#ထာ၀ရသက်တမ်းနယ်မြေသို့ပြန်သွားခြင်း#
Vol. 42 Ch. 589
အင်မော်တယ်နန်းတော်က အင်မော်တယ်နယ်မြေတွင် အားအကောင်းဆုံးဂိုဏ်းဖြစ်ပြီး အင်မော်တယ်တသောင်းကိုအမိန့်ပေးသည်။
အင်မော်တယ်နယ်မြေတွင် ကြီးကြီးသေးသေးအရာအားလုံးကို အင်မော်တယ်နန်းတော်က စီမံခန့်ခွဲသည်။
ထိုအချိန်တွင် ချန်ရူရှန်းက လုချန်ရှန်းကို အင်မော်တယ်နန်းတော်သို့ခေါ်လာသည်။ အင်မော်တယ်နန်းတော်သို့ရောက်ပြီးနောက် ချန်ဟွာရွှမ်းကျင့်ကြံရန်အတွက် သူ့နေအိမ်သို့ ပြန်သွားခဲ့သည်။
လုချန်ရှန်းဘေးဘီဝဲယာကြည့်လိုက်၏။
အင်မော်တယ်နန်းတော်က အင်မော်တယ်နယ်မြေတခုလုံးအထက်တွင်တည်ရှိပြီး ဒါက နန်းတော်အစုအဝေးတခုဖြစ်သည်။
အင်မော်တယ်နန်းတော်တခုလုံးပတ်လည်တွင် အင်မော်တယ်ချီများက အလွန်သိမ်မွေ့သည်။ သိပ်သည်းဆက အင်မော်တယ်နယ်မြေက တခြားနေရာများထက် ဆယ်ဆကျော်ခန့်ပိုသိပ်သည်းသည်။
ဒါ့အပြင် အတော်လေးအားကောင်းသည့်အော်ရာအများအပြားလည်းရှိသည်။
ဒီအော်ရာများက အမှောင်နယ်မြေကို တချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်သည်ဟုပင် ဆို၍ရသည်။
အမှောင်နယ်မြေကို ကောင်းကင်သခင်အဆင့်အင်အားစုတ၀က်ဟုယူဆ၍ရသည်။
သို့စေကာမူ လုချန်ရှန်းရင်းနှီးကျွမ်း၀င်သည့် ခံစားချက်တခုကိုလည်းရနေသည်။
ဒါက သေမျိုးကျေးရွာနှင့် အမှောင်နယ်မြေက အခင်းအကျင်းအစီအရင်နှင့် အနည်းငယ်ဆင်တူသည်။
ဒီအရာများအကြား ဆက်စပ်မှုတခုခုရှိရပေမည်။
ဘေးက ချန်ရူရှန်းပြုံးရင်းရှင်းပြသည်။
"အင်မော်တယ်မိတ်ဆွေလေးလုရဲ့ကိုယ်မှာ အင်မော်တယ်စွမ်းအင်မရှိတော့ မင်းက နယ်မြေကြားက လမ်းကြောင်းကို ချိုးဖျက်ခဲ့တဲ့လူဆိုတာ ငါယုံပါတယ်၊ ဟုတ်တယ်မလား"
သူ၀င်ပေါက်ကိုချိုးဖျက်ခဲ့သူဆိုတာ အင်မော်တယ်နန်းတော်ကသိသွားသည့်အပေါ် လုချန်ရှန်းအံ့ဩခြင်းမရှိပါ။
အင်မော်တယ်နန်းတော်က အင်မော်တယ်နယ်မြေ၏ ခေါင်းဆောင်ဖြစ်သဖြင့် ဂိုဏ်းခွဲများက အင်မော်တယ်နယ်မြေတခုလုံးအတွင်း ပျံ့နေလေရာ သူတို့ဒီအကြောင်းကိုသိတာက အံ့ဩစရာမရှိပေ။
"ကြည့်ရတာ အင်မော်တယ်မိတ်ဆွေလေးလုက သေမျိုးကမ္ဘာမှာ ပေါ်လာတဲ့ မင်းရဲ့ ကံကြမ္မာကိုတုံ့ပြန်ဖို့အတွက် မွေးဖွားလာတာထင်တယ်"
လုချန်ရှန်းပြုံးသည်။
"ကျုပ်က ငြိမ်ချမ်းမှုနဲ့ တိတ်ဆိတ်မှုကို ကျင့်သားရနေတဲ့သာမန်လူတယောက်ပါပဲ"
"ဟားဟားဟား " ချန်ရူရှန်းရယ်မောကာ မုတ်ဆိတ်အားပွတ်သပ်လိုက်၏။
"အင်မော်တယ်မိတ်ဆွေလေးလု၊ နှိမ့်ချနေစရာမလိုပါဘူး၊ ငါတောင်မှ မင်းကိုမမြင်နိုင်ဘူး၊ မင်းခွန်အားက သံသယဖြစ်စရာကိုမရှိဘူး၊ ကျန်တာတွေကတော့ အင်မော်တယ်အင်ပါယာနန်းတော်ကို ရောက်တဲ့အခါကျရင် ငါတို့ပြောကြတာပေါ့"
အင်မော်တယ်အင်ပါယာနန်းတော်က နာမည်ကဲ့သို့ အင်မော်တယ်နန်းတော်သခင် အင်မော်တယ်အင်ပါယာနေထိုင်သည့်နေရာပေတည်း။
အင်မော်တယ်အင်ပါယာက အင်မော်တယ်နယ်မြေ၌ အားအကောင်းဆုံးကျွမ်းကျင်သူဖြစ်သည်။
အင်မော်တယ်အင်ပါယာနန်းတော်က အင်မော်တယ်နန်းတော်အလယ်တွင်တည်ရှိသည်။ အနီးတွင် ကာကွယ်ရေးအခင်းအကျင်းများမရှိသလို မည်သူမှလည်း စောင့်ကြပ်မနေကြပေ။
အင်မော်တယ်အင်ပါယာနန်းတော်ဟူသော နာမည်ကပင် မည်သူ့ကိုမှ အလျင်အမြန် မကျူးကျော်ရဲပေ။
ချန်ရူရှန်းက လုချန်ရှန်းကိုအထဲသို့ခေါ်သွားသည်။
ဧရာမထိုင်ခုံတွင်ထိုင်နေသည့် အတော်လေးငယ်ရွယ်သောလူငယ်တစ်ယောက်ကြည့်သည်။
သူက လုချန်ရှန်းကိုမြင်သောအခါ ထရပ်ရင်း အပြုံးဖြင့်ကြိုဆိုသည်။
"လုချန်ရှန်း၊ အင်မော်တယ်နယ်မြေက ဘယ်လိုလဲ"
ဒီကောင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ!
သို့စေကာမူ လုချန်ရှန်းအပြုံးဖြင့်ဖြေသည်။
"ကျုပ်တို့ထက်တော့ပိုကောင်းတယ်"
အင်မော်တယ်အင်ပါယာက ပြုံးရင်းခေါင်းခါယမ်းသည်။
"ဒါကအခုမှပါ၊ အရင်က လူသားကမ္ဘာရဲ့ခွန်အားက အင်မော်တယ်နယ်ပယ်ထက် ပိုအားကောင်းတယ်၊ ငါတို့အင်မော်တယ်နယ်ပယ်ကနောက်မှရှိတယ်"
လုချန်ရှန်းတွေးလိုက်မိသည်။
"အို၊ ငါ့ကိုပြဿာနာဖြစ်စေတဲ့အပိုင်းကို ငါလွတ်သွားတာများလား"
"နယ်မြေခြောက်ခုရဲ့လျှို့ဝှက်ချက်တချို့ကို မင်းသိလိမ့်မယ်ဆိုတာ ငါသေချာတယ်၊ ငါမင်းကိုဒီကိုခေါ်ရတာက ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့ပဲ"
အင်မော်တယ်အင်ပါယာ၏အပြုံးက ရုတ်ချည်းပျောက်ကွယ်သွားပြီး လေးနက်စွာပြောသည်။
"အရင်က နယ်မြေလေးခုက နတ်ဆိုးတွေကို နတ်ဆိုးနယ်မြေမှာ ဖိနှိပ်ပြီးနောက် ဒီစည်းတံဆိပ်က ချိုးဖျက်ခံရမယ်ဆိုတာ သူတို့သိခဲ့တယ်"
"အဲဒီနောက်မှာ သူတို့ကနတ်ဆရာတချို့ကိုဖိတ်ခဲ့ကြပြီး ဟောကိန်းထုတ်ဖို့အတွက် သူတို့ရဲ့အသက်ကိုအသုံးပြုခဲ့ကြတယ်"
"အဲဒီလူကဘယ်သူလဲဆိုတာသူတို့မပြောခဲ့ကြဘူး၊ ကြယ်ဝိဉာဉ်အနှစ်သာရကိုရတဲ့လူက ဒုတိယနယ်မြေခြောက်ခုကပ်ဘေးကို သက်ရောက်နိုင်လိမ့်မယ်လို့ပဲပြောခဲ့တယ်"
လုချန်ရှန်းပြုံးသည်။
"ကျုပ်မှာဒီလိုစွမ်းရည်မျိုးမရှိဘူး"
"ဒါကဟောကိန်းဆိုမှတော့ ငါတို့ယုံရမှာပေါ့"
အင်မော်တယ်အင်ပါယာက လေးနက်စွာပြောသည်။
"ဒီကိစ္စက နယ်မြေလေးခုနဲ့သက်ဆိုင်တယ်၊ မင်းအကူအညီတခုခုလိုလာရင် ငါ့ရဲ့အင်မော်တယ်နန်းတော်ကို အချိုးမရွေးလာလို့ရတယ်"
အကူအညီမဲ့သလိုခံစားရသော်လည်း လုချန်ရှန်းခေါင်းညိတ်သည်။
"ဒါကကျုပ်နဲ့ဆက်စပ်နေမှတော့ ကျုပ်လုပ်ရမှာပေါ့၊ ဘာပဲဆိုဆို ကျုပ်က ငြိမ်းချမ်းတဲ့ဘ၀တခုမှာနေချင်တာပါ"
သူနောင်တရမရဘူးဟုပြောပါက မုသားဆိုရာကျသွားပေလိမ့်မည်။
သို့သော်ဒါကဖြစ်ပျက်နေပြီဖြစ်လေရာ သူဖြေရှင်းမှရပေတော့မည်။
ပြန်သွားပြီးနောက် လုချန်ရှန်းကျင့်ကြံခြင်းကိုစတင်ရန်ဆုံးဖြတ်လိုက်၏။ သူအရင်လို လဲလျောင်းပျင်းရိနေ၍မရတော့ပါ။
ထို့ကြောင့် နေ့စဉ်နေ့တိုင်းကျင့်ကြံရန်အတွက် သူနှစ်နာရီအသုံးပြုရမည်။ ပြီးရင် ယဲ့ချိုးပိုင်နှင့်ကျန်သောကောင်စုတ်လေးတွေကို သေသည်အထိကျင့်ကြံရန်အတွက်လည်း တိုက်တွန်းရပေမည်။
မဟုတ်ပါက တခုခုဖြစ်ပျက်လာပါက တကယ်ပြီးသွားပေလိမ့်မည်။
နယ်မြေခြောက်ခုသာပျောက်သွားပါက လူသားနယ်မြေကလည်း ပျောက်ကွယ်သွားရပေမည်။
ဒါဆိုသူဘယ်လိုလုပ်အနားယူ၍ရတော့မည်နည်း။
ဒါကိုကြားသောအခါ အင်မော်တယ်အင်ပါယာက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ကြယ်ဝိဉာဉ်အနှစ်သာရကိုရသွားသည့်လူတွင် မကောင်းသည့်စိတ်ရှိပြီး စရိုက်ဆိုးနေမှာကို သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ကံကောင်းစွာပင် လုချန်ရှန်းကတာ၀န်သိတတ်သူဖြစ်နေသညိ။
"ဒီလိုဆိုမှတော့ ငါစိတ်သက်သာရာရပါပြီ"
"အဲဒီနောက်မင်းရဲ့အစီအစဉ်ကဘာလဲ"
"မင်းကျင့်ကြံဖို့အတွက် အင်မော်တယ်နန်းတော်မှာနေချင်လား၊ မင်းသာ အင်မော်တယ်နန်းတော်မှာ ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ပိုမြန်မြန်တိုးတက်လာလိမ့်မယ်"
လုချန်ရှန်းယဉ်ကျေးစွာပင်ငြင်းဆန်သည်။
"ကျုပ်ဒီမှာနေရတာကျင့်သားမရသေးဘူး"
"နားလည်ပါတယ်" အင်မော်တယ်အင်ပါယာကခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ အကြီးအကဲအင်မော်တယ်၊ ကျေးဇူးပြုပြီး သူ့ကိုပို့ပေးပါဦး"
"မလိုပါဘူး၊ ကျုပ်ကိုယ်တိုင်လျှောက်သွားနိုင်ပါတယ်"
အင်မော်တယ်နန်းတော်ကထွက်လာပြီးနောက် လုချန်ရှန်း အင်မော်တယ်နယ်မြေကနေ တိတ်တဆိတ်ထွက်လာခဲ့သည်။
အင်မော်တယ်နယ်မြေလမ်းကြောင်းကနေ သူအဆင့်နိမ့်ကြယ်နယ်မြေသို့ပြန်လာပြီး ထာ၀ရသက်တမ်းနယ်မြေသို့ ရောက်လာသည်။
လျိုကျိယုပြုံးပြီးပြောသည်။
"ဘယ်လိုလဲ၊ လမ်းကြောင်းရဲ့တခြားတဘက်မှာဘာရှိလဲ"
လုချန်ရှန်းဘာတခုမှမပြောပေ။ ဒီကိစ္စကို လူတော်တော်များများသိ၍မရပေ။
လျိုကျိယုကသူတို့ထဲကတယောက်ဖြစ်လျှင်ပင် သတင်းများကသာ ပေါက်ကြားသွားပါက နောက်ကွယ်က စေ့ဆော်မှုများရှိသည့် တခြားသူများသိသွားခဲ့လျှင် သူတို့က အင်မော်တယ်နယ်မြေကိုရောက်ရန်အတွက် နည်းလန်းတခုကို တွေးတောကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ကမ္ဘာက အမည်မသိကမ္ဘာတခုဖြစ်နေသေးသည်။
တချို့လောဘကြီးပြီးရဲတင်းသည့်အင်အားစုများက သေချာပေါက် အရင်းအမြစ်များကိုလုယူကြပေလိမ့်မည်။
သူတို့မ၀င်နိုင်သောအခါတွင် သူ့ကိုလာရှာကြမည်သာ။
ဒီလိုဆိုပါက ငြိမ်းချမ်းရေးမရှိတော့ပေ။
ဒါကိုမြင်သောအခါ လျိုကျိယုထပ်မမေးတော့ပါ။
လုချန်ရှန်း မိုးမခပင်ဆီသို့ရောက်လာသည်။
"ရှောင်လု၊ မင်းနယ်မြေခြောက်ခုအကြောင်း သိတယ်မလား"
မိုးမခပင်က ဒီနာမည်ကိုအနည်းငယ်မကျေမနပ်ဖြစ်သော်လည်း ယခုတွင်မူ သူကကျင့်သားရနေပါပြီ။
"ငါသိတယ်၊ ကြည့်ရတာ သူတို့မင်းကို ရွေးချယ်ထားပုံပဲ"
လုချန်ရှန်းအကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"ဒါဆိုမင်းဘာလို့ငါ့ကိုမပြောပြရတာလဲ"
မိုးမခပင်ကဖြေသည်။
"ငါကြယ်ဝိဉာဉ်အနှစ်သာရဘယ်မှာလဲဆိုတာ တခါမှဂရုမစိုက်ဖူးဘူး၊ အဲဒါက အင်မော်တယ်နယ်မြေမှာ ပေါ်လာမယ်ဆိုတာ ငါမသိဘူးလေ"
"ဒါပေမယ့်သူတို့ကမင်းကို ရွေးချယ်လိုက်ပြီဆိုမှတော့ ဒီကံကြမ္မာကို မင်းရှောင်လွှဲလို့မရတော့ဘူး"
လုချန်ရှန်းခါးသီးစွာပြုံးသည်။
"ငါသိပါတယ်"
ထိုသို့ပြောပြီးနောက် သူရှီရှန်းကို တွေ့လိုက်သဖြင့် ကြယ်ဝိဉာဉ်အနှစ်သာရကို ထုတ်ယူလိုက်၏။
ရုတ်ချည်းဆိုသလို ကြယ်စွမ်းအားက ထာ၀ရသက်တမ်းကမ္ဘာတခုလုံးထဲတွင် ထိုးတက်လာသည်။
မူလကကောင်းကင်၌ နေမင်းကြီးက ပူပြင်းနေသော်လည်း ညတာယံကကျဆင်းလာပြီး ကောင်းကင်၌ ကြယ်များပေါ်လာကာ ခရမ်းရောင်အလင်းကလည်းပေါ်လာသည်။
ကြယ်ဝိဉာဉ်အနှစ်သာရ၏ ခရမ်းရောင်အလင်းက ထာ၀ရသက်တမ်းကမ္ဘာတခုလုံးကို လင်း၀င်းသွားစေသည်။
လျိုကျိယုတုန်လှုပ်ချောက်ချားသွား၏။
ကမ္ဘာ့အစကတည်းက နတ်ပစ္စည်းဆိုသည့်အတိုင်းပင် ထုတ်ယူလိုက်ရုံနှင့် ယခုလို တစ်ကမ္ဘာလုံးအပေါ် သက်ရောက်နိုင်သည့် စွမ်းအားရှိလေသည်။
ရှီရှန်းကလည်းကြက်သေသေသွားသည်။
"ဆရာ၊ အဲဒါကဘာလဲ"
လုချန်ရှန်းမျက်လုံးလိမ့်ရင်း ဒေါသတကြီးပြောသည်။
"ဒါဘာလဲဆိုတာဂရုစိုက်မနေနဲ့၊ မြန်မြန်စုပ်ယူလိုက်၊ ဒီပစ္စည်းအတွက်နဲ့ ငါကြီးမားတဲ့ လျှို့ဝှက်တာ၀န်တခုကို တာ၀န်ယူရတော့မယ်"
ရှီရှန်းစိတ်လှုပ်ရှားသွားရသည်။
သူ့ဆရာက ကံကြမ္မာနှင့်ဆိုင်သည့်အရာများတွင် ပါ၀င်ရတာကို မုန်းတာကို သူသိပါသည်။
ထို့ကြောင့် သူလုပ်နိုင်လျှင်ပင် မလုပ်သည့်အရာများစွာရှိသည်။
သူ့ဆရာကိုပင် ယခုလိုပြောစေတာက ဒီကိစ္စက အမှန်တကယ်လေးနက်သည်ဟု ဆိုလိုနေခြင်းပင်။
"မစိုးရိမ်ပါနဲ့၊ ဆရာ၊ အချိန်ကျလာတာနဲ့ ကျွန်တော်ကောင်းကောင်းကျင့်ကြံပါမယ်၊ ဆရာ့ရဲ့ကံကြမ္မာကိုလက်ခံဖို့အတွက်လည်း ကျွန်တော်ကူညီပေးပါမယ်"
လုချန်ရှန်းနှုတ်ခမ်းကွေးလိုက်သည်။
"အမှိုက်တွေပြောမနေနဲ့၊ အရင်ဆုံးအဲအဆင့်ကိုရောက်အောင်ကျင့်ကြံသင့်တယ်၊ သွားပြီး ကျင့်ကြံတော့"
ရှီရှန်းခေါင်းညိတ်သည်။ အဆုံးတွင် သူက ကြယ်ဝိဉာဉ်အနှစ်သာရကို ဒန်တျန်ထဲတွင် စုပ်ယူလိုက်၏။
အပိုင်း(590) coming။