#လမ်းညွှန်မှု#
Vol. 42 Ch. 594
လုချန်ရှန်းဒီမေးခွန်းကိုမေးလာသောအခါ နင်းချန်ရှင်းလမ်းတစ်လျှောက်က မြင်ကွင်းများကို ပြန်လည်သတိရသွားသည်။
သားရဲများက အရင်းအမြစ်များ၊ ပိုင်နက်တိုက်ပွဲများနှင့် ထူးဆန်းသောအရာမျိုးစုံအတွက် တိုက်ပွဲ၀င်နေကြသည်။
သူတို့က တိုက်ပွဲမှတဆင့်သာ အသက်ရှင်ကျန်နိုင်ကြသည်ဟုဆို၍ရသည်။
သို့စေကာမူ နင်းချန်ရှင်းမဖြေနိုင်သေးခင်မှာပင် လုချန်ရှန်းထပ်မေးသည်။
"မင်းဟောပြောခဲ့တဲ့ကာလအတွင်းမှာ ဂိုဏ်းတွေနဲ့ လျှို့ဝှက်ကျင့်ကြံသူတွေက သူတို့ခွန်အားကို ဘယ်လိုတိုးတက်အောင်လုပ်လဲ"
နင်းချန်ရှင်း၏မျက်နှာကလေးလံသွားသည်။
"သားရဲတွေလိုမျိုးပဲ"
လုချန်ရှန်းပြုံးသည်။
"ဒီတော့ အဆင့်နိမ့်ကြယ်နယ်မြေကို အုပ်စိုးမယ့်အစီအစဉ်အကြောင်း ငါပြောနေတဲ့အချိန် ငါတို့ဒီလူတွေနဲ့တကျိတ်တည်း တကြံတည်းဖြစ်နိုင်မယ်လို့ မင်းထင်လား"
နင်းချန်ရှင်းအနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်သည်။
ထိုအချိန်က သူ့ဆရာ အစီအစဉ်အကြောင်းကိုပြောတုန်းက သူတိတ်ဆိတ်နေခဲ့သည်။ ဒါက သူ့နှလုံးသားလေးလံနေရသည့် အကြောင်းရင်းပေတည်း။
"တိုက်ပွဲတွေကနေရာတိုင်းမှာရှိတယ်၊ ဒါတွေကကျင့်ကြံခြင်း၊ စွမ်းအား၊ ကံတရားနဲ့ အသက်ရှည်နိုင်ဖို့အတွက်ပဲ"
"ဒါပေမယ့် အတိုင်းအတာဆိုတဲ့ ခြားနားချက်တခုရှိတယ်"
နင်းချန်ရှင်း လုချန်ရှန်းအားကြည့်ကာ မေးလိုက်သည်။
"အလေးချိန်နဲ့တိုင်းတာမှုတွေလား"
"မှန်တယ်"
လုချန်ရှန်းခေါင်းညိတ်ပြီး အောက်တွင် တိုက်ခိုက်နေသည့်သားရဲများအားကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
"တချို့လူတွေက ကျင့်ကြံခြင်းအတွက်သက်သက်တိုက်ခိုက်ကြတယ်"
"ဆန့်ကျင်ဘက်ပြောရရင် မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် တိုက်ခိုက်တာက ဘာမှမမှားဘူး"
"ဒီအချက်က ဒီအပေါ်မင်းဘယ်လိုခံစားရလဲဆိုတာကို မြင်နိုင်ဖို့အတွက်ပဲ"
"အရင်က ငါမင်းကို အရာအားလုံးမှာ မင်းနှလုံးသားနောက်ကနေ လိုက်ပါလုပ်ဆောင်ရမယ်လို့ ငါပြောခဲ့တာမှတ်မိတယ်မလား"
နင်းချန်ရှင်းခေါင်းညိတ်သည်။
"ဒါဆိုရင် ဒီပြဿာနာကို မင်းတခြားရှုထောင့်တခုကနေ ကြည့်လို့ရမလား"
"နယ်မြေခြောက်ခုရဲ့ကပ်ဘေးက ရောက်လာတော့မယ်၊ ဒီကံကြမ္မာက ငါတို့ရဲ့ စံအိမ်တော်နဲ့ငြိစွန်းနေပြီ၊ တကယ်လို့ ငါတို့ရဲ့ကျင့်ကြံခြင်းကို မတိုးမြှင့်ဘူးဆိုရင် ကပ်ဘေးကျရောက်လာတဲ့အချိန်မှာ လူတွေက သေချာပေါက် စိတ်ဆင်းရဲမှုနဲ့ အတိဒုက္ခထဲမှာ ကျရောက်သွားကြလိမ့်မယ်"
"အဲဒီအချိန်ကျရင် သက်ရှိဘယ်လောက်တောင်သေကြမလဲ၊ ဒါ့အပြင် မင်းကိုယ်မင်းတောင် ကာကွယ်နိုင်မှာမဟုတ်တော့ဘူး"
လုချန်ရှန်း နင်းချန်ရှင်းအားကြည့်ကာ လေးနက်စွာပြောသည်။
"ငါမင်းကို နှလုံးသားနောက်ကနေ ပြောခဲ့တယ်ဆိုရင်တောင် အခုနောက်တခု ပေါင်းထည့်ပေးမယ်"
"အသက်ရှင်နေမှ မင်းလုပ်ချင်တာကိုလုပ်လို့ရမှာ"
"မင်းအနားကလူတွေကိုကာကွယ်နိုင်မှ အပြင်ပကမ္ဘာကအရာတွေကို မင်းထိန်းချုပ်နိုင်မှာ"
"အတိတ်က ငါ့မွေးရပ်မြေမှာ ဆိုရိုးစကားတခုရှိတယ်၊ မင်းအိမ်တစ်အိမ်ကိုတောင် မလှည့်ကျင်းဘူးဆိုရင် ကမ္ဘာကြီးကို ဘယ်လိုလှည့်ကျင်းနိုင်မလဲတဲ့"
နင်းချန်ရှင်း အတွေးနက်ထဲကျရောက်သွား၏။
အသက်ရှင်နိုင်မှ ပြင်ပကမ္ဘာကိုထိန်းချုပ်နိုင်မှာလား၊ အနီးအနားကလူတွေကို ကာကွယ်နိုင်မှ အပြင်ပကမ္ဘာက ကိစ္စရပ်တွေကို ထိန်းချုပ်နိုင်မှာလား!
ဒါကိုမြင်သောအခါ လုချန်ရှန်းတခြားမည်သည့်စကားမှ မဆိုတော့ပါ။
သူလက်ကိုဝှေ့ယမ်းကာ ကာကွယ်ရေးအတားအဆီးတခုအားချမှတ်ရင်း နင်းချန်ရှင်းပတ်ပတ်လည်အား လွှမ်းခြုံသွားစေသည်။
ထိုအရာများကိုလုပ်ပြီးနောက် သူအရင်ဆုံးထွက်သွားသည်။
ထာ၀ရသက်တမ်းကမ္ဘာတွင် လုချန်ရှန်းက နယ်မြေအရှင်သခင်ဖြစ်သည်။
လုချန်ရှန်း ဒီကမ္ဘာထဲက လှုပ်ရှားမှုတိုင်းကို သတိထားနိုင်ပါသည်။
ထို့ကြောင့် နင်းချန်ရှင်း၏ ဘေးကင်းမှုကို စိုးရိမ်နေစရာမလိုပေ။
စံအိမ်တော်သို့ပြန်လာပြီးနောက် ဟုန်ရင် လုချန်ရှန်းအားကြည့်ကာမေးသည်။
"ဆရာ၊ မောင်လေး၄ကရောဘယ်လိုလဲ"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"သူ့အကြောင်းကိုစိုးရိမ်မနေနဲ့၊ မင်းရဲ့အစီအစဉ်တွေကိုပဲအရင်ပြီးအောင်လုပ်"
"စကားမစပ်၊ မု၀မ်အာဘယ်မှာလဲ"
ဟုန်ရင်ပြုံးလိုက်သည်။
"ညီမလေး၀မ်က အများကြီးပြောင်းလဲသွားခဲ့တယ်၊ သူကဆရာ့တပည့်ဖြစ်လာဖို့အတွက် ရည်မှန်းနေတုန်းပဲ"
"အခုသူကနယ်မြေများစွာကိုလှည့်လည်ပြီး အဂ္ဂိရတ်ပညာရပ်ကို ကျင့်ကြံဖို့အတွက် ရာနဲ့ချီတဲ့သင်တန်းကျောင်းတွေရဲ့ခွန်အားကို စုစည်းနေတယ်"
"ဒီနှစ်တွေအတွင်း သူကထူးဆန်းတဲ့ဆေးလုံးများစွာကိုသန့်စင်ခဲ့ပြီး သက်ရောက်မှုတွေကလည်း အတော်လေးကြီးမားတယ်"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းပြုံးရင်းခေါင်းညိတ်သည်။
"ဒီကောင်မလေးကအခုထိလက်မလျှော့သေးဘူးလား၊ ကောင်းပြီ၊ ငါအရင်ဆုံးသူ့ကို တချက်သွားကြည့်လိုက်မယ်၊ သူ့ရဲ့ကျင့်ကြံခြင်းရလဒ်တွေကို ငါစစ်ဆေးဖို့လိုတယ်"
ထို့နောက်သူထာ၀ရသက်တမ်းကမ္ဘာကနေ ပျောက်ကွယ်သွားသည်။
မု၀မ်အာ၏တည်နေရာကို မည်သို့သိနိုင်မည်ဟူသောအချက်ကိုမူ ဟုန်ရင်နှင့် ကျန်သောသူများကမစိုးရိမ်ပေ။
သူ့ဆရာ၏နတ်အသိနှင့်အတူ ဒါက အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကို ရှာဖွေရန် လုံလောက်တာထက်ပိုနေပြီဖြစ်သည်။
ရက်တ၀က်ခန့်ကြာပြီးနောက် လုချန်ရှန်း ဆည်းဆာဇုန်ဟုခေါ်သည့်နေရာတခုကိုရောက်လာသည်။
ဆည်းဆာဇုန်က အဆင့်နိမ့်ကြယ်နယ်မြေ၌ အလယ်အလတ်အဆင့်နယ်မြေတခုဖြစ်သည်။
ရွာလေးတစ်ရွာတွင် အရပ်၀တ်နှင့် အမျိုးသမီးတစ်ဦးက ကျော၌ ဆေးခြင်းတစ်ခြင်းကိုသယ်ထားသည်။ သူမက နက်ရှိုင်းသည့်တောင်နှင့် ရှေးဟောင်းသစ်တောများထဲသို့ အဖိုးအိုတစ်ဦးနှင့်အတူ လျှောက်နေသည်။
မိန်းကလေး၏မျက်နှာက ငယ်ရွယ်နုပျိုမှုကိုဆုံးရှုံးသွားသည်မှာ ကြာမြင့်နေပြီဖြစ်ကာ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်ရင့်ကျက်မှုများသာကျန်နေခဲ့သည်။
"အဖိုးဆေးပညာရှိ၊ ဒါက ဝိဉာဉ်တရာမြက်လား"
အဖိုးဆေးပညာရှိဟုခေါ်ခံရသည့် အဖိုးအိုက ပြုံးရင်းလှည့်လာပြီး အမျိုးသမီးလက်ထဲက မြက်ကိုကြည့်ကာ ညင်သာစွာ ခေါင်းညိတ်သည်။
"၀မ်အာ၊ ဒီဝိဉာဉ်တရာမြက်က ခွဲခြားဖို့အတွက်အခက်ဆုံးပဲ၊ ဒါကတခြားမြက်တွေနဲ့ မကွဲပြားဘူး၊ မင်းအလွယ်တကူသိနိုင်တယ်ဆိုတော့ ဒါက ဒီရက်တွေမှာ မင်းရဲ့ ကြိုးစားမှုကို သက်သေပြနေတာပဲ"
အမျိုးသမီးက သူမလက်ထဲက ဝိဉာဉ်တရာမြက်ကိုကြည့်ရင်း ပြုံးလိုက်၏။
ဒီဝိဉာဉ်တရာမြက်က ဆေးဥယျာဉ်ထဲက ကောင်းကင်ဘုံရတနာများလောက် အံ့ဖွယ်မကောင်းသော်လည်း ဆည်းဆာဇုန်၌ ကမ္ဘာမြေအဆင့်ကုသဆေးလုံးများဖန်တီးရန်အတွက် မရှိမဖြစ်ဖြစ်သည်။
ဒါ့အပြင် ဒီဝိဉာဉ်တရာမြက်က နှစ်တထောင်နီးပါးသက်တမ်းရှိနေသည်။
ဒါကထိပ်တန်းအဆင့်ပင်ဖြစ်သည်။ ထို့ကြောင့်ဒါကို တန်ဖိုးမဖြတ်နိုင်သည့် တည်ရှိမှုတခုဟုပင်ဆို၍ရသည်။
အဖိုးဆေးပညာရှိ၏မျက်နှာ၌ ကြင်နာတတ်သည့်အပြုံးတပွင့်ရှိနေပြီး အမျိုးသမီးအား ကြည့်နေသည်။
"၀မ်အာ၊ တလအတွင်းမှာ ဒီတောင်ပေါ်က ဆေးပင်အားလုံးကိုမင်းမှတ်မိသွားပြီ၊ ပါရမီဖြစ်စေ ကြိုးစားမှုအဖြစ် မင်းက အရမ်းထူးချွန်တယ်၊ ကံမကောင်းချင်တော့ ငါ့မှာမင်းကိုပေးစရာဘာမှမရှိဘူး၊ မဟုတ်ရင် ငါမင်းကို တပယ်ငါ့တပည့်အဖြစ် လက်ခံချင်တာ"
မု၀မ်အာတခုခုပြောရန်ပြင်နေစဉ်မှာပင် လူသုံးယောက်က သူတို့အပေါ်၌ပေါ်လာတာကို မြင်လိုက်ရသည်။
သူတို့သုံးယောက်ကို သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူကဦးဆောင်နေခြင်းပက်။
ခေါင်းဆောင်က အဖိုးဆေးပညာရှိကိုကြည့်ကာပြောသည်။
"ဆေးအကြီးအကဲ၊ ကျေးဇူးပြုပြီး ကျုပ်တို့ဂိုဏ်းချုပ်ကိုကယ်တင်ပေးဖို့အတွက် တောင်ပေါ်ကနေလာပေးပါဦး"
သို့သော် ဆေးအကြီးအကဲကခေါင်းခါယမ်းငည်။
"စိတ်မကောင်းပါဘူး၊ ငါကအခုသီးခြားဇာတ်မြှုပ်နေတာ၊ မင်းတို့ငါ့ကိုဘယ်လိုရှာတွေ့သလဲဆိုတာငါမသိပေမယ့် ငါဇာတ်မြှုပ်နေပြီးသားမို့ မလာတော့ဘူး၊ သေမျိုးကမ္ဘာရဲ့ကိစ္စတွေက ငါနဲ့ဘာမှမသက်ဆိုင်ဘူး"
ခေါင်းဆောင်လာသည့်သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူက မျက်မှောင်ကြုတ်သည်။
"ဆေးအကြီးအကဲ၊ ခင်ဗျားကျုပ်ကို ငြင်းလို့မရဘူးဆိုတာ ခင်ဗျားလည်းသိမှာပါ"
ထို့နောက် သိုင်းဧကရာဇ်နယ်ပယ်အော်ရာကထိုးတက်လာပြီး ဆေးအကြီးအကဲအား ဖိနှိပ်လာသည်။
ဆေးအကြီးအကဲ၏ကျင့်ကြံခြင်းက ချန်းယွမ်နယ်ပယ်တွင်သာရှိနေသေးလေရာ သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူကို မည်သို့မည်ပုံခုခံနိုင်မည်နည်း။
မု၀မ်အာ ချက်ချင်းပင် ထိုအော်ရာကို ခုခံရန်အတွက် ဆေးအကြီးအကဲရှေ့တွင် ရပ်လိုက်၏။
ဆေးအကြီးအကဲမှာ စိတ်သက်သာရာရစွာသက်ပြင်းချမိသည်။
"အိုး၊ မင်းကဘယ်သူလဲ"
သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူနောက်က နတ်ဘုရားတ၀က်နယ်ပယ်နှစ်ဦးက မု၀မ်အာကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။
မု၀မ်အာ ထူးမခြားနားစွာပြောသည်။
"ငါနင်တို့နောက်ကလိုက်ခဲ့မယ်"
မု၀မ်အာ၏လက်ရှိအဂ္ဂိရတ်စွမ်းရည်က သူတို့သုံးယောက်ကို ဒီနေရာတွင်သတ်ရန် လုံလောက်နေပြီဖြစ်ကာ သူမက ဆေးလုံးတလုံးတည်းသာသုံးရန်လိုအပ်သည်။
သို့စေကာမူ အဆုံးသတ်တွင် သူမဒီနေရာကထွက်သွားရမည်ဖြစ်ကာ ဒါကိုအားကိုးထား၍မရပေ။
ထို့ကြောင့် မု၀မ်အာ ဒီကိစ္စကိုအပြည့်အ၀ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ဒါက အဖိုးဆေးပညာရှိကို လွန်ခဲ့သည့်လအတွင်း သူ့၏လမ်းညွှန်မှုအတွက် ပြန်ပေးဆပ်ခြင်းဟုလည်း ယူဆ၍ရသည်။
သို့စေကာမူ ဆေးအကြီးအကဲက ပူပန်စွာပြောသည်။
"၀မ်အာ၊ မင်းဒီလိုလုပ်စရာမလိုပါဘူး၊ ငါက သင်္ချိုင်းကို ခြေတလှမ်းလှမ်းနေပြီဖြစ်တဲ့ အဖိုးကြီးတယောက်ဖြစ်နေပါပြီ၊ ငါကဒါနဲ့ မထိုက်တန်ပါဘူး"
မု၀မ်အာတဘက်လှည့်ကာပြုံးသည်။
"မစိုးရိမ်နဲ့၊ အဖိုးဆေးပညာရှိ၊ ကျွန်မအဆင်ပြေမှာပါ"
"ဒါပေမယ့်....."
ဆေးအကြီးအကဲဘာမှမပြောနိုင်ခင်မှာပင် မု၀မ်အာ သူတို့သုံးယောက်နောက်မှ လိုက်သွားသည်။
"ဒါပေမယ့် ခရမ်းစွန်းဂိုဏ်းရဲ့စရိုက်အရ... သူတို့မင်းပါရမီကိုတွေ့ပြီးနောက်မှာ ဘေးကင်းစွာနဲ့ ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး"
အပိုင်း(595) coming။