← Chapters

မီးဖိုစက်က ကြောက်စရာ ကောင်းလွန်းတော့ ရွာကို ပြန်သွားချင်လာတယ်

Vol. 4 Ch. 46

မီးဖိုစက်က ကြောက်စရာ ကောင်းလွန်းတော့ ရွာကို ပြန်သွားချင်လာတယ်

Vol. 4 Ch. 46

ချန်ရှီသည် အစွမ်းကုန် အားထုတ်ကာ လီထျန်းချင်ဆီသို့ အမြန် ပြေးဝင်သွားခဲ့သည်။ ချန်ရှီသည် ငါးပေ အကွာအ​​ဝေး​အတွင်း မှော်စွမ်းအင်ထက် ပိုမြန်နိုင်ကြောင်း ပြောခဲ့တာက မလိမ်ကြောင်း လီထျန်းချင်လည်း သိလိုက်သည်။

ချန်ရှီရဲ့အရှိန်သည် သူ့မှော်စွမ်းအင်ထက် ခြေတစ်လှမ်း လျင်မြန်ပြီး သူ့ခန္ဓာကိုယ်ကို လေပြင်းများ တိုက်ခတ်သွားကာ အရှိန်ကတင် လီထျန်းချင်မျက်နှာဆီသို့ ရိုက်ခတ်လာရာ အရူးအမူး ပြေးလာနေသည့် သားရဲတစ်ကောင်လိုပင် အသက်ရှူမဝ ဖြစ်သွားစေ၏။

ပိုမြန်တာက ချန်ရှီရဲ့ လက်ပင်။

ချန်ရှီ ဖောက်ဝင်လာသောအခါတွင် မိုးခြိမ်းသံက သူ့ဦးနှောက်ကိုပါ ရိုက်ခတ်လာကာ လေပြင်းကလည်း ဖိသိပ်လာ၏။ သူ့မျက်နှာမှ အရေးအကြောင်းများ ပေါ်လာပြီး ဦးနှောက်မှာထဲ သွေးကြောပိတ်နေသလိုပင် ခံစားလာရလေသည်။

ကျင့်ကြံသူများဟာ မိုးခြိမ်းသံကို အလွန်ကြောက်ကြသည်။ အကြောင်းမှာ မိုးခြိမ်းသံဆိုတာ ကောင်းကင်အတိဒုက္ခရဲ့ အဓိက စွမ်းအားဖြစ်ပြီး စိတ်ဝိညာဉ်ကို ကွဲသွားစေနိုင်သည်။

ရွှေအမြုတေနယ်ပယ်၊ ယွမ်ယင်းနယ်ပယ်နဲ့ နတ်ဝိညာဥ်နယ်ပယ်အထိ ကျင့်ကြံထားလျှင်ပင် ကောင်းကင်အတိဒုက္ခ မိုးခြိမ်းသံများကို ရင်ဆိုင်ရသည့်အခါ အလွန်အမင်း သတိထားရသည်။ လီမိသားစုမှာ စည်းကမ်းတစ်ချက် ရှိသည်။ ကောင်းကင်အတိဒုက္ခ ဖြတ်ကျော်နေစဥ် ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားခွင့် မရှိပေ။

တစ်ချိန်က လီမိသားစုမှ တစ်စုံတစ်ယောက်သည် မိုးကြိုးမုန်တိုင်းအတွင်း သူ့ဝိညာဥ်က ခန္ဓာကိုယ်ကို စွန့်ခွာခဲ့ရသော် မိုးကြိုးပစ်ချက်ကြောင့် စိတ်ဝိညာဉ်က အမှုန့် ဖြစ်သွားခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အနောက်နွားရှင်းကျိုးမှ လူအများအပြားသည် ရွှေအမြုတေနယ်ပယ် ကျင့်ကြံနေစဥ် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး အတိဒုက္ခ ဖြတ်ကျော်ရလေ၏။ မူလက ကြည်လင်ပြတ်သားသော ကောင်းကင်တစ်ခု ဖြစ်နေသော်လည်း မိုးကြိုးများက တစ်ချက်ပြီး တစ်ချက် လှိမ့်ဆင်းလာသည်။

ဤထူးဆန်းသော မိုးခြိမ်းသံမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ကျင့်ကြံသူတိုင်းဟာ ကံမကောင်းကြောင်း ဝန်ခံနိုင်၏။ ကံမကောင်းမှုကြောင့် ရွှေအမြုတေဟာ မိုးကြိုးကြောင့် ကွဲအက်သွားကာ သေဆုံးသွားခဲ့ရသည်။

ချန်ရှီ၏ လက်သီးချက်ဖြင့် ပေါက်ကွဲလာသော မိုးကြိုးသည် ကောင်းကင်အတိဒုက္ခ အဆင့်နဲ့ သဘာဝအတိုင်း ဝေးကွာသော်လည်း မိုးခြိမ်းသံက လီထျန်းချင်ရဲ့ အားနည်းသော စိတ်ဓာတ်ကို မတည်မငြိမ် ဖြစ်သွားစေသည်။ ထိုမိုးကြိုးက နတ်သန္ဓေသားနယ်ပယ်ရှိ လူအတွက် သက်ရောက်မှု ရှိသည်။ မိုးခြိမ်းသံကို တွန်းလှန်ဖို့ နေနေသာသာ သတ္တိကအရင် ပျက်စီးသွားလိမ့်မည်။

လီထျန်းချင်ကတော့ ပြန်လည် တိုက်ခိုက်နိုင်သည်။

ထို့ပြင် လီမိသားစု၏ ယင်ကျောက်စိမ်းဘီးခြောက်ဘီး ကျင့်စဥ်ထဲက အမွန်မြတ်ဆုံးအချက်မှာ ၎င်းတွင် အနှောက်အယှက် ပေးနိုင်မှုနှင့် ခုခံမှု နှစ်ခုစလုံး ပါ၀င်သည်။ အဲဒီအချက်များကို သူ့နတ်သန္ဓေသားက ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ချီစွမ်းအင်ဖြင့် ဖန်ဆင်းထားသော လဘီးသည် မိမိခြေလက်များ လှည့်ပတ်နေသရွေ့ ခုခံနိုင်သော ကိုယ်ဟန်အနေအထားကို ဖန်တီးနိုင်သည်။

ရန်သူက လဘီးကို တိုက်ခိုက်ပြီး စူးရှထက်မြက်တဲ့ လကို ဖြတ်တောက်ပစ်မှသာ ရလိမ့်မည်။ အရေးအကြီးဆုံးကတော့ လကို မမြင်နိုင်သလို သာမန်မျက်စိနဲ့ မမြင်နိုင်တာကြောင့် တားဆီးဖို့ကလည်း မဖြစ်နိုင်ပါဘူး။

လီထျန်းချင်သည် သူ့ပုခုံးပေါ်တွင် လဘီးကို စတင်ဖွင့်ထားပြီး ယင်သရက်ရွက်သွေးကြောမှ ချီသည် သူ့ဘယ်ဘက်လက်ရှိ ယင်ဘီးထဲ စီးဝင်သွားကာ ချန်ရှီလက်သီးချက်ကို ထိတွေ့လိုက်သည်။

တစ်ချိန်တည်းမှာပင် ယင်အဆုတ်သွေးကြောထဲက စစ်မှန်သော စွမ်းအင်များ ပျံ့နှံ့သွားပြီး သူ့ညာဖက်လက်က လဘီးက ချန်ရှီ၏ လည်ပင်းဆီသို့ ဖြတ်သွားသည်။ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဘီးနှစ်ဘီးက တစ်ပြိုင်တည်း အလုပ်လုပ်လာသည်။ ဘီးတစ်ဘီးက သူ့လက်မောင်းအားကို ရစ်ပတ်ထားပြီး နောက်တစ်ဘီးက ချန်ရှီ မမြင်ဖူးသော အစွမ်းဖြင့် အလွန်ထူးကဲလှသည်။

သို့သော် လီထျန်းချင်ရဲ့ လနှစ်စင်း ပေါက်ကွဲထွက်လာသည်နှင့် တပြိုင်နက် ချန်ရှီသည် ထိုလဘီးနှစ်စင်းရဲ့ ရွေ့လျားမှုကို ရုတ်တရက် မြင်လိုက်ရသည်။

လဘီးသည် ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်ဖြစ်သည်။ ချန်ရှီသည် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားသော်လည်း စွမ်းအင်၏ အရင်းအမြစ်ကို ခွဲခြားနိုင်ဖို့ကတော့ ခက်ခဲနေသေးသည်။ ပထမတော့ ဘီးနှစ်ဘီးကို မတွေ့နိုင်ပေ။ သူ့ခန္ဓာကိုယ်က လှုံ့ဆော်ပေးလို့သာ လဘီးနှစ်ဘီးရှိရာကနေ ထွက်လာသော အရှိန်နဲ့ ဘီးရဲ့တည်နေရာကို သူ့စိတ်ထဲ ထင်ထင်ရှားရှား ခံစားမိနေခြင်း ဖြစ်သည်။

ဒီခံစားချက်မျိုးဟာ လဘီးက လေကိုဖိသိပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာသော တုံ့ပြန်မှုပင်။ ချန်ရှီ၏အေးစက်သော ဆံပင်များ အနည်းငယ် လှုပ်ခါသွားသည်။ စိတ်ဝိညာဉ်ထဲက ထုတ်လွှတ်လာသော ချီစွမ်းအင်၏ အလောတကြီး တုံ့ပြန်မှုကဲ့သို့ပင်။ ဒီခံစားချက်မျိုးက အလွန်ထူးဆန်းသည်။

လျှို့ဝှက် ဆန်းကြယ်ပေ၏။

ချန်ရှီသည် ချီသွေးအစစ်ကို မွေးမြူ​ပြီးသောအခါ ဆံပင် တစ်ချောင်းစီကို ခံစားလာနိုင်သည်။ သူတော်စင် သန္ဓေသားလောင်းကို ပြုစုပျိုးထောင်ပြီးသည့်နောက် ဤနိယာမဟာ ပိုမိုအားကောင်းလာ၏။ မမြင်ရတဲ့ စွမ်းအင် ချဥ်းကပ်လာတာနဲ့ သူနှင့် နှစ်ပေသုံးပေ အကွာရောက်တာနဲ့ ချက်ချင်း ခံစားမိသည်။

သို့သော် ချန်ရှီသည် ဒါတွေကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်သည် လဘီး၏ ရွေ့လျားမှုကို သတိပြုမိသောအခါ လီထျန်းချင်ရဲ့ မျက်နှာကို ထိမိတော့မယ့် လက်သီးက ချက်ချင်းပင် ပြောင်းလဲသွားသည်။

သူ့လက်ဖဝါး လဘီးကို ထိလိုက်သည့်အခိုက်တွင် လက်က အထက်သို့ လှည့်ပတ်ကာ ညာခြေထောက်က ကောင်းကင်ကို လှမ်းတက်လိုက်သလို ထွက်ခွာသွားသည်။ တစ်ဆက်တည်း အလယ်မှ ဖြတ်လာနေသော လဘီးကို ရှောင်ရှားလိုက်သည်။

သူ့ခြေဖဝါးအောက်က ထျန်းချွမ်ကြယ် တောက်ပလာတဲ့အခါ ကြယ်စွမ်းအင်က သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ လဘီးသည် ပစ်မှတ်ကို လွတ်သွားသော်လည်း လျင်မြန်စွာ လှည့်ပတ်ကာ လီထျန်းချင်ဆီ ပြန်ရောက်သွား၏။ လီထျန်းချင်ကလည်း လက်မောင်း လှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် အလွန်လျင်မြန်သော အရှိန်ဖြင့် လေထဲက ချန်ရှီဆီသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချန်ရှီ၏ လက်ဖဝါးသည် လဘီးနှင့် တိုက်မိသွားသည်။ မမြင်နိုင်သော လဘီးက ပေါက်ကွဲသွားကာ ချန်ရှီ စွမ်းအားကို မခံနိုင်လိုက်ပေ။ ချန်ရှီသည် မူလက လဘီးကို ရိုက်ထုတ်ရန် စီစဉ်ထားတဲ့အပြင် သူသည် လီထျန်းချင်ရဲ့ ဦးခေါင်းထိပ်ကို အခြားလက်ဖြင့် ရိုက်လိုက်သည်။

မမျှော်လင့်ဘဲ လီထျန်းချင်က ဒီလက်ဖဝါးကို ခုခံလိုက်မယ်ဆိုရင် တစ်ဝက်တစ်ပျက်နဲ့ အားပြတ်သွားလိမ့်မည်။ ချန်ရှီသည် တန်ပြန်မှုတစ်ခုကို မစဉ်းစားမီတွင် သူ့ခန္ဓာကိုယ်သည် လဘီးဆီက တွန်းထုတ်ခံလိုက်ရတာကြောင့် နောက်ပြန်လှည့်ကာ ငါးပေအကွာသို့ ဆုတ်သွားခဲ့သည်။

သူဆင်းသက်ပြီးတာနဲ့ သူ့ဆီ ဦးတည်ပျံသန်းနေတဲ့ စွမ်းအင်မှန်ငါးခုနဲ့ ဖွဲ့စည်းထားတဲ့ လဘီးကို ချက်ချင်း သတိပြုမိလိုက်ပြန်သည်။ အဲဒီလဘီးငါးခုရဲ့ အမြန်နှုန်းတွေဟာ လုံးဝ ကွဲပြားသည်။ တစ်ခါတစ်ရံ ရှေ့၊ တခါတရံ နောက်ပြန်၊ တခါတရံ ဘယ်ဘက်၊ ညာဘက်၊ တချို့က မြန်တယ်၊ တချို့က လျှို့ဝှက်ဆန်းကြယ်ပြီး နှေးကွေးလေ၏။

ထို့နောက် မအောင်မြင်သော လဘီးများသည် သူ့အလိုလို ပျံသန်းသွားကာ စုစုပေါင်း လဘီးခြောက်လုံး ဖြစ်သွားသည်။

လီထျန်းချင်သည် ကျောက်စိမ်းဘီးများပေါ် လှမ်းနင်းလိုက်ပြီး သူ့လက်နှင့်ခြေတို့ကို အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။ သူ့ခြေနင်းကွက်များက ထူးဆန်းနေပြီး သူ့လက်ပေါ်ရှိ ဘီးခြောက်ဘီးကလည်း တစ်ချိန်တည်းတွင် အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်။

လီထျန်းချင်သည် တစ်ခုနှင့်တစ်ခု ထိစပ်နေသော စက်ဝိုင်းငယ်များပေါ်တွင် လျှောက်လှမ်းနေသလို လှုပ်ရှားသွားသည်။ တစ်ချိန်တည်းမှာပင် သူ့ခြေလှမ်းများက မှန်းဆ၍မရသော လမ်းကြောင်းခြောက်သွယ်ကို ထိန်းချုပ်ထားကာ သူ၏တိုက်ခိုက်မှုများကို အလွန်အန္တရာယ် များလာစေသည်။

ချန်ရှီသည်လည်း ထျန်းရွှမ်ကြယ်၊ ထျန်းကျီးကြယ်၊ ယွိဟန်ကြယ်နှင့် တခြားကြယ်များကြားတွင် အဆက်မပြတ် ရွေ့လျားနေသည်။ မြောက်အရပ်ခုနှစ်စင်ကြယ်ပေါ်၌ သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုများသည် သရဲတစ္ဆေတစ်ကောင်လို သို့မဟုတ် လျှပ်စီးကြောင်းလို လျင်မြန်စွာ ပြေးလွှားကာ လဘီးများကို ရှောင်ထွက်သွားသည်။

သူခြေလှမ်း လှမ်းတိုင်း ကြယ်မှုန်များ ပေါက်ကွဲသွားပြီး ကြယ်ရောင်က သူ့ခန္ဓာကိုယ်ကို ဝန်းရံထားကာ တစ်ကိုယ်လုံးကို သန်မာလာစေသည်။ လဘီးများကို ရှောင်နေသည့် တစ်ချိန်လုံး အထွတ်အထိပ် အနေအထားတွင် ရှိနေစေသည်။

ရံဖန်ရံခါ မြေပြင်ကို ချွန်ထက်သော ကိရိယာများဖြင့် ခြစ်ထုတ်သွားသည်။ ကျောက်တုံးများသည် မကြာခဏ တိတ်တိတ်ဆိတ်ဆိတ် အက်ကွဲသွားကာ ဖြတ်ထုတ်ခံထားရသော မျက်နှာပြင်က အလွန်ချောမွေ့လှသည်။ ၎င်းက မှော်စွမ်းအင်ရဲ့ အကျိုးရလဒ်ပါပဲ။

လီထျန်းချင်ရဲ့ သိုင်းပညာက အလွန်ကောင်းမွန်သော်လည်း ချန်ရှီကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် ချန်ရှီသည် လီထျန်းချင်ဆီကနေ ဆယ့်ခြောက်ပေအကွာအထိ ထွက်ခွာသွားခဲ့ရသည်။

ဆယ့်ခြောက်ပေ အကွာအဝေး ရောက်သော် လဘီးတွေက အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြကာ လမ်းတစ်လျှောက်ရှိ သစ်ပင်များနှင့် ကျောက်တုံးများ အားလုံး ပေါက်ကွဲသွားသည်။

ချန်ရှီ၏ခြေရာများသည် မှန်းလို့မရနိုင်သော အရှိန်ပြင်းပြင်းဖြင့် ရှောင်နေ၏။ သူမြင်နေရတဲ့ လီထျန်းချင်ရဲ့ ရုပ်ပုံက ရုတ်တရက် မှုန်ဝါးလာတာကို မြင်လိုက်ရသည်။ လဘီးစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အရှိန်ပြင်းပြင်း တုန်ခါသွားသည်။

ချန်ရှီသည် လီထျန်းချင်ကို ပြန်လည် တိုက်ခိုက်သော်လည်း သူသည် ယင်ကျောက်စိမ်းဘီးခြောက်ဘီးရဲ့ ခံစစ်ကို ခဏအတွင်း မထိုးဖောက်နိုင်သေးချေ။ ရုတ်တရက် အပေါ်၊ အလယ်၊ အောက် လမ်းကြောင်းများမှ လဘီးသုံးဘီး လာနေတာကို သတိပြုမိလိုက်ရာ ချက်ချင်း ရှောင်လိုက်သည်။ ထိုစဥ် သူ့နောက်မှ သစ်ပင်ကြီးတစ်ပင်ကို ဆက်တိုက် ဖြတ်သန်းသွားရာ အလယ်လောက်ကို လေးပိုင်း ခွဲပစ်လိုက်၏။

ယင်ကျောက်စိမ်းဘီးခြောက်ဘီးသည် သူမြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးသော သိုင်းစွမ်းရည် ဖြစ်သော်လည်း စွမ်းအားအရတော့ ကျစ်ဝူရှဲ့သတ်ဓားထက် များစွာ ညံ့​သေးသည်။ အကယ်၍ ကျစ်ဝူရှဲ့သတ်ဓားသာ ဆိုလျှင် ဓားတစ်ချောင်း စွမ်းအားဖြင့်ပင် ဤသစ်ပင်ကြီးသည် တစ်ဝက်ခန့် အဖြတ်ခံလိုက်ရလိမ့်မည်။

ချန်ရှီ သူ့ခြေထောက် အရှိန်ကို သတ်လိုက်စဥ် သူ့အပေါ်လဲကျလာတော့မယ့် သစ်ပင်ကြီးကို ရိုက်ထုတ်လိုက်လေသည်။ ကီလိုဂရမ် တစ်ထောင်ကျော် အလေးချိန်ရှိသော သစ်ပင်သည် သူ့လက်ထဲတွင် ဘာမှ အလေးချိန်မရှိသလိုပင်။ သူ၏ ပြေးနှုန်းမှာ ယခင်ကထက်ပင် မနှေးကွေးတော့ပေ။

ဝှစ်ဝှစ်ဝှစ်!

မမြင်နိုင်သော ကျောက်စိမ်းဘီးကွင်းများ ပျံတက်သွားကာ သစ်သားအပိုင်းအစများ လွင့်စင်ကုန်၏။ ချန်ရှီသည် သစ်ပင်ကြီး၏ ထိပ်ဖျားကို ခုန်တက်လိုက်ရာ ချက်ချင်းပင် ကျောက်စိမ်းဘီးခြောက်ကွင်းကြောင့် ထိပ်ဖျားကလည်း အပိုင်းပိုင်း ဖြတ်သွားကာ သစ်သားပြားများ၊ အကိုင်းအခက်များနှင့် အရွက်များ လွင့်ပျံသွားသည်။

သို့သော်လည်း ချန်ရှီသည် ကောင်းကင်တွင် ပြန့်ကျဲနေသော သစ်သားပြားများကြားတွင် ဘီးခြောက်ဘီး၏ ရွေ့လျားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အခုလေးတင် ဖြတ်သွားသော ဘီးခြောက်ဘီးဟာ လျှို့ဝှက်ဆန်းကြယ်ပြီး မမြင်နိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ အလိုလို တုံ့ပြန်မှုကနေ သူ့မျက်စိနဲ့ မြင်ရတဲ့အတိုင်း ခံစားမိရာ မျက်လုံးက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်လာသည်။

လဘီးခြောက်ဘီးရဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါတွင် သူ၏ခြေထောက်များက ခွန်အားနှင့် ပေါက်ကွဲထွက်ကာ လီထျန်းချင်ဆီသို့ ပြေးထွက်သွားလေသည်။

သူ့ရဲ့ လှုပ်ရှားမှု စွမ်းရည်တွေက အမျိုးမျိုးကွဲပြားပြီး လဘီးတွေကို ရှောင်ဖို့ အကြိမ်အနည်းငယ် လှည့်ပတ်သွားသည်။ ဘီးခြောက်ဘီးကို လက်သီးဖြင့် တဟုန်ထိုး ထိုးချလိုက်ရာ လက်သီးအားက လေထဲမှ သစ်သားပြားတွေကို သယ်ဆောင်သွားရာ ရုတ်တရက် သစ်သားပြားတွေ လေထဲမှ မြှားများလို လီထျန်းချင်ဆီသို့ ဦးတည် ပြေးထွက်သွားခဲ့သည်။

လီထျန်းချင် ရှောင်မနိုင်သည်။ သူ့ခန္ဓာကိုယ်၊ မျက်နှာ၊ လက်နှင့် ခြေထောက်များကို အနောက်မှ ပစ်ခတ်သော သစ်သားခွဲခြမ်းများဖြင့် ထိုးထွင်းခံထားရသည်။

ဒီသစ်သားပြားတွေဟာ အန္တရာယ်မရှိသလို သူ့အသက်ကို မထိခိုက်စေနိုင်ပေ။ တကယ့်အန္တရာယ်က ချန်ရှီရဲ့ လက်သီးပါပဲ။ ဒီလက်ချက်က သူ့ခေါင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ထိုးနှက်သွားမှာ သေချာသည်။

ချန်ရှီ သူ့ကို လက်သီးနဲ့ ထိုးတော့မယ့်အချိန်မှာ လီထျန်းချင်ရဲ့ရုပ်သွင်က မှုန်ဝါးနေတာကို တွေ့လိုက်ရပြန်သည်။ ဒါက ယင်ကျောက်စိမ်းဘီးခြောက်ဘီး သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ ကပ်နေတဲ့ လက္ခဏာပါပဲ။ တစ်ချိန်တည်းမှာပင် ချန်ရှီသည် ဘယ်ဘက်မှ လျင်မြန်စွာ ချဉ်းကပ်လာသော တစ်ခုခုကို သတိပြုမိသည်။

သူက မတွေးဘဲ ညာဖက်သို့ ခြေတစ်လှမ်း လှမ်းကြည့်လိုက်တော့ လီကျင်းသို့၏ ခြေရာများကို မြေပြင်ပေါ်တွင် မြင်လိုက်ရသည်။

လီကျင်းသို့သည် နတ်တစ္ဆေဘုံကို အမှတ်အသားပြုဖို့ ခြေရာအချို့ကို ချန်ထားခဲ့သည်။ ခြေရာများ၏ အပြင်ဘက်သည် လုံခြုံသော နေရာဖြစ်ပြီး ခြေရာများ၏ အတွင်းပိုင်းတွင် နတ်တစ္ဆေဘုံ၏ နယ်မြေဖြစ်သည်။

"သူက အရမ်းမိုက်တာပဲ!"

ချန်ရှီ လီထျန်းချင်ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည် သဘောပေါက်သွားသည်။ သူ့ကို နတ်တစ္ဆေဘုံထဲသို့ တွန်းပို့နေသရွေ့ လီထျန်းချင်က ဤတိုက်ပွဲတွင် အနိုင်ရလိမ့်မည်။ လီထျန်းချင်၏ နားလည်မှုအရ နတ်တစ္ဆေထဲသို့ ဝင်ရောက်ခြင်းက သေခြင်းဘက်သို့ ဦးတည်သွားလိမ့်မည်။

ထို့ကြောင့် ချန်ရှီကို ထိုနေရာထဲသို့ အတင်းအကျပ် တွန်းပို့နေသမျှ ကာလပတ်လုံး ချန်ရှီ သေဆုံးသွားလိမ့်မည်။ ချန်ရှီ ဤနတ်တစ္ဆေဘုံထဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လာရောက်လည်ပတ်ခဲ့သား သူမသိပေ။

သို့သော် ချန်ရှီသာ ခြေဖဝါးထက်မမြင့်သော ကြွေရုပ်တစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားပါက လီထျန်းချင် သူ့ကို အလွယ်တကူ သတ်နိုင်သေးသည်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ချန်ရှီရဲ့ လက်သီးက သူ့ခေါင်းကို သေချာပေါက် ကွဲသွားစေနိုင်ပါ၏။

ချန်ရှီရဲ့ လက်သီးချက်သည် သူ့မျက်နှာသို့ ရောက်နေပြီ ဖြစ်သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ ဘာအင်အားမျှ မလွှတ်လိုက်ပေ။ တစ်ချိန်တည်းမှာပဲ လီထျန်းချင်ရဲ့ လက်တစ်ဖက်က ချန်ရှီရဲ့ဘယ်လက်ကို ဆုပ်ကိုင်လိုက်ပြီး နတ်တစ္ဆေဘုံထဲ ကျရောက်တော့မယ့် ချန်ရှီကို ဖမ်းဆုပ်လိုက်ပေသည်။

ယင်ကျောက်စိမ်းဘီးခြောက်ဘီးက ခေတ္တရပ်ကာ ချန်ရှီခါးပေါ်သို့ ဦးတည်လာသည်။ ချန်ရှီ မတ်တပ်ရပ်ပြီး လက်သီးစွမ်းအားကို ပြန်ဆုတ်လိုက်သည်။ လီထျန်းချင်သည်လည်း လဘီးကို ခွဲထုတ်လိုက်၏။

ခဏအကြာတွင် သူတို့နှစ်ဦးလုံး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး လီထျန်းချင်က ကောက်ရိုးမျှင်များကို ငြီးငွေ့စွာ ပစ်ချလိုက်သည်။

"ငါအခုနကမှ တွေ့ရတဲ့ သူငယ်ချင်းကို မသတ်နိုင်ဘူး"

"ငါလည်း သူငယ်ချင်း မရှိဘူး... မင်းတစ်ယောက်တည်းပဲ"

"ငါ့မှာ သူငယ်ချင်းလည်း မရှိဘူး"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

"တစ်ယောက်ယောက်က ငါ့ရဲ့နတ်သန္ဓေသားကို ဖြတ်လိုက်လို့ လီရှောင်တင်ကို ငါသတ်ပစ်လိုက်တယ်... တခြားတစ်ယောက်ယောက်ရဲ့ နတ်သန္ဓေသားကို အစားထိုးစိုက်ပြီး စာမေးပွဲမှာ ဝင်ခွင့်ပေးလိုက်တယ်လို့ ကြားလို့လေ... အဲဒါကြောင့် ငါက ငါ့နတ်သန္ဓေသားလို့ ထင်ခဲ့တာ"

ချန်ရှီလည်း လီရှောင်တင်ကို သတ်ရခြင်းရဲ့ အကြောင်းရင်း နဲ့ အကျိုးဆက်တွေကို ရှင်းပြလိုက်သည်။

"နောက်မှ ငါ လူမှားပြီး သတ်လိုက်တာ ဆိုတာ သိလိုက်ရတာ..."

“ငါ့အဲ့ဝမ်းကွဲက ပုပ်ပွတဲ့ကောင်ပဲ... သူက ရေနွားခရိုင်မှာ ဆိုးဆိုးဝါးဝါး ရာဇ၀တ်မှုတွေ ကျူးလွန်တယ်.. သတ်ချင်တဲ့လူဆို သတ်ပစ်တာ... ခရိုင်အစိုးရမှာ ရာဇဝတ်မှု စာရွက်စာတမ်းတွေ အရမ်းများနေပေမယ့် မိသားစုနောက်ခံကြောင့် ဘာမှ လုပ်လို့မရဘူး... စာတမ်းမှာတော့ ကျူကဲကျန်းက ငါ့ဝမ်းကွဲကို သေသွားတဲ့နည်းက တရားမ၀င်နိုင်ဘူးလို့ ရေးခဲ့တယ် သူ တော်တော်နာကျည်းနေမယ် ထင်တယ်"

လီထျန်းချင်လည်း ချန်ရှီရဲ့ အတွေ့အကြုံကို စာနာသည်။ သူသည်လည်း သူ့မျိုးနွယ်ကြောင့် နတ်သန္ဓေသားရဲ့ လုယူခံရလူနီးပါး ဖြစ်ခဲ့ရသည်လေ။

"လီရှောင်တင်ရဲ့ အမှုက မင်းကျူးလွန်ခဲ့တာ... ဒါကြောင့် ငါ့ရဲ့ဦးလေး၇ လီခယ်ဖာရဲ့ ကိစ္စကလည်း မင်းအဖိုးက ကျူးလွန်ခဲ့တာ ဖြစ်မယ်... စိတ်မပူပါနဲ့ ငါဘယ်သူ့ကိုမှ မပြောဘူး... ငါ့သူငယ်ချင်းတွေကို ငါ သစ္စာမဖောက်ဘူး..."

ချန်ရှီ အားတက်သရော ပြုံးကာ ပြောလိုက်သည်။

"မနက်ဖြန် မင်းအချိန်ရရင် ငါမင်းကို မြင်းဖမ်းဖို့ ခေါ်သွားပေးမယ်.... အဲ့မြင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် အဲဒီထူးဆန်းတဲ့ သားရဲမျိုးက မြင်းလို့ နာမည်တပ်ထားပေမယ့် မြင်းမဟုတ်ဘူး သိလား... သစ်ပင်မှာ ခုန်နေတဲ့ မျောက်ကြီးနဲ့ တူတယ်....ငါတို့ မာလျိုကို တွေ့ရင် အသံမထွက်ရဘူး... သစ်ပင်ဆီကို တိတ်တိတ်ဆိတ်ဆိတ်လေး ချဥ်းကပ်သွားရမယ် မာလျိုနားနေတဲ့ သစ်ကိုင်းကို ဖြတ်ဖို့ ဓားစွမ်းအင်ကို သုံးကြမယ်... မာလျို ပြုတ်ကျလာရင် အဲ့အခွင့်အရေးကို အသုံးချပြီး သူ့ကို ကြိုးနဲ့ ချည်ရမယ်..."

လီထျန်းချင် မျက်တောင်ခတ်ပြီး "မာလျိုကို ဖမ်းပြီးရင် ဘာလုပ်တတ်လဲ"

“အဲဒီပြီးရင် စျေးထဲယူသွားပြီး ပိုက်ဆံနဲ့ရောင်းတယ်.... အဲ့မာလျိုက ဖမ်းမိပြီးရင် အရမ်းနာခံတတ်တယ်... အလုပ်များတဲ့ရာသီမှာဆို ရွာအနှံ့က ရွာသူရွာသားတွေက မာလျို​မြင်း​တွေကို ဝယ်ကြတယ်... နည်းနည်းလေး လေ့ကျင့်ပေးလိုက်တာနဲ့ အဲဒီထူးဆန်းတဲ့အကောင်က ရွာသားတွေကို ကောက်ပဲသီးနှံတွေ ရိတ်ပေးတာတွေပါ ကူညီပေးတယ်...."

"ယဉ်ပါးသွားရင် သူ့အလိုလို အစာရှာလိမ့်မယ်... စားသောက်ပြီးရင် ရွာသူရွာသားတွေအတွက် အလုပ်ပြန်လာလုပ်လိမ့်မယ်... အလုပ်များတဲ့ ရာသီမဟုတ်ရင်တောင် မြင်းစီးလို့ ရသေးတယ်... လေးလံတဲ့ အလုပ်တွေကို မြင်းက လုပ်ပေးတယ်... စားတာနည်းပြီး အလုပ် များများလုပ်တော့ စျေးကွက်ထဲမှာ အရမ်းနာမည်ကြီးတာ"

လီထျန်းချင် မျက်လုံးများ တောက်ပလာတော့သည်။ ချန်ရှီက ပြုံးပြီး ဆက်ပြော၏။

"ငါအရင်က အဲ့မြင်းကို ဖမ်းဖူးတယ်... စာသင်စရိတ် လဲလှယ်ဖို့ စိတ်ကူးထားတာ ကိုယ်ပိုင်ကျောင်းတက်ပြီး စာကျက်ဖို့ စိတ်ကူးထားတယ် ဒါပေမဲ့ ဘယ်လိုသုံးရမှန်း မသိဘူး... ကျစ်ဝူရှဲ့သတ်ဓားက သစ်ပင်တစ်ပင်ကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားစေပေမယ့် မင်းရဲ့ ယင်ကျောက်စိမ်းဘီးခြောက်ဘီးက အရမ်းကောင်းတယ်... ငါတို့ မြင်းတွေ အများကြီး ဖမ်းမိမှာ သေချာတယ်!"

လီထျန်းချင် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ အစောက ရန်ဖြစ်ခဲ့ကြသော်လည်း ချက်ချင်း ခင်မင်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာခဲ့သည်။ ရုတ်​တရက်​ မီးဖိုထဲက ​တောက်​ပတဲ့ နတ်​အလင်း​ရောင်​ကို မြင်​လိုက်​ရ၏။

လီကျင်းသို့ အသွင်ပြောင်းထားသော ကြွေရုပ်သည် ရှက်ရွံ့​နေဟန်ဖြင့် မီးဖိုထဲမှ ပြေးထွက်လာသည်။ ဆယ်ပေကျော်မြင့်သော မီးဖိုလုပ်သား သုံးဦးက ၎င်းနောက်မှ လိုက်လာကြသည်။ ကြွေရုပ်က ရိုင်းစိုင်းစွာ ပြေးနေစဥ် အပြင်ဘက်တွင် ချန်ရှီနဲ့ လီထျန်းချင်ကို တစ်ခုခု အော်ပြောနေသော်လည်း သူ့အသံမှာ နားမလည်နိုင်သော ငှက်ကလေးတစ်ကောင်၏ အော်သံနှင့် တူ​နေသည်။

ကြွေရုပ်က မီးဖိုထဲက အမြန်ထွက်လာသည်။ လီကျင်းသို့က ကြီးကျယ်ခမ်းနားတဲ့ နတ်စွမ်းအင်ကို လွှဲပြောင်းပေးလိုက်သော် နတ်အလင်းရောင်အောက်မှာ သူ့ရဲ့ ကြွေရုပ်က ပြန်လည် ကောင်းမွန်လာသည်။ နတ်ကွန်းထဲက နတ်သန္ဓေသားလေးကလည်း တဖြည်းဖြည်းနဲ့ ကြွေထည်တွေကို ဖယ်ရှားပစ်လိုက်၏။

ဒါကို မြင်လိုက်တာနဲ့ ချန်ရှီ သဘောကျသွားသည်။ လီကျင်းသို့ဟာ ကြွေရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပြီးနောက်တွင် မီးဖိုလုပ်သားများ၏ တိုက်ခိုက်ခြင်းမှ လွတ်မြောက်ခဲ့ရာ ၎င်းက အလွန်စွမ်းရည်ရှိကြောင်း ပြသနေ၏။

"အဘိုးအိုရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းသန်မာတယ်... သူ ကြွေရုက် အခြေအနေကနေ ပြန်ကောင်းလာနိုင်တယ်.... ချီးကျူးချင်စရာပဲ"

"မကောင်းတော့ဘူး!"

လီကျင်းသို့၏ ကြွေထည်ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်း ပြန်ကောင်းလာသည်။ အေးစက်နေတဲ့ ချွေးတွေက သူအသွင်ပြောင်းထားတဲ့ ကြွေရုပ်ရဲ့နဖူးပေါ်ကို ဖုံးလွှမ်းသွား၏။

"ဒီနတ်တစ္ဆေဘုံက ကြောက်စရာ ကောင်းလွန်းတယ်.... ငါ ဒဏ်ရာရသွားပြီ ငါ့စိတ်ဝိညာဉ်က ဒီနယ်ပယ်ကို မတွန်းလှန်နိုင်ဘူး.... ထျန်းချင်! ချန်ရှီကို လွှတ်လိုက်! ငါ့ကို ရွာမြန်မြန် ပြန်ပို့ပေး!"

ဒါပေမဲ့ သူပြောတာကို သူတို့နှစ်ယောက်လုံး နားမလည်ကြချေ။

All Chapters