← Chapters

#ကိုးခုမြောက်ကြယ်ဗဟိုချက်#

Vol. 42 Ch. 591

#ကိုးခုမြောက်ကြယ်ဗဟိုချက်#

Vol. 42 Ch. 591

တကယ်တမ်းတွင် မိုးမခပင်ဘယ်လိုသိသလဲဆိုတာ သူမသိသော်လည်း ဒါကမှန်သည်။

ရှီရှန်းပထမကြယ်ဗဟိုချက်ကို ရခဲ့စဉ်က ကြယ်ဗဟိုချက်၏အစောင့်အရှောက်ဝိဉာဉ်ကပြောခဲ့သည်။

ထိုအချိန်က ပရမ်းပတာကြယ်မှတ်တမ်းလိုမျိုး ပြိုင်ဘက်ကင်းကျင့်ကြံခြင်းနည်းစနစ်ကိုတီထွင်ခဲ့သည့် စီနီယာပင်လျှင် ကြယ်စွမ်းအားကို ကျင့်ကြံခြင်းအထွတ်အထိပ်အဆင့်ကိုရောက်သည်အထိ မသုံးခဲ့ပေ။

ထို့ကြောင့် သူကကြယ်ဗဟိုချက်ရှစ်ခုကိုသာ သိပ်သည်းလျစ်လျစ်စေရန်အတွက် ကြယ်စွမ်းအားကိုသုံးခဲ့သည်။

သူခန့်မှန်းချက်အရ ကိုးခုမြောက်ကြယ်ဗဂိုချက်ပါပေါင်းထည့်မှသာလျှင် အထွတ်အထိပ်အဆင့်ကို ပြီးပြည့်စုံစွာရောက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရှီရှန်းက ကြယ်ဗဟိုချက်ရှစ်ခုကိုရခဲ့လျှင်ပင် ပရမ်းပတာကြယ်မှတ်တမ်းကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်မည်မဟုတ်ပေ။

သူက ကြယ်တာအိုနှင့်အတူ သိုင်းပညာတာအို၏ အထွတ်အထ်ပ်အဆင့်ကို မရောက်နိုင်ခဲ့ပါ။

ဒါကြောင့် ရှီရှန် ကြယ်ဗဟိုချက်ရှစ်ခုကိုပြီးနောက်တွင် ဒီနယ်ပယ်ကိုရောက်ရန်အတွက် ကိုးခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းကျစ်လျစ်အောင်လုပ်ရန် နည်းလမ်းတခုကို တွေးရန်လိုအပ်ခဲ့သည်။

ယခုတွင်မူ စီနီယာမိုးမခပင်ပြောသလိုဆိုပါက ကိုးခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းကျစ်လျစ်အောင်လုပ်ရန် ကြယ်ဝိဉာဉ်အနှစ်သာရ၏ ပြင်းထန်သောကြယ်စွမ်းအားကိုသုံးနိုင်သည်။

မိုးမခပင်က စံအိမ်တော်၏ဉာဏ်ကြီးရှင်ဖြစ်သည်။ ဆရာပင်လျှင် တခါတရံ မိုးမခပင်၏အမြင်ကို မေးရသည်။

ထို့ကြောင့် မိုးမခပင်၏စကားကို နားထောင်ခြင်းကမမှားပေ။

ဒါကိုတွေးမိသောအခါ ရှီရှန်း အပိုကြယ်စွမ်းအားကိုစတင်သုံးစွဲရင်း ကြယ်တာယာကောင်းကင်ဒန်တျန်အပေါ်၌ စတင်သိပ်သည်းအောင်လုပ်လေတော့သည်။

ကြယ်စွမ်းအားဆက်လက်သိပ်သည်းနေသည်နှင့်အမျှ ပထမကြယ်၊ ဒုတိယကြယ်တို့နှင့် အသွင်းသဏ္ဍာန်ချင်း ဆင်တူသည့် မှိန်ဖျော့စွာသိသာနေသော အတွင်းဗဟိုချက်က ဖြည်းဖြည်းချင်းပေါ်လာသည်။ ၎င်းကထုတ်လွှတ်သည့်အော်ရာနှင့် အရောင်ကမူ ကွဲပြားသည်။

ဒါကိုခံစားမိသောအခါ မိုးမခပင်က မိုးမခကိုင်းများနှင့်အတူ ယိမ်းနွဲ့နေသည်။

ထို့နောက် မိုးမခကိုင်းကို ရှီရှန်း၏ဒန်တျန်ပေါ်သို့ ညင်သာစွာချပေးသည်။

ညင်သာပြီးအဆုံးမဲ့ဆန္ဒက ကောင်းကင်နှင့်ကမ္ဘာမြေတာအိုနိယာမကိုရစ်ပတ်ရင်း ရှီရှန်းအား လွှမ်းခြုံပစ်ကာ ဒီကြယ်ဗဟိုချက်အား သိပ်သည်းအောင်လုပ်ရန်အတွက် ကူညီပေးနေသည်။

လျိုကျိယု ဒီမြင်ကွင်းကိုမြင်သောအခါ အံ့ဩသင့်တကြီးပြောလိုက်မိသည်။

"ကမ္ဘာ့အစက နတ်ပစ္စည်းဆိုတဲ့အတိုင်းပါပဲ၊ ဒီလိုမျိုးနတ်ပစ္စည်းတခုရှိနေတာကို ဘာလို့စီနီယာကိုယ်တိုင်မစုပ်ယူရတာလဲ"

"အမ်းး၊ စီနီယာရဲ့နယ်ပယ်က ဘယ်နယ်ပယ်လဲဆိုတာမသိပေမယ့် တိုးတက်အောင်လုပ်ဖို့ အရမ်းခက်ခဲတာကိုတော့ ကျွန်တော်သိတယ်"

လုချန်ရှန်းပြုံးသည်။

"ငါကသူ့ဆရာလေ....."

ထိုနေရာတွင် လျိုကျိယုရယ်မောလိုက်လေသည်။

လုချန်ရှန်း၏မျက်နှာကချက်ချင်းပင် ပြောင်းလဲသွားပြီး ချောင်းဟန့်လိုက်၏။

"အဟမ်း၊ ငါဘာလို့ဒါကိုလိုရမှာလဲ၊ ဒီကောင်စုတ်လေးတွေ ပိုအားကောင်းလာတဲ့အခါမှ ငါပိုပြီး အပျင်းထူလို့ရတော့မှာလေ"

လျိုကျိယုပြုံးနေပြီးမည်သည့်စကားမှမဆိုပေ။

လုချန်ရှန်း၏စရိုက်ကို သူကောင်းကောင်းသိပါသည်။

တစ်နည်းအားဖြင့် အေးစက်ကာနွေးထွေးတတ်သူဖြစ်သည်။

အချိန်က စစ်မြင်းဖြူတကောင်က အက်ကြားတခုကိုဖြတ်သန်းနေသည့်အသွင် ကုန်ဆုံးသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကုန်ဆုံးသွားလေပြီ။

ဒီကာလအတောအတွင်း ရှီရှန်း၏နယ်ပယ်က ထပ်မံမြှင့်မတက်လာတော့ပါ။ သို့စေကာမူ သူ့အော်ရာက လေးသထက်ပို၍ လေးလံလာသည်။

ကြယ်စွမ်းအားက သူ့ကိုယ်ထဲကနေ ဆက်လက်စီးထွက်နေသည်။ ထိုအချိန်တွင် ကြယ်ရောင်တိုင်တစ်တိုင်က ကောင်းကင်ပေါ် ပစ်ခွင်းသွား၏။

ထို့နောက် မီးရှုးမီးပန်းအလား ကြယ်တိုင်ကပေါက်ကွဲပြီး ထာ၀ရသက်တမ်းနယ်မြေတခုလုံးအတွင်း ပျံ့သွားသည်။

ရက်စက်ကြမ်းကြုတ်သည့်သားရဲများ၊ သစ်ပင်များ၊ တောင်ကုန်းများ၊ ပင်လယ်များ အစရှိသည့်အရာအားလုံးက ကြယ်စွမ်းအား၏ သက်ရောက်ခြင်းကိုခံရပြီး ကြယ်များနှင့်ဆက်သွယ်နိုင်လာသည်။

ထိုအချိန်တွင် ရှီရှန်းမျက်လုံးများကို ဖွင့်လိုက်စဉ် ကြယ်တာယာကောင်းကင်ဒန်တျန်အပေါ်၌ လွင့်မြောနေသည့် ကိုးခုမြောက်ကြယ်ကို ခံစားမိသည်။

ဒီကိုးခုမြောက်ကြယ်၏တည်နေရာကလည်း တခြားကြယ်များနှင့် ကွဲပြားသည်။

ပထမနှင့်ဒုတိယကြယ်တို့က ဘေးချင်းယှဉ်ကာလျှောက်နေကြပြီး အချင်းချင်း ညွှန်ပေးနေကြသည်။

ကိုးခုမြောက်ကြယ်ကမူ ပထမနှင့်ဒုတိယကြယ်ဗဟိုချက်များအပေါ်၌ မျဉ်းစောင်းပုံစံလွင့်မြောနေသည်။

ပထမနှင့်ဒုတိယကြယ်များ၏ ကြယ်စွမ်းအားက အချင်းချင်းအားမဖြည့်ကြဘဲ ယင်းအစား ကိုးခုမြောက်ကြယ်နှင့် တိုက်ရိုက်ပေါင်းစပ်နေကြ၏။

ကျန်သောကြယ်အနည်းငယ်၏ ဗဟိုချက်များကလည်း ယခုလိုဖြစ်လောက်သည်။

ဒီကိုးခုမြောက်ကြယ်ဗဟိုချက်က ရှီရှန်း ကြယ်တာယာကောင်းကင်ဒန်တျန်၏ အကြွင်းမဲ့ကြယ်ဗဟိုချက်တခုဖြစ်လာပေလိမ့်မည်။

ရှီရှန်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင်ရောက်နေလေပြီ။ သူက မြေအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် ခုခံနိုင်နေပြီဖြစ်သည်။

သာမန်မြေအင်မော်တယ်အလယ်အလတ်အဆင့်ကျင့်ကြံသူများကပင် ရှီရှန်း၏ ပြိုင်ဘက်မဟုတ်ပေ။

ဒါက ကြယ်ဝိဉာဉ်အနှစ်သာရက ရှီရှန်းအတွက် ယူလာပေးသည့်အရာပေတည်း။

ထိုအချိန်တွင် လုချန်ရှန်းက ဝါးကုလားထိုင်ပေါ်၌လဲလျောင်းနေသည်။

အချိန်ကြာရှည်စွာစောင့်ဆိုင်းခဲ့ရသည့် စနစ်၏ဆုလာဘ်က သူ့စိတ်ထဲတွင် မြည်ဟီးလာသည်။

[ရှီရှန်းနဲ့ ကျင့်ကြံခြင်းတာ၀န်ကိုပြီးစီးပြီး SSSအဆင့်ပါရမီဖြစ်တဲ့ အင်ပါယာပါရမီကို အောင်မြင်စွာပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

[ဆုလာဘ်များ: ကိုးသွယ်ဆန်းကြယ်သူ‌တော်စင်ချီ၊ ကိုယ်ထဲက ဝိဉာဉ်ချီအားလုံးက မြင့်မြတ်ချီအဖြစ် ပြောင်းလဲသွားပါမည်၊ အရည်အသွေးက အင်မော်တယ်နဲ့ နတ်ဘုရားချီတွေထက် အများကြီးပိုသာပါသည်]

[ကိုးသွယ်မြေအောက်အစီအရင်ကို သူတော်စင်အင်ပါယာသတ်ဖြတ်ခြင်းအစီအရင်တခုအဖြစ် အဆင့်မြှင့်တင်လိုက်ပါသည်]

လုချန်ရှန်းကိုယ်ထဲက ဝိဉာဉ်ချီက ကမ္ဘာမြေပြိုလုနီးပါးပြောင်းလဲမှုတခုကို ကြုံကြိုက်နေသည်။

တချိန်တည်းမှာပင် ကိုးသွယ်မြေအောက်အစီအရင်ကလည်း တဆင့်တိုးတက်လာသည်။

ဒါပေမယ့် ဒီသူတော်စင်ဆိုတာ ဘယ်အဆင့်လဲ!

လုချန်ရှန်းသိချင်စိတ်ဖြစ်နေစဉ် စနစ်၏အသံကထွက်လာသည်။

[သူတော်စင်အဆင့်အောက်က လူတိုင်းက ပုရွက်ဆိတ်တွေပဲ၊ သူတော်စင်အဆင့်သတ်ဖြတ်ခြင်းအခင်းအကျင်းက သူတော်စင်အဆင့်အောက်က လူတိုင်းကို သတ်ပစ်နိုင်တယ်၊ အင်မော်တယ်အင်ပါယာတွေက သူတော်စင်အဆင့်အောက်မှာရှိကြတယ်]

[ဒါပေမယ့်ဒါကိုတကြိမ်အသုံးပြုတာက ပိုင်ရှင်ဆီက နှစ်တသန်းကျင့်ကြံခြင်းကို ကုန်ခမ်းစေပါမည်]

လုချန်ရှန်းကြက်သေသေ‌သွားသည်။

နှစ်တစ်သန်းကျင့်ကြံခြင်းလား!

လုချန်ရှန်းတွက်ချက်မှုတချို့လုပ်လိုက်သည်။

သူနှစ်နှစ်ဆယ်ကျော်ကြာ စနစ်တွင် နေ့စဉ်နေ့တိုင်းစာရင်းသွင်းခဲ့သည်။

တစ်ရက်စီ စာရင်းသွင်းတာကို နှစ်ငါးရာအဖြစ်မှတ်ယူပါက သူ့တွင် သုံးသန်းကျော်ကျင့်ကြံခြင်းရှိပြီး လေးသန်းနှင့်နီးသည်။

ဒါကြောင့် ဒါကိုသုံးကြိမ်ပဲသုံးလို့ရမှာပေါ့!

ပြီးတော့ ငါသုံးတဲ့အကြိမ်တိုင်း ကျင့်ကြံခြင်းအများအပြားကိုလည်း ကုန်ခမ်းစေမှာမလား!

ကြည့်ရတာ ငါသာမန်ကာလျှံမျှသုံးလို့မရပုံပဲ၊ စနစ်က တကယ်ကပ်စေးနှဲတာပဲဟ!

ဒါပေမယ့် ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်!

လုချန်ရှန်းခေါင်းခါယမ်းမိသည်။

ထိုအချိန်တွင် မိုးမခပင်ကိုဦးညွတ်ပြီးနောက် ရှီရှန်း လုချန်ရှန်းထံရောက်လာပြီး အပြုံးဖြင့်ပြောသည်။

"ကျေးဇူးပါဆရာ၊ ကျွန်တော်အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ"

လျိုကျိယုဒါကိုကြားသောအခါ တုန်လှုပ်ချောက်ချားသွားရသည်။

အင်မော်တယ်တပိုင်းနယ်ပယ်အထွတ်အထိပ်အဆင့်လား!

မကြာသေးခင်က သူသွေးပြောင်းလဲခြင်းနယ်ပယ်မှာပဲရှိသေးတာမလား!

တကယ်ပဲ ကြယ်ဝိဉာဉ်အနှစ်သာရဆိုတဲ့အတိုင်းပါပဲ!

အကယ်၍ ဒါက ရှီရှန်း ကြယ်ဝိဉာဉ်အနှစ်သာရကိုသုံးနေစဉ် နယ်ပယ်ကိုဖိနှိပ်ထားပြီး ကိုးခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းအောင်လုပ်နေသည့် ရလဒ်ဆိုတာကိုသာသိပါက လျိုကျိယု သေချာပေါက် ဆွံအသွားပေလောက်သည်။

လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်မိသည်။

"ဒါပဲလား"

"မင်းကလုံလောက်တယ်ဆိုတာနဲ့အရမ်းဝေးသေးတယ်၊ မင်းရဲ့ပါရမီက အရမ်းညံ့ဖျင်းတာပဲ၊ မြန်မြန်ဆက်လက်ကျင့်ကြံဦး"

လျိုကျိယုဆွံအသွားလေတော့သည်။

ဒါကမလုံလောက်သေးဘူးလား!

ဒီလိုပါရမီမျိုးကိုတောင် ညံ့ဖျင်းတယ်လို့ သတ်မှတ်သေးတာလား!

ခင်ဗျားအတွက် ဘယ်လောက်ထိတိုးတက်လာရင်များ ကျေနပ်စေနိုင်မှာလဲ!

တကယ်လို့ ဒါကကျုပ်တပည့်သာဆိုရင် သူ့ကိုကောင်းကင်ပေါ်မြှောက်စားထားလိုက်ပြီ!

သို့စေကာမူ ရှီရှန်းကယခုလိုမတွေးပေ။

သူ့ဆရာကသူ့ကို ဒီကိစ္စလေးအတွက် ကျေနပ်ရောင့်ရဲပြီး မမောက်မာစေရန် တိုက်တွန်းပြီး သတိပေးနေသည်ဟုသာ သူတွေးနေသည်။

ဒါကိုတွေးမိသောအခါ လုချန်ရှန်းအပေါ် ရှီရှန်း၏လေးစားသဘောကျမှုက အဆုံးမဲ့သွားရသည်။

ထို့နောက် သူလုချန်ရှန်းအား ဦးညွတ်သည်။

"ဆရာ၊ ကျွန်တော်ပျင်းရိမနေတော့ပါဘူး၊ ကျွန်တော်ပိုပြီးကြိုးစားပါမယ်"

"ကောင်းပြီ" လုချန်ရှန်းခေါင်းညိတ်သည်။

"ကောင်းပြီ၊ သွားပြီးချက်ပြုတ်တော့"

"အိုး၊ မဟုတ်သေးဘူး၊ မြန်မြန်သွားကျင့်ကြံတော့"

မဟာကပ်ဘေးကြီးက ဆိုက်ရောက်လာတော့မည်ဖြစ်လေရာ သူ့ခွန်အားကိုမြှင့်ရမည်ဖြစ်သလို သူ့တပည့်များကိုလည်း သူတို့ကျင့်ကြံခြင်းကို အမြန်မြှင့်တင်ရန်အတွက် တိုက်တွန်းရပေမည်။

ရှီရှန်းခေါင်းညိတ်ပြီး သူ့အခန်းထဲပြန်သွားကာ စတင်ကျင့်ကြံလေတော့သည်။

တခြားတဘက်တွင် လုချန်ရှန်းက လျိုကျိယုကိုကြည့်နေသည်။

ဒါကိုမြင်သောအခါ လျိုကျိယုအစားကို အမြန်ချလိုက်ပြီး လုချန်ရှန်းသတိမပေးသည့်တိုင် မီးဖိုချောင်ထဲသို့ ပြေး၀င်သွား၏။

လုချန်ရှန်း ဝါးကုလားထိုင်တွင်ထိုင်နေသည်။

ထိုအချိန်တွင် သူ့အသိစိတ်ပင်လယ်၌ မျက်လုံးကြီးတစ်လုံးပေါ်လာခဲ့သည်။

ထိုမျက်လုံးကြီးက အင်မော်တယ်နယ်မြေလမ်းကြောင်းရှေ့တွင် ပေါ်လာခဲ့သည့်မျက်လုံးပေတည်း။

"မင်းကြယ်ဝိဉာဉ်အနှစ်သာရကို မင်းတပည့်ကိုပေးလိုက်တာလား"

အပိုင်း(592) coming။

All Chapters