← Chapters

#ရှင်းပြ၍မရနိုင်သောအငြိုး#

Vol. 42 Ch. 601

#ရှင်းပြ၍မရနိုင်သောအငြိုး#

Vol. 42 Ch. 601

"ဒီကလေးကတော့...."

"ဒါပေမယ့် ဒီလိုရည်မှန်းချက်မျိုးရှိတာမဆိုးဘူး၊ အဲလိုဆိုမှ ငါတို့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို အထွတ်အထိပ်ကို ယူဆောင်လာနိုင်မှာပေါ့"

"ဟုတ်တယ်၊ သူအထက်ကမ္ဘာကိုတောင် သွားရကောင်းသွားရနိုင်တယ်...."

ထို့နောက် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက အနီရောင်စန္ဒကူးသစ်သားစားပွဲရှည်အနီးသို့လျှောက်သွားကြပြီး မုတ်ဆိတ်ဖြူအဖိုးအိုက အခင်းအကျင်းချိုးဖျက်အဆောင်ကို ကောက်ကိုင်လိုက်သည်။

ထို့နောက် သူစတင်ဂရုတစိုက်စစ်ဆေးကြည့်သည်။

ရက်တ၀က်မတိုင်ခင်အတွင်း မုဖူရှန်း မည်မျှထိ ခရီးပေါက်နိုင်ခဲ့သလဲဆိုတာ သူတို့သိချင်ကြသည်။

ဒါကသူတို့ရေးထွင်းသည့် အခင်းအကျင်းချိုးဖျက်အဆောင်၏ ပြီးပြည့်စုံမှုအဆင့်ထိတော့ရောက်နိုင်လောက်သည်။

သို့စေကာမူ နောက်အခိုက်အတန့်၌ မုတ်ဆိတ်ဖြူအကြီးအကဲက ထိုနေရာ၌ အေးခဲသွားလေတော့သည်။

ကျန်သောအဆင့်မြင့်မဟာအကြီးအကဲနှစ်ဦးကလည်း စိတ်ရှုပ်ထွေးသွားကြ၏။

"ဘာလုပ်နေတာလဲ၊ မုဖူရှန်းရေးထွင်းတာမှာ တခုခုမှားယွင်းနေလို့လား"

"ဒီလိုတော့မရှိသင့်ပါဘူး၊ ရေးထွင်းနေချိန် ငါကြည့်တဲ့ပုံစံအရဆိုရင် ထုတ်လွှတ်တဲ့အော်ရာမှာ ဘာအမှားမှမရှိပါဘူး"

စကားပြောနေစဉ် နောက်ထပ်အဆင့်မြင့်မဟာအကြီးအကဲတစ်ဦးက မုတ်ဆိတ်ဖြူအကြီးအကဲဆီကနေ အခင်းအကျင်းချိုးဖျက်အဆောင်ကို ယူလိုက်၏။

နောက်အခိုက်အတန့်၌ သူလည်း ကြက်သေသေသွားသည်။

"အခုဘာမှားနေလို့လဲ၊ မင်းတို့ဘာမြင်ခဲ့ကြတာလဲ...."

ထို့နောက်တွင် တတိယအဆင့်မြင့်မဟာအကြီးအကဲကလည်း ကြက်သေသေသွားသည်။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ!

အခင်းအကျင်းချိုးဖျက်အဆောင်၏ ပြည့်စုံခြင်းအဆင့်က သူတို့နှင့်မခြားနားသော်လည်း ဒါကပြီးပြည့်စုံခြင်းအဆင့်တခုကိုပင် ရောက်နေလေပြီ။

သို့စေကာမူ ဒီတခုတည်းက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ယခုလိုအသိပညာကြွယ်၀သည့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးကို ဤကဲ့သို့အသွင်အပြင်ဖြစ်လာစေရန် မလုံလောက်ပါ။

အခင်းအကျင်းချိုးဖျက်အဆောင်အတွင်း တခြားဆန်းကြယ်သည့်ရှုထောင့်များ သေချာပေါက်ရှိရပေမည်။

ဥပမာအားဖြင့် အခင်းအကျင်းဗဟိုချက်ကို ရှာဖွေရန်အတွက် မူလကသူတို့က အဆောင်စွမ်းအားကိုသာအသုံးပြုပြီး ချိုးဖျက်ကြသည်။

သို့စေကာမူ မုဖူရှန်းရေးထွင်းသည့်အခင်းအကျင်းချိုးဖျက်အဆောင်က အခင်းအကျင်းကိုချိုးဖျက်မည့် စွမ်းအားကို အားကောင်းစေသည်သာမက အခင်းအကျင်းချိုးဖျက်စွမ်းအားထဲတွင် အမည်မသိမိုးကြိုးဒြပ်စင်အဆောင်တခုကိုပါ သူပေါင်းထည့်ခဲ့သည်။

ဒီနည်းလမ်းဖြင့် သူကအစီအရင်အား ပို၍မြန်မြန်ချိုးဖျက်နိုင်မည်သာမက ချက်ချင်းဆိုသလို မိုးကြိုးလှောင်အိမ်တခုကို ဖန်တီးနိုင်မည်ဖြစ်ကာ တိုက်ခိုက်မည့်သူအား အခင်းအကျင်းအစီအရင်ထဲတွင် ဖမ်းချုပ်ထား၍ရနိုင်ပေသည်။

"ဒါ....သူဒါကိုဘယ်လိုလုပ်လိုက်တာလဲ"

"တည်ရှိနေတဲ့အဆောင်တွေကို တခြားအဆောင်တွေနဲ့ ပေါင်းစပ်မယ့်အခက်အခဲက အဆောင်ဖန်တီးတာထက်မလျော့နည်းဘူး"

"ဟူး.... ဒီကလေးကိုငါတို့နေရာကမပိုင်ဆိုင်ဘူး၊ သူရှိသင့်တဲ့နေရာက အထက်ကမ္ဘာဖြစ်နေသင့်တာ"

"ဟားဟား၊ မုဖူရှန်းသာအထက်ကမ္ဘာကိုသွားမယ်ဆိုရင်တောင် သူကသေချာပေါက် ထိပ်တန်းအဆောင်ပါရမီရှင်အဆင့်တခုမှာ ရှိနေလိမ့်မယ်"

နောက်တနေ့တွင် မြင့်မြတ်အက္ခရာဘိုး‌ဘေးမြေကိုဖွင့်လှစ်ခဲ့သည်။

ဒီမတိုင်ခင် မြင့်မြတ်အဆောင်ဂိုဏ်းက ရွေးချယ်မှုအလွှာများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ပါရမီရှင်တပည့်များကတစ်ဦးပြီးတစ်ဦး ဖယ်ထုတ်ခံရပြီး အဆုံးတွင် လူလေးယောက်သာကျန်ခဲ့သည်။

သူတို့ကဂိုဏ်းချုပ်၏ကိုယ်ပိုင်တပည့် လန်ယင်ချူနှင့် တခြားအကြီးအကဲသုံးဦး၏တပည့်များဖြစ်ကြသည့် ရှားရူချီ၊ ရှန်းဇီယုနှင့် နင်းရှီတို့ဖြစ်သည်။

ဒီတပည့်လေးယောက်က မြင့်မြတ်အဆောင်ဂိုဏ်း၌ ပါရမီအရှိဆုံးလူများဖြစ်ကြသည်။

ထိုစဉ် နင်းရှီက မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"နောက်တယောက်ဘယ်မှာလဲ၊ ဘာလို့သူဒီကိုမရောက်လာသေးရတာလဲ"

နင်းရှီ၏အမူအရာကအတော်လေးကြည့်ရဆိုးနေသည်။ သူကနှလုံးသားထဲက ဒေါသကိုဖိနှိပ်ထားသည်မှာ သိသာထင်ရှားနေသည်။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်အက္ခရာဘိုးဘေးမြေသို့လူငါးယောက်၀င်နိုင်ပြီဖြစ်ကာ သူ့ညီငယ်လေးနင်း‌ကျောက်က မူလငါးခုမြောက်နေရာကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူတို့လေးယောက်အပြင် နင်းကျောက်၏ပါရမီကလည်း ပြိုင်ဘက်ကင်းသည်။

သို့စေကာမူ ဂိုဏ်းချုပ်ဆီက စကားလေးတခွန်းကြောင့် ဒီနေရာကို မုဖူရှန်းဟုခေါ်ဆိုသည့်တပည့်အား ပေးလိုက်ရသည်။

သူကအကဲဖြတ်မှုကို ကျော်ဖြတ်ရန်ပင် မလိုခဲ့ပါ။

"ဘယ်အချိန်ကများ ငါတို့မြင့်မြတ်အဆောင်ဂိုဏ်းက ကမ္ဘာကြီးရဲ့လှည့်ကွက်တွေကို ဆော့ကစားခဲ့ဖူးလို့လဲ၊ ဘယ်သူ့ပါရမီကပိုအားကောင်းတယ်၊ ဘယ့်သူ့လက်သီးကပိုအစွမ်းထက်တယ်ဆိုတာကို ကြည့်သင့်တာမလား"

နင်းရှီ၏ဒေါသထွက်နေသည့်အမူအရာကိုကြည့်ရင်း ရှားရူချီအကြံပေးသည်။

"ဂျူနီယာညီလေးနင်း၊ မင်းစကားလုံးတွေကိုသတိထားပါ၊ ဒီလိုလုပ်ရတဲ့အပေါ် ဂိုဏ်းချုပ်မှာ သေချာပေါက်တခြားရည်ရွယ်ချက်တွေရှိမှာပါ"

"ဒါ့အပြင် ဒါကဖြစ်ပျက်ပြီးသွားပြီမို့ ဒီအကြောင်းကိုထပ်မပြောကြရအောင်"

ရှန်းဇီယုက အေးစက်သည့်အမူအရာဖြင့်ခေါင်းညိတ်သည်။

"မှန်တယ်၊ အထဲ၀င်တဲ့အခါကျရင် သူ့ကို အဆောင်တာအိုနဲ့ လုံး၀ရိုက်ချိုးပစ်လို့ရတာပဲလေ"

ဂိုဏ်းချုပ်၏ကိုယ်ပိုင်တပည့် လန်ယင်ချူကမူမည်သည့်စကားမှမဆိုပေ။

ထိုသုံးယောက်ပြောနေတာကိုကြားသောအခါ သူမခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းမိသည်။

နင်တို့က အဲဒီမွန်းစတားမုဖူရှန်းကို ကိုင်တွယ်ချင်ကြတာလား!

တခြားသူများကမသိကောင်းမသိနိုင်သော်လည်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်သည့် လန်ယင်ချူကမူ ပို၍သိသည်။

(မြင့်မြတ်အဆောင်ဂိုဏ်းကို သူတော်စင်အဆောင်ဂိုဏ်းလို့လည်းခေါ်ပါတယ်)

ဒါက အဆင့်မြင့်မဟာအကြီးအကဲသုံးဦးပင်လျှင် တချိန်တည်းတွင်သဘောကျခဲ့ရပြီး ငြင်းခုံခဲ့ကြသည့်တပည့်ဖြစ်သည်။

ဒါ့အပြင် ထိုအချိန်က မုဖူရှန်းသဘောမတူခဲ့ပေ။

သို့စေသည့်တိုင် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်းကိုကူညီရန်အတွက် အကောင်းဆုံးလုပ်ဆောင်ရန် ဆန္ဒရှိကြသည်။

ဆရာကလည်းသူမကို ဂိုဏ်းထဲတွင် မည်သူ့ကိုမဆိုရန်စစော်ကားနိုင်သည်။ သို့သော် မုဖုရှန်းက သူမဆက်ဆံရေးကောင်းတခု တည်ဆောက်ရမည့် တစ်ဦးတည်းသောသူဟူ၍ပင်ပြောခဲ့သည်။

ဒီစကားကိုအခြေခံမည်ဆိုပါက သူမက မုဖူရှန်းထက်နိမ့်ကျတာကို လန်ယင်ချူသိသည်။

ထိုအချိန်တွင် မုဖူရှန်း ရုတ်တရက်သူတို့ရှေ့တွင်ပေါ်လာသည်။

ဒါကိုမြင်သောအခါ နင်းရှီအေးစက်စွာပြောသည်။

"မင်းကမုဖူရှန်းလို့ခေါ်တဲ့တယောက်မလား"

မုဖူရှန်းချက်ချင်းပင်ခေါင်းခါယမ်းသည်။

"ငါမဟုတ်ဘူး"

"မင်းမဟုတ်ဘူးလား"

နင်းရှီခပ်ရှက်ရှက်ပြုံးလိုက်မိသည်။

"ငါတောင်းပန်ပါတယ် တာအိုမိတ်ဆွေလေး၊ ငါမင်းကိုတခြားတယောက်နဲ့ အထင်မှားသွားတာပါ"

သို့စေကာမူ လန်ယင်ချူကရှေ့တိုးပြီးအပြုံးဖြင့်ပြောသည်။

"အစ်ကိုမုကရောက်နေပြီဆိုတော့ သွားကြရအောင်၊ ဂိုဏ်းချုပ်က ဘိုးဘေးမြေကို ဖွင့်ပြီးသွားပြီ"

"တချိန်တည်းမှာပဲ အဲမှာသုံးရက်ပဲနေလို့ရမယ်၊ တကယ်လို့ဘာတခုမှမရခဲ့ကြဘူးဆိုရင် အရမ်းလောဘကြီးလို့မရဘူး၊ မဟုတ်ဘူးဆိုရင် အထဲမှာပိတ်မိနေလိမ့်မယ်၊ နောက်ဆယ်နှစ်အကြာ နောက်ထပ်ဘိုးဘေးမြေဖွင့်တဲ့အခါမှ ထွက်လို့ရလိမ့်မယ်"

"ဒါပေမယ့်အကာအကွယ်ကသုံးရက်အတွင်းပျောက်ကွယ်သွားတဲ့အခါကျရင် ဘိုးဘေးမြေက ဝိဉာဉ်ချီကို စတင်စုပ်ယူလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဒါကတစ်နှစ်တောင် ကြာရှည်မခံတော့မှာကို ငါကြောက်မိတယ်"

နင်းရှီ လန်ယင်ချူ၏စကားလုံးများကိုကြားသောအခါ သူတခဏမျှကြက်သေသေသွားပြီးနောက် မုဖူရှန်းအား ဒေါသတကြီးစိုက်ကြည့်လိုက်၏။

မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။

ဘာလားဟ!

ဘာလို့သူမကတခြားသူတွေကို အနှောက်အယှက်ပေးရတာသဘောကျတာလဲ!

အကယ်လို့ နင်ငါ့ကိုမုဖူရှန်းမဟုတ်လို့ပြောခဲ့ပြီး ငါအရင်ဆုံးထွက်သွားနိုင်မယ်ဆိုရင် ဒီအမုန်းတရားက ငါ့ဆီကိုတိုက်ရိုက်မလာတော့ဘူးလေ!

ယခုတွင်မူ အမုန်းတရားက ဖြေရှင်းရမည့်အစား ပို၍ပင်နက်ရှိုင်းလာလေပြီ။

စိတ်အနှောက်အယှက်ဖြစ်လိုက်တာ!

လန်ယင်ချူကလည်း စိတ်အနှောက်အယှက်ဖြစ်စရာပင်။ သူမ မုဖူရှန်းနှင့် ဆက်ဆံရေးကောင်းတခုမတည်ဆောက်လျှင်ပင် အဆင်ပြေဦးမည်။ သို့သော် ပထမခြေလှမ်းကပင် မုဖူရှန်း၏အငြိုးကို ဆွဲဆောင်မိသွားလေပြီ။

နင်းရှီ မုဖူရှန်းအားစိုက်ကြည့်သည်။

"အချိန်ကျလာတဲ့အခါကျရင် ငါမင်းကို ပါရမီနဲ့ခွန်အားက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အခြေခံစကားလုံးဆိုတာပြသပေးမယ်၊ တပါးသူတယောက်ရဲ့နောက်ခံကို မှီခိုအားကိုးနေတာက အဆုံးမှာအသုံးမ၀င်ဘူးကွ"

ထို့နောက် သူဦးဆောင်မှုရယူကာ ရှေ့ကနေလျှောက်သွားသည်။

လန်ယင်ချူမ၀င်သေးခင် နင်းရှီက မုဖူရှန်းကို ဘာကြောင့်မုန်းနေရသလဲဆိုတာ ရှင်းပြသည်။

မုဖူရှန်းခေါင်းညိတ်သည်။

"နောက်ကျရင် ငါနဲ့ဝေးဝေးမှာနေ"

လန်ယင်ချူ "???....."

မြင့်မြတ်အက္ခရာဘိုးဘေးမြေက မြင့်မြတ်အဆောင်ဂိုဏ်း၏ မြင့်မြတ်မြေဖြစ်သည်။

မုဖူရှန်းနှင့်ကျန်သောသူများ၀င်သောအခါ ဒီနေရာကနိယာမစွမ်းအားက အပြင်ပကမ္ဘာထက် အဆပေါင်းများစွာပိုသိပ်သည်းထူထဲတာကို သူတို့ခံစားနေရသည်။

ဒီနေရာတွင်ရေးထွင်းသည့်အဆောင်က အပြင်ပကမ္ဘာကထက် သေချာပေါက်ပိုအားကောင်းပေလိမ့်မည်။

မြင့်မြတ်အက္ခရာဘိုးဘေးမြေကလည်း အတော်လေးသေးငယ်သည်။

လူငါးယောက်ရှေ့တွင် အဖိုးအိုတစ်ဦး၏ ကျောက်ရုပ်တုက ဘွားခနဲပေါ်လာသည်။ ကျောက်ရုပ်တုရှေ့တွင် ကျောက်စင်သုံးခုရှိသည်။ ညာဘက်အကျဆုံးကျောက်စင်က ဗလာကျင်းနေပြီဖြစ်လေရာ တခြားတယောက်ယောက်၏ ယူဆောင်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

တခြားကျောက်စင်နှစ်ခုပေါ်တွင်မူ ဘယ်ဘက်အကျဆုံးကျောက်စင်၌ အဆောင်စုတ်တံတခုရှိပြီး အလယ်တွင် အဝါရောင်အဆင်းရှိသည့် အဆောင်စာရွက်တရွက်ရှိသည်။

အပိုင်း(602) coming။

All Chapters