#သစ္စာမဲ့ခြင်း#
Vol. 42 Ch. 595
မု၀မ်အာ ဒီနှစ်များအတွင်း နယ်မြေစုံ၌ လှည့်ပတ်သွားလာနေခဲ့သည်။
ဆေးပင်များက သဘာ၀ရတနာများဖြစ်စေ သာမန်ဆေးပင်များဖြစ်စေ အားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင်လက္ခဏာရပ်များရှိကြသည်။
တခြားအဂ္ဂိရတ်ဆရာများ၏ ဆေးလုံးသန့်စင်ခြင်းများကို စောင့်ကြည့်ပြီးနောက် အဂ္ဂိရတ်ပညာရှင်တိုင်းတွင် သူတို့၏ကိုယ်ပိုင်အဂ္ဂိရတ်နည်းလမ်းများရှိပြီး အဂ္ဂိရတ်တာအိုအပေါ် ထူးကဲသည့် နားလည်မှုတခုပင်လျှင်ရှိသည်။
မု၀မ်အာ၏ အဂ္ဂိရတ်ပညာရပ်က ထိုအဂ္ဂိရတ်ဆရာများထက် အများကြီးသာလွန်သော်လည်း သူမဒီနည်းလမ်းများနှင့် ထိုးထွင်းအမြင်များကိုသင်ယူပြီး သူမ၏အဂ္ဂိရတ်ပညာရပ်နားလည်မှုထဲတွင် ပေါင်းစပ်ခဲ့သည်။
ဒီဒြပ်စင်များက မု၀မ်အာ၏ အဂ္ဂိရတ်ပညာကျွမ်းကျင်မှုများကို မြန်မြန်ဆန်ဆန်ပင် တိုးလာစေသည်။ သူမက ဆေးညွှန်းများစွာကိုပင် ဖန်တီးခဲ့သည်။
လုချန်ရှန်းဖန်တီးခဲ့သည့်ဆေးလုံးများပင်လျှင် မု၀မ်အာ၏ဆေးလုံးများလောက် မများဟုဆို၍ရသည်။
သို့သော်လည်း ဒါက လုချန်ရှန်းပျင်းရိနေသည့်အတွက်ကြောင့်ဖြစ်သည်။
မု၀မ်အာက သူမ၏လက်ရှိအဂ္ဂိရတ်နယ်ပယ်နှင့်အတူ ကောင်းကင်အင်မော်တယ်အဆင့်ဆေးလုံးကိုပင် သန့်စင်နိုင်လေပြီ။
သူမက မြင့်မြတ်အဆောင်ဂိုဏ်းထဲသို့ မရေမတွက်နိုင်လောက်သည့်ထိပ်တန်းဂိုဏ်းများစွာက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်ပင် တိုက်ခိုက်နိုင်သည့် ရှားပါးသည့်အရင်းအမြစ်တခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
ဒီအရာအားလုံးက မု၀မ်အာ၏ကြိုးစားအားထုတ်မှုများကြောင့်ဖြစ်သည်။
လမ်းတွင် ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲတဖြစ်လဲ သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူက မု၀မ်အာကို ကြည့်လိုက်သည်။
"မင်းတကယ်ပဲငါတို့ဂိုဏ်းချုပ်ကို ကယ်တင်နိုင်တဲ့ဆေးလုံးကိုသန့်စင်နိုင်တာလား၊ ငါတို့ဂိုဏ်းချုပ်က သိုင်းဧကရာဇ်နယ်ပယ်အထွတ်အထိပ်အဆင့်တည်ရှိမှုဆိုတာ မင်းသိသင့်တယ်"
မု၀မ်အာတည်ငြိမ်စွာပြောသည်။
"သေချာတာပေါ့"
"မင်းသာမအောင်မြင်ရင် ဆေးအကြီးအကဲကိုတိုက်ခိုက်တဲ့အခါ ငါတို့ကိုအပြစ်မတင်နဲ့"
မု၀မ်အာ ထိုလူအားစိုက်ကြည့်သည်။
"ကျွန်မသာသူ့ကိုအောင်မြင်စွာကုသနိုင်ရင် ခရမ်းစွန်းဂိုဏ်းက ဆေးအကြီးအကဲကို ထပ်နှောက်ယှက်လို့မရဘူး"
သူမက ခရမ်းစွန်းဂိုဏ်းတခုလုံးကို ဖျက်ဆီးရန်အတွက် မြေအင်မော်တယ်အဆိပ်ဆေးလုံးကို သုံးနိုင်သော်လည်း ခရမ်းစွန်းဂိုဏ်းတွင် တခြားမဟာမိတ်များရှိနေပြီး ကွန်ရက်ကနေ လွတ်မြောက်သွားသည့် ငါးကလေးများရှိနေသေးသရွေ့ ဒါက သူတို့က ဆေးအကြီးအကဲကို တိုက်ခိုက်ဦးမည်ဟုဆိုလိုနေခြင်းပင်။
မု၀မ်အာက ကွန်ရက်ကနေ လွတ်မြောက်လာသောသူများကို ရှာဖွေရန်အတွက် သဲလွန်စများကို တိုက်ရိုက်သုံးနိုင်သည်အထိ အစွမ်းမထက်သေးပါ။
ဒါကမု၀န်လုပ်နိုင်တာအကုန်ဖြစ်သည်။ ထို့နောက်တွင်သာ သူမဒီနယ်မြေက ငြိမ်းချမ်းစွာထွက်သွားနိုင်ပြီး တခြားနယ်မြေတခုကို ဦးတည်နိုင်ပေလိမ့်မည်။
ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲဘေးတွင် ခရမ်း၀တ်လူတစ်ယောက်ရှိပြီး သူကအမြန်နှုန်းကိုထိန်းချုပ်ရင်း မု၀မ်အာနှင့်အတူ ဘေးချင်းယှဉ်ပြီးပျံသန်းကာပြုံးသည်။
"ငါကမဟာအကြီးအကဲရဲ့ကိုယ်ပိုင်တပည့်ဇီရီပါ၊ ငါနင့်ကိုဘယ်လိုဆက်သွယ်ရမလဲ"
မု၀မ်အာမည်သည့်စကားမှမဆိုသလို သူ့ကိုကြည့်ပင်မကြည့်ပေ။
ဇီရီဒါကိုမြင်သောအခါ သူ့မျက်လုံးများ၌ မည်းမှောင်သည့်အမူအရာတခုပေါ်လာသည်။ သို့သော်ထိုအမူအရာက ချက်ချင်းပျောက်ကွယ်သွား၏။
"တာအိုမိတ်ဆွေလေး၊ ဒီလိုလုပ်နေစရာမလိုပါဘူး၊ ဂိုဏ်းချုပ်ကိုကယ်တင်ပေးမယ့် အဂ္ဂိရတ်ပညာရှင်ရဲ့နာမည်ကို ငါသိချင်ရုံပါပဲ၊ အဲဒီအချိန်ကျရင် ခရမ်းစွန်းဂိုဏ်းက နင့်ကိုသေချာပေါက်ဆုလာဘ်တခုပေးမှာပါ"
ဒီစကားကိုကြားသောအခါ မု၀မ်အာခေါင်းခါယမ်းသည်။
"ငါဆုလာဘ်တွေမလိုပါဘူး၊ နင်နောက်တခါ ဆေးအကြီးအကဲကိုထပ်ပြီး မနှောက်ယှက်တော့ရင်ရပါပြီ"
မု၀မ်အာသူ့ကိုလျစ်လျုရှုနေတာကို မြင်ရသောအခါ ဇီရီအံကြိတ်လိုက်မိသည်။
ငါတို့ခရမ်းစွန်းဂိုဏ်းကိုရောက်တဲ့အခါကျရင် နင့်ရဲ့အလှမ်းဝေးတဲ့အကွာအဝေးကို ထိန်းသိမ်းထားနိုင်မလားဆိုတာ ကြည့်ကြတာပေါ့!
ခရမ်းစွန်းဂိုဏ်းက ဆည်းဆာဇုန်၌ အလွန်မြင့်မားသည့်အဆင့်အတန်းတခုရှိသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းဧကရာဇ်နယ်ပယ်အထွတ်အထိပ်အဆင့်ဂိုဏ်းချုပ်တစ်ယောက်ရှိနေသောကြောင့်ပင်။
လက်ရှိတွင် ခရမ်းစွန်းဂိုဏ်းချုပ်ဒဏ်ရာရသွားသည့်သတင်းကို တခြားသူများမသိဘဲ ဒါက ပိတ်ဆို့ထားသည့်အနေအထားတွင်ရှိသည်။
ထို့ကြောင့် မု၀မ်အာ ခရမ်းစွန်းဂိုဏ်းထဲကို၀င်လာသောအခါ ပတ်ပတ်လည်၌ စောင့်ကြပ်နေသည့် ကျွမ်းကျင်သူများစွာကို သူမရှာတွေ့သွား၏။
သူတို့၏အခင်းအကျင်းအစီအရင်ကိုပင် အသက်သွင်းထားလေသည်။
ဒီကျွမ်းကျင်သူများက ဆည်းဆာဇုန်နှင့်သာသက်ဆိုင်သည်။
သူတို့ခရမ်းစွန်းဂိုဏ်း၏အမြင့်ဆုံးတောင်သို့ရောက်လာသောအခါ ဧရာမခန်းမတခုရှိပြီး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အိပ်ရာထဲတွင် အလွန်အမင်းစိတ်ဓာတ်ကျနေသည့်အော်ရာနှင့်အတူ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။
သူ့မျက်နှာပေါ်၌ အနက်ရောင်ဓာတ်ငွေ့အမျှင်စများပင်လျှင် ကူးခတ်နေကြ၏။
သူ့၀န်းကျင်က အကြီးအကဲများစွာက သူ့အတွက်စိုးရိမ်ပူပန်နေကြသည်။
မဟာအကြီးအကဲပြန်လာတာကိုမြင်သောအခါ သူကချက်ချင်းမေးသည်။
"ဘယ်လိုလဲ၊ ဆေးအကြီးအကဲပြန်လာပြီလား"
"ဟမ်၊ ဘာလို့ကလေးမလေးတယောက်ပဲဖြစ်နေရတာလဲ"
မဟာအကြီးအကဲကပြောသည်။
"ဆေးအကြီးအကဲကမလာခဲ့ပေမယ့် သူလာခဲ့တယ်၊ သူက ဂိုဏ်းချုပ်ကိုကုသနိုင်တယ်လို့ပြောခဲ့တယ်"
အကြီးအကဲများ၏အမူအရာများက ပြောင်းလဲသွားကြသည်။
"ကလေးမတယောက်ကဘာလုပ်နိုင်မှာမို့လဲ"
"ငါတို့အားလုံးက ဆည်းဆာဇုန်တခုလုံးက အဂ္ဂိရတ်ဆရာတွေကိုရှာခဲ့ပေမယ့် အားလုံးက မတတ်နိုင်ကြဘူး၊ အခု ဆေးအကြီးအကဲမှာပဲ သူ့ကိုကုသနိုင်မယ့် အခွင့်အလမ်းရှိတော့တယ်"
"ဒါကနောက်ပြောင်နေတာမဟုတ်ဘူးနော်"
မဟာအကြီးအကဲကမဖြေဘဲ ယင်းအစား မု၀မ်အာကိုကြည့်ရင်းမေးသည်။
"ဘယ်လိုလဲ၊ မင်းတခုခုပြောနိုင်လား"
မု၀မ်အာထူးမခြားနားစွာဖြေသည်။
"အဆိပ်"
"အဲဒါအဆိပ်ဆိုတာငါတို့သိတာပေါ့ " မဟာအကြီးအကဲက မျက်မှောင်ကြုတ်သည်။
"ဒါကိုကုသလို့ရလား"
မု၀မ်အာ မဟာအကြီးအကဲကိုကြည့်ရင်း အေးစက်စွာပြောသည်။
"ကြည့်ရတာ ရှင့်က ကျွန်မကို တကယ်တော့ အဆိပ်မဖြေစေချင်ဘူးမလား"
ထိုစကားကိုကြားသောအခါ မဟာအကြီးအကဲ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
"ပေါက်ကရပြောမနေနဲ့"
တကယ်တမ်းတွင် မဟာအကြီးအကဲက ဂိုဏ်းချုပ်ကို အမှန်တကယ်ပြန်မကောင်းလာစေချင်ပါ။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်သေသည်နှင့်တပြိုင်နက် ခရမ်းစွန်းဂိုဏ်းက သူ့လက်ထဲတွင် ကျရောက်လာပေလိမ့်မည်။
ခရမ်းစွန်းဂိုဏ်းက ဆည်းဆာဇုန်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည်။ သူတို့အခြေခံကမည်မျှပင် နက်ရှိုင်းလေသနည်း။
ဒီအရင်းအမြစ်များနှင့်ဆိုပါက သူဘယ်လိုလုပ်အဆင့်မချိုးဖျက်ဘဲနေတော့မည်နည်း။
ထို့ကြောင့်လည်း မဟာအကြီးအကဲက အလွန်အမင်းငယ်ရွယ်ပြီး မတော်သော အဂ္ဂိရတ်ပညာသင်လေးဖြစ်ပုံရသည့် မု၀မ်အာကို သံသယမရှိခေါ်လာခြင်းဖြစ်သည်။
မု၀မ်အာ မဟာအကြီးအကဲကိုလျစ်လျူရှုထားသည်။
ခရမ်းစွန်းဂိုဏ်းကိစ္စရပ်များက သူမနှင့်ဘာမှမသက်ဆိုင်ပါ။
ထိုအကြီးအကဲများကိုဖြတ်သန်းရင်း မု၀မ်အာခရမ်းစွန်းဂိုဏ်းချုပ်၏ မျက်ခုံးအကြား လက်ချောင်းလေးကိုတင်လိုက်သည်။
ထို့နောက် မု၀မ်အာ၏လက်ချောင်းတွင် အစိမ်းရောင်အလင်းတန်းတခုပေါ်လာသည်။ ထိုအစိမ်းရောင်အလင်းတန်းက ဂိုဏ်းချုပ်မျက်နှာပေါ်၌ မျောလွင့်နေသည့် အနက်ရောင်အော်ရာကို၀န်းရံပစ်သည်။
အနက်ရောင်အငွေ့က ဒါကိုဘယ်လိုပဲ တိုက်ခိုက်နေပါစေ ဒီအစိမ်းရောင်အလင်းကို မချိုးဖျက်နိုင်ပေ။
ဒါကိုမြင်သောအခါ တခြားအကြီးအကဲများက ၀မ်းမြောက်ပျော်ရွှင်သွားကြ၏။
ဒီကောင်မလေးရဲ့အင်္ကျီလက်ထဲမှာ တကယ်ပဲတခုခုရှိနေပုံပဲ!
မဟာအကြီးအကဲ၏အမူအရာကမူ အနည်းငယ်ကြည့်ရဆိုးနေသည်။
သူတကယ်ပဲကုသနိုင်တာလား!
မု၀မ်အာဆေးလုံးတလုံးကိုထုတ်ယူလိုက်၏။
ထိုဆေးလုံးကို သူမကိုယ်တိုင်ဖန်တီးခဲ့ခြင်းပင်။ ဒါက အဆိပ်အားလုံးကိုကုသနိုင်ပြီး ကိုယ်ထဲတွင် အဆိပ်ငွေ့ကို ပေါက်ဖွားလာစေနိုင်သည့် ဆေးလုံးပေတည်း။
ခရမ်းစွန်းဂိုဏ်းချုပ်၏လက်ရှိအခြေအနေက ဒီဆေးလုံးနှင့်သင့်တော်သည်။
ထို့နောက် သူမဂိုဏ်းချုပ်ပါးစပ်ထဲသို့ ထည့်ပေးသောအခါ ပါးစပ်က အလိုအလျောက်ပွင့်လာသည်။
ထိုဆေးလုံးကိုစားလိုက်သည့်အခိုက်အတန့်၌ အဆိပ်ငွေ့အမျှင်တန်းများက ခရမ်းစွန်းဂိုဏ်းချုပ်၏ကိုယ်ပေါ်ရှိ ချွေးပေါက်များကနေ စိမ့်ထွက်လာသည်။
မကြာမီမှာပင် အနက်ရောင်အငွေ့အမျှင်တန်းများက လုံး၀ပျောက်ကွယ်သွား၏။
ခရမ်းစွန်းဂိုဏ်းချုပ်၏အော်ရာကလည်း မူလအခြေအနေသို့ပြန်ရောက်လာသည်။။သူကအနည်းငယ်အားနည်းနေခြင်းသာဖြစ်သည်။
ဒါကိုမြင်သောအခါ မု၀မ်အာထရပ်သည်။
"ကောင်းပြီ၊ ဝိဉာဉ်ချီပြန်ကောင်းလာသရွေ့ ကျန်တာတွေအဆင်ပြေသွားပါလိမ့်မယ်"
လူတိုင်းဒါကိုမြင်သောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။
ဒါက ဆည်းဆာဇုန်က မည်သည့်အဂ္ဂိရတ်ပညာရှင်မှ လုပ်နိုင်စွမ်းမရှိသည့်အရာတခုပေတည်း။
ဒီကလေးမရဲ့လက်ထဲမှာ ဒီလောက်တောင်လွယ်တာလား၊ ပြီးတော့အရမ်းမြန်လွန်းတယ်!
ဒီကလေးမကဘယ်သူလဲ!
ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲက ဒါကိုမြင်သောအခါ သူ့မျက်နှာက အစိမ်းနှင့်အဖြူတလှည့်စီပြောင်းသွားသော်လည်း သူပြောလိုက်ရသည်။
"ကျေးဇူးပါ၊ သခင်မလေးမု"
မု၀မ်အာခေါင်းညိတ်သည်။
"ရှင့်ရဲ့ကတိကိုသတိရပါ"
ထို့နောက်သူမထွက်သွားရန်ပြင်လိုက်စဉ် ဇီရီက မု၀မ်အာရှေ့သို့ထရပ်လာပြီး အပြုံးဖြင့်ပြောလိုက်လေသည်။
"သခင်မလေး၊ နင့်ရဲ့အဂ္ဂိရတ်စွမ်းရည်တွေကအရမ်းမြင့်မားတာပဲ၊ ဘာလို့ငါတို့ခရမ်းစွန်းဂိုဏ်းကို၀င်ဖို့မရွေးချယ်ရတာလဲ"
"ခရမ်းစွန်းဂိုဏ်းက ဆည်းဆာဇုန်မှာ နံပါတ်တစ်ဂိုဏ်းပဲ၊ တကယ်လို့မင်းခရမ်းစွန်းဂိုဏ်းကို၀င်မယ်ဆိုရင် အရင်းအမြစ်တွေကိုထပ်ပြီးစိုးရိမ်နေစရာမလိုတော့ဘူး"
အပိုင်း(596) coming။