#ကောင်းကင်ကိုတက်သလိုခက်ခဲတာလား!#
Vol. 42 Ch. 602
မြင့်မြတ်အက္ခရာဘိုးဘေးမြေ၌ မဟာအမွေအနှစ်သုံးခုရှိသည်။
တစ်ခုကိုရနိုင်နေသရွေ့ သူတို့ကဒီနယ်မြေ၏ ရှေးရိုးစွဲအဆောင်သခင်ဖြစ်လာနိုင်သည်။
ထို့ထဲကတခုက စည်းတံဆိပ်၏ အသေးစိတ်ရှင်းလင်းချက်ဖြစ်သည်။ ဒါကအရင်က အထက်ကမ္ဘာကနေ မြင့်မြတ်အဆောင်ဂိုဏ်းဘိုးဘေးရခဲ့သည့်အရာပင်။
ဘိုးဘေးမြေတွင် ယူဆောင်သွားခြင်းခံရသည့်တစ်ခုတည်းသောအရာက စည်းတံဆိပ်၏ အသေးစိတ်ရှင်းလင်းချက်ဖြစ်သည်။
ဒါကလည်းမြင့်မြတ်အဆောင်ဂိုဏ်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ရှေးရိုးစွဲအဆောင်သခင်ဂိုဏ်းတဂိုဏ်းဖြစ်လာစေသည်။
ကျန်သောနှစ်ခုက သူတော်စင်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံဖြစ်သည်။
ဒီအဆောင်စုတ်တံက ကောင်းကင်အထွတ်အထိပ်အဆင့်အဆောင်စုတ်တံတခုဟုဆိုကြသည်။ ဒါကို မိုးကြိုးဒြပ်စင်အဆောင်နှင့်အတူ ရေးထွင်းသောအခါ တိုးမြှင့်မှုများစွာရှိခဲ့သည်ဟုဆိုကြသည်။
ဒါက မိုးကြိုးအရည်အသွေးရှိသည့် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများနှင့် ပို၍ရင်းချာမှုရှိသည်။
အလယ်ကတခုက မြင့်မြတ်အဆောင်၏ ဒဏ္ဍာရီလာဝိဉာဉ်ဖြစ်သည်။
သူတော်စင်အဆင့်အဆောင်များက ဒဏ္ဍာရီများတွင်သာတည်ရှိပြီး ရှေးဟောင်းစာအုပ်များတွင်ပင်လျှင် မှတ်တမ်းအနည်းအကျဉ်းသာရှိသည်။
ရှေးခေတ်ကနေ ယခုထိ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် သူတော်စင်အဆင့်ပစ္စည်းက တခါမှမပေါ်လာခဲ့ဖူးပါ။
သို့စေကာမူ ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားသည့်တခုတည်းသောအရာက အဆောင်တခုက သူတော်စင်အဆင့်ကို၀င်ပြီးသောအခါ ဝိဉာဉ်တခုရှိလာမည်ဟု ဆိုထားသည်။
သူတော်စင်အဆင့်အဆောင်များ၏စိတ်ဝိဉာဉ်က သူတော်စင်အဆောင်များ၏ ဝိဉာဉ်ပင်။
ဒါကအဆောင်များအကြား အမြင့်ဆုံးအဆင့်တည်ရှိမှုတခုဖြစ်သည်။
ဒါကဝိဉာဉ်တခုတည်းဖြစ်လျှင်ပင် သူတော်စင်အဆင့်နှင့်ဆက်စပ်သည့်ပစ္စည်းများက သေချာပေါက်သာမန်မဟုတ်လေရာ ဒါက အတော်လေးအသုံး၀င်ပေလိမ့်မည်။
သူတို့ရှေ့ကအရာနှစ်ခုက မရိုးရှင်းဟုဆို၍ရသည်။
လန်ယင်ချူ၊ နင်းရှီ၊ ရှားရူချီနှင့် ရှန်းဇီယုတို့က ဒီအရာနှစ်ခုကိုတွေ့သောအခါ သူတို့မျက်လုံးများ၌ လောဘကပေါ်လွင်လာကြသည်။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် အသက်ရှည်ရန် လောဘမကြီးသောသူဟူ၍ မည်သူရှိသနည်း။ စွမ်းအားအတွက် လောဘမကြီးသောသူဟူ၍ မည်သူရှိသနည်း။ သူတို့ကမည်သည့်အတွက်ကြောင့် ခွန်အားအတွက် လောဘမကြီးဘဲနေနိုင်မည်နည်း။
မည်သည့်အဆောင်သခင်ရှေ့တွင်မူ ပေါ်လာသည့် ဒီနတ်ပစ္စည်းနှစ်ခု၏ ဆွဲဆောင်ရည်က သေစေလောက်ဖွယ်ရာပင်။
ထို့ကြောင့်သူတို့လောဘကြီးတာက အတော်လေးပုံမှန်ဟုပင်ဆို၍ရသည်။
သို့သော်မုဖူရှန်းအတွက်တော့မဟုတ်ပါ။ မုဖူရှန်းတည်ငြိမ်စွာရှိနေပြီး အလျင်လိုသည့်ပုံမပေါ်ပေ။
သူ့အမူအရာက စ၀င်တုန်းကနှင့်အတူတူပင်ဖြစ်ပြီး တောင်တစ်တောင်ကဲ့သို့မလှုပ်ရှားဘဲနေနေသည်။ သူဒါကိုမလိုချင်ဘူးဟု ဆို၍မရသော်လည်း မုဖူရှန်း၏စိတ်က အတော်လေးတည်ငြိမ်နေပါသည်။
ဒါကဒီအဆင့်ရှိသည့်နတ်ပစ္စည်းဖြစ်ပြီး အချိန်အတော်ကြာ မည်သူမှမယူဆောင်နိုင်သွားခဲ့ကြပေ။
မြင့်မြတ်အဆောင်ဂိုဏ်းတွင် ပါရမီရှင်ဟူ၍ မည်သောအခါမှ ရှားပါးခြင်းမရှိသော်လည်း ဒီပစ္စည်းနှစ်ခုကို ရလိုပါက သူတို့တွင် ကြီးမားသည့်ပါရမီနှင့်ခွန်အားရှိရန်လိုအပ်သည်။
စမ်းသပ်မှုက ရှောင်လွှဲ၍မရပါ။
ဒါ့အပြင်တခြားအန္တရာယ်များလည်း ရှိနိုင်သေးသည်။
ထို့ကြောင့်လည်းမုဖူရှန်းမလှုပ်ရှားခြင်းပင်။ ဘယ်လိုစမ်းသပ်မှုမျိုးကို လန်ယင်ချူနှင့် ကျန်သောသူများကျော်ဖြတ်ကြမလဲဆိုတာ သူမြင်ချင်သည်။
ဒီနည်းလမ်းဖြင့် သူလုံလောက်သည့်ပြင်ဆင်မှုများကို လုပ်နိုင်ပေလိမ့်မည်။
ထိုအချိန်က နင်းရှီပြောသည်။
"မုဖူရှန်း၊ မင်းကိုဂိုဏ်းချုပ်က အထူးသီးသန့်စီစဉ်ပေးထားတော့ အဲဒီပါရမီရှင်လို့ခေါ်တဲ့မင်းက ဘာလို့အရင်ဆုံးမကြိုးစားကြည့်ရတာလဲ"
ထိုစကားကိုကြားသောအခါ မုဖူရှန်းပြုံးသည်။
"အဆင်ပြေပါတယ်၊ ငါ့ကို ၀င်လာဖို့အတွက် ဂိုဏ်းချုပ်က အထူးသီးသန့်စီစဉ်ပေးထားတာဆိုတော့ မင်းတို့ကိုအရင်သွားခွင့်ပေးရမှာပေါ့"
မင်းငါ့ကိုနောက်နေတာလား!
မုဖူရှန်းဆိုတဲ့ငါကဘယ်သူလဲ!
ဒါကငါ့ကို လမ်းကြောင်းကိုအရင်ဆုံးစူးစမ်းပြီး သေလူတယောက်ဖြစ်ပေးလို့ပြောနေတာမဟုတ်ဘူးလား!
မုဖူရှန်းအရူးလုပ်မခံရတာကိုမြင်သောအခါ နင်းရှီအနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
"ဒီလိုဆိုမှတော့ ငါတို့ရတဲ့အခါကျရင် ငိုယိုပြီး ဒါကမတရားဘူးလို့မပြောနဲ့နော်"
"သေချာတာပေါ့၊ ဒါကိုရဖို့ဆိုတာက ငါ့ကံကြမ္မာဖြစ်သလို ဆုံးရှုံးသွားတာကလည်း ငါ့ကံကြမ္မာပဲလေ၊ မင်းရနိုင်တယ်ဆိုရင် ဒါကမင်းကံတရားပဲလို့ဆိုလိုတာပဲလေ၊ မင်းရဲ့ပါရမီနဲ့ခွန်အားကလည်း ဒီနတ်ပစ္စည်းနှစ်ခုရဲ့ အသိအမှတ်ပြုမှုကိုရရှိသွားလိမ့်မယ်"
"ဒါက မြင့်မြတ်အဆောင်ဂိုဏ်းအတွက် ကြီးမြတ်တဲ့အရာတခုပဲ"
မုဖူရှန်း၏စကားလုံးများက ဂိုဏ်းထဲကလူတိုင်းအတွက်ပြောဆိုနေခြင်းဖြစ်ပြီး စော်ကားစရာဟူ၍မရှိချေ။
ဒါကိုမြင်သောအခါ လန်ယင်ချူအကူအညီမဲ့သလိုခံစားလိုက်ရသည်။
နင်က အဆင့်မြင့်မဟာအကြီးအကဲသုံးယောက်နှင့် ဂိုဏ်းချုပ်တို့ရဲ့အလေးထားမှုကိုခံထားရတဲ့ ပါရမီရှင်တစ်ယောက်နှင့် စိတ်ကစားပွဲတခုကို ဆော့ကစားနေတာလား!
နင်အယောက်၁၀၀၀၀ရှိမယ်ဆိုရင်တောင် မုဖူရှန်းတယောက်တည်းကိုနိုင်မှာမဟုတ်ဘူး!
ထိုအချိန်တွင် ရှန်းဇီယုက နင်းရှီ၏ပခုံးကို ပုတ်လိုက်၏။
"ဒီလိုဆိုမှတော့ ငါအရင်စမ်းကြည့်လိုက်မယ်"
ဘေးကရှားရူချီကလည်း နှာခေါင်းရှုံ့သည်။
"၀င်လာဖို့အတွက် အဆက်အသွယ်တွေကိုပဲအားကိုးတတ်နဲ့ ဒီလိုလူမျိုးက ဘာမှ ကြိုးစားနိုင်မှာမဟုတ်ဘူးလို့ငါယုံတယ်၊ ငါတို့မှာအချိန်သုံးရက်ပဲကြာတယ်၊ သူ့အတွက် အချိန်ဖြုန်းမနေကြနဲ့တော့"
နင်းရှီခေါင်းညိတ်သည်။
"မှန်တယ်၊ အရင်ဆုံးသွားကြရအောင်"
ထို့နောက် ရှားရူချီနှင့် ရှန်းဇီယုတို့က သူတော်စင်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံအပေါ် အာရုံကျသွားကြသည်။
နင်းရှီနှင့် လန်ယင်ချူတို့ကမူ သူတို့၏အကြည့်များက သူတော်စင်အဆောင်ဝိဉာဉ်ပေါ်ကျရောက်နေကြ၏။
ဒါမှမဟုတ် သူတို့မ၀င်လာခင်ကတည်းက ပစ်မှတ်ကို တွေးခဲ့ပြီဖြစ်သည်ဟုဆိုပါက ပိုမှန်ပေလိမ့်မည်။
မုဖူရှန်းလက်အစုံကိုဆန့်တန့်ရင်း အဖွဲ့နှစ်ဖွဲ့ကို ထူးမခြားနားစွာကြည့်နေသည်။
ရှားရူချီနှင့် ရှန်းဇီယုတို့က သူတော်စင်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံနားသို့ ချဉ်းကပ်သွားကြသည်။ ရုတ်တရက်ဆိုသလို သူတို့ရှေ့တွင် အဆောင်များ ပေါ်လာကြသည်။
ဒီအဆောင်များက မတိုက်ခိုက်ကြသော်လည်း ရှမ်းဇီယုနှင့်သူ့အဖော်တို့၏ ရှေ့ဆက်မှုကို ဟန့်တားနိုင်သည်။
အကယ်၍သူတို့သာ သူတော်စင်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံဆီသို့ သွားလိုပါက ဒီအဆောင်များကို ချိုးဖျက်ရန်လိုအပ်သည်။
မုဖူရှန်း ဒါကိုအားသုံးပြီးချိုးဖျက်ရန်အတွက် ဖြစ်နိုင်ချေကိုပင် တွေးတောခဲ့သည်။
သို့သော် ၎င်း၏တည်ရှိမှုကနေကြည့်မည်ဆိုပါက ဒါက ကောင်းကင်နယ်ပယ်အထွတ်အထိပ်အဆင့် အင်မော်တယ်အဆောင် ကာကွယ်ရေးအတားအဆီးအဆင့်ကိုပင် ရောက်နေလောက်ပြီ။
ထို့ကြောင့်အားသုံးချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်ပေ။
ရှန်းဇီယုနှင့် ရှားရူချီတို့ကလည်း ဒါကို တွေးမိသည်မှာ သိသာထင်ရှားနေသည်။
သူတို့ကအမှိုက်များမဟုတ်ကြပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့က မြင့်မြတ်အဆောင်ဂိုဏ်း၏ ကျော်ကြားသောပါရမီရှင်များဖြစ်ကြသည်။
သူတို့ကဒါကိုဖြေရှင်းရန် နည်းလမ်းတခုကိုချက်ချင်းတွေးလိုက်မိကြပြီး အဆောင်စုတ်တံတခုကိုထုတ်ကာ စတင်ဖောက်ထွင်းလေတော့သည်။
သူတော်စင်အဆောင်ဝိဉာဉ်ကျောက်စင်ရှေ့တွင် လန်ယင်ချူနှင့် နင်းရှီတို့ကလည်း လေးနက်သည့်အမူအရာဖြင့် ဖြည်းဖြည်းချင်းချဉ်းကပ်နေကြ၏။
အဘယ်ကြောင့်ဆိုသော် သူတော်စင်အဆောင်ဝိဉာဉ်၏စမ်းသပ်မှုကို အမြဲပြောင်းလဲနေသောကြောင့်ပင်။
ဂိုဏ်းချုပ်နှင့်အဆင့်မြင့်မဟာအကြီးအကဲများပင်လျှင် ဒီစမ်းသပ်မှု၏စည်းမျဉ်းများကို မမှန်းဆနိုင်ခဲ့ကြပါ။
သူတော်စင်အဆောင်ဝိဉာဉ်နှင့် ပေ၃၀အကွာသို့ရောက်လာသောအခါ ရုတ်တရက်အဆောင်တခုက သူတို့ရှေ့တွင်ပေါ်လာသည်။
အဆောင်စာရွက်ဘေးတွင် စကားလုံးများက လေထဲတွင်ပေါ်လာသည်။
"တရက်အတွင်း သင်ကိုယ်တိုင်ပိုင်ဆိုင်တဲ့ အဆောင်တခုကိုဖန်တီးပါ"
"အဆင့်သတ်မှတ်ချက်က အင်မော်တယ်နယ်ပယ်ထက် မနိမ့်ရပါဘူး"
ဒါကိုမြင်သောအခါ လန်ယင်ချူနှင့် နင်းရှီတို့၏အမူအရာများက ပြောင်းလဲသွားကြ၏။
အဆောင်တခုဖန်တီးရမယ်!
ဒါက ကောင်းကင်ကိုတက်ရသည့်ပမာ အတော်လေးခက်ခဲသည်။
အဆောင်များကိုရေးထွင်းခြင်းကပင် စစ်ဆေး၊ စမ်းသပ်ရန်အတွက် အချိန်အများကြီးလိုအပ်ပြီး တစ်ရက်တည်းနှင့် မလုံလောက်ပေ။
အစောပိုင်းအင်မော်တယ်နယ်ပယ်လား!
အင်မော်တယ်အဆောင်သခင်တယောက်တောင် ဒါကိုမလုပ်နိုင်လောက်ဘူး!
ဒါကမဖြစ်နိုင်သည့်တာ၀န်တခုကဲ့သို့ အတော်လေးခက်ခဲသည်။
နင်းရှီနှင့် လန်ယင်ချူတို့က ဒီစမ်းသပ်မှု၏ လိုအပ်ချက်များကိုမြင်သောအခါ သူတို့၏အမူအရာများက အတော်လေးကြည့်ရဆိုးနေပြီး သူတို့၏အဆောင်စုတ်တံများကိုပင် မထုတ်ချင်ကြတော့။
အင်မော်တယ်အဆင့်အဆောင်တခုကိုဖန်တီးဖို့ကိုမဆိုထားနဲ့၊ အင်မော်တယ်အဆင့်အဆောင်တခုကို ရေးထွင်းရမည်ဆိုလျှင်ပင် သူတို့တွင် အောင်မြင်မှုနှုန်း ၁၀ရာခိုင်နှုန်းသာရှိပြီး တစ်လကြာပေလိမ့်မည်။
ဒီခက်ခဲမှုက တကယ်တော့ အတော်လေးခက်ခဲသည်။
အစကတည်းက မည်သူမှ သူတော်စင်အဆောင်ဝိဉာဉ်ကို မယူသွားနိုင်သည်မှာ အံ့ဩသင့်စရာမရှိတော့။
တခြားတဘက်တွင် ရှန်းဇီယုနှင့် ရှားရူချီတို့ကလည်း ကြည့်ရဆိုးသည့်အမူအရာများဖြင့်နောက်ဆုတ်လိုက်ကြ၏။ သူတို့က ပထမဆုံးအဆောင်ကိုပင် မချိုးဖျက်နိုင်ကြပေ။
အပိုင်း(603) coming။