#လုချန်ရှန်း၏စိတ်ထားပြောင်းလဲခြင်း#
Vol. 42 Ch. 592
ဒါက လုချန်ရှန်း အင်မော်တယ်နယ်မြေတွင် မြင်ခဲ့သည့်မျက်လုံးပေတည်း။
သို့စေကာမူ ဒီမျက်လုံးကြီးက ရုပ်ခန္ဓာနှင့်ဆင်းသက်လာခြင်းမဟုတ်ဘဲ နတ်ဝိဉာဉ်အမျှင်စတခု၏ အသံပို့လွှတ်ခြင်းသာ။
မဟုတ်ပါက ၎င်းအဖို့ လုချန်ရှန်းစိတ်ထဲ အလွယ်တကူ၀င်ရန်ဟူသည်မဖြစ်နိုင်ပေ။
"ဒါကကျုပ်တပည့်အတွက်ပဲ၊ ကျုပ်သူ့ကိုမပေးရင် တခြားဘယ်သူ့ကိုပေးရမှာလဲ" မျက်လုံးကြီးစကားကိုနားထောင်ပြီးနောက် လုချန်ရှန်းအမှန်အတိုင်းပင်ဖြေလိုက်၏။
မျက်လုံးကြီးက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ကြယ်ဝိဉာဉ်အနှစ်သာရက ကမ္ဘာ့အစကတည်းက ပေါက်ဖွားလာခဲ့တဲ့ နတ်ပစ္စည်းတခုပဲ၊ ဒါကဘယ်လောက်တောင်အသုံး၀င်လဲ"
"မင်းတပည့်ကအရမ်းပါရမီရှိနယ်ဆိုရင်တောင် နတ်ဆိုးနယ်မြေရဲ့စည်းတံဆိပ်ကျိုးပျက်သွားတဲ့အခါ သူမကြီးပြင်းလာခဲ့ရင်ရော"
"နယ်မြေခြောက်ခုရဲ့ကပ်ဘေးက ဘယ်လိုလုပ်ကလေးကစားစရာဖြစ်နိုင်မှာလဲ"
"မင်းခွန်အားကိုငါမမြင်နိုင်ဘူးဆိုရင်နောင် ကြယ်ဝိဉာဉ်အနှစ်သာရနဲ့ဆိုရင် ဒါက ကိတ်မုန့်အပေါ်က အချိုထက်တောင်များနေပြီ၊ အချိန်ကျရောက်လာတာနဲ့အမျှ ပိုယုံကြည်မှုရှိလာရမှာမလား"
"နယ်မြေခြောက်ခုရဲ့ကပ်ဘေးက အသက်နဲ့သေခြင်းတရားကိစ္စတခုပဲ၊ ငါမင်းကို ဒီလို တဇွတ်ထိုးလုပ်တာကို ဘယ်လိုခွင့်ပြုပေးရမလဲ"
"ဒါကခင်ဗျားနဲ့ဘာဆိုင်လဲ"
လုချန်ရှန်းစိတ်မရှည်စွာပြောသည်။
"ကျုပ်ကြယ်ဝိဉာဉ်အနှစ်သာရကို ကျုပ်စွမ်းရည်နဲ့ယူခဲ့တယ်၊ ကျုပ်ပေးချင်တဲ့ဘယ်သူ့ကိုမဆိုပေးနိုင်တယ်၊ ကျုပ်တပည့်ကဒါကို လုပ်နိုင်မယ်လို့ကျုပ်ထင်တယ်၊ ဒီတော့ ထွက်သွားတော့"
ကံကြမ္မာကလှုပ်ရှားနေလေပြီ။
ထို့ကြောင့် စော်ကားသည်ဖြစ်စေ မစော်ကားသည်ဖြစ်စေ အတူတူသာ။
ဒါ့အပြင် လုချန်ရှန်းယခုလိုလူမျိုးကို အလိုမလိုက်ချင်ပါ။
ထိုစကားကိုကြားသောအခါ မျက်လုံးကြီးက လုချန်ရှန်းကို တခဏမျှတိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
"ဒီကိစ္စကပြီးသွားပြီဆိုမှတော့ တခြားဘာမှပြောစရာမရှိပါဘူး၊ ဒါပေမယ့် မင်းကြယ်ဝိဉာဉ်အနှစ်သာရကို မင်းတပည့်ကို လက်လွှဲပေးလိုက်ပြီဆိုတော့ မင်းတပည့်က ဒီကပ်ဘေးရဲ့ ဇာတ်လိုက်တယောက်ဖြစ်လာပြီ"
"မင်းက အကြောင်းရင်းအစိတ်အပိုင်းကို အားသုံးလှန်ပစ်ခဲ့တယ်၊ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိဘူး"
"ဒါကကောင်းမွန်တဲ့လမ်းကြောင်းတခုအဖြစ် ဖွံ့ဖြိုးလာမယ်လို့ ငါမျှော်လင့်ပါတယ်...."
သူ့အသံကထိုနေရာ၌ရပ်သွားပြီး မျက်လုံးကြီးက လုချန်ရှန်းစိတ်ထဲကနေ လုံး၀ပျောက်ကွယ်သွားလေတော့သည်။
မျက်လုံးကြီး၏စကားလုံးများကို ကြားသောအခါ လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်မိသည်။
ဘယ်လိုကံကြမ္မာအပြောင်းအလဲလဲ၊ ဒါကိုသယ်ဆောင်ထားတဲ့သူတွေထဲမှာ ရှီရှန်းလည်းပါ၀င်သွားတာလား!
အမှန်ပြောရမည်ဆိုပါက ရှီရှန်း၏လက်ရှိခွန်အားအရ အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်က မဟာကပ်ဘေးကြီးအတွက် အမှန်တကယ်မလုံလောက်ပေ။
အချိန်ဘယ်လောက်ကြာမလဲဆိုတာ သူမသိပေ။ သူယခုလုပ်ရမှာကရှင်းပါသည်။
ပထမဆုံးအနေနှင့် ရှီရှန်းနှင့်သူ့တပည့်များ၏ခွန်အားကို မြှင့်တင်ရမည်။
သူတို့ကခွန်အားကိုမြှင့်ကြရမည်ဖြစ်လေရာ အရင်ကဲ့သို့ပင် ဘေးကင်းစွာဆော့ကစားပြီး ပြဿာနာမဖြစ်စေရန်အတွက် သူတို့၏အစီအစဉ်က ပြောင်းလဲသွားရပေလိမ့်မည်။
ဤသို့ဆိုလျှင်ပင် ပြိုင်ပွဲကြောင့် သူတို့အသက်မဆုံးရှုံးစေကာမူ ခွန်အားအရာ၌ တိုးတက်မှုက စွန့်စားတိုက်ခိုက်တာထက် အများကြီးပိုနှေးကွေးသွားပေလိမ့်မည်။
ဒါပေမယ့် ယဲ့ချိုးပိုင်တို့က တခါမှ သတိကြီးကြီးမထားခဲ့ကြဘူးလေ၊ ဟုတ်တယ်မလား.....!
ဒုတိယအနေဖြင့် အချိန်တိုအတွင်းမှာပင် စည်းတံဆိပ်က ကျိုးပျက်သွားပေလိမ့်မည်။ အချိန်ဆွဲရန်အတွက် သူနတ်ဆိုးနယ်မြေ၏ စည်းတံဆိပ်ကို အားဖြည့်ရန် လိုအပ်သည်။
ဆိုးယုတ်ခြင်းနတ်ဆိုးမြေ၏ စည်းတံဆိပါက ကောင်းကင်ဖိနှိပ်စေတီဖြစ်သည်။
ကြည့်ရသည်မှာ သူရှီရှန်းကို အင်မော်တယ်နယ်မြေလမ်းကြောင်းရှိရာသို့ ခေါ်သွားရန် လိုအပ်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ ကြယ်ဝိဉာဉ်အနှစ်သာရက ကောင်းကင်ဖိနှိပ်စေတီကို ဖွင့်လှစ်ရန် သော့တခုဖြစ်နေသည်မဟုတ်ပေလော။ ရှီရှန်းကိုစုပ်ယူခွင့်ပေးပြီးနောက် သူသာ ကောင်းကင်ဖိနှိပ်စေတီ၏ စည်းတံဆိပ်ကိုအားဖြည့်လိုပါက ရှီရှန်းကိုပါ ခေါ်သွားရပေမည်။
အသိအာရုံပြန်၀င်လာသောအခါ လုချန်ရှန်း အရိုးတောင်ပံမြွေကျားနှင့်ဆော့ကစားနေသည့် ကျောက်တုံးလေးကိုကြည့်လိုက်၏။
ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က အဆင့်နိမ့်ကြယ်နယ်မြေ၌ရှိနေသေးသည်။
ဟုန်ရင်ကအင်ပါယာအားအာရုံစိုက်နေဆဲပင်။ သူမ၏အင်ပါယာချီက တိုးတက်လာခဲ့သော်လည်း အဆင့်နိမ့်ကြယ်နယ်မြေ၌ ဒါကအကန့်အသတ်ရှိသည်။ ဒါက သူမ၏ကျင့်ကြံခြင်းအဆင့်တွင် ကြီးမားသည့်သက်ရောက်မှုတခုရှိလာပေလိမ့်မည်။
နင်းချန်ရှင်း၏ကွန်းဖြူရှင်တာအိုက ဗုဒ္ဓဘာသာ၏ ယုံကြည်မှုစွမ်းအားနှင့်တူသည်။
သူကလည်း ဒေသတခုရှိ ကျင့်ကြံသူများနှင့် သာမန်လူများထံမှ ကွန်ဖြူးရှပ်တာအို၏ အသိအမှတ်ပြုမှုကို ရရန်လိုအပ်သည်။
သို့စေကာမူ လိုအပ်ချက်က နင်းချန်ရှင်းက ဒီကမ္ဘာ၏ ရှေးရိုးစွဲဝါဒီတခုဖြစ်လာရပေမည်။
ဒီကိစ္စနှင့် နင်းချန်ရှင်းနှင့်ဟုန်ရင်တို့က ရှေ့ဆက်သွားနိုင်ပြီး ကမ္ဘာကြီးကို အောင်နိုင်ကာ အုပ်ချုပ်သည့်အင်ပါယာဖြစ်လာနိုင်သည်။
ထို့နောက် နင်းချန်ရှင်းနှင့်အတူ ပညာသင်ခန်းမ၏ ကွန်ဖြူးရှပ်တာအိုကို ရှေးရိုးစွဲအဖြစ်ပြောင်းရန်အတွက် သူလုပ်ကိုင်၍ရသည်။
ဒါကိုတွေးမိပြီးနောက် လုချန်ရှန်း အသံလွှင်ကျောက်စိမ်းဆွဲသီးကိုထုတ်ကာ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ကို အရင်ခေါ်လိုက်သည်။
ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က ဝိဉာဉ်စစ်ဆေးမှုအပြီးတွင် နှစ်ဦးစလုံးက အသီးသီးအခွင့်အလမ်းများကို အကောင်အထည် ဖော်နေတာကို တွေ့လိုက်ရသည်။
ဒါကအဓိကတာ၀န်ဖြစ်နေလေရာ လောလောဆယ်ဒီအကြောင်းကို စိုးရိမ်နေစရာမလိုပေ။
မဟူရာ၏ကျင့်ကြံခြင်းတာ၀န်ကမူ ဒါက သူ့ကို သူ့မှတ်ဉာဏ်များကို ပြန်လည်ရယူရန်နှင့် မှတ်ဉာဏ်အပိုင်းအစများကို ရှာဖွေရန်ဖြစ်သည်။
သူ့တပည့်များတိုးတက်လာတာနှင့်အမျှ စနစ်တခုရှိသည့်သူကလည်း တိုးတက်လာမည်ဖြစ်သည်။
ဒါက ပထမဆုံးအကြိမ် လုချန်ရှန်း သူ့တပည့်များ၏ကျင့်ကြံခြင်းလမ်းကြောင်းကို ယခုလိုအသေးစိတ်စဉ်းစားနေတာက ပထမဆုံးအကြိမ်ပေတည်း။
မဟာကပ်ဘေးကြီးကရောက်လာပေတော့မည်ဖြစ်ကာ လုချန်ရှန်းနှင့်သူ့တပည့်များက ဒီကပ်ဘေးထဲတွင် အဓိကဇာတ်ကောင်များ ဖြစ်လာကြပေလိမ့်မည်။
လောလောဆယ်တော့ သူယခုလိုလက်လျှော့ထား၍မရပေ။ မဟုတ်ပါက သူ့တွင် လက်လျှော့ရန်ပင် အချိန်ရှိတော့မည်မဟုတ်။
တစ်ရက်ကြာပြီးနောက် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က ထာ၀ရသက်တမ်းနယ်မြေသို့ ရောက်လာကြသည်။
ရောက်လာသည်နှင့်တပြိုင်နက် ဟုန်ရင်ကပြုံးရင်းပြောသည်။
"တတိယမောင်လေး၊ ဆရာကငါတို့ကို ချက်ပြုတ်ခိုင်းစေချင်လို့ ခေါ်တယ်ဆိုတာ ငါလောင်းကြေးထပ်ရဲတယ်"
နင်းချန်ရှင်းပြုံးသည်။
"ဒီလိုပဲဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်တော်ပြန်မလာတာကြာနေပြီဆိုတော့ ဒါကဆရာကို တွေ့ဖို့အခွင့်ကောင်းပဲ"
သို့စေကာမူ သူတို့စံအိမ်တော်သို့ရောက်သည်နှင့်တပြိုင်နက် လုချန်ရှန်း၏ အမူအရာကလေးနက်နေပြီး သူ့ပထမဆုံးစကားက သူတို့မျှော်လင့်ထားတာထက်ပိုနေသည်။
"မင်းတို့နယ်ပယ်တွေက တိုးတက်တာနှေးလွန်းတယ်"
လက်ရှိတွင် ဟုန်ရင်က အင်ပါယာချီနှင့် လူရိုင်းဒေသ ကောင်းကင်ဘုံဝိဉာဉ်နယ်မြေက ကောင်းကင်ဘုံတာအိုကိုကျင့်ကြံနေသည်။ သူမကတာအိုနယ်ပယ်ကို ရောက်နေပြီဖြစ်သော်လည်း သူမ၏တိုးတက်နှုန်းက အရင်ကထက် အများကြီးနှေးကွေးလာသည်မှာ သိသာထင်ရှားနေသည်။
နင်းချန်ရှင်းကကမ္ဘာတစ်လွှားခရီးထွက်ပြီး သူ့သင်ကြားမှုများကိုပို့ချဖြန့်ကြက်ခဲ့သည်။
သူ့၏ကွန်းဖြူရှပ်တာအိုကျင့်ကြံခြင်းက တိုးတက်လာပြီး သူ့အခြေခံကလည်း ပို၍ပင်တည်ငြိမ်လာသည်။
သို့စေကာမူ တိုးတက်နှုန်းက နှေးလွန်းသည်ဟုဆို၍ရသည်။
လုချန်ရှန်းစာရွက်တစ်ရွက်ကိုဖြန့်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့ထဲတွင် မြေပုံတခုပမာရေးဆွဲထားသည်။
"ဒီကိုလာ၊ အခုမင်းတို့အတွက် ကျင့်ကြံရေးအစီအစဉ်တခုရေးဆွဲဖို့ အချိန်ကျပြီ"
ဟုန်ရင်ရောနင်းချန်ရှင်းပါ ကြက်သေသေသွားသည်။ သူတို့တစ်ဦးကိုတစ်ဦးကြည့်ရင်း ဆွံအနေကြ၏။
မဟူရာပြန်လာပြီး ငါတို့ဆရာအတွက် အဆိပ်ပါတဲ့စားစရာလုပ်မိပြီး ဦးနှောက်ကို ထိခိုက်စေသွားတာများလား!
အကယ်၍လုချန်ရှန်းသာ သူတို့တွေးတောနေတာကိုသိမည်ဆိုပါက သူဒေါသထွက်သွားပေလိမ့်မည်။
သေစမ်း၊ ငါကဒီလိုငတုံးလား!
"မင်းတို့ဘာကိုစောင့်နေကြတာလဲ၊ ဒီကိုလာကြ"
လုချန်ရှန်းခေါင်းငဲ့လိုက်သည်။
"ရှီရှန်း၊ ကျောက်တုံးလေး၊ မင်းတို့လည်းလာကြ"
ထို့နောက် လုချန်ရှန်း ဟုန်ရင်နှင့်ကျန်သောသူများကို အင်မော်တယ်နယ်မြေသို့ သူ့ခရီးအကြောင်းပြောပြသည်။
သူတို့ဆရာ၏ရှင်းလင်းချက်ကိုကြားပြီးနောက် သူတို့ရယ်မောတာကိုရပ်လိုက်ကြပြီး သူတို့၏အမူအရာများက လေးနက်သွားကြ၏။
သူတို့ဒါကိုမမျှော်လင့်ထားခဲ့ကြပေ။
အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ကြယ်နယ်မြေများအပြင် ကြယ်နယ်မြေအတားအဆီး၌ အင်မော်တယ်နယ်မြေသို့ လမ်းကြောင်းတခုအမှန်တကယ်ရှိနေခဲ့သည်။
ဒါ့အပြင် အင်မော်တယ်နယ်မြေလိုနေရာ၌ သူတို့ခွန်အားက အတော်လေးနိမ့်ကျသည်။
ဒါကသူတို့ကိုသံသယမရှိထိတ်လန့်သွားစေသည်။
တချိန်တည်းမှာပင် နယ်မြေခြောက်ခုကပ်ဘေးကလည်းရှိသေးသည်။
သူတို့ထဲတွင် ကမ္ဘာကြီးကိုကယ်တင်မည့် ကယ်တင်ရှင်ဇာတ်လိုက်က အမှန်တကယ်ပင် စံအိမ်တော်ဖြစ်လာတော့မည်လား။
လုချန်ရှန်း သူတို့မျက်နှာများပေါ်မှ လေးနက်နေသည့်အမူအရာများကိုကြည့်လိုက်သည်။ ကျောက်တုံးလေးပင်လျှင် ဆော့ကစားနေတာကိုရပ်လိုက်သည်။
"ဒါကြောင့် အနာဂတ်ကပ်ဘေးအတွက် ပြင်ဆင်တဲ့အနေနဲ့ မင်းတို့အတွက် ကျင့်ကြံခြင်းအစီအစဉ်ကို ရေးဆွဲရမယ်"
"မင်းတို့ ငါစီစဉ်ပေးထားတဲ့လမ်းကြောင်းအတိုင်းသွားဖို့မလိုဘူး၊ ငါ့အစီအစဉ်က ရည်ညွှန်းချက်တခုသာသာပါပဲ၊ တကယ်လို့ မင်းတို့မှာပိုကောင်းတဲ့ရွေးချယ်မှုရှိရင် မင်းတို့ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားလို့ရတယ်၊ ဒါပေမယ့် အရေးအကြီးဆုံးအရာက မင်းတို့ရဲ့ခွန်အားကိုတိုးတက်အောင်လုပ်ပြီး မင်းတို့အသက်ကိုကာကွယ်ရမယ်၊ နားလည်ကြလား"
အပိုင်း(593) coming။