#သစ်ပင်ကငြိမ်သက်မှုကိုလိုချင်သော်လည်း လေကမရပ်နိုင်#
Vol. 42 Ch. 598
ထာ၀ရသက်တမ်းကမ္ဘာသို့ပြန်လာပြီးနောက် မု၀မ်အာ၊ ဟုန်ရင်နှင့် ကျန်သောသူများက အတိတ်ကိုသတိရနေကြသည်။
ဟုန်ရင်ပြုံးသည်။
"ညီမလေး၀မ်က နောက်ဆုံးတော့လိုချင်တာကိုရသွားပြီး ဆရာ့ရဲ့တပည့်ဖြစ်လာပြီ၊ ကြည့်ရတာ ငါအနာဂတ်မှာ ဂျူနီယာညီမလေးလို့ခေါ်ရတော့မယ့်ပုံပဲ"
မု၀မ်အာက ဟုန်ရင်လက်ကိုကိုင်ထားပြီး ပြုံးသည်။
"စီနီယာအစ်မ"
ထိုအချိန်တွင် ကျောက်တုံးလေးက ဘေးကနေခေါင်းထုတ်လိုက်သည်။
"အစ်မကြီးက ငါ့ရဲ့ဂျူနီယာညီမလေးမလား" သူကပါးစပ်ထဲတွင် သကြားလုံးတုတ်ထိုးကိုကိုင်ရင်း တီးတိုးပြောသည်။
မု၀မ်အာ၏မျက်နှာက မည်းမှောင်သွားသည်။
သူမချက်ချင်းပင် ကျောက်တုံးလေးအား လက်ညိုးထိုးပြီး ခက်ထန်စွာပြောသည်။
"နင်ငါ့ကိုစီနီယာအစ်မလို့ခေါ်သင့်တယ်၊ ငါ့ကိုနည်းနည်းနောက်ကျပြီးမှ လက်ခံခဲ့တယ်ဆိုပေမယ့် စံအိမ်တော်ကို အရင်ကတည်းကလာခဲ့တာ"
ကျောက်တုံးလေးက ခေါင်းမော့စဉ် သူ့မျက်လုံးများ၌ ပြုံးရိပ်တခုဖြာသွားသည်။
"အစ်မကြီး၊ ငါ့ကိုအစ်မကြီးရဲ့အ၀တ်တထည်ပဲပေး၊ ငါစီနီယာအစ်မလို့ခေါ်မယ်"
"အ၀တ်လား"
မု၀မ်အာကြက်သေသေသွားသည်။
"နင်ဘာလို့ငါ့အ၀တ်ကိုလိုချင်ရတာလဲ"
ဘေးက ဟုန်ရင်နှင့်ရှီရှန်းတို့၏ အမူအရာများက မည်းမှောင်သွားကြ၏။
ရှီရှန်း ကျောက်တုံးလေးကို တိုက်ရိုက်ပင် မလိုက်သည်။
"ကောင်စုတ်လေး၊ မင်းရဲ့စရိုက်ကို ပြောင်းဖို့လိုနေပြီ"
"သူအရမ်းငယ်သေးတာတောင် နှာဘူးနဲ့တူနေပြီ၊ သူကြီးလာရင်ဘာများဖြစ်လာမလဲ" ဟုန်ရင် အကူအညီမဲ့စွာ မျက်နှာအား ဖုံးလိုက်မိသည်။
သို့စေကာမူ သူတို့ဂျူနီယာမောင်လေး၏ပါရမီက အတော်လေးမြင့်မားသည်။
ယခုလိုအသက်အရွယ်မှာပင် သူက သိုင်းဧကရာဇ်နယ်ပယ်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီဖြစ်ကာ အာကာသတာအို(လေဟာနယ်တာအို)တွင်လည်း ကျွမ်းကျင်သည်။
သူပို၍အားကောင်းလာသောအခါ ကမ္ဘာကြီးထဲတွင် နောက်ထပ်အစွမ်းထက်သည့် တေလေဂျပိုးတယောက်ရှိလာပေတော့မည်။
ဒါကိုတွေးမိသောအခါ ဟုန်ရင် ရှက်သွေးဖြာသွားသည်။
မု၀မ်အာကလည်းတုံ့ပြန်လာပြီး ရှက်သွေးဖြာကာ ကျောက်တုံးလေးအား စိမ်းဝါးဝါးစိုက်ကြည့်နေသည်။
ထိုအချိန်တွင် နင်းချန်ရှင်းပြန်လာသည်။
လူတိုင်းလှမ်းကြည့်လိုက်ကြ၏။
နင်းချန်ရှင်းတဝိုက်က ကွန်ဖြူးရှပ်တာအိုက ချုပ်တည်းခံထားရသော်လည်း အလွန်အမင်းသိပ်သည်းထူထဲနေသည်။
အရင်ကနှင့်စာပါက သူကအများကြီးတိုးတက်လာခဲ့သည်။
မှန်ပေသည်။ လုချန်ရှန်း၏ရှင်းလင်းချက်ပြီးနောက် နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအိုက ပို၍တိုးတက်လာသည်။
သူကစကားတလုံးတည်းနှင့် သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ပစ်နိုင်လေပြီ။
လုချန်ရှန်း နင်းချန်ရှင်းအားကြည့်ပြီး အပြုံးဖြင့်မေးသည်။
"မင်းဘယ်လိုထင်လဲ"
နင်းချန်ရှင်းလက်သီးနှစ်ဖက်ဆုပ်ကာ ပြုံးပြသည်။
"ကျေးဇူးပါ ဆရာ"
"ငါစကားနည်းနည်းပဲပြောခဲ့တာပါ၊ မင်းတိုးတက်လာရတဲ့အကြောင်းရင်းက မင်းကိုယ်တိုင်ရှာဖွေနိုင်ခဲ့လို့ပါပဲ"
သူ့အတွေးများကရှင်းလင်းနေသရွေ့ နင်းချန်ရှင်း ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းကို အလျင်အမြန်တိုးတက်အောင်လုပ်နိုင်သည်။
လုချန်ရှန်း ဝါးကုလားထိုင်ကနေထရပ်သည်။
"ဒီလိုဆိုမှတော့ မင်းတို့ရဲ့တာ၀န်ကို ငါထပ်ပြောမယ်"
ထိုနေရာတွင် လုချန်ရှန်း ဟုန်ရင်ကိုကြည့်လိုက်သည်။
"ပထမဆုံးအနေနဲ့၊ ဟုန်ရင်၊ မင်းကိုဘာလုပ်ရမလဲဆိုတာ ငါပြောပြီးပြီလို့ယုံကြည်တယ်၊ အချိန်ကျရောက်လာတဲ့အခါကျရင် မင်းရဲ့စိတ်ကူးအကြံတွေအတိုင်း တဆင့်ပြီးတဆင့် တခြားနယ်မြေတွေကို လွှဲပြောင်းယူပြီး တိမ်ဖီးနစ်အင်ပါယာကို အဆင့်နိမ့်ကြယ်နယ်မြေရဲ့ အရှင်သခင်ဖြစ်အောင် လုပ်ရမယ်"
ဟုန်ရင်ခေါင်းညိတ်သည်။
"ကျွန်မနားလည်ပါပြီ"
"ပြီးတော့ ချန်ရှင်း၊ မင်းတာ၀န်က မင်းရဲ့စီနီယာအစ်မနဲ့တူတယ်၊ အဆင့်နိမ့်ကြယ်နယ်မြေရဲ့ရှေးရိုးစွဲဘာသာရေးသင်္ကေတတခုဖြစ်လာပါစေ"
နင်းချန်ရှန်းခေါင်းညိတ်သည်။
"ရှီရှန်း" လုချန်ရှန်းလှည့်ပြီး ရှီရှန်းအား ကြည့်သည်။
"မင်းဟုတ်ရင်ကိုကူညီနေရင်းနဲ့ ကျင့်ကြံဖို့အတွက် ကြယ်စွမ်းအားကြွယ်၀တဲ့နေရာတခုကိုရှာပါ၊ တချိန်တည်းမှာတိုက်ခိုက်ပြီးရှာဖွေပါ၊ ဒါကမင်းအတွက် အသင့်တော်ဆုံးကျင့်ကြံခြင်းနည်းလမ်းပဲ"
ရှီရှန်း "နားလည်ပါပြီ"
"၀မ်အာအတွက်ကတော့....." လုချန်ရှန်း မု၀မ်အာအားကြည့်ရင်း သိုလှောင်လက်စွပ်ထဲကနေ ဧရာမဆေးပြင်းဖိုတလုံးကို ထုတ်ယူလိုက်သည်။
အဂ္ဂိရတ်ဆေးပြင်းဖိုက ဒယ်စောက်အရွယ်အစားခန့်ရှိပြီး ကိုးဘက်စလုံးတွင် နဂါးခေါင်းကိုးခုရှိသည်။
"ဒါကငါကိုယ်တိုင်သန့်စင်မွမ်းမံထားတဲ့ ဆေးပြင်းဖို့ပဲ၊ ဘယ်အဆင့်လဲဆိုတာကိုငါမသိပေမယ့် မင်းရဲ့အဂ္ဂိရတ်လမ်းစဉ်က ငါနဲ့ဆင်တူတယ်၊ မင်းဒါကိုအလွယ်တကူသုံးနိုင်မယ်လို့ငါယုံတယ်"
"ဒီဆေးပြင်းဖိုကို နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဒယ်စောက်လို့ခေါ်တယ်၊ ဒါကို မိစ္ဆာဝိဉာဉ်တွေသတ်ဖို့၊ ခုခံဖို့နဲ့ ဆေးလုံးတွေကို သန့်စင်ဖို့အတွက်သုံးလို့ရတယ်၊ ဒါက တပည့်လက်ခံတဲ့အနေနဲ့ အလုပ်သင်လက်ဆောင်အဖြစ် သဘောထားလိုက်"
မု၀မ်အာအလွန်အမင်းပျော်သွားသည်။
"ကျေးဇူးပါ၊ ဦးလေး"
လုချန်ရှန်းခေါင်းညိတ်သည်။
"မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက အရမ်းရိုးရှင်းပြီ၊ အဲဒါကခရီးထွက်ပြီးဆေးလုံးတွေသန့်စင်ရုံပဲ၊ ဒီတကြိမ်က မင်းရဲ့ အဂ္ဂိရတ်အခြေခံကို စမ်းသပ်ရမယ့်အချိန်ပဲ၊ တိမ်ဖီးနစ်အင်ပါယာက လူတိုင်းအတွက် ဆေးလုံးကို မင်းတယောက်တည်းဆီမှာ ငါထားခဲ့မယ်၊ တခြားအဂ္ဂိရတ်ပညာရှင်တွေနဲ့ ဒီ၀န်ထုပ်ကို ဝေမျှခွင့်မရှိဘူး၊ နားလည်လား"
ဟုန်ရင်အနည်းငယ်ထိတ်လန့်သွားပြီး စိုးရိန်တကြီးပြောသည်။
"ဆရာ၊ ကျေးဇူးပြုပြီးပြန်စဉ်းစားပေးပါဦး"
"တိမ်ဖီးနစ်အင်ပါယာမှာ လူအများကြီးရှိတယ်၊ ညီမလေး၀မ်အတွက် အင်ပါယာဆေးလုံးတွေရဲ့၀န်ထုပ်၀န်ပိုးကို တယောက်တည်းထမ်းဆောက်ရတာ အရမ်းမများလွန်းဘူးလား"
တခြားတဘက်တွင် လုချန်ရှန်း ဟုန်ရင်၏ အကြံပြုချက်ကို တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်သည်။
"မဟာကပ်ဘေးကြီးက ဘယ်အချိန်ကျရောက်လာမလဲဆိုတာငါမသိဘူး၊ ငါ့မှာဖြုန်းတီးဖို့အချိန်အများကြီးမရှိဘူး၊ မင်းအတွကိ ကျင့်ကြံခြင်းအစီအစဉ်တခုရေးဆွဲချင်မှတော့ ငါတင်းကျပ်ဖို့လိုတယ်၊ တကယ်လို့ငါက နတ်ဆိုးနယ်မြေက ကောင်းကင်ဖိနှိပ်စေတီကို ခိုင်မာအောင် မလုပ်နိုင်ဘူးဆိုရင် ကပ်ဘေးကြီးက တကယ်ကို မဝေးလောက်တော့ဘူး"
လုချန်ရှန်းကအတော်လေးသတိထားတတ်သူဖြစ်ရာ သူပြင်ဆင်ရန်လိုအပ်သည်။
ဟုန်ရင်တခုခုပြောရန်ပြင်လိုက်စဉ်မှာပင် မု၀မ်အာ ပြတ်သားသည့်အမူအရာဖြင့်ပြောလိုက်သည်။
"အစ်မဟုန်ရင်၊ ညီမလုပ်နိုင်တယ်"
ဟုန်ရင် မု၀မ်အာအား လှမ်းကြည့်လိုက်မိသည်။
မု၀မ်အာ နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဒယ်စောက်ဘေးသို့လျှောက်သွားပြီး အိုးကိုသူမလက်ချောင်းများနှင့် ပွတ်သပ်နေသည်။
"ငါနင့်ကိုစိတ်မပျက်စေရပါဘူး"
ဒါကိုမြင်သောအခါ လုချန်ရှန်းပြုံးရင်းခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့သွားပြီးချက်ပြုတ်ကြတော့၊ စားသောက်ပြီးရင် ငါတို့ကျင့်ကြံခြင်းအစီအစဉ်ကိုစတင်လို့ရပြီ၊ အားလုံးအောင်မြင်စွာ ပြီးမြောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
ဟုန်ရင်နှင့်ကျန်သောသူများကပြုံးလိုက်ကြပြီး မီးဖိုချောင်ထဲလျှောက်သွားကြသည်။
စားသောက်ပြီးနောက် ကျောက်တုံးလေးကလွဲ၍ ကျန်သောသူအားလုံးက ထာ၀ရသက်တမ်းကမ္ဘာက ထွက်သွားကြလေတော့သည်။
လုချန်ရှန်း မိုးမခပင်ဘေးတွင်ထိုင်နေသည်။
မိုးမခပင်က ရုတ်တရက်အသံထွက်လာသည်။
"ဒါကမင်းနဲ့မတူဘူး"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းခါးသီးစွာပြုံးသည်။
"တကယ်လို့အမြဲတမ်းငြိမ်းချမ်းနေမယ်ဆိုရင် သေခြင်းရှင်ခြင်းအကြောင်းကို ဘယ်သူကများ တွေးတောချင်တော့မှာလဲ"
"မင်းဒီတပည့်တွေလက်ခံပြီးကတည်းက သူတို့ကသာမန်လူတွေမဟုတ်တာကို သိတယ်မလား၊ သူတို့က မဟာတာအိုထိပ်ဆုံးကိုတက်လှမ်းပြီး အထွတ်အထိပ်အဆင့်မှာရပ်တည်ဖို့အတွက် ကံပါလာတဲ့သူတွေပဲ"
လေပြေလေညင်းတချက်က မိုးမခကိုင်းများအားကျီစယ်သွားပြီး မိုးမခရွက်များက လေထဲတွင် လွင့်မြောနေသည်။
လုချန်ရှန်းအကူအညီမဲ့စွာပြောသည်။
"ဒီတော့ ဒီလိုပဲလုပ်ရတော့မှာပေါ့"
"ဘာပဲဆိုဆို ဒီအရာတွေဖြေရှင်းပြီးတဲ့အခါကျရင် ငါလည်း ငြိမ်းချမ်းတဲ့ဘ၀တခုမှာ နေထိုင်နိုင်လောက်မှာပါ"
ငြိမ်းချမ်းတဲ့ဘ၀လား!
မိုးမခပင်တွေးနေသည်!
ဒါပေမယ့်မင်းကပိုတောင်ထူးခြားသေးတယ်!
မင်းရဲ့ပါရမီနဲ့ နက်ရှိုင်းလှသည့်ခွန်အားက ကောင်းကင်နှင့်မြေကြီးရဲ့တာ၀န်ကို ဆောင်ကြဉ်းပေးတယ်၊ ဒါက ဖြစ်နိုင်တာက.... အစပဲရှိနိုင်ပါသေးတယ်!
သူ့တပည့်များထွက်သွားပြီးနောက် လုချန်ရှန်း တတိယအဆင့်ကိုပြင်ဆင်သည်။
ဒါကသူ့ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံးတိုးမြှင့်ရန်ပင်။
ဒါပေမယ့် ငါ့ခွန်အားကိုဘယ်လိုတိုးမြှင့်ရမလဲ!
တညလုံးစဉ်းစားပြီးနောက် လုချန်ရှန်း သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးရန်ရွေးချယ်လိုက်၏။
သူ့တပည့်များ၏ကျင့်ကြံခြင်းနည်းစနစ်များကမူ သင့်တော်သည်ဟု လုချန်ရှန်းမထင်ပေ။
သူတို့၏ကျင့်ကြံခြင်းနည်းစနစ်များက မဟာတာအိုကိုကျင့်ကြံခြင်းဖြစ်သည်။
ဥပမာအားဖြင့် ယဲ့ချိုးပိုင်က ဓားတာအိုဖြစ်သဘ်။
နင်းချန်ရှင်းက ကွန်ဖြူးရှပ်တာအို!
ရှီရှန်းက ကြယ်တာအို!
လုချန်ရှန်းကျတော့ရော!
သူအရာတိုင်းကိုအနည်းငယ်သိပုံရသည်။
ထို့နောက် သူအားလုံးကိုအတူတကွပေါင်းစပ်ပြီး သူပိုင်ဆိုင်သည့်ကျင့်ကြံခြင်းနည်းစနစ်တခုကိုဖန်တီး၍ရသည်။
ဒါက သူတစ်ဦးတည်းသာကျင့်ကြံနိုင်မည့် ကျင့်ကြံခြင်းနည်းစနစ်တခုပေတည်း။
ထို့နောက်တွင်သာ သူကရောထွေးမဟာတာအိုကိုကျွမ်းကျင်ပြီး ပိုတောင်အားကောင်းလာနိုင်ပေသည်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းစတင်တွေးတောသည်။
ဒီအတွေးက လပေါင်းများစွာကြာနိုင်လောက်သည်။
ဟုန်ရင်နှင့်ကျန်သောသူများက တိမ်ဖီးနစ်အင်ပါယာကို သူတို့၏ပထမဆုံးပစ်မှတ်နယ်မြေသို့ ဦးဆောင်ခဲ့ကြသည်။
တောက်ပမီးပွင့်ဒေသ!
အပိုင်း(599) coming။