#မင်းတို့စိုက်ပျိုးတာကိုမင်းတို့ရိတ်သိမ်းရမယ်#
Vol. 42 Ch. 597
ခရမ်းစွန်းဂိုဏ်း၏အကြီးအကဲများက လုချန်ရှန်းကိုလေးနက်စွာကြည့်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ဒီလူက မည်သည့်မှော်ရတနာကိုမှမသုံးဘဲ ဝိဉာဉ်ချီတခုတည်းကိုအားကိုးရင်း သူ့အသံကို ဆည်းဆာဇုန်တခုလုံးအတွင်း ပျံ့သွားစေခဲ့သည်။
ဆည်းဆာဇုန်ကမည်မျှပင်ကြီးမားလေသနည်း။
ဒါကလူရိုင်းနယ်မြေထက် အဆပေါင်းများစွာပိုကြီးသည်ဟုဆို၍ရသည်။ ယခုလိုဝိဉာဉ်ချီအနေအထားကိုရောက်ရန်အတွက် မည်သည့်နယ်ပယ်ကိုရောက်ရန် လိုအပ်လေသနည်း။ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်ရှိသည့် ခရမ်းစွန်းဂိုဏ်း၏ မဟာအကြီးအကဲပင်လျှင် ယခုလိုမလုပ်နိုင်ပေ။
ခရမ်းစွန်းဂိုဏ်း၏မဟာအကြီးအကဲက လေးနက်သည့်အမူအရာဖြင့် ရှေ့တလှမ်းတိုးကာ ခေါင်းငုံ့ရင်း လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာ၊ သခင်မလေးမုက ခင်ဗျားတပည့်ဆိုတာ ကျုပ်တို့မသိခဲ့လို့ပါ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ"
သူ့ရှေ့ကအဖြူ၀တ်လူ၏ခွန်အားက သေချာပေါက်သူ့ထက်အများကြီးသာလွန်နေပေလိမ့်မည်။
ထို့ကြောင့် သူထိုသူတို့ကို ဆက်လက်ရန်စ၍မရပေ။
မဟုတ်ပါက ဒါက ခရမ်းစွန်းဂိုဏ်းအတွက် ကပ်ဘေးတခုကိုသာ ယူဆောင်လာပေလိမ့်မည်။
လုချန်ရှန်းဘာတခုမှမဆိုဘဲ ယင်းအစား လှည့်ကာမု၀မ်အာအားကြည့်လိုက်သည်။
လူတိုင်းကဒါကိုမြင်သောအခါ မဟာအကြီးအကဲက မု၀မ်အာစကားပြောနေတာကိုပင်စောင့်မနေတော့ဘဲ မု၀မ်အာအား ချက်ချင်းတောင်းပန်လိုက်၏။
"သခင်မလေးမု၊ ငါတောင်းပန်ပါတယ်၊ ငါမင်းကိုစော်ကားမိရင် ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ"
"သေချာတာပေါ့၊ ဂိုဏ်းချုပ်ကိုကယ်တင်ပေးတဲ့အတွက် ငါတို့ရဲ့ခရမ်းစွန်းဂိုဏ်းက သေချာပေါက်ရက်ရောတဲ့ဆုလာဘ်တခုကို ပေးပါမယ်"
မူလက ခရမ်းစွန်းဂိုဏ်းက ဆုလာဘ်တခုခုပေးရန်အတွက်ရည်ရွယ်ထားခြင်းမရှိပေ။
ဒါကသူတို့က မု၀မ်အာကို ကျေနပ်စေချင်သောကြောင့်သာဖြစ်သည်။
သို့မဟုတ် ဒါက လုချန်ရှန်းအား သူ့၏ခွင့်လွှတ်မှုကို တောင်းဆိုရန်အတွက်လည်းဖြစ်နိုင်သည်။
ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲပြောပြီးနောက် ချက်ချင်းဆိုသလို ဇီရီအား စိုက်ကြည့်လိုက်၏။
ဇီရီချက်ချင်းပင်တုံ့ပြန်ကာ မု၀မ်အာအားတောင်းပန်သည်။
"သခင်မလေးမု၊ ငါမှားခဲ့ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ"
မု၀မ်အာသူတို့အားကြည့်လိုက်စဉ် သူမ၏မျက်နှာက အမူအရာကင်းမဲ့နေသည်။
ငါတို့ထွက်သွားတဲ့အခါသူတို့ဘာလုပ်မလဲ!
ဒီအချက်အပေါ်သူမတွင်ဘာစိတ်ကူးမှမရှိ။
သူတို့က သူတို့အမုန်းတရားကို ဆေးအကြီးအကဲထံပို့လွှတ်နိုင်သလို သူတို့၏ အာဃာတများကိုပင် ထုတ်လွှတ်နိုင်ချေများသည်။
မု၀မ်အာက အရင်ကကဲ့သို့ မိန်းကလေးတစ်ယောက်မဟုတ်တော့ပါ။
ဒီနှစ်များအတွင်း သူမနယ်မြေများစွာသို့သွားခဲ့သဖြင့် သူမ၏စိတ်က ရင့်ကျက်နေပြီဖြစ်ကာ ဆိုးရွားသည့်အရာများစွာကို တွေ့ခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် မု၀မ်အာဒီအကြောင်းကို တွေးပင်မတွေးပါ။
သူမခရမ်းစွန်းဂိုဏ်းကလူများကို ကြည့်ပင်မကြည့်ဘဲ ယင်းအစား လုချန်ရှန်းအား ပြုံးပြသည်။
"ဆရာ၊ ဆရာ့ကိုပြဿာနာဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်"
လုချန်ရှန်းပြုံးလိုက်သည်။
"မင်းငါ့ကိုဦးလေးလို့ခေါ်သင့်တယ်၊ ငါ့ကိုဆရာလို့ခေါ်တာနဲ့ ငါကျင့်သားမရသေးဘူး"
မု၀မ်အာ၏ လုပ်ဆောင်ချက်အပေါ် လုချန်ရှန်းအတော်လေးကျေနပ်နေသည်။
လူတစ်ယောက်၏ခွန်အားနှင့်စွမ်းအားက သူ့ထက်နိမ့်ကျနေလျှင်ပင် လုချန်ရှန်းသူတို့ကိုရန်စရန်အတွက် ပဏာမခြေလှမ်းလှမ်းမည်မဟုတ်။ သို့စေကာမူ အာဃာတကို ဖန်တီးပြီးသွားတာနှင့် ကံအလှည့်အပြောင်းဆိုတာ ရှိလာပေလိမ့်မည်။
ဒီကိစ္စတွင် လုချန်ရှန်း လျှပ်စီးထက်မြန်ဆန်စွာပင် ရိုက်ခတ်တတ်သည်။
ထိုဂိုဏ်း၌ စူပါပါရမီရှင်တယောက်ပေါ်လာပါက ဘာဖြစ်လာမည်နည်း!
ဒါကသူ့အတွက်ပြဿာနာဖြစ်စေခြင်းပင် မဟုတ်ပေလော။
ထို့ကြောင့် မု၀မ်အာ၏ဆုံးဖြတ်ချက်အပေါ် လုချန်ရှန်းအတော်လေးကျေနပ်နေသည်။
လုချန်ရှန်းနှင့်မု၀မ်အာတို့အကြားက စကားများကိုကြားရသောအခါ ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွား၏။
သူကချက်ချင်းပင်အော်ဟစ်သည်။
"ခရမ်းစွန်အခင်းအကျင်းကိုအသက်သွင်းလိုက်၊ ဂိုဏ်းတခုလုံးကို ရန်သူကိုခုခံကာကွယ်ဖို့အတွက် အသိပေးလိုက်"
"ပြီးတော့ အဆင့်မြင့်မဟာအကြီးအကဲကို ချက်ချင်းရှာဖွေကြ"
သူစကားပြောပြီးသည်နှင့် နောက်ကအကြီးအကဲများက ခရမ်းရောင်တုံကင်များကိုမြှောက်လိုက်ကြပြီဖြစ်ကာ သူတို့ခေါင်းထိ မြှင့်လိုက်ကြ၏။
ရုတ်ချည်းဆိုသလို ခရမ်းအလင်းတိုင်တခုက ကောင်းကင်ပေါ်ထိုးတက်သွားသည်။
ခရမ်းစွန်းဂိုဏ်းအပေါ်ကောင်းကင်၌ ခရမ်းငှက်မွှေးယပ်တောင်တခုကလေပေါ်၌ရပ်နေသည်။ ဒါက ဒီကမ္ဘာကြီးနှင့်တိုက်မိပြီး သိုင်းဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်နိုင်သည့် အဖျက်အော်ရာတခုဖြစ်သည်။
ခရမ်းစွန်းဂိုဏ်းတပည့်များက ကောင်းကင်ပေါ်သို့မော့ကြည့်ရင်း သူတို့၏မျက်နှာများက ထိတ်လန့်မှုဖြင့် ပြည့်နှက်နေကြ၏။
ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းကိုပင် သုံးရသည်အထိ အတိအကျဘာများ ဖြစ်ပျက်ခဲ့လေသနည်း။
ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းကို သေခြင်းရှင်ခြင်းကာလမကျရောက်သရွေ့ အလွယ်တကူအသက်သွင်းမည်မဟုတ်ပေ။
ဒါက ခရမ်းစွန်းဂိုဏ်းအခြေခံအုတ်မြစ်၏ တ၀က်ကျော်ကိုပင် ကုန်ခမ်းသွားစေသည်။
တချိန်တည်းမှာပင် ခရမ်းစွန်းဂိုဏ်း၏ မဟာအကြီးအကဲက လုချန်ရှန်းအား ကြည့်ရင်း လေးနက်စွာပြောသည်။
"စီနီယာ၊ ခင်ဗျားရဲ့ခွန်အားက အရမ်းနက်နဲတယ်ဆိုပေမယ့် ခရမ်းစွန်းဂိုဏ်းနဲ့ရန်သူဖြစ်ချင်တယ်ဆိုရင် ကျုပ်တို့ဖျက်ဆီးခံရရင်တောင် ခင်ဗျားလည်း ကြီးမားတဲ့တန်ဖိုးတခုခုကိုပေးဆပ်ရမယ်"
လုချန်ရှန်းခေါင်းမော့ရင်း ခရမ်းငှက်မွှေးယပ်တောင်ကိုကြည့်လိုက်၏။ သူက မေ့စေ့ကိုပွတ်ရင်းပြောသည်။
"ဒီအခင်းအကျင်းအစီအရင်က ဟာပေါက်တွေအပြည့်ပဲ၊ ဒါကငါ့ရဲ့အဆင့်မမြှင့်ရသေးတဲ့ မြေအောက်ကိုးသွယ်အစီအရင်ရဲ့ တသောင်းပုံတပုံလောက်တောင်မကောင်းဘူး" လုချန်ရှန်းစကားပြောနေရင်း ခရမ်းတိုင်ရှိရာသို့ လက်ညိုးထိုးလိုက်သည်။
ရုတ်ချည်းဆိုသလို ဓားတာအိုနိယာမပါ၀င်သည့် ဧရာမဓားတစ်လက်က လေထုကိုဖောက်ခွင်းကာ လေဟာနယ်အား ထိုးဖောက်သွား၏။
၎င်းဖြတ်သန်းသွားစဉ် လေဟာနယ်က ပြိုကွဲနေသည်။ ခရမ်းစွန်းဂိုဏ်းတခုလုံး၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ၎င်းက ခရမ်းငှက်မွှေးယပ်တောင်ကို အမှန်တကယ် ထိုးဖောက်သွားသည်။
ချက်ချင်းပင် ခရမ်းစွမ်းအခင်းအကျင်းက လေထဲတွင် ပျောက်ကွယ်သွားရသည်။
အကြီးအကဲများလက်ထဲက ခရမ်းတုံကင်များကလည်း အပိုင်းပိုင်းအစစ ကြေမွသွားကြ၏။
ဒါကိုမြင်သောအခါ ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲက တုန်လှုပ်ချောက်ချားသွားသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဇီရီမယုံနိုင်ဖြစ်နေသည်။
သခင်မလေးမုရဲ့နောက်ကွယ်မှာ တကယ်ပဲ ဒီလိုစွမ်းအားရှင်ရှိတာလား!
သူတို့ထပ်မတွေးနိုင်ခင်မှာပင် လုချန်ရှန်း လေပေါ်တက်သွားပြီး လက်အစုံကို ဖြန့်လိုက်၏။
ရုတ်ချည်းဆိုသလို ဓားဆန္ဒက အဆက်မပြတ်မြည်ဟီးရင်း လေထဲတွင် ပြည့်နှက်နေပြီး ဘက်ပေါင်းစုံပြန့်သွားကာ ခရမ်းစွန်းဂိုဏ်းတခုလုံးကိုလွှမ်းခြုံသွားသည်။
ခရမ်းစွန်းဂိုဏ်း မဟာအကြီးအကဲက ဒါကိုမြင်သောအခါ သူ့မျက်လုံးများက ပြူးကျယ်သွားသည်။
"စီနီယာ၊ ကျေးဇူးပြုပြီးသနားညှာတာပါဦး"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် အော်ဟစ်သံများက ခရမ်းစွန်းဂိုဏ်းတခုလုံးအတွင်း ပျံ့သွားသည်။
ပင်မအင်အားစုများက ဆည်းဆာဇုန်တခုလုံးရှိ ဒီအဖျက်စွမ်းအားအော်ရာကို ခံစားနေရသည်။
သူတို့က ခရမ်းစွန်းဂိုဏ်းရှိရာဘက်သို့ အလွန်လေးနက်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
"ခရမ်းစွန်းဂိုဏ်းက ဘယ်သူ့ကိုများ စော်ကားခဲ့တာလဲ"
"ဒီလိုအစွမ်းထက်ပုံရိပ်မျိုး..... သူက ဆည်းဆာဇုန်ကမဟုတ်လောက်ဘူး"
"ဟူး....၊ ကြည့်ရတာ ခရမ်းစွန်းဂိုဏ်းရဲ့ကံကြမ္မာက အဆုံးသတ်သွားပြီပဲ"
တခြားတဘက်တွင် တောင်တန်းတခုထဲတွင် ကျော၌ဆေးခြင်းလွယ်ထားသည့် အဖိုးအိုတစ်ဦးက နူးညံ့သည့်အပြုံးဖြင့် ထိုမြင်ကွင်းကို အဝေးတနေရာကနေ ကြည့်နေသည်။
"အိုး၊ ဒီနယ်မြေမှာ တကယ်ပဲဒီလိုစွမ်းအားရှင်ရှိတာလား"
"ကြည့်ရတာငါ့အတွက် ဒီနယ်မြေက ထွက်သွားဖို့အချိန်ကျပြီထင်ပါရဲ့..." စကားပြောပြီးသည်နှင့် အဖိုးအိုက တောင်တန်းထဲကနေ မည်သောအခါမှ မပေါ်လာခဲ့သည့်အလား ပျောက်ကွယ်သွားလေတော့သည်။
မြေပေါ်သို့ကျနေသည့်ဆေးခြင်းကသာလျှင် ဒီနေရာ၌မကြာခင်က တယောက်ယောက်လာခဲ့တာကို ဆိုလိုနေပေသည်။
အသက်ရှူကြိမ်ရေငါးကြိမ်အတွင်း ခရမ်းစွန်းဂိုဏ်းကတပည့်အားလုံးသေဆုံးသွားခဲ့ရသည်။
သူတို့အားလုံးက အဖျက်ဓားတာအိုအော်ရာဖြင့်အသတ်ခံရခြင်းပင်။
ခရမ်းစွန်းဂိုဏ်း မဟာအကြီးအကဲက ဒါကိုမြင်သောအခါ သူ့မျက်နှာက ဖြူဖျော့သွား၏။
ဒါဘယ်လိုခွန်အားမျိုးလဲ!
"ခင်ဗျားကဘယ်သူလဲ"
လုချန်ရှန်းမဖြေပေ။ ယင်းအစား သူလက်ညိုးထိုးလိုက်သည်။
သွေးပေါက်တပေါက်က ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲနဖူးတွင်ပေါ်လာသလို တခြားအကြီးအကဲများနှင့် ဇီရီတို့တွင်လည်း အလားတူဖြစ်သည်။
မနီးမဝေးတနေရာတွင် ခရမ်းစွန်းဂိုဏ်းမဟာအကြီးအကဲထက် အများကြီးပိုအားကောင်းသည့်နေရာတခုရှိနေသည်။ ၎င်းက ပုန်းနေပြီး ထွက်သွားချင်သော်လည်း လုချန်ရှန်းအနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။
သူရုတ်တရက်ကျောက်တုံးတတုံးကို သာမန်ကာလျှံမျှအမူအရာဖြင့် ကောက်ကိုင်ကာပစ်လိုက်သည်။
မနီးမဝေးက အော်ရာကလည်းသေဆုံးသွားရသည်။
သူကခရမ်းစွန်းဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲဖြစ်ရပေမည်။
ဒီအရာအားလုံးကိုလုပ်ပြီးနောက် လုချန်ရှန်း ဒီကမ္ဘာထဲကနေ မု၀မ်အာနှင့်အတူ ထွက်သွားလေတော့သည်။
သူဒီကမ္ဘာကထွက်သွားစဉ် လက်ဖဝါးတချက်ဖိနှိပ်ရန်လည်းမမေ့ခဲ့ပေ။ ဒီလက်ဖဝါးချက်က ခရမ်းစွန်းဂိုဏ်းတခုလုံးကို ဖုန်မှုန့်များအဖြစ် ကြေမွသွားစေပြီး မည်သည့်ပေါင်းပင်မှ မကျန်ရှိခဲ့ပေ။
အပိုင်း(598) coming။