#အရှုံးပေးသူတွေကအသတ်မခံရဘူး#
Vol. 42 Ch. 599
တောက်ပမီးပွင့်ဒေသကို အဆင့်နိမ့်ကြယ်နယ်မြေ၌ နယ်နိမိတ်မဲ့ကမ္ဘာအပြီးတွင် ဒုတိယမြောက်ထိပ်တန်းနယ်မြေတခုအဖြစ် မှတ်ယူ၍ရသည်။
ဟုန်ရင်၏အကြံက အားကောင်းသည့်နယ်မြေကနေ အားနည်းသည့်နယ်မြေထိ သိမ်းပိုက်သွားရန်ပင်။
သူတို့ထိုအဆင့်နိမ့်နယ်မြေများသို့ရောက်သောအခါ အင်ပါယာထဲက တခြားသူများကို သိမ်းပိုက်ရန်အတွက် လက်လွှဲပေး၍ရသည်။
သို့စေကာမူ တောက်ပမီးပွင့်ဒေသ၏ တည်ဆောက်ပုံက အတော်လေးရှုပ်ထွေးသည်။
နယ်နိမိတ်မဲ့ဧကရာဇ်ထိန်းချုပ်ထားသည့် နယ်နိမိတ်ကမ္ဘာနှင့် မတူဘဲ တောက်ပမီးပွင့်ဒေသကအင်အားစုများကို အဓိကဂိုဏ်းလေးခုအဖြစ်ခွဲခြားထားသည်။
ဒီဂိုဏ်းလေးဂိုဏ်းက တောက်ပမီးပွင့်ဒေသ၏ နေရာလေးဘက်ကိုထိန်းချုပ်ထားသည်။
၎င်းတို့က အရှေ့မီးပွင့်ဂိုဏ်း၊ တောင်မီးပွင့်ဂိုဏ်း၊ အနောက်မီးပွင့်ဂိုဏ်းနှင့် မြောက်မီးပွင့်ဂိုဏ်းတို့ဖြစ်သည်။
ဒီဂိုဏ်းလေးဂိုဏ်းက တကယ်တမ်းတွင် ရှေးခေတ်တုန်းက ဂိုဏ်းတစ်ဂိုဏ်းတည်းဖြစ်ခဲ့သည်ဟုပင် ဆိုရိုးစကားရှိသည်။
သို့စေကာမူ မည်သို့ပင်ဆိုစေကာမူ ဒီဂိုဏ်းလေးဂိုဏ်းတွင် အပေါ်ယံ၌ သိုင်းဧရာဇ်နယ်ပယ်စွမ်းအားရှင်နှစ်ဦးစီရှိကြပြီး စုစုပေါင်းရှစ်ဦးရှိသည်။
အဆင့်နိမ့်ကြယ်နယ်မြေတွင် နယ်နိမိတ်မဲ့ကမ္ဘာကလွဲ၍ ဒါကိုဒုတိယမြောက်ထိပ်တန်းနယ်မြေဟုပင် မှတ်ယူနိုင်သည်။
ယနေ့တွင် တောက်ပမီးပွင့်ဒေသက တည်ငြိမ်အေးချမ်းနေပုံရသည်။
သို့စေကာမူ မီးပွင့်ဂိုဏ်းလေးခု၏ ကိုယ်ပိုင်တပည့်များအပါအ၀င် ဂိုဏ်းချုပ်များနှင့် အကြီးအကဲများပါထွက်လာသည်။
သူတို့က ဂိုဏ်းလေးဂိုဏ်း၏ ဗဟိုချက်အထက်ရှိ ကောင်းကင်သို့ရောက်လာကြ၏။ ထိုနေရာက အက်ကြောင်းတခုက ဖြည်းညင်းစွာပွင့်နေသည်။ ထို့ထဲတွင် ကြယ်ဆန္ဒများက ပြည့်လျှမ်းနေသည်။
အရှေ့မီးပွင့်ဂိုဏ်းချုပ်ကပြုံးသည်။
"ကြည့်ရတာ လျှို့ဝှက်နယ်မြေပေါ်လာတော့မယ့်ပုံပဲ၊ အထဲမှာဘယ်လိုရတနာတွေရှိသလဲဆိုတာ ငါသိချင်မိတယ်"
တောင်မီးပွင့်ဂိုဏ်းချုပ်က နှာခေါင်းရှုံ့သည်။
"ဘာပဲဆိုဆို ဒါက မင်းတို့အရှေ့မီးပွင့်ဂိုဏ်းနဲ့ဘာမှမသက်ဆိုင်ဘူးမလား၊ နောက်ဆုံးအကြိမ်က လျှို့ဝှက်နယ်မြေကို မင်းတို့ အရှေ့မီးပွင့်ဂိုဏ်းက လက်ဝါးကြီးအုပ်ခဲ့တာပဲလေ"
မြောက်မီးပွင့်ဂိုဏ်းချုပ်နှင့် အနောက်မီးပွင့်ဂိုဏ်းချုပ်တို့ကလည်းခေါင်းညိတ်ကြသည်။
အရှေ့မီးပွင့်ဂိုဏ်းချုပ်ဒါကိုမြင်သောအခါ သူ့နှလုံးသားကမှောင်မိုက်သွားရသော်လည်း အပေါ်ယံတွင်ပြုံးနေသေးသည်။
"သေချာတာပေါ့၊ ဒီတကြိမ် ဒီမှာရှိနေတာက တချက်ကြည့်ပြီး ဂိုဏ်းတပည့်တွေကို သူတို့ရဲ့အမြင်ကျယ်စေဖို့အတွက် စွပ်ပြုတ်တခွက်တိုက်ကျွေးချင်လို့ပါပဲ"
"ဒီလိုပဲမျှော်လင့်ပါတယ်"
ဂိုဏ်းလေးဂိုဏ်းကြားကဆက်ဆံရေးက သဟဇာတဖြစ်မနေတာ သိသာထင်ရှားနေသည်။
သူတို့အားလုံးက တခြားမီးပွင့်ဂိုဏ်းသုံးဂိုဏ်းလုံးကိုသိမ်းပိုက်ကာ တောက်ပမီးပွင့်ဒေသ၏ တခုတည်းသောထိပ်တန်းတည်ရှိမှုဖြစ်လာချင်ကြသည်။
ထိုအချိန်တွင် တောက်ပမီးပွင့်ဒေသအထက်၌ ရုတ်တရက် တိမ်မည်းကဲ့သို့ အမှောင်ထုက ကမ္ဘာပေါ်သို့ဆင်းသက်ကာ နေမင်းကြီးကိုပင်ပိတ်ဆို့ပစ်လိုက်သည်။
မီးပွင့်ဂိုဏ်းလေးဂိုဏ်းက ကောင်းကင်ပေါ်သို့ အနည်းငယ်ထိတ်လန့်နေသည့် အမူအရာဖြင့် ကြည့်လိုက်ကြ၏။
ဒါက ကောင်းကင်ထက်တွင် တိမ်မည်းများရှိမနေသောကြောင့်ပင်။
ဒါက လျှို့ဝှက်နယ်မြေပွင့်တော့မည်ဖြစ်သည့်အပေါ် ကောင်းကင်နှင့်မြေကြီးက ထုတ်လွှတ်ပေးသည့်ဖြစ်စဉ်မဟုတ်ပါ။
လျှို့ဝှက်နယ်မြေအထက်ကောင်းကင်၌ ပြည့်လုနီးပါးဖြစ်ပြီး နေကိုလုံး၀ဖုံးထားကာ ဘယ်အရာကိုမှ မထုတ်ဖော်ထားသည့် သိပ်သည်းထူထဲသောအရိပ်တခုပေတည်း။
ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းချုပ်များက ကောင်းကင်ပေါ်သို့ပျံသန်းသွားကြပြီးရှေ့က ရွှေချပ်၀တ်စစ်တပ်ကိုကြည့်ရင်း သူတို့၏အမူအရာများက လေးနက်သွားကြ၏။
ဒီတပ်များကအတော်လေးအစွမ်းထက်သည်။
မဟာဂိုဏ်းလေးဂိုဏ်းပေါင်းလျှင်ပင် ယခုလိုအားကောင်းသည့်စစ်တပ်မျိုးကို စုစည်းနိုင်မည်မဟုတ်။
အရှေ့မီးပွင့်ဂိုဏ်းချုပ်ဒေါင်ဟွန် လက်နှစ်ဖက်ဆုပ်ရင်း ကျယ်လောင်စွာပြောသည်။
"ဘယ်ဂိုဏ်းကများ ကျုပ်တို့ရဲ့တောက်ပမီးပွင့်ဒေသကို လာလည်တာများလဲဆိုတာ ကျုပ်သိချင်မိတယ်၊ လာပြီး ကျုပ်တို့နဲ့ တွေ့လို့ရမလား"
ထိုအချိန်တွင် နတ်ဘုရားမတစ်ပါးကဲ့သို့ ဟုန်ရင်က ကောင်းကင်ကနေဆင်းသက်လာသည်။
ရှီရှန်းနှင့်နင်းချန်ရှင်းတို့က သူမနောက်တွင်ရှိနေကြသည်။
မူလက ဟုန်ရင်နှင့်ကျန်သောသူများအဖို့ ယခုလိုဖြစ်ရပ်များ၌ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်မလိုအပ်ပါ။
သို့စေကာမူ ဟုန်ရင်က အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကိုသိမ်းပိုက်ရန်လိုအပ်လေရာ ဒီကိစ္စ၌ သူမ၏ခွန်အားကို သိသာထင်ရှားသည့်နည်းဖြင့်ပြသရပေမည်။ သို့မှသာ တခြားနယ်မြေများကို လုံး၀ယုံကြည်အောင် လုပ်နိုင်ပေလိမ့်မည်။
ဟုန်ရင်နှင့်ကျန်သောသူများကိုမြင်သောအခါ ဂိုဏ်းချုပ်ဒေါင်ဟွန် မျက်ခုံးပင့်ရင်းမေးလိုက်သည်။
"မင်းတို့ဘယ်ဂိုဏ်းကလဲ၊ ပြီးတော့ဘာလို့ ငါတို့ရဲ့တောက်ပမီးပွင့်ဒေသကို လာရသလဲဆိုတာ ကျုပ်သိခွင့်ရှိမလား"
ဟုန်ရင် ဧကရီ၀တ်ရုံကို၀တ်ဆင်ထားပြီး လက်ထဲတွင် ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ကာ ထူးမခြားနားစွာပြောသည်။
"ထာ၀ရသက်တမ်းကမ္ဘာ၊ တိမ်ဖီးနစ်အင်ပါယာ"
ထာ၀ရသက်တမ်းကမ္ဘာ!
တိမ်ဖီးနစ်အင်ပါယာ!
အဲဒါဘယ်နယ်မြေလဲ!
ပြီးတော့ အဲဒါဘယ်ဂိုဏ်းလဲ!
ဂိုဏ်းလေးဂိုဏ်း၏ဂိုဏ်းချုပ်များက ကြက်သေသေသွားကြသည်။
တောက်ပမီးပွင့်ဒေသအတွက် သူတိုဘက အဆင့်နိမ့်ကြယ်နယ်မြေက ထိပ်တန်းဂိုဏ်းအားလုံးက်ုကြားဖူးပါသည်။
သို့စေကာမူ သူတို့က ထာ၀ရသက်တမ်းကမ္ဘာကိုတခါမှမကြားဖူးပေ။
ဒါက ထာ၀ရသက်တမ်းကမ္ဘာက အဆင့်နိမ့်နယ်မြေတခုဟုဆိုလိုနေခြင်းမဟုတ်ပေလော။
အထက်ကမ္ဘာကျတော့ရော!
ဂိုဏ်းလေးဂိုဏ်း၏ဂိုဏ်းချုပ်များက ဒီအကြောင်းကိုတခါမှမတွေးမိကြပါ။
သူတို့ဘာလို့ ငါတို့ရဲ့တောက်ပမီးပွင့်ဒေသကိုလာကြတာလဲ!
အကယ်၍ဒါကသာ အလယ်အလတ်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဆိုပါက သူတို့ယဉ်ကျေးပြီးသတိထားနေရန်မလိုပေ။
တောင်မီးပွင့်ဂိုဏ်းချုပ်ရှီဟွန်က နှာခေါင်းရှုံ့သည်။
"ဘာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီးထွက်သွားပေးပါ၊ ငါတို့ဂိုဏ်းလေးဂိုဏ်းမှာ အခုမင်းတို့ကို ဂရုစိုက်နေဖို့အတွက် အချိန်မရှိဘူး"
ဂိုဏ်းချုပ်ဒေါင်ဟွန်၏အမူအရာကလည်း အရင်ကဲ့သို့ယဉ်ကျေးမနေတော့ဘဲ အလွန်အမင်းအေးစက်သွား၏။
"မင်းတို့အခုထွက်သွားမယ်ဆိုရင် ဒီလောက်ရိုင်းစိုင်းပြီး ငါတို့တောက်ပမီးပွင့်ဒေသကို ကြိုတင်အသိမပေးတဲ့၀င်လာတဲ့အပေါ် ငါတို့ခွင့်လွှတ်ကောင်းခွင့်လွှတ်ပေးနိုင်တာပေါ့"
ဒါကိုမြင်သောအခါ ဟုန်ရင်ဘာမှမဆိုတော့ဘဲ တည်ငြိမ်စွာပြောသည်။
"အရှုံးပေးတဲ့သူတွေကိုမသတ်ဘူး"
သူမ၏မျက်လုံးထဲက အထင်အမြင်သေးမှုများက သိသာထင်ရှားနေသည်။
အင်ပါယာချီက ထိုနယ်မြေသို့ အပြတ်အသတ်ပင်ချဉ်းကပ်လာနေသည်။
အညံ့ခံသူတွေကိုမသတ်ဘူးလား!
ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းချုပ်များက နှာခေါင်းရှုံ့လိုက်ကြ၏။
"မင်းရဲ့ခွန်အားလေးနဲ့ ငါတို့ကို အရှုံးပေးစေဖို့အတွက် အရည်အချင်းရှိလို့လား"
"မင်းရဲ့ပန်းတိုင်ကဘာလဲဆိုတာငါမသိပေမယ့် ဒီလိုစကားလုံးတွေပြောခြင်းက မင်းရဲ့ သေခြင်းတရားကိုသတ်မှတ်ပြီးသားဖြစ်သွားပြီ"
"ငါတို့ရှေ့မှာ နယ်နိမိတ်မဲ့ကမ္ဘာက နယ်နိမိတ်မဲ့အင်ပါယာလိုအင်အားစုတွေကပဲ ဒီလိုစကားမျိုးတွေကိုပြောပိုင်ခွင့်ရှိတယ်၊ မင်းကကိုယ့်ကိုကိုယ်ဘယ်သူလို့ထင်နေတာလဲ"
အကယ်၍ ဂိုဏ်းချုပ်လေးဦးတို့ကသာ တိမ်ဖီးနစ်အင်ပါယာ၏ စုစုပေါင်းခွန်အားက နယ်နိမိတ်မဲ့အင်ပါယာထက် ကျော်လွန်နေတာကိုသိမည်ဆိုပါက သူတို့ဘယ်လိုတွေးကြလေမည်နည်း။
"ဂိုဏ်းလေးဂိုဏ်းက တပည့်နဲ့အကြီးအကဲတို့၊ နားထောင်ကြ"
ထိုအချိန်တွင် ဂိုဏ်းချုပ်လေးဦးက တချိန်တည်းတွင်အမိန့်ပေးသည်။
"ဒီနိမ့်ကျတဲ့အင်အားစုတွေကိုသတ်ပစ်၊ ဘယ်သူမှအသက်မရှင်စေနဲ့"
ထိုအချိန်တွင် အကြီးအကဲများနှင့် ဂိုဏ်းလေးဂိုဏ်း၏ကိုယ်ပိုင်တပည့်များက တိမ်ဖီးနစ်အင်ပါယာဆီသို့ပြေး၀င်သွားကြ၏။
ထို့ထဲတွင် ဂိုဏ်းလေးဂိုဏ်း၏ မဟာအကြီးအကဲများက သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်စွမ်းအားရှင်များဖြစ်ကြသည်။
သူတို့က ဟုန်ရင်နှင့်တခြားသူများရှေ့သို့ရောက်လာသည်။
ဟုန်ရင်တည်ငြိမ်စွာပြောသည်။
"သတ်"
ထို့နောက် သူမလက်ထဲတွင် ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ကာ မဟာအကြီးအကဲတစ်ဦးထံပြေး၀င်သွား၏။
ပြန်လည်မွေးဖွားခြင်းဆန္ဒက ပူပြင်းသည့်နေမင်းကဲ့သို့ပင် ထိုးထွက်လာသည်။
ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကိုကိုင်လိုက်စဉ် ကြယ်စွမ်းအားက သူ့ကိုယ်ထဲက ထိုးထွက်လာပြီး လေဟာနယ်အား ဖြတ်သန်းသွား၏။
ကောင်းကင်၌ ကြယ်နှစ်ပွင့်ပေါ်လာပြီး တောက်ပစွာလင်း၀င်းနေသည်။
နင်းချန်ရှင်း သင်္ကေတစကားလုံးကိုးလုံးကို ထုတ်လွှတ်သည်။
ရွှေရောင်ကြေးခွံနတ်လှံကိုကိုင်ထားသည့် နတ်ဗိုလ်ချုပ်က ရှေးဟောင်းစာလုံးကိုးလုံးကနေ အသွင်ပြောင်းလာပြီး နတ်အလင်းက ကောင်းကင်၌ လင်း၀င်းသွားသည်။
အဖြူရောင်နတ်အလင်းက ဒီကမ္ဘာကြီး၌ အံ့ဖွယ်အရာတခုဆင်းလာသည့်အလား ဆင်းသက်လာပြီး နတ်ဗိုလ်ချုပ်ကိုလွှမ်းခြုံသွား၏။
သုံးဦးစလုံးက သူတို့၏ခွန်အားများကို ထုတ်လွှတ်လိုက်ကြသည်။
မဟာအကြီးအကဲလေးဦး၏အမူအရာများကပြောင်းလဲသွားကြသည်။
တချိန်တည်းမှာပင် ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းချုပ်များက ရုတ်ချည်းဆိုသလို အလွန်အမင်းအန္တရာယ်ရှိသည့်ခံစားချက်ကို ခံစားလိုက်ကြရသည်။ သူတို့က သေခြင်းတရား၏ ရနံ့ကိုပင်ရှုရှိုက်နေရလေပြီ။
အော်ရာကိုထုတ်လွှတ်ရုံမျှနှင့် သူတို့ကို ယခုလိုခံစားရအောင်လုပ်နိုင်ခြင်းက တဘက်လူက သေချာပေါက်သာမန်မဟုတ်ပေ။
ဂိုဏ်းချုပ်ဒေါင်ဟွန်ချက်ချင်းပြောသည်။
"တခုခုမှားနေပြီ၊ အတူတကွတိုက်ခိုက်ကြရအောင်"
ကျန်သောဂိုဏ်းချုပ်သုံးဦးကလည်း လေးနက်စွာခေါင်းညိတ်လိုက်ကြသည်။
ယခုတကြိမ်တွင် သူတို့၏အမြင်များက အံ့ဩစရာကောင်းလောက်အောင် တစ်စိတ်တစ်၀မ်းတည်းဖြစ်နေခဲ့ကြ၏။
ပြင်ပရန်သူများနှင့်ရင်ဆိုင်ရသောအခါ သူတို့၏ဆက်ဆံရေးကမည်မျှပင်ဆိုးဝါးနေပါစေ၊ သူတို့ကမီးနှင့်ရေလိုဖြစ်နေပါစေ ဘုံရန်သူများအတွက်ကြောင့် ညီအစ်ကိုများပမာဖြစ်လာကြသည်။
သို့စေကာမူ သိုင်းဧကရာဇ်နယ်ပယ်အထွတ်အထိပ်အဆင့်ဂိုဏ်းချုပ်လေးဦးရှိတော့ရောဘာအရေးနည်း!
ဟုန်ရင်နှင့်ကျန်နှစ်ယောက်၏လက်ရှိနယ်ပယ်အရ မြေအင်မော်တယ်တစ်ဦးရှိလျှင်ပင် သူတို့သုံးယောက်အတူတကွတိုက်ခိုက်နိုင်သည်။
အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်းမှာပင် မဟာအကြီးအကဲလေးဦးနှင့် ဂိုဏ်းချုပ်လေးဦးတို့က အသက်ဓာတ်ကိုလုံး၀ဆုံးရှုံးသွားရသည့် အလောင်းများအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်ကနေ ကျဆင်းလာကြသည်။
ဟုန်ရင် သူမ၏လှံကို ကျန်သူများရှိရာဘက်သို့ညွှန်ရင်း အော်ဟစ်လိုက်သည်။
"အညံ့ခံသူတွေကိုမသတ်ဘူး"
အပိုင်း(600) coming။