#အဆင့်နိမ့်ကြယ်နယ်မြေကို ပေါင်းစည်းခြင်း#
Vol. 42 Ch. 593
ထိုစီမံကိန်းကိုရေးဆွဲခြင်းက ဟုန်ရင်နှင့် တခြားသူများအပေါ် သံသယမရှိ ကျင့်ကြံခြင်းစိတ်ကူးများကို ပို၍ရရှိစေမည်ဖြစ်သည်။
အတိုင်းအတာအတခုအထိ ဒါက သူတို့အား လမ်းမှားသွားခြင်းကနေ တားဆီးနိုင်ပေလိမ့်မည်။
သို့စေကာမူ ကိုယ်ပိုင်အတွေးများမပါဘဲ သူတို့စိတ်ကူးအစီအစဉ်များနောက်သို့ မျက်ကန်းဆန်ဆန်လိုက်ပြီး ညွှန်ကြားချက်များကို စက်တလုံးလိုလိုက်နာခြင်းက သူတို့ခွန်အားနှင့် စိတ်သဘောထားတိုးတက်မှုတွင်လည်း ဆိုးကျိုးများရှိလာနိုင်သည်။
လုချန်ရှန်း စားပွဲပေါ်ကစာရွက်ကို လက်ညိုးထိုးလိုက်၏။
ထိုစာရွက်အပိုင်းအစ၌ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံး၏မြေပုံပါရှိသည်။
ထို့ထဲတွင် နယ်မြေအများစု၏ ၉၀ရာခိုင်နှုန်းနီးပါးပါ၀င်သည်။
လုချန်ရှန်းသတိပေးသည်။
"ဂရုတစိုက်နားထောင်၊ အရင်ဆုံးအနေနဲ့ ဟုန်ရင်၊ မင်းရဲ့အင်ပါယာချီက တိုးတက်မှုတခုခုရှိခဲ့လား၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကရော နှေးသွားလား"
ဒါကိုကြားသောအခါ ဟုန်ရင်ခေါင်းညိတ်သည်။
"အင်ပါယာချီက ရပ်တန့်နေတယ်၊ တာအိုနယ်ပယ်အထွတ်အထိပ်ကိုရောက်ပြီးနောက်မှာ တိုးတက်လာခဲ့တယ်ဆိုပေမယ့် အတော်လေးနှေးကွေးနေတုန်းပဲ"
စံအိမ်တော်၏တပည့်များအတွက် ဒါကတကယ်ပင်နှေးပါသည်။
သို့စေကာမူ တခြားသူများသာ ဟုန်ရင်ပြောတာကိုသိမည်ဆိုပါက သွေးအန်နိုင်လောက်သည်။
ဒါကိုဘယ်လိုလုပ်နှေးတယ်လို့ယူဆရမှာလဲ!
မင်းတို့ဘယ်လိုများရှင်သန်ကြတာလဲ!
လုချန်ရှန်းခေါင်းညိတ်သည်။
"ဒါက မင်းကကျင့်ကြံခြင်းမှာ ပျင်းရိနေလို့မဟုတ်ဘူး၊ ဘာပဲဆိုဆို၊ ဟုန်ရင်၊ မင်းရဲ့ကျင့်ကြံခြင်းက အင်ပါယာချီနဲ့ဆက်စပ်နေတယ်၊ မင်းရဲ့ကျင့်ကြံခြင်း နှေးသွားရတဲ့အကြောင်းရင်းက အင်ပါယာချီက လုံး၀မတိုးတက်လာလို့ပဲ၊ " ဟုန်ရင်ခေါင်းညိတ်သည်။
လုချန်ရှန်းဆက်ပြောသည်။
"ဒီတော့ ငါ့ရဲ့အကြံပြုချက်က ဒီစာရွက်စလေးပေါ်မှာရှိတယ်"
ဟုန်ရင်နှင့်တခြားသူများက လုချန်ရှန်းလက်ချောင်းအတိုင်းလိုက်ကြည့်ကြသည်။
သူထပ်ပြောသည့်စကားက ဟုန်ရင်နှင့် ကျန်သောသူများကို တုန်လှုပ်သွားစေသည်။
"အင်ပါယာချီကရပ်သွားပြီဆိုမှတော့ တိမ်ဖီးနစ်အင်ပါယာကို တခြားနယ်မြေတခုဖြစ်လာအောင်လုပ်ကြတာပေါ့၊ ငါတို့ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးက တိမ်ဖီးနစ်အင်ပါယာကို ရှေးရိုးစွဲနေရာတခုအဖြစ် တွေးတောအောင်တောင်လုပ်လို့ရတယ်"
"ရိုးရိုးရှင်းရှင်းပြောရရင် ဒါကပိုင်နက်စစ်ပွဲတခုပဲ"
လုချန်ရှန်း၏စကားလုံးများကိုကြားသောအခါ လူတိုင်းအချင်းချင်းကြည့်လိုက်ကြ၏။
ဒီစကားပြောနေတာက တကယ်ပဲငါတို့ဆရာလား!
ပုံမှန်အားဖြင့် သူတို့ဆရာက သူတို့ကို ပြဿာနာများထဲတွင် ၀င်မပါရန် ပြောလေ့ရှိသည်။
သူငြိမ်းချမ်းစွာကျင့်ကြံနေထိုင်နိုင်သရွေ့ အဆင်ပြေသည်။
ယခုတွင်မူ သူကသူတို့ကို အလွန်အမင်းတုန်လှုပ်သွားစေသည့်အရာတခုကို ပြောလာသည်။
အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကို ပေါင်းစည်းမှာလား!
ဒါဘယ်လိုတောင်မောက်မာတဲ့စကားလုံးတွေလဲ!
သို့စေကာမူ လုချန်ရှန်း သူတို့ကို နယ်မြေခြောက်ခု၏ကပ်ဘေးအကြောင်းပြောခဲ့တာကို သတိရသွားကြ၏။
သူတို့တချို့တ၀က်နားလည်လာကြသည်။
ဒီကိစ္စက သူတို့နှင့်အတော်လေးနီးကပ်စွာ ဆက်နွှယ်နေသည်။
အကယ်၍သူသာမပါ၀င်ပါက ဒီကံကြမ္မာက သူ့ကိုရှာဖွေရန်အတွက် ပဏာမခြေလှမ်းလှမ်းလာပေလိမ့်မည်။ ထိုအချိန်တွင် သူ့တွင် အလားတူစွမ်းအားမျိုးရှိမည်မဟုတ်။
တစ်ဦးတည်းတိတ်ဆိတ်စွာနေရန်ကိုထား၊ သူအသက်မရှင်မည်ကိုပင် လုချန်ရှန်းကြောက်သည်။
လုချန်ရှန်းပြောသည်။
"ဒီလိုဆိုရင် အင်ပါယာချီကလည်း တိုးတက်လာလိမ့်မယ်"
ထိုအချိန်တွင် ဟုန်ရင်မေးခွန်းတခုမေးလိုက်သည်။
"ဒါပေမယ့် ကျွန်မတို့ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကို ပေါင်းစည်းဖို့အထိ လုံလုံလောက်လောက်အားကောင်းတယ်ဆိုရင်တောင် ဒါက မရေမတွက်နိုင်တဲ့ လူအင်အားနဲ့ အရင်းအမြစ်တွေကို သံသယမရှိ ကုန်ခမ်းစေမှာပဲ၊ တချိန်တည်းမှာပဲ အချိန်အများကြီးကြာလိမ့်မယ်"
"တကယ်လို့ကျွန်မဒါတွေကိုမေ့ထားရင်တောင် တခြားနယ်မြေတွေကို သိမ်းပိုက်တဲ့အခါကျရင် ပြဿာနာကြီးတခုကျန်နေသေးတယ်"
လုချန်ရှန်းပြုံးသည်။ ဟုန်ရင်ဘာကို တွေးနေသလဲဆိုတာ သူသိပါသည်။
"ငါတို့အချိန်အတိုင်းအတာတခုအထိ သိမ်းပိုက်ထားနိုင်ရင်တောင် နယ်မြေအသီးသီးက အလှမ်းဝေးတာမို့ ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ မင်းပြောဖို့ကြိုးစားနေတာမလား"
ဟုန်ရင်ခါးသီးစွာပြုံးသည်။
"ဆရာပြောတာမှန်ပါတယ်"
"ဒါကပြဿာနာမဟုတ်ပါဘူး"
လုချန်ရှန်းတည်ငြိမ်စွာပြောသည်။
"ဒီကိစ္စကို ငါကိုင်တွယ်လိုက်မယ်၊ နယ်မြေအသီးသီးမှာ ပို့ဆောင်ခြင်းအခင်းအကျင်းတွေ ငါဆောက်ပေးထားလိုက်မယ်၊ သေချာတာကတော့ ဒါကိုငါတယောက်တည်းပဲ လုပ်မှာမဟုတ်ဘူး၊ မင်းတို့အခင်းအကျင်းဆရာတယောက်ကိုရှာရမယ်"
"နယ်မြေအသီးသီးမှာ ပို့ဆောင်ခြင်းအခင်းအကျင်းတွေကို ချပြီးသွားရင် အဓိကပို့ဆောင်ခြင်းအခင်းအကျင်းကို ထာ၀ရသက်တမ်းကမ္ဘာမှာ တည်ဆောက်ကြတာပေါ့"
"ဒီနည်းလမ်းနဲ့ဆိုရင် အကွာအဝေးကို ငါတို့စိုးရိမ်နေစရာမလိုတော့ဘူး"
ဟုန်ရင်နားထောင်ရင်း တုန်လှုပ်ချောက်ချားနေပုံရသည်။
နယ်မြေအသီးသီးမှာ ပို့ဆောင်ခြင်းအခင်းအကျင်းတွေကို တည်ဆောက်မှာလား!
အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးတွင် အရွယ်အစားအမျိုးမျိုးရှိသည့် နယ်မြေပေါင်းထောင်ကျော်ရှိသည်။
ဒီနယ်မြေများတွင် သူကပို့ဆောင်ခြင်းအခင်းအကျင်းများတည်ဆောက်မည်။
ထို့နောက် ဒီထောင်ချီသည့်ပို့ဆောင်ခြင်းအခင်းအကျင်းများ၏ ပင်မအချက်အချာကို ထာ၀ရသက်တမ်းကမ္ဘာတွင် တည်ဆောက်မည်။
ဒါကအလုပ်ထက်အပြောကပိုလွယ်သည်။
ဟုန်ရင်၏အမူအရာကိုမြင်သောအခါ လုချန်ရှန်းပြုံးသည်။
"မင်းဒါကိုစိုးရိမ်နေစရာမလိုပါဘူး"
ဟုန်ရင်ခေါင်းညိတ်သည်။
ဒီလိုဆိုပါက သူမ၏အင်ပါယာချီက အကြီးအမားတိုးတက်လာပေလိမ့်မည်။
ဒါတင်မကဘဲ သူမ၏ကျင့်ကြံခြင်းနယ်ပယ်ကလည်း တိုးတက်လာမည်သာ။
သူမအတွေးနက်နေသည့် နင်းချန်ရှင်းအား ကြည့်လိုက်၏။ လုချန်ရှန်းကလွဲပြီး သူဘာကိုတွေးနေသလဲဆိုတာ ဘယ်သူမှမသိပါ။
သို့စေကာမူ သူကလောလောဆယ်မထုတ်ဖော်သေးဘဲ ယင်းအစားအော်ဟစ်လိုက်သည်။
"ချန်ရှင်း၊ မင်းအခုတွေးတောနေတဲ့အရာကို ငါမင်းကိုနောက်မှပြောပြမယ်"
"အခုငါမင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို ပြောပြမယ်"
နင်းချန်ရှင်းခေါင်းညိတ်သည်။
ဒါကိုမြင်သောအခါ လုချန်ရှန်းပြောသည်။
"မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက တကယ်တော့ဟုန်ရင်နဲ့တူတယ်၊ ရိုးရိုးရှင်းရှင်းပြောရရင် မင်းရဲ့စီနီယာအစ်မသိမ်းပိုက်တဲ့နယ်မြေတွေကို မင်းလည်း သိမ်းသွင်းရမယ်"
"ရှေးရိုးစွဲစကားအရဆိုရင် ကွန်ဖြူးရှပ်တာအိုကို ဒီကမ္ဘာကြီးရဲ့ရှေးရိုးစွဲဝါဒတခုအဖြစ် ပြောင်းလဲပစ်ဖို့က မင်းအပေါ်မူတည်တယ်"
"အဆုံးမှာ ကွန်ဖြူးရှပ်တာအိုရှေးရိုးစွဲဝါဒကို အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးမှာ ဖြန့်ကြက်ပစ်လိုက်"
"ဒါတွေအားလုံးကို ဘယ်လိုလုပ်မလဲဆိုတာကတော့ မင်းရဲ့ကွန်ဖြူးရှပ်တာအိုအပေါ် ယုံကြည်မှုနဲ့သက်ဆိုင်တယ်"
ဒီစကားလုံးများက နင်းချန်ရှန်းအတွက် သတိပေးချက်ဖြစ်သည်။
လုချန်ရှန်း သူ့ကို မဟာယနဗုဒ္ဓဂိုဏ်းကဲ့သို့ စက်ဆုပ်အထင်သေးဖွယ်ကောင်းသည့် နည်းလမ်းများကို အသုံးပြုခွင့်မပေးနိုင်ပေ။
ဒီအရာအားလုံးကသူ့အပေါ်မူတည်သည်။
ဒါကိုကြားပြီးနောက် နင်းချန်ရှင်းခေါင်းညိတ်သည်။
"ဒါကဟုန်ရင်နဲ့နင်းချန်ရှင်းတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းပဲ"
"တခုခုမှားနေတာရှိလား"
ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်ကြသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်း ရှီရှန်းအား ကြည့်လိုက်သည်။
"ရှီရှန်း၊ မင်းရဲ့လမ်းကြောင်းက အရမ်းရိုးရှင်းတယ်၊ ပရမ်းပတာကြယ်မှတ်တမ်းကို ကျင့်ကြံဖို့အကောင်းဆုံးကြိုးစားပြီး ကြယ်စွမ်းအားကြွယ်၀တဲ့နေရာတခုကိုရှာ"
"ပြီးပြည့်စုံရမယ်၊ ဒီအတွက် မင်းစီနီယာအစ်ကိုနဲ့အစ်မတွေနောက်ကလိုက်လို့ရတယ်"
"ပထမအချက်၊ မင်းတို့သူ့ကိုကူညီရမယ်"
"ဒုတိယအချက်၊ ကမ္ဘာကြီးကအရမ်းကြီးတော့ ကြယ်စွမ်းအားစုစည်းနေတဲ့နေရာတွေဆိုတာ အမြဲရှိမှာပါ"
"တတိယအချက်၊ ဒါကမင်းရဲ့ကျင့်ကြံခြင်းကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်"
တိုက်ပွဲက လူတစ်ယောက်၏ကျင့်ကြံခြင်းကို တိုးတက်ရန်နှင့် အခြေကျလာစေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
လုချန်ရှန်းဒါကိုသဘောမတူချင်သော်လည်း သူ့တွင်တခြားရွေးချယ်စရာမရှိပါ။
"ကျောက်တုံးလေးကတော့ ငါနဲ့အတူကျင့်ကြံရမယ်၊ ပြီးတော့ မင်းအတွက် ဆော့ကစားနေတာတွေကနေ ရပ်ဖို့အချိန်ကျပြီ"
ကျောက်တုံးလေးက သူ့ဆရာ၏ တသက်ပင် တခါပင်မြင်ရခဲသည့် အလေးနက်ဆုံးအမူအရာကိုကြည့်နေသည်။
သူ့ဆရာကစနောက်နေပုံမပေါ်။
ထို့ကြောင့် သူလက်ချောင်းလေးကိုကိုက်ရင်း ခေါင်းညိတ်ကာ အားနည်းစွာပြောသည်။
"ဒါ....ဒါဆိုရင် ဒီလိုသကြားလုံးတုတ်ထိုးတွေ...ရှိ...ရှိဦးမလား"
လုချန်ရှန်း၏မျက်နှာကမည်းမှောင်သွား၏။
ကျောက်တုံးလေးမှာ ချက်ချင်းဆိုသလို ခေါင်းကို ဟုန်ရင်၏၀တ်စုံထဲတွင် မြှုပ်လိုက်သည်။
"ကောင်းပြီ၊ အရာအားလုံးကိုစီမံပြီးပြီဆိုတော့ မနက်ဖြန်စပြီးပြင်ဆင်ကြရအောင်"
"ချန်ရှင်း၊ ငါနဲ့အတူလိုက်ခဲ့"
ထို့နောက် လုချန်ရှန်း ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။
ဒါကိုမြင်သောအခါ နင်းချန်ရှင်း သူ့ဆရာနောက်မှလိုက်သွားသည်။
လမ်းတစ်လျှောက်တွင် လုချန်ရှန်းမည်သည့်စကားမှမပြောပေ။
သူတို့က သားရဲများတိုက်ခိုက်နေကြသည့်နေရာများတွင် တထောက်ရပ်နားကြ၏။
တချို့ကကောင်းကင်ဘုံရတနာများအတွက်ဖြစ်ပြီး တချို့ကမူ သူတို့၏ဇနီးခင်ပွန်းများအတွက် တိုက်ခိုက်နေကြခြင်းပင်။
အစားအစာအတွက် ဒီလိုလုပ်ကြသည့်သူများလည်းရှိသည်။
နေရာတိုင်းတွင်သားရဲမျိုးစုံရှိသည်။ သားရဲများရှိသည်နှင့်တပြိုင်နက် တိုက်ပွဲများက ရှိနေတတ်သည်။
သူတို့ကရက်တ၀က်ခန့်ပျံသန်းလာကြပြီးနောက် လုချန်ရှန်းမေးသည်။
"မင်းတခုခုတွေ့လိုက်လား"
ထိုစကားကိုကြားသောအခါ နင်းချန်ရှင်းအနည်းငယ်ကြက်သေသေသွားသည်။
ငါဘာတွေ့ခဲ့လဲ!
ထို့နောက် သူ့ဆရာသူ့ကိုခေါ်လာခဲ့သည့်လမ်းကြောင်းနှင့် မြင်ခဲ့ရသည့်မြင်ကွင်းများကို သူစတင်သတိရလာသည်။
ပြီးတော့ သားရဲများကြားကတိုက်ပွဲများ...!
အပိုင်း(594) coming။