← Chapters

#မြင့်မြတ်အက္ခရာဘိုးဘေးမြေ#

Vol. 42 Ch. 600

#မြင့်မြတ်အက္ခရာဘိုးဘေးမြေ#

Vol. 42 Ch. 600

တောက်ပမီးပွင့်ဒေသ၏ သိုင်းဧကရာဇ်စွမ်းအားရှင်ရှစ်ဦးက ကောင်းကင်ပေါ်က လူသုံးယောက်၏ လှုပ်ရှားမှုတခုကိုပင် ခံနိုင်ရည်မရှိဘဲ တိုက်ရိုက်သေဆုံးသွားရသည်။

အောက်ကဂိုဏ်းလေးဂိုဏ်းမှ ကိုယ်ပိုင်တပည့်များနှင့်အကြီးအကဲများက တိမ်ဖီးနစ်အင်ပါယာစစ်တပ်နှင့် တိုက်ခိုက်နေတာကိုရပ်လိုက်ကြပြီး အလောင်းရှစ်လောင်းကို ကြောက်ရွှံ့စွာကြည့်နေကြသည်။

ဒီအလောင်းရှစ်လောင်းက သူတို့တောက်ပမီးပွင့်ဒေသ၏ ထိပ်တန်းတိုက်ပွဲခွန်အားကို ကိုယ်စားပြုနေလေပြီ။

ထိုအချိန်တွင် ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ပြီး ကောင်းကင်ထက်တွင်ရပ်နေသည်။

သူမ၏တောက်ပသောရွှေရောင်အဆင်းများပါသည့်ဧကရီ၀တ်ရုံက လေမတိုက်ဘဲ ကောင်းကင်၌ တလူလူလွင့်မြောနေပြီး သူမ၏ အင်ပါယာချီကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် ဟုန်ရင်က သေမျိုးကမ္ဘာသို့ဆင်းသက်လာသည့် ကောင်းကင်ဘုံဧကရီတစ်ပါးနှင့်တူနေသည်။

မည်သူ့တွင်မှ ခုခံရန်အတွက်ရည်ရွယ်ချက်မရှိကြတော့ပါ။

"အညံ့ခံသူတွေကအသတ်မခံရဘူး"

ဒီစကားလုံးများက တောက်ပမီးပွင့်ဒေသတခုလုံး၌ပျံ့သွားပြီး ကျင့်ကြံသူအားလုံး၏နားထဲတွင် ပဲ့တင်ထပ်လာသည်။

တောက်ပမီးပွင့်ဒေသ၏ ကိုယ်ပိုင်တပည့်များနှင့်အကြီးအကဲများက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။

သူတို့၏ကျောရိုးနောက်ခံကိုဆုံးရှုံးလိုက်ရသဖြင့် သူတို့မျက်နှာများက အကြောက်တရားနှင့် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကြသည်။

ထိုအချိန်တွင် အရှေ့မီးပွင့်ဂိုဏ်းက အကြီးအကဲတစ်ဦးက ရုတ်တရက်သက်ပြင်းချသည်။

"အင်ပါယာဟောင်းကမရှိတော့ဘူးဆိုတော့ အင်ပါယာအသစ်ကို ထူထောင်သင့်ပါပြီ"

ထို့နောက် သူဟင်းလင်းပြင်ထဲတွင်ဒူးထောက်ရင်း ဟုန်ရင်အား လက်နှစ်ဖက်ဆုပ်သည်။

"အရှေ့မီးပွင့်ဂိုဏ်းကအညံ့ခံပါတယ်"

ဒီလူက အရှေ့မီးပွင့်ဂိုဏ်း၏ ဒုတိယအကြီးအကဲဖြစ်သည်။

သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်ကိုရောက်ပြီးနောက် သူ့ကျင့်ကြံခြင်းက ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲထက်သာ နိမ့်ကျသည်။

ယခုတွင်မူ ထိုနှစ်ယောက်၏အသက်က ဖျက်ဆီးခံလိုက်ရပြီ‌ဖြစ်လေရာ သူက အရှေ့မီးပွင့်ဂိုဏ်းကို ယာယီစီမံကိုင်တွယ်ရတော့မည်။

ဒါကိုမြင်သောအခါ ဟုန်ရင်ခေါင်းညိတ်ပြီး ထူးမခြားနားစွာပြောသည်။

"ဒီလိုဆိုမှတော့ နင်ကအခုကနေစပြီး အရှေ့မီးပွင့်ဂိုဏ်းကို တာ၀န်ယူလိုက်တော့"

ဒီစကားကိုကြားသောအခါ အရှေ့မီးပွင့်ဂိုဏ်း၏ ဒုတိယအကြီးအကဲကပျော်သွားသည်။

ဟုန်ရင်၏စကားနှင့်အတူ မူလက တာ၀န်ယူခဲ့ရသည့်သူက အရှေ့မီးပွင့်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး တကယ်ဖြစ်လာလေပြီ။

ဒီဂိုဏ်းချုပ်က ရုပ်သေးတခုဟုဆို၍ရသော်လည်း ဟုန်ရင် ဒါကိုသူတို့အား ချိုမြိန်သည့်အခိုက်အတန့်တခုပေးရန် လုပ်ခဲ့ခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဖိအားကလုံလောက်နေပြီဖြစ်လေရာ အချိန်မှန်တွင် သူတို့အား ချိုမြိန်သည့်အချိန်ကောင်းတခုမပေးပါက ချိုမြိန်မှုကိုသူတို့မစမ်းကြည့်နိုင်လျှင် တိမ်ဖီးနစ်အင်ပါယာကို ဒီကမ္ဘာအား စီမံမည့်အပေါ် သဘောတူလိမ့်မည်မဟုတ်။

ဤသို့ဆိုပါက ပထမလူနှင့်အတူ၊ ဒုတိယလူ၊ တတိယလူများပါ သေချာပေါက်ပေါ်လာကြမည်သာ။

ဒါ့အပြင် အကျိုးကျေးဇူးကိုမြင်ခဲ့ကြသဖြင့် ကျန်သောဂိုဏ်းများမှ အကြီးအကဲများနှင့် ကိုယ်တိုင်တပည့်များကလည်း အလျင်စလိုဒူးထောက်ကာ အညံ့ခံလိုက်ရသည်။

ဒီလိုနှင့် တောက်ပမီးပွင့်ဒေသကို တိမ်ဖီးနစ်အင်ပါယာက အပြည့်အ၀ထိန်းချုပ်လိုက်လေတော့သည်။

မည်သို့ပင်ဆိုစေကာမူ အားအကောင်းဆုံးဂိုဏ်းလေးဂိုဏ်းကပြီးသွားလေပြီ။

တခြားဂိုဏ်းများကမူ သူတို့က မာကျောမှုနှင့်နူးညံ့မှုနှစ်ခုစလုံးတွင် တိုးတက်နေသရွေ့ ဒါကပြဿာနာကြီးမဟုတ်ပေ။

ထိုအချိန်တွင် အရှေ့မီးပွင့်ဂိုဏ်း၏ ဒုတိယအကြီးအကဲက ပြုံးရင်းပြောသည်။

"အရှင်မ၊ ကျွန်တော့်မှာတင်ပြစရာတခုရှိပါတယ်"

ဟုန်ရင်ပြောသည်။

"ပြောပါ"

"ကျွန်တော်တို့ဂိုဏ်းလေးဂိုဏ်း ဒီနေ့ဒီနေရာမှာစုစည်းရတာက မကြာခင်ပွင့်တော့မယ့် လျှို့ဝှက်နယ်မြေကြောင့်ပါ"

လျှို့ဝှက်နယ်မြေ!

ဟုန်ရင်ခေါင်းညိတ်သည်။

"ငါတို့ကိုအဲကိုခေါ်သွားပေး"

"ဟုတ်ကဲ့"

ထို့နောက် ဟုန်ရင်၊ ရှီရှန်းနှင့် နင်းချန်ရှင်းတို့က ဒုတိယအကြီးအကဲနောက်မှလိုက်သွားကြသည်။

သူကလျှို့ဝှက်နယ်မြေ၏ အက်ကြောင်းရှိရာသို့ရောက်လာသည်။

"ဒီနေရာပါ"

ထို့နောက် ဒုတိယအကြီးအကဲက ဘေးသို့ဆုတ်သွားသည်။

သူအညံ့ခံပြီးဖြစ်လေရာ တိမ်ဖီးနစ်အင်ပါယာကမကြိုက်ဘူးဟုမပြောသရွေ့ လျှို့ဝှက်နယ်မြေက အကျိုးအမြတ်များကို သူတို့မပိုင်ပေ။

ထိုအက်ကြောင်းကိုမြင်သောအခါ ရှီရှန်းကြက်သေသေသွားသည်။

ထို့ထဲတွင် ကြယ်ဆန္ဒများကပြည့်လျှမ်းနေသည်။

ဟုန်ရင်ကလည်းပြုံးသည်။

"ဂျူနီယာမောင်လေး၊ ကြည့်ရတာနင်ကကံကောင်းပုံပဲ၊ နင်နဲ့သင့်တော်တဲ့ လျှို့ဝှက်နယ်မြေတခုကိုတောင် တွေ့ခဲ့တယ်"

ရှီရှန်းခေါင်းညိတ်ကာပြုံးရင်း အင်ပါယာမင်ရွှမ်ပုဆိန်ကိုထုတ်ပြီး ဟင်းလင်းပြင်အက်ကြောင်းကို ဖြတ်လိုက်သည်။

ဒီမြင်ကွင်းက မဟာဂိုဏ်းလေးဂိုဏ်းက လူများအား အံ့အားသင့်သွားစေသည်။

သူတို့ကဒီနေရာ၌ သဘာ၀အတိုင်း အက်ကြောင်းပွင့်လာမည်ကိုသာစောင့်နေရခြင်းဖြစ်သော်လည်း သူတို့ရှေ့ကဒီလူများကမူ ပုဆိန်ကိုကျပန်းလှုပ်ရှားရင်း အတင်းဖွင့်ချင်သည်။

သို့သော်ဒါကပုံမှန်သာ။ တောက်ပမီးပွင့်ဒေသက ဒီလျှို့ဝှက်နယ်မြေအက်ကြောင်းအဆင့်က အမှန်တကယ်မမြင့်မားပေ။

ထို့နောက် ရှီရှန်းအက်ကြောင်းထဲသို့ တိုက်ရိုက်၀င်သွားပြီး အထဲက ကြယ်စွမ်းအားကိုစုပ်ယူလိုက်သည်။

အထဲက အမွေအနှစ်တချို့ကိုမူ တိမ်ဖီးနစ်အင်ပါယာက ယူဆောင်သွားခဲ့သည်။

ဒါက အနာဂတ်တွင် တခြားနယ်မြေများအား ထိန်းချုပ်ရန်အတွက် စစ်ရေးအရင်းအမြစ်များအဖြစ်ဖြစ်သည်။

ထို့နောက် တောက်ပမီးပွင့်ဒေသကို ထိန်းချုပ်မှုက အလွန်အမင်းချောမွေ့လာခဲ့သည်။

ရှီရှန်းကလည်း လျှို့ဝှက်နယ်မြေထဲက ကြယ်ဆန္ဒအားလုံးကိုစုပ်ယူခဲ့သဖြင့် သူ့ခွန်အားကထပ်ပြီး တိုးတက်လာခဲ့သည်။

ကြယ်တာယာကောင်းကင်ဒန်‌တျန်၌ တတိယကြယ်ကမထင်မရှားဖြစ်နေပြီဖြစ်ကာ ၎င်း၏ ပုံကြမ်းကစတင်ပုံဖော်နေလေပြီ။

တောက်ပမီးပွင့်ဒေသကို အောင်မြင်စွာ ထိန်းချုပ်ပြီးနောက် ဟုန်ရင် ကိုးကောင်းကင်မျိုးနွယ်စုနှင့် ဧကရာဇ်မင်းဆရာကို အဆင့်နိမ့်နယ်မြေတချို့သို့ စေလွှတ်ခဲ့သည်။

ဟုန်ရင် ဒီကမ္ဘာ၏ ကောင်းကင်ဘုံတာအိုဖြစ်လာပြီးနောက် သူမအဆင့်မြင့်နယ်မြေတခုကိုထပ်မံတိုက်ခိုက်ပြန်သည်။

အချိန်ကအရမ်းနည်းသဖြင့် သူတို့တွင် အချိန်ယူ၍မရပေ။

ထိုအချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ မြင့်မြတ်အဆောင်ဂိုဏ်း၌ မုဖူရှန်းက အဆင့်မြင့်မဟာအကြီးအကဲများရှိသည့် ခြံ၀င်းတွင်ရှိနေပြီး အနီရောင်စန္ဒကူးသစ်သားစားပွဲရှည်တခုရှေ့တွင် ရပ်ရင်း သူလက်ထဲက အဆောင်စုတ်တံကမူ အဆောင်စာရွက်၏ နောက်ဆုံးစုတ်ချက်ကို ရေးဆွဲနေခဲ့သည်။

ဒီလိုနှင့် အခင်းအကျင်းချိုးဖျက်အစီအရင်ကပြီးသွားခဲ့သည်။

အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက ဒီမြင်ကွင်းကိုကြည့်ရင်း နောက်တွင် ခက်ဖက်ရည်သောက်နေကြကာ သက်ပြင်းချသည်။

"ဒီကလေးက သဘာ၀ရဲ့အဆောင်သခင်တစ်ယောက်ပဲ၊ ငါတို့တောင် အခင်းအကျင်းချိုးဖျက်အဆောင်ကို နှစ်ရာနဲ့ချီလေ့လာခဲ့ရတယ်၊ အခုတောင်မှ တခုကိုထွင်းထုဖို့အတွက် ရက်များစွာကြာနေတုန်းပဲ"

"ဒါပေမယ့်အခုတော့ မုဖူရှန်းက ဒါကိုရေးထွင်းဖို့အတွက် ရက်တ၀က်တောင်အချိန်နယူခဲ့ဘူး"

မုတ်ဆိတ်ဖြူအကြီးအကဲကပြုံးသည်။

"သူကငါတို့တပည့်မဟုတ်တာ ၀မ်းနည်းစရာကောင်းတယ်ဆိုပေမယ့် သူက မြင့်မြတ်အဆောင်ဂိုဏ်းကို ငါတို့တခါမှမရောက်နိုင်၊ စိတ်ကူးမယဉ်နိုင်တဲ့ ထိပ်ဆုံးကို ဦးဆောင်သွားလောက်တယ်"

"စကားမစပ်၊ မြင့်မြတ်အက္ခရာဘိုးဘေးမြေကပွင့်တော့မယ်မလား၊ မုဖူရှန်းကို ကြိုးစားခွင့်ပေးကြရအောင်လေ၊ သူကငါတို့ဘိုးဘေးတွေချန်ထားခဲ့တဲ့ မြင့်မြတ်အက္ခရာရဲ့ဝိဉာဉ်ကို အပြည့်အ၀အသက်သွင်းပေးနိုင်လောက်တယ်လေ"

"ငါလည်းဒီလိုတွေးနေတာ....."

ထို့နောက် မုတ်ဆိတ်ဖြူအကြီးအကဲက လက်ဝှေ့ယမ်းကာပြုံးသည်။

"မုဖူရှန်း၊ ဒီကိုလာခဲ့"

ထိုစကားကိုကြားသောအခါ မုဖူရှန်းလျှောက်လာသည်။

"မင်းမြင့်မြတ်အက္ခရာဘိုးဘေးမြေအကြောင်းကိုကြားဖူးလား"

မုဖူရှန်းခေါင်းညိတ်သည်။

သူ့ပင်ကိုယ်စရိုက်အရ သူရောက်သည့်နေရာတိုင်းတွင် တွေ့နိုင်သည့်အရာရာတိုင်းကို သေချာပေါက်စူးစမ်းစစ်ဆေးမည်သာ။

သူဘာတခုမှရှာမတွေ့လျှင်ပင် ရှာဖွေမည်ဖြစ်သည်။

မြင့်မြတ်အက္ခရာဘိုးဘေးမြေက မြင့်မြတ်အက္ခရာဂိုဏ်း၏ မြင့်မြတ်မြေဖြစ်သည်။

မြင့်မြတ်အဆောင်ဂိုဏ်းက လက်ရှိအောင်မြင်မှုများကိုရယူနိုင်ပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ရှေးရိုးစွဲအဆောင်တာအိုဖြစ်လာရခြင်းက အကြောင်းရင်းကကြီးမားသည်။

ဒါက မြင့်မြတ်အက္ခရာဘိုးဘေးမြေကြောင့်ပင်။

ဒဏ္ဍာရီအရ ဘိုးဘေးမြေ၌ မြင့်မြတ်အဆောင်ဝိဉာဉ်ရှိသည်ဟု ဆိုကြသည်။

ဒါကိုရယူနိုင်သရွေ့ အဆောင်သခင်များအတွက် သူတို့စိတ်ကူးခဲ့ရသည့် နယ်ပယ်ထဲတွင် ခြေချရန်ဟူသည် ဖြစ်နိုင်သည်။

သူတော်စင်အဆောင်သခင်!

သို့စေကာမူ ဒါကအိပ်မက်တခုသာဖြစ်နိုင်သည်။

အဆောင်သခင်များကဒါကိုကြားသောအခါ သူတို့ပြုံးရင်း ခေါင်းခါယမ်းရုံသာတတ်နိုင်ကြသည်။

နတ်အဆောင်သခင်က အဆောင်သခင်တစ်ဦး၏အထွတ်အထိပ်အဆင့်ပင်။

အင်မော်တယ်အဆောင်သခင်များပင်လျှင် ဒါကိုထိတွေ့ရန်အတွင်ခက်ခဲသည်။

ယခုလိုပုဂ္ဂိုလ်မျိုးက အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် တခါမှ မခေါ်ခဲ့ဖူးပါ။

သို့စေကာမူ ဒါကိုရနိုင်ပါက သူ့၏အဆောင်သခင်တာအိုက အကြီးအမားတိုးတက်လာလိမ့်မယ်ဆိုတာ အသေအချာပင်။

"မြင့်မြတ်အက္ခရာဘိုးဘေးမြေက မနက်ဖြန်ဖွင့်လိမ့်မယ်၊ မင်းစမ်းကြည့်ချင်လား"

မုဖူရှန်းပြုံးလိုက်သည်။

"ကျွန်တော်သေချာပေါက်သွားရမှာပေါ့၊ အခွင့်အလမ်းတွေကို မယူတတ်ရင် အဟာဿဖြစ်သွားရမှာပေါ့"

ထိုစကားကိုကြားသောအခါ အကြီးအကဲပိုင်ချူးကဆွံအသွားပြီးနောက် ရယ်မောလိုက်လေတော့သည်။

"ကောင်စုတ်လေး၊ ငါတို့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းရဲ့သူတော်စင်မြေကို အထင်သေးတဲ့သူ ဘယ်သူမှမရှိဘူးကွ"

"တခြားသူတွေက ဂိုဏ်းတည်ထောင်စဉ်ကတည်းက ဘယ်သူမှမရရှိနိုင်ခဲ့တဲ့ သူတော်စင်အဆောင်ဝိဉာဉ်ကို ရနိုင်မလားဆိုတာကိုမြင်ချင်တဲ့အတွက် သူတို့ကံတရားကိုကြိုးစားကြည့်ချင်ကြတာ၊ မင်းကတော့ ဒါကိုယူမယ့်သူလို့ထင်တာလား"

မုဖူရှန်းရယ်မောလိုက်သည်။

"ကျွန်တော်စနောက်နေတာပါ၊ အကြီးအကဲတို့ ကျွန်တော်အရင်ဆုံးသွားပြင်ဆင်လိုက်ပါမယ်"

ထို့နောက် သူအခင်းအကျင်းချိုးဖျက်အဆောင်ကိုချန်ထားခဲ့ပြီး ထွက်သွားလေတော့သည်။

အပိုင်း(601) coming။

All Chapters