← Chapters

#အတင်းသိပ်သည်းကျစ်လျစ်အောင်လုပ်ခြင်း#

Vol. 42 Ch. 590

#အတင်းသိပ်သည်းကျစ်လျစ်အောင်လုပ်ခြင်း#

Vol. 42 Ch. 590

ကြယ်ဝိဉာဉ်အနှစ်သာရက ကမ္ဘာကြီးစတင်ဖန်တီးကတည်းက ပေါက်ဖွားလာသည့် အရာတခုဖြစ်သည်။

ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်အကြောင်းအရာများက အတော်လေးရိုးရှင်းပြီး ကောလဟာလများသာ။

မည်သို့ပင်ဆိုစေကာမူ ကြယ်ဝိဉာဉ်အနှစ်သာရက တခုတည်းသာရှိပြီး တချိန်တည်းမှာပင် မည်သူမှမရရှိခဲ့ဖူးပါ။

မှတ်တမ်းများကလည်းအတော်လေးနည်းပါးသည်။

ဒီကြယ်ဝိဉာဉ်အနှစ်သာရတွင် ကမ္ဘာကြီးကို စတင်ဖန်တီးစဉ်ကတည်းက ကြယ်စွမ်းအားအားလုံးပါ၀င်သည်ဟု ကောလဟာလရှိသည်။

ကမ္ဘာကြီးထဲက ကြယ်အားလုံးမှ အလင်းများကိုထုတ်လွှတ်နိုင်ခြင်းက ကြယ်ဝိဉာဉ်အနှစ်သာရက စကြာ၀ဠာကို ရောက်လာစဉ် ပြန့်ကြဲသွားသောကြောင့်ပင်။

အကယ်၍ ကောလဟာလများသာမှန်ပါက ကြယ်ဝိဉာဉ်အနှစ်သာရမရှိဘူးဆိုလျှင် ကမ္ဘာကြီးထဲက ကြယ်အားလုံးက အလင်းကိုထုတ်လွှတ်မည်မဟုတ်သလို မည်သည့်ကြယ်စွမ်းအားလည်းရှိတော့မည်မဟုတ်။

ဒါကလည်း ကြယ်ဝိဉာဉ်အနှစ်သာရကို နတ်ပစ္စည်းဟုခေါ်ရသည့်အကြောင်းရင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် ဒါကို အမှောင်နယ်မြေတွင် Sအဆင့်လျှို့ဝှက်ချက်တခုအဖြစ် အမျိုးအစားခွဲခြားထားရလေသနည်း။

အင်မော်တယ်နန်းတော်က ဒါကို အဘယ်ကြောင့် ဒီမျှအထိ တန်ဖိုးထားရလေသနည်း။

ယခုတွင်မူ လုချန်ရှန်းက ဒီလိုနတ်ပစ္စည်းမျိုးကို ရှီရှန်းအားစုပ်ယူရန်အတွက် ပေးလိုက်၏။ ဒါကသူ့ခွန်အားတခုတည်းကိုသာ တိုးမြှင့်ပေးခြင်းမဟုတ်။

ရှီရှန်း မိုးမခပင်ဘေးတွင် တင်ပလ္လင်ခွေထိုင်နေသည်။

အဘယ်ကြောင့်ဆိုသော် မိုးမခပင်က နိယာမစွမ်းအားဖြင့် ပြည့်နှက်နေသောကြောင့်ပင်။

ကမ္ဘာကြီးထဲက အသန့်စင်ဆုံးနိယာမစွမ်းအားများက မိုးမခပင်ပေါ်၌ စုစည်းနေကြ၏။

ဒါ့အပြင် တခုခုဖြစ်ပျက်လာပါက မိုးမခပင်နှင့်သူ့ဆရာက အချိန်မီကိုင်တွယ်ဖြေရှင်း၍ ရပေလိမ့်မည်။

ရှီရှန်းလေးနက်သည့်အမူအရာဖြင့် ကြယ်ဝိဉာဉ်အနှစ်သာရကို လက်နှစ်ဖက်စလုံးနှင့် ကိုင်ထားသည်။

ဒါက သူ့ဆရာရရှိရန်အတွက် ကြီးမားသည့်တန်ဖိုးတခုပေးဆပ်ခဲ့ရသော အရာတခုပင်။ သူက၎င်းထဲကစွမ်းအားအမျှင်တန်းကို ခံစားမိရန်လိုအပ်သည်။

ဒါကို‌တွေးမိပြီး ပြင်ဆင်မှုအားလုံးအပြီးတွင် ရှီရှန်း ကြယ်ဝိဉာဉ်အနှစ်သာရကို ဒန်တျန်ထဲတွင် နေရာချလိုက်သည်။

ရုတ်ချည်းဆိုသလို အကန့်အသတ်မဲ့ထူထဲပြီးအလွန်အမင်းသိပ်သည်းသောကြယ်စွမ်းအားက ရှီရှန်းဒန်တျန်ကနေ စိမ့်ထွက်လာသည်။

အလွန်အမင်းထူထဲသည့်ကြယ်စွမ်းအားက ပြင်းထန်သောအလင်းတိုင်များအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

ကောင်းကင်က တိမ်များဖြင့်ပြည့်နှက်နေပြီး ပူပြင်းလှသည့်နေမင်းကြီးအား ဖုံးထားသည်။

နေရောင်ခြည်အနည်းငယ်ကသာ မိုးတိမ်များကြား ကွက်လပ်ပေါက်လေးများမှ တောက်ပရင်း ကမ္ဘာကြီးအား အလင်းဖြာပေးနေသည်။

ခရမ်းကြယ်တိုင်က ကောင်းကင်ပေါ်ထိုးတက်သွားစဉ် မိုးတိမ်များအား ထိုးဖောက်သွား၏။

တိမ်ပင်လယ်ကြီးကလိမ့်တက်လာပြီး နေရောင်ခြည်က ကုန်းမြေပေါ်၌ လင်း၀င်းနေသည်။

မွေးဖွားလာပြီးဖြစ်သည့် သားရဲများက ကောင်းကင်ပေါ်သို့မော့ကြည့်ရင်း ကြွေကျလာသည့်ကြယ်များ၏ နောက်ဆက်တွဲလှိုင်းများကို စုပ်ယူနေသည်။

တခဏအကြာတွင် သားရဲရိုင်းတ၀က်ကျော်က သူတို့၏ဒန်တျန်များကိုဖွင့်လိုက်ကြ၏။

ကြယ်စွမ်းအားအမျှင်စများက ၎င်းတို့၏ဒန်တျန်ကို အားဖြည့်ပေးနေသည်။

ဒါက ၎င်းတို့က ကျင့်ကြံရန်အတွက် ကြယ်စွမ်းအားကို ငှားယမ်းနိုင်သည်ဟု ဆိုလိုနေခြင်းပင်။

နှစ်အနည်းငယ်ကြာပြီးနောက် ထာ၀ရသက်တမ်းနယ်မြေကသားရဲများကို ကြယ်တာယာကောင်းကင်ဘီလူးသားရဲများအဖြစ် ခေါ်ဝေါ်ကြပေလိမ့်မည်။

ကြယ်တာယာကောင်းကင်ဘီလူးသားရဲတိုင်း၏ခွန်အားက မြေအင်မော်တယ်နယ်ပယ်ထက် မနိမ့်ကျပေ။

လူသားကမ္ဘာကဘယ်အဖွဲ့အစည်းမှ ထာ၀ရသက်တမ်းကမ္ဘာ၊ ကြယ်တာယာကောင်းကင်ဘီလူးသားရဲများ၏ တိုက်ချက်ကို ခံနိုင်ရည်မရှိဟုဆို၍ရသည်။

ကြယ်ဝိဉာဉ်အနှစ်သာရ၏စွမ်းအားက ဒီထက်အများကြီးပိုသည်။

တကယ်တမ်းတွင် ၎င်းက လေဟာနယ်ကို ဖြတ်ကျော်သွားပြီးနောက် လူရိုင်းနယ်မြေက ဂိုဏ်းအသီးသီးကလည်း ဒါကိုအာရုံခံမိကြသည်။

သို့စေကာမူ ထာ၀ရသက်တမ်းကမ္ဘာနှင့်မတူတာက ကမ္ဘာကြီးထဲတွင် ပြန့်ကြဲနေသည့် ကြယ်စွမ်းအားအပိုင်းအစများမရှိပါ။

လျှို့ဝှက်တာအိုကျောင်းတော်တွင် ဌာနမှူးက အံ့ဩသင့်နေသည့်အမူအရာဖြင့် ကောင်းကင်သို့မော့ကြည့်လိုက်၏။

"ကြယ်စွမ်းအားလား"

ချင်းထျန်နျန်က လက်ရှိတွင် ပင်မကျောင်းတော်၌ ဧည့်သည်တစ်ဦးအဖြစ်ရှိနေသည်။ ဌာနမှူး၏စကားလုံးများကိုကြားသောအခါ သူမုတ်ဆိတ်များအား ပွတ်သပ်လိုက်၏။

"ဒီကမ္ဘာနဲ့ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးမှာ လုချန်ရှန်းရဲ့တပည့်ကပဲ ကြယ်စွမ်းအားကို ကျင့်ကြံနိုင်တယ်"

ဌာနမှူးသက်ပြင်းချသည်။

"ကံကောင်းစွာပဲ ဒီအော်ရာက အရမ်းမကြမ်းကြုတ်ဘူး၊ မဟုတ်ဘူးဆိုရင် ငါဒါကို လုံး၀ခံနိုင်မှာမဟုတ်ဘူး"

"စီနီယာလုတပည့်က ပိုပိုပြီးအားကောင်းလာတာပဲ၊ သူကငါတို့အားလုံးမော့ကြည့်ရတဲ့ တည်ရှိမှုတခုဖြစ်နေပြီ"

ထိုနေရာတွင် ဌာနမှူးက ချင်းထျန်နျန်အား ကြည့်ရင်း သက်ပြင်းချသည်။

"ခေါင်းဆောင်ချင်း၊ လုချန်ရှန်းတယောက်တည်းက ကမ္ဘာကြီးအားလုံးကို ငုံ့ကြည့်ဖို့အတွက် လုံလောက်နေပြီ"

"ဒါကြောင့် မင်းက ပင်မကျောင်းတော်ရဲ့ ဌာနမှူး(ခေါင်းဆောင်)ဖြစ်ရမယ်"

ချင်းထျန်နျန်အနည်းငယ်ကြက်သေသေသွားသည်။

ချင်းထျန်နျန်၏ဆွံအနေသည့်အမူအရာကိုမြင်သောအခါ ဌာနမှူးကပြုံးသည်။

"ငါအပြင်ထွက်ပြီးတချက်ကြည့်ချင်နေတာကြာပါပြီ၊ ဒီတာ၀န်ကို မင်းဆီကို ငါလက်လွှဲပေးနိုင်ပါတယ်"

လျှို့ဝှက်ဓားဂိုဏ်း!

လျှို့ဝှက်ဓားဂိုဏ်းချုပ်က လက်ဖက်ရည်တငုံသောက်ရင်း ညင်သာစွာပြုံးနေစဉ် ဒီအော်ရာကို ခံစားမိသွားသည်။

"ကြည့်ရတာ စံအိမ်တော်နဲ့ ဆက်ဆံရေးကောင်းတခုထူထောင်ခဲ့တာက ဒီနှစ်တွေမှာ ငါချခဲ့တဲ့အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ပုံပဲ...."

အခြေခံအားဖြင့် လူရိုင်းနယ်မြေက လူတိုင်းက ကြယ်စွမ်းအားပိုင်ရှင် ဘယ်သူလဲဆိုတာ သိကြသည်။

ရှီရှန်း!

လုချန်ရှန်း၏တပည့်!

အချိန်မည်မျှပင်မကြာသေးဘဲ သူကယခုလိုအော်ရာပမာဏကိုပင် ထုတ်လွှတ်နိုင်လေပြီ။

တိမ်ပြာဓားဂိုဏ်းတွင် ခါးသီးစွာပြုံးနေသည့်လူနှစ်ယောက်က ဓားဘိုးဘေးခန်းမ၌ ကိစ္စရပ်အသီးသီးကို ဆွေးနွေးနေကြ၏။

"ယဲ့ချိုးပိုင်ရဲ့မသုံးမကျတဲ့ညီလေးက ဒီလိုနယ်ပယ်တခုအထိတောင် ကြီးထွားလာပြီ၊ သူဘယ်အဆင့်ကိုများရောက်နေပြီလဲ"

"ပြောနေတာရပ်တော့၊ မြန်မြန်ဒါကိုကိုင်တွယ်ဦး၊ မင်းပြီးသွားတဲ့အခါကျရင် ကျင့်ကြံဖို့အတွက်ပိုလွယ်ကူသွားလိမ့်မယ်"

"ဟူးးး၊ ငါသာဒါကိုအစောကြီးကတည်းကသိမယ်ဆိုရင် အရင်က ဒီလိုခက်ခဲတဲ့တာ၀န်မျိုးကိုလက်မခံခဲ့ပါဘူး၊ ငါသာလေ့ကျင့်ဖို့ သူ့နောက်ကလိုက်ခဲ့ရင် ငါ့ရဲ့အောင်မြင်မှုတွေက သေချာပေါက်ယဲ့ချိုးပိုင်ထက် နိမ့်ကျမှာမဟုတ်ဘူး"

ကျန်းချောင်မြန့် မည်သည့်စကားမှမဆိုဘဲ နှလုံးသားထဲကနေသာ သက်ပြင်းချလိုက်မိသည်။

ကြိုးစားခြင်းက ကြိုးစားခြင်းပင်။ ပါရမီက ပါရမီဖြစ်သည်။

ယခုဘ၀သက်တမ်း၌ ယဲ့ချိုးပိုင်ကို ပြန်တွေ့ရန်ဟူသည်ကပင် ခက်ခဲသွားလေပြီ။

တိမ်ပြာဓားဂိုဏ်း၏ပင်မကျင့်ကြံခြင်းခန်းမ၌ ဟောင်တျန်းက စံအိမ်တော်အကြီးဆုံးတပည့်တဖြစ်လဲ ဂိုဏ်းချုပ်ဖြစ်သည့် ယဲ့ချိုးပိုင်၏တပည့်ဖြစ်သည်။

လှုပ်ရှားမှုတိုင်းကို တိမ်ပြာဓားဂိုဏ်းက သတိထားမိပါသည်။

ယခုအခိုက်အတန့်၌ ဟောင်တျန်း လုံ့လဝီရိယဖြင့်ကျင့်ကြံနေသည်။

ဒီအော်ရာကိုခံစားမိသောအခါ သူမည်သည့်စကားမှမဆိုဘဲ နှုတ်ခမ်းကွေးညွတ်လိုက်မိသည်။

ရှီရှန်းဆီသို့ပြန်လာပါက ကြယ်ဝိဉာဉ်အနှစ်သာရကို ကြယ်တာယာကောင်းကင် ဒန်တျန်၌ ထည့်ပြီးနောက် ထိုသိပ်သည်းကြီးမားသည့်ကြယ်စွမ်းအားက ကြယ်တာယာကောင်းကင်ဒန်တျန်ကို ချက်ချင်းဖြည့်ပေးသည်။

သူ့ဒန်တျန်အပေါ်၌ ကြယ်နှစ်လုံးက တောက်ပစွာလင်း၀င်းနေသည်။

ကြယ်ထဲတွင် ဗဟိုချက်က ထိုကြယ်စွမ်းအားအား အဆက်မပြတ်စုပ်ယူနေသည်။

ရှီရှန်း၏ကျင့်ကြံခြင်းနယ်ပယ်ကလည်း ထိုအခိုက်အတန့်၌ အဆက်မပြတ်တိုးလာသည်။

သူ့သွေးကလည်းအဆက်မပြတ်ဆူပွက်နေသည်။ ကြယ်ဝိဉာဉ်အနှစ်သာရက ရှီရှန်းသွေးကြောအဖြစ် ပြောင်းလဲနေသည်။

တစ်ရက်ကြာပြီးနောက် သွေးကြောပြောင်းလဲခြင်းက ပြီးပြည့်စုံသွားခဲ့သည်။

သွေးစက်တိုင်းက ကြယ်တစ်လုံးစီပါ၀င်သည့်အလား အလွန်အမင်းလေးလံလှသည်။

ရှီရှန်းကလည်း သွေးပြောင်းလဲခြင်းနယ်ပယ်သို့ရောက်သွားခဲ့သည်။

သူ့နယ်ပယ်တိုးတက်နှုန်းကမရပ်သေးပေ။ ထာ၀ရသက်တမ်းနယ်မြေတခုလုံးအား ဝှေ့ယမ်းနေသည့် ဝဲဂယက်တခုက ရှီရှန်းကိုယ်တဝိုက်တွင်ရှိသည်။

ဝဲဂယက်ထဲက ကြယ်စွမ်းအားက ရှီရှန်း၏ ဒန်တျန်ထဲသို့ ဝေလငါးတကောင်က သားကောင်ကို မြိုချနေသည့်နှယ်စုပ်ယူခံနေရသည်။

သွေးပြောင်းလဲခြင်းနယ်ပယ်အလယ်အလတ်အဆင့်၊ သွေးပြောင်းလဲခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်၊ အင်မော်တယ်တပိုင်းနယ်ပယ်!

ဒီနယ်ပယ်သို့ရောက်လာသောအခါ ရှီရှန်း သူ့နယ်ပယ်ကို ရည်ရွယ်ချက်ရှိရှိပင် ဖိနှိပ်ပစ်လိုက်သည်။

ကြယ်ဝိဉာဉ်အနှစ်သာရထဲက ကြယ်စွမ်းအားက အလွန်အမင်းသန့်စင်သော်လည်း ခွန်အားကို အရမ်းမြန်မြန်ဆန်ဆန်တိုးတက်အောင်လုပ်ခြင်းက ကောင်းသောအရာတခုမဟုတ်ပေ။

သူယင်းထဲက ကြယ်စွမ်းအားကိုသုံးရင်း ကိုယ်ထဲက သေမျိုးချီများကို အဆက်မပြတ်သန့်စင်နေသည်။

အရိုးတိုင်း၊ ဆံခြည်မျှင်သွေးကြောတိုင်း၊ အသားအရေတခုလုံးနှင့် ဆဲလ်တိုင်းမှ ဖယ်ရှားပြီးနောက် တမင်ထုတ်လွှတ်ထားသည့် ဖိနှိပ်မှုအောက်တွင် သူအင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။

သို့စေကာမူ ယခုအခိုက်အတန့်တွင် ကြယ်ဝိဉာဉ်အနှစ်သာရက ကြယ်စွမ်းအားက အတော်လေးအစွမ်းထက်နေသည်။

ဖိနှိပ်ရန်အတွက်နည်းလမ်းမရှိပေ။

ရှီရှန်း၏နှလုံးသားကတင်းကြပ်သွားသည်။

ငါတာအိုအခြေခံကို ခိုင်ခံ့အောင်လုပ်ခြင်းကို လက်လွတ်ပြီး ဆက်လက်အဆင့်ချိုးဖျက်သင့်လား!

ဒါမှမဟုတ် ကျန်ရှိနေတဲ့ ကြယ်စွမ်းအားတွေကို ငါလက်လျှော့လိုက်သင့်လား!

ရှီရှန်းဒီအကြောင်းကိုတွေးနေစဉ် အသံတစ်သံက ရှီရှန်းစိတ်ထဲတွင်ပေါ်လာသည်။

"ကြယ်တာယာကောင်းကင်ဒန်တျန်ထဲမှာ ကိုးခုမြောက်ကြယ်ဗဟိုချက်ကို အစကနေအဆုံးထိ သိပ်သည်းကျစ်လျစ်အောင်မလုပ်ရသေးဘူး၊ ကျန်ရှိနေတဲ့ကြယ်ဗဟိုချက်ကို ကိုးခုမြောက်ကြယ်ဗဟိုချက်အဖြစ် သိပ်သည်းအောင်လုပ်ဖို့ကြိုးစား၊ မင်းရဲ့ပရမ်းပတာကြယ်မှတ်တမ်းက ပြိုင်ဘက်ကင်းအထွတ်အထိပ်အဆင့်တခုကို ရောက်သွားနိုင်တယ်"

ဒါကစီနီယာမိုးမခပင်၏အသံပေတည်း။

အပိုင်း(591) coming။

All Chapters