← Chapters

#မု၀မ်အာ၏အစွဲအလမ်း#

Vol. 42 Ch. 596

#မု၀မ်အာ၏အစွဲအလမ်း#

Vol. 42 Ch. 596

ဇီရီ၏စကားလုံးများကြောင့် မု၀မ်အာအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"ငါနင်တို့ဂိုဏ်းထဲ၀င်မှာမဟုတ်ဘူး"

သို့စေကာမူ ဇီရီကပြုံးသည်။

"ဂိုဏ်းချုပ်ကမနိုးလာသေးဘူးဆိုတော့ ငါတို့ခရမ်းစွန်းဂိုဏ်းမှာ ဆက်နေပေးဖို့အတွက် သခင်မလေးမုကိုလိုအပ်ပါတယ်၊ နောက်ထပ်မတော်တဆတခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

သူမ ခရမ်းစွန်းဂိုဏ်းချုပ်မျက်နှာကိုကြည့်လိုက်သည်။

အဆိပ်ငွေ့ကပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီဖြစ်ကာ သူ့၏ကိုယ်ခန္ဓာလုပ်ဆောင်ချက်များကလည်း ပုံမှန်ပြန်ဖြစ်နေလေပြီ။

ခရမ်းစွန်းဂိုဏ်းချုပ် ယခုအချိန်ထိ သတိလစ်နေသေးတာက ဝိဉာဉ်ချီချို့တဲ့မှုနှင့် အဆိပ်ဓာတ်ငွေ့၏ နှစ်များစွာကြာတိုက်စားမှုကြောင့်ဟုဆို၍ရသည်။ ရက်အနည်းငယ်အတွင်း သူနိုးလာမည်သာ။

တဘက်ကသူမအားဆက်မေရန်အတွက် အကြောင်းပြချက်တခုခုရှာနေတာကို မု၀မ်အာသိသည်။

"ဒါ့အပြင် နင်ထွက်သွားမယ်ဆိုရင်တော့ ငါတို့ဆေးအကြီးအကဲကို ခရမ်းစွန်းဂိုဏ်းရဲ့ လေးစားခံအကြီးအကဲလုပ်ပေးဖို့အတွက် သွားရှာရတော့မှာပဲ၊ ဒါလည်းမဆိုးပါဘူး"

တခြားအကြီးအကဲများက ဒီစကားကိုကြားသောအခါ သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။

"မှန်တယ်၊ သခင်မလေးမု၊ မင်းငါတို့ခရမ်းစွန်းဂိုဏ်းမှာနေလို့ရပါတယ်၊ ငါတို့ခရမ်းစွန်းဂိုဏ်းရဲ့အခြေခံအုတ်မြစ်က အရမ်းအစွမ်းထက်တယ်၊ မင်းက ခရမ်းစွန်းဂိုဏ်းရဲ့ လေးစားခံအကြီးအကဲတစ်ဦးဖြစ်လာခြင်းကနေ အကျိုးအမြတ်တွေရမှာပါ"

"ဒါ့အပြင် မင်းခရမ်းစွန်းဂိုဏ်းကို၀င်နေသရွေ့ ဒီဆည်းဆာဇုန်မှာ ဘယ်သူကမင်းကို စော်ကားရဲမှာလဲ"

ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲကလည်း ပြုံးလိုက်သည်။

"မှန်တယ်၊ မင်းဘာလို့ဒါကိုမစဉ်းစားပေးရတာလဲ၊ သခင်မလေးမု"

ဇီရီက ဒီမြင်ကွင်းကိုကြည့်ရင်း နှာခေါင်းရှုံ့သည်။

"သခင်မလေးမု၊ နင်ဘာလို့သဘောမတူရသေးတာလဲ"

မု၀မ်အာဒီမြင်ကွင်းကိုမြင်ပြီး ထိုစကားလုံးများကိုကြားရသောအခါ သူမ၏လှပသောမျက်နှာလေးကအလွန်အမင်းအေးစက်သွား၏။

ငါ့ကိုလေးစားခံအကြီးအကဲအဖြစ် ခရမ်းစွန်းဂိုဏ်းမှာနေစေချင်တာလား!

ရှင့်တို့ကထိုက်တန်လို့လား!

"ကျွန်မငြင်းရင်ရော"

ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲက ရုတ်တရက်ရှေ့တလှမ်းတိုးလိုက်စဉ် သိုင်းဧကရာဇ်နယ်ပယ်အော်ရာက ထိုးထွက်လာပြီး မု၀မ်အာပေါ်သို့ အရူးအမူးဖိနှိပ်ပစ်သည်။

ကျန်သောအကြီးအကဲများက ဒါကိုမြင်သောအခါ ခဏတုံ့ဆိုင်းနေကြပြီးနောက် ရှေ့တက်ကြပြီး မု၀မ်အာကို၀န်းရံလိုက်ကြ၏။

သူတို့ယခုလိုငယ်ရွယ်ပြီးအစွမ်းထက်သည့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို မည်သို့မည်ပုံသွားခွင့်ပေးရမည်နည်း။

သူမသာ ခရမ်းစွန်းဂိုဏ်းကို၀င်ပါက သူတို့၏အင်အားက သိသိသာသာပင် တိုးလာပေလိမ့်မည်။

သူမနောက်တွင်ရပ်နေသည့် ဇီရီက မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"သခင်မလေးမု၊ ငါတို့ကအတော်လေးယဉ်ကျေးခဲ့ပြီးပြီလို့ထင်တယ်၊ မင်းသဘောမတူသေးဘူးဆိုရင်တော့ ဒါကို တောင်းခံနေတာနဲ့မတူဘူးလား"

မု၀မ်အာသူ့ကိုဟိန်းရန်ပြင်လိုက်စဉ် သူမရုတ်တရက်ခေါင်းမော့လိုက်မိပြီး သူမ၏ အေးစက်သောမျက်နှာလေးက နွေဦးပန်းတစ်ပွင့်ပမာ အပြုံးဖြင့် ရုတ်တရက် ပွင့်လန်းလာသည်။

တခဏအကြာတွင် ဇီရီနှင့်အကြီးအကဲအသီးသီးက အနည်းငယ်ကြက်သေသေသွားကြသည်။

"ငါပြောမယ်၊ ငါတို့ကလေးစုတ်တွေကို ငါလာရှာတဲ့အချိန်တိုင်း ဒုက္ခတခုခုရောက်နေတယ်ဆိုတာက အမြဲသေချာနေတယ်"

"မင်းတို့ငါ့ကိုအနားပေးလို့ရမလား"

လူတစ်ယောက်၏အသံက ရုတ်တရက် ဆည်းဆာဇုန်တခုလုံးအတွင်း ပျံ့လာခဲ့သည်။

ဆည်းဆာဇုန်ကအင်အားစုများက ကောင်းကင်သို့မော့ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြ၏။

ဒါဘယ်လိုကျင့်ကြံခြင်းမျိုးလဲ!

သူ့အသံကတကယ်ပဲ ဝိဉာဉ်ချီတခုတည်းနဲ့ ဆည်းဆာဇုန်တခုလုံးကို ပျံ့သွားနိုင်တာလား!

ဇီရီနှင့်တခြားအကြီးအကဲများကလည်း ကြက်သေသေနေကြသည်။

ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲက လေးနက်သည့်အမူအရာဖြင့် ကောင်းကင်သို့မော့ကြည့်ကာ လက်နှစ်ဖက်ဆုပ်သည်။

"ဘယ်စီနီယာကများ ကျုပ်တို့ရဲ့ခရမ်းစွန်းဂိုဏ်းကို ဆင်းသက်လာသလဲဆိုတာ သိခွင့်ရှိမလား၊ ကျေးဇူးပြုပြီး ထွက်လာပြီး ကျုပ်တို့နဲ့လာတွေ့ပေးပါ"

ခရမ်းစွန်းဂိုဏ်းသားများက ကောင်းကင်သို့မော့ကြည့်နေကြဆဲပင်။

သူတို့ခေါင်းငုံ့လိုက်စဉ် အဖြူ၀တ်လူတစ်ယောက်က မု၀မ်အာဘေးတွင် ပေါ်လာတာကို တွေ့လိုက်ရသည်။

သူ....သူဒီကိုဘယ်အချိန်ကရောက်လာတာလဲ!

ဘာလို့ဘာအသံမှမရှိရတာလဲ!

သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူဖြစ်ပြီး ဆည်းဆာဇုန်အတွင်း ထိပ်သီးတစ်ဦးဖြစ်သည့် ခရမ်းစွန်းဂိုဏ်းအကြီးအကဲပင်လျှင် ဘာမှသတိမထားမိခဲ့ပါ။

မု၀မ်အာ သူမရှေ့ကလူအားပြည့်ရင်း လုချန်ရှန်း၏ခါးကိုလှမ်းဖက်ကာ ခေါင်းကို လုချန်ရှန်းရင်ဘတ်ထဲတွင်မြှုပ်ရင်း ချိုမြသည့်အပြုံးဖြင့်ပြောသည်။

"ဦးလေး၊ ဘာလို့ဒီမှာရှိနေရတာလဲ၊ ဒီနေရာကထွက်သွားပြီးရင် ဦးလေးကိုရှာဖို့အတွက် စံအိမ်တော်ကိုပြန်သွားမယ်လို့ ကျွန်မတွေးနေခဲ့တာ"

"ဟေး၊ ဟေး၊ ဟေး" လုချန်ရှန်း သူ့ကိုမပွတ်သပ်နိုင်စေရန်အတွက် မု၀မ်အာ၏ နဖူးကို တွန်းထားသည်။

"ကောင်မလေး၊ ငါနဲ့ဝေးဝေးနေ၊ မင်းငါ့ဆီကနေ အကျိုးအမြတ်ယူနေတာလား"

မု၀မ်အာရှက်သွေးဖြာသွားပြီး လုချန်ရှန်းဆီကနေ ဖယ်လိုက်သည်။

"အခွင့်ကောင်းယူနေတာကဦးလေးလေ"

လုချန်ရှန်းရယ်မောလိုက်သည်။

"နှစ်များစွာတောင်ကြာနေပြီကို မင်းကဘာလို့ ကလေးမလေးတယောက်လိုဖြစ်နေ‌ရသေးတာလဲ"

"မင်းရဲ့အဂ္ဂိရတ်ပညာကရော မင်းစရိုက်လိုမျိုး အပြောင်းအလဲမရှိဘဲ ရှိနေမလားဆိုတာ ငါသိချင်မိတယ်"

မု၀မ်အာ လက်အစုံကိုတင်ပါးတွင်ထောက်ထားသည်။ သူမ၏စရိုက်က ဇီရီနှင့်တခြားသူများ မကြာသေးခင်ကမြင်ဖူးသည့် ရေခဲစိုင်နှင့်မတူတော့ပါ။

လက်ရှိမု၀မ်အာက သိမ်မွေ့သည့်မိန်းကလေးတစ်ဦးအသွင်။

"ဟွန့်၊ ကျွန်မအရင်ကလိုမဟုတ်တော့ဘူး"

မု၀မ်အာ ဂုဏ်ယူစွာပြောသည်။

"လက်ရှိကျွန်မက အင်မော်တယ်ဆေးလုံးတွေကိုသန့်စင်နိုင်တယ်"

"ဒါ့အပြင် ကျွန်မဆေးလုံးတွေအများကြီး၊ အများကြီးကိုလည်းဖန်တီးခဲ့တယ်"

လုချန်ရှန်းအပြုံးဖြင့်ခေါင်းညိတ်သည်။

ထိုအချိန်ကတည်းကပင် မု၀မ်အာက သူ့ကိုသူမဆရာအဖြစ် အသိအမှတ်ပြုရန်အတွက် နှောက်ယှက်နေခဲ့ခြင်းပင်။

ထိုစဉ်က သူရေးသားခဲ့သည့်ဆေးလုံးစာအုပ်တစ်အုပ်ကိုပင်သူမအားပေးခဲ့သည်။သူမက အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးနီးပါးသို့ခရီးသွားရန် ကိုယ့်ကိုကိုယ်အားကိုးဂင်း ယခုလိုအောင်မြင်မှုများစွာကို ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဒါကသူမဘယ်လောက်ထိကြိုးစားအားထုတ်ခဲ့တာကို ပြသနေသည်။

ဤသည်သာမက သူမ၏ပါရမီနှင့် အဂ္ဂိရတ်ပညာအပေါ် သူမ၏ထူးခြားသောနားလည်မှုကိုလည်း သက်သေပြနေသည်။

ကောင်းကင်အင်မော်တယ်အဂ္ဂိရတ်တစ်ဦးအတွက်ပင်လျှင် ဆေးဖော်မြူလာဆယ်ခုကျော်ကို ဖန်တီးရန်ဟူသည် ကြီးမားသည့် စွမ်းဆောင်မှုတခုဖြစ်နေလေပြီ။

မု၀မ်အာကရော!

မု၀မ်အာက အမျိုးအစားတစ်ရာထက်မနည်းဖန်တီးခဲ့သည်ဟု ဟုန်ရင်ပြောခဲ့သည်။

"ကောင်းပြီ" လုချန်ရှန်းခေါင်းညိတ်ရင်း မု၀မ်အာ၏ခေါင်းလေးကို‌ပွတ်သပ်သည်။

"မင်းငါ့တပည့်ဖြစ်ချင်လား"

မု၀မ်အာကြက်သေသေသွားသည်။

ထိုစကားကိုကြားသောအခါ သူမ၏စိတ်တခုလုံးပင်လျှင် ဗလာကျင်းသွားပြီး မှိန်ဖျော့သည့်အနီရောင်တခုက သူမမျက်လုံးများ၌ ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။

မု၀မ်အာအဖို့ နှစ်များစွာကြာသူမ၏ကြိုးစားမှုများ၏၃၀ရာခိုင်နှုန်းနောက်ကွယ်က အကြောင်းရင်းက ကိုယ်ပိုင်အဂ္ဂိရတ်သဘောတရားခံယူချက်ကြောင့်ဖြစ်သည်။

သူမအရင်လူများဖန်တီးထားသည့် ဆေးညွှန်များကနေ ကူးယူခြင်းထက် သူမ၏ ကိုယ်ပိုင်ဆေးလုံးကို ကိုယ်တိုင်သန့်စင်ချင်သည်။

ကျန်သော ၇၀ရာခိုင်နှုန်းအကြောင်းရင်းက လုချန်ရှန်းတပည့်ဖြစ်လာရန်ဖြစ်သည်။

ဒါကသူမ၏အစွဲအလမ်းတခုဖြစ်လာသည်ဟုပင်ဆို၍ရသည်။

မု၀မ်အာက သဘာ၀အရ ပျော်ပျော်နေ၊ ဆော့ကစားတတ်သူတယောက်ပင်။

သို့စေကာမူ သူမက ဆေးဘက်၀င်အပင်များစွာနှင့် သဘာ၀ရတနာများ၏ အသွင်အပြင်လက္ခဏာရပ်များကို နားလည်ရန်အတွက် ဝေးလံသည့်နယ်မြေများသို့ပင် ခရီးထွက်ခဲ့သည်။

ထို့နောက် အဂ္ဂိရတ်ဆရာအသီးသီးဆီက အဂ္ဂိရတ်နည်းစနစ်အမျိုးမျိုးကိုလေ့လာခဲ့သည်။

ဒါကဘယ်လောက်တောင်ပျင်းစရာကောင်းလေသနည်း!

ယခုလုချန်ရှန်းက နောက်ဆုံးတွင် သူမကို သဘောတူလိုက်လေရာ သူမမည်သို့ မပျော်ဘဲနေမည်နည်း။

လုချန်ရှန်းမျက်တောင်ခတ်ရင်းမေးသည်။ "မင်းဘာလို့ငိုနေတာလဲ၊ မင်းအခုပျော်နေသင့်တာမလား"

"ဘယ်သူငိုနေလို့လဲ"

မု၀မ်အာအလျင်အမြန်မျက်ရည်များကိုသုတ်ကာ နှာရှုတ်လိုက်သည်။

ထို့နောက် သူမကြမ်းပြင်ပေါ်သို့ ဒူးတဘက်‌ထောက်ပြီး လုချန်ရှန်းအားအရိုအသေပေးသည်။

"တပည့်မု၀မ်အာက ဆရာကိုအရိုအသေပေးပါတယ်"

လုချန်ရှန်းအပြုံးဖြင့်သူမအားထခိုင်းသည်။

ဒီအကြောင်းကိုပြောရပါက ဒါက လုချန်ရှန်း စနစ်ကထုတ်ထားသည့်တာ၀န်ကို မလိုက်နာဘဲ လက်ခံခဲ့သည့် ဒုတိယတပည့်ပေတည်း။

သူမ၏ပါရမီက ယဲ့ချိုးပိုင်နှင့်တခြားသူများကိုယှဉ်ရန်မလုံလောက်သေးသော်လည်း ပါရမီ၏ အတားအဆီးများကို အတင်းချေဖျက်ရန်အတွက် မု၀မ်အာ ကြိုးစားအားထုတ်မှုများကိုသုံးခဲ့သည်။

"ကောင်းပြီ၊ ငိုနေတာရပ်တော့"

လုချန်ရှန်း မု၀မ်အာ၏ခေါင်းလေးကိုပွတ်သပ်ရင်း ခရမ်းစွန်းဂိုဏ်း၏ အကြီးအကဲများကိုကြည့်လိုက်သည်။

"ငါမင်းကိုငိုအောင်မလုပ်ခဲ့ဘူးနော်"

မု၀မ်အာမဖြေသေးခင်မှာပင် လုချန်ရှန်းရှေ့တလှမ်းတိုးပြီး မု၀မ်အာရှေ့တွင်ရပ်ကာ ခရမ်းစွန်းဂိုဏ်းကလူများအားကြည့်ရင်း ပြုံးလိုက်သည်။

"ငါမဟုတ်ဘူးဆိုရင် မင်းတို့များလား"

"အစက ငါသေမျိုးကမ္ဘာရဲ့မဖြစ်စလောက်ကိစ္စတွေကို ဂရုမစိုက်ပေမယ့် ဒီနေ့တော့ ခြွင်းချက်တခုလုပ်လိုက်မယ်၊ မင်းတို့က ငါ့တပည့်အသစ်လေးကို ရန်စခဲ့ကြတယ်လေ"

ခရမ်းစွန်းဂိုဏ်းကလူတိုင်းက ဒါကိုကြားသောအခါ သူတို့အရမ်းထိမိသဖြင့် ငိုလုနီးပါးပင်ဖြစ်သွားကြသည်။

ပထမအချက်က .....အစ်ကိုကြီးရေ၊ နောက်ဆုံးတော့ ငါတို့ရှိနေတာကို မင်းသိသွားပြီပေါ့!

ဒုတိယအချက်က.....သူ့ကိုငိုအောင်လုပ်တာကမင်းမလား၊ ဒါကငါတို့အလုပ်မဟုတ်ဘူးလေ!

အပိုင်း(597) coming။

All Chapters