← Chapters

လူအိုချန်ယန်

Vol. 4 Ch. 48

လူအိုချန်ယန်

Vol. 4 Ch. 48

"ငါတို့က ရှန်ကျိုးက လာတာ ဟုတ်လား? ငါတို့က ဒီမြေမှာပဲမွေး ဒီမြေကလူပဲ မဟုတ်ဘူးလား"

ချန်ရှီ ထိုစကားကို ကြားသောအခါတွင် တုန်လှုပ် ချောက်ချားသွားကာ သင်္ဘောကြီးကို ပြန်ကြည့်လိုက်သည်။

အဲဒီတုန်းက သူတို့ဘိုးဘေးတွေဟာ ဒီသင်္ဘောကြီးကိုစီးပြီး မှောင်မိုက်တဲ့ ပင်လယ်ထဲမှာ ရွက်လွှင့်သွားရင်း ဒီကိုရောက်ဖို့ ဆယ့်ခုနစ်နှစ်လောက် ကြာခဲ့တယ် ဆိုတာက သူ့ကို အတော်လေး အံ့သြသွားစေသည်။

မြေရိုင်းများ၊ မြောင်းများတူးကာ မြို့များကို တည်ဆောက်ခဲ့သည်။ သားရဲတိရစ္ဆာန်များကို မောင်းထုတ်ကာ လူသားယဉ်ကျေးမှုကို ထူထောင်၍ ဤအမှောင်တိုက်ကြီးထဲတွင် ပထမဆုံးမီးကို ထွန်းညှိခဲ့ကြသည်။

သို့သော် အနောက်နွားရှင်းကျိုးက မူလ မင်မင်းဆက်နှင့် ဘာကြောင့် အဆက်အသွယ် ပြတ်သွားခဲ့တာလဲ။ မင်မင်းဆက်က စစ်သားတွေ ဒီကိုရောက်လာတဲ့ အခါတုန်းက ကောင်းကင်ပြင်မှာ တကယ့် နတ်ဘုရားရော ရှိနေလား။

'နောက်ထပ် ထူးဆန်းတာ တစ်ခုရှိသေးတယ်... ငါ့ရဲ့ အလင်းသုံးပါး ကျင့်စဥ်က ကြယ်အလင်းရောင်ကို စုပ်ယူနိုင်ပေမယ့် နေရောင်ခြည်နဲ့ လရောင်ကို စုပ်ယူလို့မရဘူး... ရှေးဟောင်းဘုံကျောင်းလို နေရာမျိုးမှာပဲ နေရောင်ခြည်နဲ့ လရောင်ကို စုပ်ယူနိုင်တာ... တောင်တန်းအရှင်ဘုံကျောင်းမှာ တွေ့တဲ့ နေနဲ့လက ရှန်ကျိုး ဘိုးဘွားပိုင်မြေက ဖြစ်မယ် ... ဒါပေမဲ့ အဲဒီဘုံကျောင်းတွေက ဘာလို့ မြေအောက်ထဲ မြုပ်သွားကြတာလဲ?'

ချန်ရှီခေါင်းပင် မူးဝေလာသည်။ အကြောင်းရင်းကို အချိန်အတော်ကြာအောင် စဥ်းစားပေမယ့် အဖြေရှာမရပေ။ လီထျန်းချင်မှာ သူ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ သင်္ဘောကြီးအား ထိတွေ့ဖို့ ကြိုးစားကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

မထင်မှတ်ပဲ သူ့လက်ချောင်းထိပ်တွေက သင်္ဘောကြီးနဲ့ ထိတော့မယ့် အချိန်မှာပဲ ခြေဖဝါးအောက်က မြေပြင်က ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါလာတော့သည်။ ရေစီးသံနဲ့ ပတ်ဝန်းကျင် ရှုခင်းတွေက ရုတ်တရက် ပြောင်းလဲကုန်ကာ လှိုင်းလုံးကြီးတွေက သူတို့ဆီကို တဟုန်ထိုး ပြေးဆင်းလာကြလေ၏။

မကြာသေးမီက ခြောက်သွေ့သွားခဲ့သော မြစ်၊ ငါးအရိုးရုပ်ကြွင်းများကို သေသေချာချာ မြင်တွေ့နိုင်သည့် ခမ်းနားသော မြစ်မျက်နှာပြင်က ရုတ်တရက် ပြောင်းလဲသွားကာ မြစ်အတွင်းရှိ ငါးကြီးများ၏ နောက်ကျောသည်လည်း အပြာရောင် ကျွန်းငယ်လေးများကဲ့သို့ ဖြစ်လာသည်။

အရိုးတွေ သွေ့ခြောက်သွားတဲ့ ကွမ်ကြီးတွေကလည်း ပြန်အသက်ရှင် လာတော့မလို ဖြစ်လာသည်။

"နတ်တစ္ဆေဘုံ!"

ချန်ရှီနှလုံးက ရုတ်တရက် အပြောင်းအလဲကြောင့် တုန်ခါသွားကာ လီထျန်းချင်ကလည်း ဘာရှင်းပြချက်မှမရှိဘဲ အမြန်ပြန်ဆုတ်သွားခဲ့သည်။ နှစ်ယောက်သား တုန်လှုပ်နေချိန် ခြေဖဝါးအောက်ရှိ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား​ပြန်သည်။ တဲကျန်းမြစ်သည် လှိုင်းတွန့်နေပြီး မူလမြစ်ကမ်းပါးသည်လည်း ကျောက်စရစ်များ၊ ကျူပင်များဖြင့် ဖုံးလွှမ်းနေလေသည်။

ချန်ရှီ လှည့်ကြည့်ကာ ခြေထောက်ကို အားကုန်သုတ်တင် ပြေးရင်း လီထျန်းချင်ကိုလည်း အတင်း ဆွဲတင်လိုက်သည်။ သူ့ရဲ့တုံ့ပြန်မှု အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် လီထျန်းချင် နတ်တစ္ဆေဘုံဟုကြား၍ သတိ နိုးကြားလာစဥ် စိမ်းလန်းသော မြက်ခင်းပြင်သည် သူ့ခြေရာကို လိုက်မမီနိုင်တော့ပေ။

ထိုအချိန်မှပင် လီထျန်းချင်သည် ချန်ရှီ၏ ပေါက်ကွဲထွက်နိုင်သော စွမ်းအားက ဘယ်လောက် အံ့အားသင့်ဖွယ် ကောင်းသလဲ သိလာ၏။ သူ့ခြေထောက်များက ဟုန်ယီအမြောက်များနှင့် ယမ်းမှုန့်များကဲ့သို့ လွင့်ထွက်သွားပြီး လေပြင်းများက သူ့မျက်နှာကို ရိုက်ခတ်ကာ သူ့အဝတ်အစားများက သူ့ခန္ဓာကိုယ်နှင့် လုံးဝ ကပ်နေသည်။

ခြေတစ်လှမ်းတည်းဖြင့် မူလနေရာမှ ထွက်လာပြီး ငါးပေအကွာ အရောက် သူ့​ခြေဖဝါးကို မြေပြင်ပေါ်သို့ ချလိုက်စဥ် ကျောက်စရစ်ခဲများ ပေါက်ကွဲသွားလေသည်။ လီထျန်းချင်မှာ သူ့နားထဲတွင် လေချွန်သံများကိုသာ ကြားလိုက်ရပြီး တိတ်တဆိတ် ထိတ်လန့်သွားသည်။

'ဒီအမြန်နှုန်းက သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ထက်တောင် ပိုမြန်လွန်းတယ်!'

သူသာ ချန်ရှီနဲ့ မလိုက်ခဲ့ဘူးဆိုရင် ချန်ရှီတစ်ယောက်တည်း ပိုမြန်လိမ့်မည်။ တခဏချင်းမှာပဲ ချန်ရှီဟာ ကျောက်သင်္ဘောအနားကနေ ပေတစ်ရာအကွာအထိ ပြေး​ပြီးသွားပြီ။

လီထျန်းချင်သည် ရှုပ်ယှက်ခတ်နေသော အခြေအနေ၌ သမင်တစ်ကောင်ဘေးကနေ ဖြတ်ကျော်သွားတာကို မြင်လိုက်ရသည်။ ဒီလောက် မိုက်မဲသော သမင်တစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးသေးပေ။ ၎င်းက ထိုနေရာသာ မိုက်မဲစွာ ရပ်နေသေး၏။ သို့သော် နောက်အခိုက်အတန့်တွင် မြက်စိမ်းစိမ်းများက သမင်မ၏ ခြေရင်းသို့ ရောက်လာသည်။

သမင်သည် သူတို့ဘက်သို့ လျင်မြန်စွာ လှည့်ကာ ကျောက်ဆစ်ရုပ်အဖြစ် ပြောင်းလဲသွားလေသည်။ သို့သော် မျက်လုံးတွေက သူတို့ကို ကြည့်နေဆဲပင်။ မြက်ခင်းစိမ်းစိမ်းက အလွန်လျင်မြန်စွာ ရွေ့လျားနေသော်လည်း ၎င်းတို့ကို ဖမ်းမိခါနီးတွင် အရှိန်က ရုတ်ချည်း နှေးကွေးသွားကာ တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားခဲ့သည်။

ချန်ရှီ လီထျန်းချင်နဲ့အတူ လှဲချလိုက်ပြီး နောက်ပြန် လှည့်ကြည့်သော်လည်း နေရာတိုင်းတွင် ကျူပင်​တွေရဲ့ ခြေရာလက်ရာများကို မတွေ့ခဲ့ရတော့ပေ။ ထိုစဥ် သဲစင်ရော်တစ်ကောင်က ၎င်းတို့ဆီသို့ ပျံသန်းလာ၏။ လီထျန်းချင်ကို ဝင်တိုက်တော့မယ့် အချိန်မှာပဲ ရုတ်တရက် မီးခိုးများကဲ့သို့ ပျောက်ကွယ်သွားသည်။

"တောင်ပေါ်မှာ တစ်ခုခုကို နားမလည်ရင် မမေးနဲ့...."

ချန်ရှီ လီထျန်းချင်ဘက်သို့ စိတ်အားထက်သန်စွာ လှည့်ပြောခဲ့သည်။

"လူတော်တော်များများက စပ်စုလွန်းလို့ အသက်ပေးရတတ်တယ်..."

လီထျန်းချင်ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး ရုတ်တရက် ပြုံးလိုက်သည်။

"ဒါပေမဲ့ ဒီကျောက်သင်္ဘောကို ရှာတွေ့ပြီးရင် ငါ့အဖိုးနဲ့ငါ ချွမ်ကျိုးကို အလုပ်ကိစ္စနဲ့ ပြန်သွားနိုင်ပြီ..."

ချန်ရှီ: "ချွမ်ကျိုးက လီမိသားစုမှာ ဒီနတ်တစ္ဆေဘုံကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိလား"

လီထျန်းချင်က ခေါင်းယမ်းပြီး "သေချာပေါက် မဟုတ်ဘူး... ဒါပေမယ့် သူတို့မှာ ရှိမရှိ မသိပေမယ့် ငါ့အဖိုး၊ ငါနဲ့ ငါ့အမေက ဒီကိစ္စကြောင့် အသက်ရှင်ပြီ"

ဤအခြေအနေနဲ့ဆို သူသည် ချန်ရှီကို သစ္စာဖောက်ရန် မလိုအပ်တော့ဘဲ လီမိသားစုထဲတွင် ရှင်သန်နိုင်ကာ အခိုင်အမာ ခြေကုပ်ယူနိုင်ပြီ။ သူ ဂရုစိုက်သော ဆွေမျိုးများကိုလည်း ကာကွယ်နိုင်ပြီ။

ချန်ရှီလည်း သူ့အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။

ရှင်းရှန်ခရိုင် အပြင်ဘက်၊ စာတိုက်လမ်းမပေါ်တွင်။

ဤနေရာ၌ စာပို့ရာ လမ်းသည် ကျယ်ဝန်းပြီး ပြန့်ကားသည်။ စိမ်းပြာကျောက်တုံးများ ခင်းကျင်းထားကာ အလယ်တွင် ဘီးနှစ်ဘီးအတွက် အရာများ လုပ်ထားသောကြောင့် လမ်းသွားလမ်းလာများအတွက်ရော ရထားလုံးများအတွက်ပါ အဆင်ပြေသည်။

စာတိုက်၏ တစ်ဖက်တစ်ချက်စီတွင် မြစ်များရှိပြီး မြစ်ကမ်းပါးများကိုလည်း ကျောက်များဖြင့် ကာရံထားသည်။ မြစ်ရေသည် ပင်လယ်နှင့် ဆက်သွယ်ထားကာ မြစ်ရေတက်လာချိန်တွင် ဂိတ်စောင့်တပ်မှ သံတံခါးကို လျှော့ချပေးသည်။ ၎င်းက မြစ်ကမ်းပါးကို ပိတ်ပြီး ပင်လယ်ရေများ မြစ်ကမ်းပါးပေါ် လျှံကျလာခြင်းမှ ကာကွယ်ပေး၏။

ထိုအချိန်တွင် လက်ဝဲဘက် မြစ်ကမ်းရှိ မြက်ခင်းပြင်တွင် အစာရှာနေသည့် ရှင်းရှန် ကြွက်တစ်ကောင် ရှိ​လေသည်။

ဤကြွက်မျိုးသည် အနောက်နွားရှင်းကျိုးတွင် ထူးခြားသော မျိုးစိတ်အဖြစ် လူသိများ၏။ ၎င်းသည် ပေါင်တစ်ရာ သို့မဟုတ် နှစ်ရာအထိ ကြီးထွားနိုင်ပြီး စပါးရင့်မှည့်သည့် ရာသီတွင် ၎င်းတို့ကို စပါးခင်းထဲ၌ အုပ်စုလိုက် တွေ့ရတတ်သည်။ ပါးနှစ်ဖက်ကလည်း အလွန် ဖောင်းကားနေတတ်သည်။

ဖမ်းမိလို့ အရိုက်ခံရရင် ပါးစပ်ထဲကနေ ပြောင်းဖူးစေ့ကို ကျင် နှစ်ဆယ်ကျော်အထိ ထုတ်ယူနိုင်သည်။ ရှင်းရှန်ကြွက်သည် လူသိများသော ပိုးမွှားဖြစ်သော်လည်း နှစ်ပေါင်းများစွာ အစာခေါင်းပါးမှုအတွင်း ဤထူးခြားဆန်းပြားသော သားရဲတစ်ကောင်ကို သတ်လိုက်လျှင် ရက်ပေါင်းများစွာ စားနိုင်သည်။

မြက်ခင်းထဲက ရှင်းရှန်ကြွက်ဟာ အရွယ်ရောက်ပြီးသား မဟုတ်သေးပေ။ ၎င်းက အပင်ရဲ့အမြစ်ကို တူးနေရင်း ရုတ်တရက် မြက်ခင်းပြင်မှာ ခရက်ခရက်သံများကို ကြားလိုက်ပြီးနောက် အရပ်အမောင်းက တစ်ပေအောက်သာ ရှိတဲ့ အရုပ်လေး ၃ ကောင် ထွက်လာတာကို တွေ့လိုက်ရပါ၏။

ရှင်းရှန်ကြွက်လေး၏ မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး ထိုအရုပ်လေးငယ်များကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ထိုအရုပ်လေးများသည် ခန္ဓာကိုယ်၏ နေရာတိုင်းတွင် ခြစ်ရာများဖြင့် ရှုပ်ပွနေကာ ပင်ပန်းနွမ်းနယ်နေပြီ။ အချို့သော အစိတ်အပိုင်းများက အက်ကွဲကြောင်းများဖြင့် ပျက်စီးသွားကြပြီ။

အရုပ်တော်တော်များများက ကြွက် ပြေးလာတာကို တွေ့တာနဲ့ အိတ်ထဲက လက်နက်မျိုးစုံနဲ့ ပစ်သတ်လိုက်သည်။ အဲဒီထဲက တစ်ယောက်ဟာ ရွှေအမြုတေဆေးကိုတောင် ပေးခဲ့ပေမယ့် ရှင်းရှန်ကြွက်က သူ့ကို စားပစ်လိုက်သည်။

ရှင်းရှန်ကြွက်သည် အရုပ်တစ်ရုပ်ကို ပွေ့ဖက်ကာ ကိုက်ဖြတ်ပစ်လိုက်သည်။ အရုပ်လေး၏ ဦးခေါင်းကို ကလစ်အသံဖြင့် ကိုက်လိုက်သော်လည်း သွားကြီးတစ်ချောင်း ဆုံးရှုံးလုနီးပါး ဖြစ်သွားတာ သူ့ဘာသာ သတိပြုမိလိုက်သည်။

သို့သော် ကြွေရုပ်သည် ၎င်း၏ ဦးခေါင်းကို အကိုက်ခံရပြီးနောက် သေဆုံးသွားခဲ့ပါပြီ။ နောက်ထပ် ကြွေရုပ်ကလည်း ရွှေအမြုတေကို အစားခံရပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း တွေ့လိုက်ရသည်။

အခု ကြွေရုပ်တစ်ရုပ်ပဲ ကျန်တော့ပြီး ၎င်းက လွတ်မြောက်ဖို့ အခွင့်အရေး ယူခဲ့သည်။

ကြွေရုပ်သည် လူများနင်းမိ၍ ရထားလုံးဖြင့် တက်ကြိတ်ခံရမယ့် အန္တရာယ်ရှိ လမ်းဘေးသို့ ပြေးသွားခဲ့သည်။ နောက်ဆုံးတွင် သူမဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်လာသည့် ရထားလုံးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ပေါ့ပါးစွာ ခုန်တက်လာပြီး ရထားလုံး၏ အလျားလိုက်ဝင်ရိုးကို ဖမ်းဆုပ်ထားပေသည်။ ပြင်းထန်သော ရထားလုံးက ပြည်နယ်မြို့တော်ဆီသို့ မောင်းနှင်သွားခဲ့သည်။

ခရိုင်မြို့တော်ကို ရောက်တဲ့အခါမှာတော့ ရထားလုံးမရပ်ခင် ကြွေရုပ်က ကိုင်ထားတာကို လွှတ်ချလိုက်တာကြောင့် ခြေဖဝါးကနေ ကလစ်ဆိုတဲ့ အသံကို ကြားလိုက်ရ၏။ ကြွေရုပ်သည် အနီးနားက လမ်းကြား၏ အရိပ်များထဲသို့ တိုးဝင်သွားသည်။

အချိန်အတော် ကြာပြီးနောက် လက်ထဲတွင် သစ်သားဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆိုင်ပြတင်းပေါက်သို့ တွယ်တက်လာခဲ့သည်။ သစ်သားဆိုင်းဘုတ်မှာ စကားလုံးတွေ ရေးထား၏။

'"ကျွန်မက ရွှမ်ရင်အိမ်တော် ကျောက်မိသားစုရဲ့ ဒုသခင်မလေးပါ.. ကျေးဇူးပြုပြီး ကျွန်မအဖေ ကျောက်ယန်လုံကို ဆက်သွယ်ပေးပါ...ခမ်းခမ်းနားနား ဆုချပါ့မယ်"

မကြာမီ တစ်စုံတစ်ယောက်သည် ထိုမြင်ကွင်းကို တွေ့ရှိသွားခဲ့ပြီး ကြည့်ရှုသူတွေကလည်း ပိုများလာသည်။ ကြွေရုပ်ရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်နေ၏။ ၎င်းက ချန်ရှီကြောင့် မီးဖိုထဲကို လှည့်စားဝင်သွားမိခဲ့တဲ့ ဒုတိယသခင်မလေးပဲ ဖြစ်သည်။

ဒီရက်ပိုင်းမှာ မီးဖိုစက်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး မီးဖိုလုပ်သားတွေ လိုက်ရှာ​နေတာကို ရှောင်နေခဲ့သည်။ ကျောက်မိသားစုက ကယ်ဆယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်မယ်လို့ မျှော်လင့်ထားပေမယ့် ကယ်ဆယ်ရေးက မရောက်သေးပါဘူး။

သူမပတ်ဝန်းကျင်မှာ အပေါင်းအဖော် နည်းလာသည်။ သူတို့တွေကို မီးဖိုသမားတွေက ဖမ်းပြီး မီးသဂြိုလ်ဖို့ ဂူထဲထည့်တာ ဒါမှမဟုတ် အပြင်ထွက်တဲ့အခါ သားရဲတွေနဲ့ ငှက်တွေ ဖမ်းသွားတာနဲ့ သေကုန်ကြသည်။

သူမ မထိုင်နိုင်ဘဲ သေခြင်းတရားကို ထိုင်မစောင့်နိုင်ဘူးဟု ခံစားမိသောကြောင့် အခြားကြွေရုပ်များကို စည်းရုံး၍ ပြည်နယ်မြို့တော်သို့ လိုက်ကာ ကျောက်မိသားစုကို ရှာဖွေရန် အစပြုခဲ့သည်။

အခြားကြွေအရုပ်များကို ရွှေ့ပြီး မီးဖိုထဲ၌ အတူထားခဲ့သည်။

တောင်ပေါ်တက်၊ မြစ်တွေကိုဖြတ်၊ ကြမ်းကြုတ်တဲ့ သားရဲတွေကို တိုက်ကြရင်း သူမတို့ရဲ့အပေါင်းအဖော်တွေက တဖြည်းဖြည်း နည်းကုန်ကာ ခရိုင်မြို့တော်ကို သွားတဲ့လမ်းမှာပဲ သေဆုံးသွားကြတယ်။

ဒုတိယ သခင်မလေးကျောက်သာ ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် ခရိုင်မြို့တော်သို့ ရောက်လာခဲ့သည်။

ကျောက်မိသားစု၏ ရွှမ်ရင်အိမ်တော်တွင်တော့ ကျောက်ယန်လုံနဲ့ သူ၏ဇနီးသည် အိမ်တော်သခင် ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်။ ဇနီးသည်က သူမ၏လက်ကိုင်ပုဝါကို မြှောက်ကာ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်ကာ ဆို၏။

"ကျွန်မ အရမ်းရင်နာတယ်... ယောက်ျား ရှင် မင်ရိုအတွက် ဖြေရှင်းပေးရမယ်!"

ဒုသခင်မလေးကို အပြင်လူတွေက ခေါ်တဲ့ နာမည်က ကျောက်မင်ရို ဖြစ်သည်။

ကျောက်ယန်လုံရဲ့ အမူအရာကလည်း ဆိုးရွားနေပြီ။ သူ့သမီးကို ရှာတွေ့ပြီးကတည်းက အစိုးရအမှုထမ်း သခင်များကိုလာရောက်၍ ကျောက်မင်ရိုရဲ့ ကြွေထည်အသွင်ပြောင်းခြင်းကို ဖြိုခွင်းရန် ဖိတ်ခေါ်ခဲ့သည်။ သူ့သမီးကို ချစ်သော်လည်း သူ ဒီအတိုင်းသာ လက်ခံနေရသည်။

"မင်ရို... အဲဒီချန်ရှီ မင်းကို တောင်ပေါ်က မီးဖိုထဲ ခေါ်သွားတယ်... ပြီးတော့ မင်းဒီလို ဖြစ်လာတယ်ပေါ့ ဟုတ်လား?"

ကျောက်ယန်လုံ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နှင့် တောက်ပလာကာ "မီးဖိုအကြောင်း အသေးစိတ်ရှင်းပြ" ဟု ပြောခဲ့သည်။

ကျောက်မင်ရိုက စုတ်တံလေးကိုယူကာ စာရွက်ပေါ်တွင် ရေးချလိုက်သည်။ ခဏအကြာတွင် ကျောက်ယန်လုံက စာရွက်ကိုယူ၍ သေသေချာချာ ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာ၏။

"မိန်းမ... မင်ရိုက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရလာတာပဲ..."

သူက ကျောက်မင်ရိုရဲ့ လက်ဖဝါးကို ကိုင်ထားပြီး။

"မင်ရို ပြောခဲ့တဲ့မီးဖိုက ဘုရင်ကျန်းရဲ့အုတ်ဂူအတွက် ကြွေတွေကို ထုတ်ပစ်တဲ့နေရာပဲ ဖြစ်ရမယ်.... အဲဒါကို ရှာတွေ့သရွေ့တော့ ဘုရင်ကျန်းရဲ့ ဂူသင်္ချိုင်း သဲလွန်စတွေကို ရှာတွေ့နိုင်တယ်...မင်ရို အဲဒီမီးဖိုမှာ လက်ရှစ်ချောင်းနဲ့ ခေါင်းလေးလုံးပါတဲ့ ကြွေရုပ်တုကို မြင်ခဲ့လား... အဲဒီကြွေရုပ်ထုရဲ့ ကိုယ်ထည်ကို ပြုပြင်ဖို့ မီးဖိုလုပ်သားတွေက အရည်ကျိုနေတာလား?"

ကျောက်မင်ရို ခေါင်းညိတ်လိုက်သည်။ ကျောက်ယန်လုံ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ခေါင်းလေးလုံးနဲ့ လက်ရှစ်ချောင်းပါတဲ့ ဒီကြွေရုပ်တုက နတ်တစ္ဆေဘုံရဲ့ ရင်းမြစ်ပဲ ဖြစ်မယ်.... ကြွေရုပ်တုကို ပြုပြင်မွမ်းမံနေတယ် ဆိုတော့ မူလအစက ပျက်စီးသွားပြီ... ဒါက ငါတို့ ကျောက်မိသားစုကို ဘုရားပေးတဲ့ အခွင့်အရေးပဲ ဘုရင်ကျန်းရဲ့ သင်္ချိုင်းက ငါ့လက်ထဲထဲမှာ ရှိနေပြီ...မင်ရို စိတ်မပူပါနဲ့ ဖေဖေ မင်းကို လက်စားချေဖို့ သေချာပေါက် ကူညီပေးမှာပါ!"

သိပ်မကြာခင်မှာဘဲ အစေခံတစ်ယောက်က စာရွက်စာတမ်း တစ်စောင်နဲ့ ရောက်လာသည်။

"သခင်ကြီး... ဟွမ်ဖောရွာမှာရှိတဲ့ လူတိုင်းရဲ့ အချက်အလက်က ဒီမှာပါ"

ကျောက်ယန်လုံက ခေတ္တမျှ လှန်ကြည့်ကာ ကျောက်မင်ရိုကို အိမ်နောက်ဖေးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအိမ်လေး၏ တံစက်မြိတ်အောက်တွင် အဆောင်လက်ဖွဲ့များ ချိတ်ဆွဲထားကာ ဆံပင်ဖြူနဲ့ အဘိုးအိုတစ်ဦး အလုပ်ကြိုးစားနေတာ တွေ့လိုက်ရသည်။

ကျေးလက်ဒေသရှိ အဆောင်ဆွဲချက် ဖွဲ့စည်းပုံတွေက ရိုးရှင်းသော်လည်း ဤအဘိုးကြီးဆွဲသော အဆောင်လက်ဖွဲ့တွေကတော့ အလွန်ရှုပ်ထွေးသည်။ အဆောင်သည် အများအားဖြင့် စာလုံး ပုံစံအမျိုးမျိုးကို အခြေခံ၍ ရေးဆွဲကာ စကားလုံးပုံများ မရှိသလောက်နည်းသည်။

လက်ဖွဲ့အစွမ်း ဆိုသည်မှာ တ​စ္ဆေများနှင့် နတ်ဆိုးများကဲ့သို့သော တန်ခိုးကြီးသော သတ္တဝါများ၏ အမည်များကို ရည်ညွှန်း ရေးသားကြသည်။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများဖြင့် ဖွဲ့စည်းထားသည်။

တံဆိပ်ခတ်ထားသော အဆောင်လက်ဖွဲ့သည် အလွန် အစွမ်းထက်ပြီး မယုံနိုင်လောက်အောင် စွမ်းအားရှိသည့် နတ်ဆိုးများအား မှတ်တမ်းတင် ရည်ညွှန်း​လေသည်။

ဒီသုံးမျိုးထဲက တစ်ခုခုကို ကျွမ်းကျင်ရင် အ​ဆောင်ဆွဲ သခင်တွေကြားမှာ ဆရာတစ်ဆူ ဖြစ်လေပြီ။ တချို့လူတွေက တစ်သက်လုံး သင်ယူရင်တောင် မကျွမ်းကျင်နိုင်ပါဘူး။

ဆံပင်ဖြူ အဘိုးကြီးရေးတဲ့ အကြောင်းအရာမှာ တကယ်တော့ စာလုံးသုံးမျိုးဟာ ရှုပ်ထွေးသော တံဆိပ်အက္ခရာတွေ ပါ၀င်လေသည်။ အားလုံးဟာ အလွန်လက်ရာမြောက်ပြီး စွမ်းအားကြီးသည်။

"ဦးလေး၂... ဦးလေးကို ကျေးလက်ကိုသွားပြီး မြေးအဘိုးနှစ်ယောက်ကို သတ်​စေချင်တယ်"

ဆံပင်ဖြူ အဘိုးကြီးသည် ခေါင်းကို မြှောက်လိုက်ရာ သူ၏ရောင်ဝါသည် ရုတ်တရက် သူတို့နှစ်ဦးကို အလွန်ကြောက်လန့်သွားစေ၏။

"ဘယ်သူလဲ"

"ဟွမ်​ဖောရွာက ချန်ရှီ ချန်ယင်တု!"

"ငါသွားပြီး ချက်ချင်း ပြန်လာခဲ့မယ်... ဒီည ငါ့အတွက် စားစရာတွေ ချန်ထား"

ဆံပင်ဖြူ အဘိုးအို ထွက်သွားတာကို ကြည့်ပြီး ကျောက်ယန်လုံ သက်ပြင်းချမိသည်။ ဒီဒုတိယဦးလေးဟာ ရွှမ်ရင်အိမ်တော်မှာ အမြင့်ဆုံးနဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ မိသားစုအပေါ် ချစ်မြတ်နိုးလို့သာ မဟုတ်ရင် ရွှမ်ရင်အိမ်တော်ရဲ့ အကြီးအကဲ ရာထူးက သူ့အဖေရခဲ့မှာ မဟုတ်ပါဘူး။

"ဒုတိယဦးလေး အဲဒီကိုသွားရင် သူတို့ကို ဖမ်းနိုင်တော့မှာ သေချာတယ်... မင်ရိုအတွက် လက်စားချေနိုင်ပြီ ဘုရင်ကျန်းရဲ့ အုတ်ဂူကို ရှာဖွေဖို့ ပြင်ဆင်ရမယ့် အချိန်ရောက်ပြီ...."

……

ဆံပင်ဖြူ အဘိုးအို၏ မျိုးရိုးအမည်မှာ ကျောက်ဖြစ်ပြီး သူ့အမည်မှာ စွင်ယိ ဖြစ်သည်။ ညနေခင်းမှ ဟွမ်ဖောရွာသို့ လျင်မြန်စွာ ရောက်ရှိလာသော်လည်း လမ်းတွင် အေးအေးဆေးဆေး သွားလာနေသေးသည်။ ချန်ရှီ၏အိမ် တည်နေရာကို ရွာသားများအား မေးမြန်းခဲ့ရာတွင်လည်း အလွန်ယဉ်ကျေးသည်။

သူသည် ဆံပင်ဖြူသော်လည်း သန်မာသော ခန္ဓာကိုယ်ရှိပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် ခရိုင်မြို့တော်မှ ကျေးလက်ဒေသသို့ မိုင်သုံးရာကျော် လမ်းလျှောက်ပြီးသည့်တိုင် ပင်ပန်းသည်ဟု လုံးဝ မခံစားရပေ။

ချန်အိမ်သို့ ရောက်သောအခါ တံခါးဖွင့်ထားတာ တွေ့လိုက်ရသည်။ ကျောက်စွင်ယိ ခြံဝင်းထဲသို့ လှမ်းဝင်ကာ ဆိုလိုက်သည်။

"အဆောင်ဆွဲဆရာရဲ့ ခြံဝင်းက အံဝင်ခွင်ကျဖြစ်ပြီး တော်တော် သာယာသားပဲ..."

ခြံဝင်းထဲတွင် သူတစ်ဦးတည်းသာ ရှိပြီး ဘယ်သူမှ မဖြေချေ။ ကျောက်စွင်ယိ ဒါကို အလေးအနက်မထားဘဲ လှည့်ကြည့်လိုက်ပေမယ့် ဒီမိသားစုရဲ့ ခြံဝင်းက ကြီးကြီးမားမား မဟုတ်ဘဲ အိမ်ရှေ့ခန်း၊ အရှေ့ခန်း၊ အနောက်ခနိးနဲ့ ပိုင်းခြားထားကာ မြေတစ်ဧကစာပဲ ရှိတာကို မြင်လိုက်ရသည်။

ပင်မခန်းမတွင် အခန်းသုံးခန်း၊ နေထိုင်ရန် နှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း ရှိသည်။

ထူးဆန်းတာက ဒီအချိန်မှာ ပင်မခန်းမကို ဝမ်းနည်းစရာ အထိမ်းအမှတ် ခန်းမအဖြစ် အလှဆင်ထားပြီး အောက်မေ့ဖွယ် ကမ္ဗည်းပြားတစ်ချပ်ရှေ့မှာ ဖယောင်းတိုင်မီးတွေလည်း ထွန်းညှိထားသေးသည်။ အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးက ဝမ်းနည်းခြင်း ခန်းမရှေ့တွင် သူ့အား နောက်ကျောပေးလျက် ရပ်နေကာ သူ့ခန္ဓာကိုယ်က ယင်စွမ်းအင်များနှင့် ပြည့်နေသည်။

ကျောက်စွင်ယိ အနည်းငယ်ပြုံးပြီး အေးအေးဆေးဆေး ပြောသည်။

"ကျုပ်က အသက် ၈ နှစ်မှာ စကျင့်ကြံပြီး အသက် ၁၂ နှစ်မှာ ခရိုင်စာမေးပွဲကို အောင်ခဲ့ပါတယ်... ပညာရှင်ဖြစ်လာပြီး ခရိုင်မှာ တတိယအဆင့် ယောက်ျားလေးစာသင်သား ဖြစ်လာခဲ့ပါတယ် အသက်ဆယ့်ခြောက်နှစ်မှာ ခရိုင်စာမေးပွဲမှာ ပါဝင်ခဲ့ပြီး ပြည်နယ်စာမေးပွဲမှာ အမှတ်စဉ် ၁နဲ့ အောင်ခဲ့ပေမယ့် ထိပ်တန်းဆယ်ခုမှာ ပါဝင်ခဲ့ပါတယ်.... ကျုပ် ကိုးနှစ်သားအရွယ်မှာ တာအိုဆရာ အကြီးအကဲချန်ယန် ရေးသားတဲ့ အဆောင်လက်ဖွဲ့ ပေါင်းစပ်နည်း ဆယ့်နှစ်အုပ်ကို အပြင်းအထန် ဖတ်ဖူးတယ်....အဲဒါက အဆောင်လက်ဖွဲ့ အားလုံးကို မှတ်တမ်းတင်ထားတာ...ကျုပ်က ရှင်းရှန်ခရိုင်မှာ နံပါတ်တစ်လို့ မခေါ်ဝံ့ပေမယ့် ကျုပ်အပြင် တခြားဘယ်သူမှ မရှိလောက်ပါဘူး"

အရပ်ရှည်သော အဘိုးအိုသည် သူ့ဘက်လှည့်ကာ တစ်စုံတစ်ခုကို မျိုချနေသကဲ့သို့ သူ့ပခုံးများ တုန်ခါသွားသည်။

"ချန်ယင်တု... မင်းရဲ့မြေးက အိမ်တော်သခင်ကို စော်ကားလိုက်တယ်... အိမ်တော်သခင်က မင်းရဲ့မြေးကို ကိုယ်တိုင်ကိုယ်ကျ ဆက်သဖို့ တောင်းဆိုထားတယ်..."

ကျောက်စွင်ယိက သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးဖြူဖြူတွေကို ကြည့်ကာ ပြုံးလေသည်။

"လှည့်ကြည့်လိုက်ပါ... ကျုပ် အနောက်ကနေ လူတွေကို သတ်ရတာ မကြိုက်ဘူး... ခင်ဗျားနဲ့ကျုပ် နှစ်ယောက်စလုံးက အဆောင်ဆွဲဆရာတွေ ဆိုတော့ ထိပ်တိုက်တွေ့ရဖို့ မျှော်လင့်တယ်.... "

ထိုအချိန်တွင် တစ်ခုခု မျိုချနေသော အရပ်ရှည်သော အဘိုးအိုသည် မှိန်းနေသကဲ့သို့ ရပ်တန့်ကာ ခေါင်းကို မြှောက်လိုက်သည်။

"အဆောင်လက်ဖွဲ့ ပေါင်းစည်း​ခြင်းကို ခရိုင်တရားရုံးက သင်ထောက်ကူပစ္စည်းအဖြစ် သုံးနေသေးတာလား...."

အရပ်ရှည်သော အဘိုးအိုသည် လှည့်ကြည့်ကာ သံသယစိတ်ဖြင့် ဆက်ပြောလေသည်။

"အဲဒီစာအုပ်တွေကို ငါ ပြုစုတုန်းက အသက်လေးဆယ်ကျော်ပဲ ရှိသေးတယ်... အဲဒီထဲမှာ ပါတဲ့ အရာတွေက အရင်ကတည်းက ခေတ်နောက်ကျနေပြီ"

ကျောက်စွင်ယိ အံ့အားသင့်သွားပြီး မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ခင်ဗျားက အကြီးအကဲချန်ယန်လား? ခင်ဗျား အသက်ရှင်နေသေးလား"

သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ရုတ်တရက် ခေါင်းခါလိုက်သည်။

"ခင်ဗျားမှာ ဒီလို မြေးတစ်ယောက် ရှိတာ မဖြစ်နိုင်ဘူး...အဘိုးကြီး!! အကြီးအကဲချန်ယန်ရဲ့ နာမည်ကိုသုံးပြီး ကျုပ်ကို ခြောက်ဖို့ မကြိုးစားနဲ့!"

သူ မစဉ်းစားဘဲ သူ့လက်ထဲမှ အဆောင်လက်ဖွဲ့များကို ပစ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်တွင် ဒါဇင်များစွာသော အဆောင်လက်ဖွဲ့များသည် လေထဲတွင် လွင့်မျောသွားကာ နတ်အလင်းရောင်များ စီးဆင်းနေပြီး အလွန်တောက်ပနေပါသည်။

သူသုံးသော အဆောင်လက်ဖွဲ့များသည် "အဆောင်လက်ဖွဲ့ ပေါင်းစည်းခြင်း" တွင် မှတ်တမ်းတင်ထားသော အရည်အသွေး အမြင့်မားဆုံး အရာများ ဖြစ်သည်။ ၎င်းတို့အနက် သြဇာအရှိဆုံးသည် မြောက်အရပ်နတ်အဆောင်၊ မြောက်အရပ်မိုးကြိုးငါးချက်နဲ့ တောင်အရပ် သေခြင်းရှင်ခြင်း အဆောင်လက်ဖွဲ့များပဲ ဖြစ်သည်။

ဤအဆောင် လက်ဖွဲ့ များတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါ၀င်သည်။ မြောက်အရပ်နတ်အဆောင်က နတ်စွမ်းအင်များကို စုစည်းနိုင်သည်။ နောက်တစ်ခုက မိုးကြိုးငါးကောင်ကို သယ်ဆောင်နိုင်ပြီး သေခြင်းရှင်ခြင်း အဆောင်လက်ဖွဲ့က သာမန်ကျင့်ကြံသူတွေရဲ့ စွမ်းအားကို ကျော်လွန်နိုင်သည်။

အစွမ်းထက်သော အ​ဆောင်ဆွဲဆရာ၏ ဖောက်ခွဲတိုက်ခိုက်ရေး စွမ်းအားသည် အခြေတည်ဝိညာဥ်နယ်ပယ်၊ နတ်ဝိညာဥ်နယ်ပယ် အဆင့်သို့ ရောက်ရှိသွားသော သခင်များကို ကျော်လွန်သွားနိုင်သည်။

"စိတ်ကူးတစ်ခုနဲ့ မဆွဲနိုင်သေးဘဲ မင်းကိုယ်မင်း နံပါတ်တစ်ပါလို့ ပြောရဲသေးတယ်ပေါ့လေ!"

အရပ်ရှည်သော အဘိုးအိုသည် စိတ်ထဲက အတွေးတစ်ခုနဲ့အတူ ကျောက်စွင်ယိ အနီးတစ်ဝိုက်တွင် မှင်စာပုံစံများကို ရုတ်တရက် ပုံဖော်လိုက်သည်။ အဆောင်လက်ဖွဲ့က မရှုပ်ထွေးချေ။

သို့သော် စုတ်တံနဲ့ မဆွဲခဲ့သလို၊ ခွေးနက်သွေးကိုလည်း မသုံးခဲ့ဘဲ စာလုံးကို စိတ်ဖြင့်သာ တိုက်ရိုက် ရေးဆွဲသွားခဲ့သည်။ ကျောက်စွင်ယိ ထိတ်လန့်သွားသော်လည်း သူ့ခန္ဓာကိုယ်မှ မီးစတင်လောင်ကျွမ်းကာ ချက်ချင်း ညှော်နံ့တွေပါ ထွက်လာသည်။

"ခင်ဗျားက အကြီးအကဲချန်ယန်! လူအိုချန်ယန်"

တဟုန်းဟုန်း တောက်လောင်နေသော မီးလောင်ကျွမ်းမှုမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ့တစ်ကိုယ်လုံး မီးတောက်ထဲတွင် ပြာများအဖြစ်သို့ လျော့ကျသွားကာ ပြာများကလည်း မြေပြင်ပေါ်တွင် လေနဲ့အတူ လွင့်မျောသွားခဲ့သည်။

"လူအိုချန်ယန်က နာမည်တစ်ခု မဟုတ်ဘူး.... ဇာတိနေရာ တစ်ခုပဲ ငါ့နာမည်အရင်းကို မထားခဲ့ဘူးကွ! ငတုံး!"

အဘိုးအိုသည် ခေါင်းယမ်းကာ မြေပြင်ပေါ်ရှိ ပြာများကို ဖုန်မှုန့်တွေထဲ ရောထွေးပေးလိုက်သည်။

"ငါတို့အလုပ်မှာ နာမည်ရင်း ထားခဲ့ရင် မြန်မြန်သေလိမ့်မယ်"

အနောက်ဘက်ခန်းတွင် ကြွေထည်အသွင်ပြောင်းခြင်းကို တွန်းလှန်ရန် အပြင်းအထန်ကြိုးစားနေသော လီကျင်းသို့ အကြီးအကျယ် ထိတ်လန့်သွားသည်။

"သူက လူအိုချန်ယန်... အဆောင်လက်ဖွဲ့ ပေါင်းစည်းခြင်းကို အင်ပါယာတရားရုံး အတွက် ပြုစုပြီး ကောင်းကင်နှလုံးချီကျင့်စဥ်ကို ဖန်တီးခဲ့တဲ့ လူပဲ!!"

All Chapters