့်တွင် ၃၁ ခုမြောက် ဟင်းလင်းပြင်ထဲသို့ ရောက်သွားသော ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားမှ လုံးဝန်းနေသော ဧရာမဥကြီးတစ်ဥအား ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

မဟာဧကရာဇ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ဝုန်း… ဝုန်း…. ဝုန်း

သူ၏ဦးခေါင်းက ဟင်းလင်းပြင်အလွှာများကို ဖြတ်၍ ကောင်းကင်ထက်မှ ဘိုးဘေးနန်းတော်ပေါ်သို့ ပြုတ်ကျလာသည်။ ထို့နောက် လိမ့်ထွက်သွားပြီး အပျက်အစီးနယ်မြေတစ်ခုစီသို့ ရောက်သွားသဖြင့် ကမ္ဘာဦးသားရဲများအား ကြောက်လန့်ထွက်ပြေးသွားစေ၏။

သူ၏ဦးခေါင်း ရပ်တန့်သွားသည့်အချိန် ဟင်းလင်းပြင်ထဲမှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ မီးအလင်းတန်းတစ်တန်းက ကောင်းကင်ထက်မှ ကျဆင်း၍ သူ့ဘေးသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာသည်။ ပတ်ဝန်းကျင်ရှိ အပျက်အစီးအပိုင်းအစများ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားပြီး ကောင်းကင်ထက်တွင် မြေထုကြီးပမာ ဖွဲ့တည်သွားသည်။ ထို့နောက် လေပြင်းတို့က ထိုမြေမှုန်များအား တိုးဝှေ့တိုက်ခတ်လျက် သယ်ဆောင်သွားတော့သည်။

မီးခိုများ၊ သဲမှုန်များကြားတွင် မဟာဧကရာဇ်သည် ချင်မူ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်ကို လှမ်းမြင်လိုက်ရ၏။ ချင်မူက မြေပြင်တွင် ဒူးတစ်‌ဖက်ထောက်၍ မြေပြင်ပေါ်သို့ လက်ဖဝါးအုပ်လျက် ရှိနေသည်။

“တွင်းငါးတွင်း အတားအဆီးအစီအရင်” ချင်မူက ဆန်ခနဲ ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးသုံးလုံးကား တဝင်းဝင်း တောက်ပနေလေသည်။

All Chapters