← Chapters

အမှားအမှန်ကို ဂရုမစိုက်ဘူး၊ မုန်းတီးမှုကို ဂရုမစိုက်ဘူး၊ အနာဂတ်ကို ဂရုမစိုက်ဘူး

Vol. 4 Ch. 50

အမှားအမှန်ကို ဂရုမစိုက်ဘူး၊ မုန်းတီးမှုကို ဂရုမစိုက်ဘူး၊ အနာဂတ်ကို ဂရုမစိုက်ဘူး

Vol. 4 Ch. 50

"သွားပြီ သွားပြီ သွားပြီ... ဘုရင်ကျန်းက ရက်စက်လွန်းတယ်!"

လီကျင်းသို့လည်း ထိတ်လန့်သွားသလို ဒေါသအနည်းငယ် ထွက်လာသည်။

"မီးဖိုစက်လို နေရာမျိုးမှာ မော်အဆင့် နတ်ဆိုးတစ်ကောင်ကို ချိတ်ပိတ်ထားဖို့ ဖြစ်နိုင်ပါ့မလား"

မီးဖိုရှိတဲ့ အရပ်ဘက်ကနေ ထွက်လာသော ပြင်းထန်သော ရောင်ဝါကို သူ ခံစားမိသည်။ အနှီရောင်ဝါက အလွန်ပြင်းထန်သောကြောင့် သူ့ကျင့်ကြံမှု နယ်ပယ်နဲ့တောင် စိတ်ပျက်အားငယ်လာသည်။

"ချန်ရှီနဲ့ ထျန်းချင်က အပြင်မှာ ကစားနေတုန်းပဲ... ဆိုးဝါးချက်ပဲ!"

ခြေဖဝါးများက ကြွေများ ကျိုးကြေသွားမှာကို စိုးရိမ်လို့သာ မဟုတ်ရင် အိပ်ရာပေါ်ကနေ ဝုန်းကနဲ ခုန်ဆင်းပြီးလောက်ပြီ။ မော်အဆင့် နတ်ဆိုး ရောက်လာရင် မကောင်းမှု အမျိုးမျိုးက တွဲလျက် ပါလာလိမ့်မည်။

နတ်ဆိုးတွေရဲ့ နယ်ပယ်မှာဆို ရှဲ့တွေ ဆွေ့တွေက ရေထဲက ငါးတွေလို ပျော်မြူးနေလိမ့်မည်။ ၎င်းတို့က ကြွေ​ဖြစ်သွားတော့မှာ မဟုတ်သလို ညပိုင်းမှာပဲ ထွက်နိုင်တော့မည် မဟုတ်ပေ။ သူတို့သည် တဖြေးဖြေး နိုးထလာကာ နတ်ဆိုးနယ်မြေမှ ထူးဆန်းသော စွမ်းအားကို စုပ်ယူကာ အသက်ရှင်နေသူများကို လုယက် စားသောက်ကြလိမ့်မည်။

လီကျင်းသို့သည် လီထျန်းချင်လိုမျိုး စာအုပ်များစွာကို မဖတ်ဖူးသော်လည်း လီထျန်းချင်ထက် များစွာသော အရာများစွာကို တွေ့ကြုံခဲ့ရပြီးပြီ။ နတ်ဆိုးမွေးခြင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်းကိုလည်း သူသိသည်။

သူ့ဘဝ အတွေ့အကြုံအရ နတ်ဆိုးအသွင်ပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော ဘေးဆိုးကြီးသုံးခုက မြို့တစ်ခုလုံးကို ဖျက်ဆီးခဲ့သည့် ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ နတ်ဆိုးအသွင်ပြောင်းမှု ပေါ်ပေါက်လာတိုင်း လူသန်းပေါင်းများစွာ သေကြသည်။

ကံကောင်းထောက်မစွာ နတ်ဆိုးအဆင့် ဘေးအန္တရာယ်များက ပေါ်ပေါက်ခဲပြီး အများစုမှာ ရှဲ့၊ ဆွေ့ မကောင်းဆိုးဝါး အဆင့်များသာ ဖြစ်သည်။ ရှဲ့၊ ဆွေ့တွေက ဆက်ဆံရတာ ပိုလွယ်၏။

ယခု နတ်ဆိုးနယ်မြေက ကျယ်ပြန့်နေဆဲ ဖြစ်ပေမယ့် လောလောဆယ် ထိခိုက်ရမည့်သူများမှာ ပန်းများ၊ ငှက်များ၊ ငါးများနှင့် အင်းဆက်ပိုးမွှားများ၊ သီးနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားအပင်များ ဖြစ်ပြီး ယင်းအရာများက ကြွေလွှာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

တစ်နေ့ပြီးနောက် နတ်ဆိုးနယ်မြေသည် မိုင်တစ်ရာခန့်အထိ ချဲ့ထွင်​ပြီးမှ ရပ်တန့်သွားလိမ့်မည်။ အဲဒီအချိန်တွင် ထိခိုက်ခံစားရသူများသည် လူသားများနှင့် တိရစ္ဆာန်များကဲ့သို့သော အဆင့်မြင့်သတ္တဝါများသာ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် တဖြည်းဖြည်း နှေးကွေးလာပြီး နှစ်ရက်အတွင်း ကြွေထည်​တွေ ဖြစ်သွား​ပေမည်။

စတုတ္ထနေ့တွင် လူအများစုသည် ကြွေထည်တွေ ဖြစ်ကုန်ကာ မိုင်ရာနှင့်ချီသော အချင်းဝက်ရှိသော အဆင့်မြင့် ကျင့်ကြံသူတွေဟာ ကျန်ရစ်ခဲ့လိမ့်မည်။

ခုနစ်ရက်မြောက်သောနေ့၌ နတ်သန္ဓေသားကို မွေးမြူထားသော ကျင့်ကြံသူတွေ ကြွေအဖြစ် ပြောင်းလဲလိမ့်မည်။

ဆယ့်တစ်ရက်မြောက်နေ့တွင် ရွှေအမြုတေနယ်ပယ်တွေ ကြွေသွားလိမ့်မည်။

ဆယ့်ကိုးရက်မြောက်နေ့မှာ အခြေတည်ဝိညာဥ်နယ်ပယ်တွေ ကြွေသွားမည်။

သုံးဆယ်မြောက်သောနေ့၌ နတ်ဝိညာဥ်ပြောင်းခြင်းနယ်ပယ် ကြွေသွားပေမည်။

……

လီကျင်းသို့နဖူးပေါ်မှာ ချွေးအေးများဖြင့် စိုရွဲလာသည်။ ရွာတိုင်းတွင် ရွာကိုကာကွယ်ရန် ကန့်ညောင် ရှိသော်ငြားလည်း ကန့်ညောင်က သာမန်လူများနှင့် ကျင့်ကြံသူများကို အများဆုံး နှစ်ရက်သာ ရှင်သန်ခွင့်ပေးနိုင်သည်။

"ဟွမ်ဖောရွာရဲ့ ကန့်ညောင်နဲ့ဆို ငါက အများဆုံး သုံးဆယ့်နှစ်ရက်ကြာအောင်တော့ ထိန်းထားနိုင်တယ်... သုံးဆယ့်နှစ်ရက်ကြာရင် ငါလည်းသွားမှာ... စကားမစပ် ချန်ယန်တောင်က လူတွေနဲ့ ချန်ယန်တောင်ခြေက လူတွေ!"

သူ့မျက်လုံးတွေ တောက်ပလာပြီး ချန်ရှီအဘိုးရဲ့ နာမည်ကို အကြာကြီး အော်နေပေမယ့် ဘယ်သူမှ ပြန်မဖြေလာပေ။

လီကျင်းသို့ ချက်ချင်းပင် သူ့လက်များကို ခြေထောက်များအဖြစ် အသုံးပြုကာ ဘေးအခန်းမှ ပင်မခန်းမထဲ ပြေးလာခဲ့ရာ ချန်မိသားစုအိမ်မှာ ဗလာဖြစ်နေသည်။ သူ့ကိုယ်သူမှလွဲ၍ အခြား ဘယ်သူမှ မတွေ့ရပေ။

"လူ ဘယ်မှာလဲ... သူတို့ ဘယ်ရောက်သွားတာလဲ"

သူ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

"မင်းတို့အိမ်မှာ ဘယ်သူမှ မရှိမှတော့ ငါရှေ့တက်ဖို့ကလွဲလို့ ရွေးစရာ မရှိတော့ဘူး!"

သူ့လက်ကို မြေကြီးပေါ်ချကာ ခေါင်းကို ခြေပေါ်တင်ကာ အမြန်ထွက်သွားသည်။

ကြေးမုံအိုင်အိမ်တော်မှ ခေါင်းတလားဟာ တစ်လုံးပြီးတစ်လုံး ဖွင့်ထားသော်လည်း ရှောင်ဝမ်စွင်းကသာ ခေါင်းတလားထဲမှ ထွက်၍ ကောင်းကင်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ အနီရောင် အလင်းတွေက ချန်ယန်တောင်ကို ဖုံးအုပ်ထားပုံရသည်။ ချိုင့်ထဲမှ လှမ်းမြင်နေရပေမယ့် အရမ်းကျယ်ပြန့်တဲ့ အတိုင်းအတာကို လွှမ်းခြုံထားတယ်လို့ ထင်ရလေသည်။

"ဧကန္တ.... မော်အဆင့် ကပ်ဆိုးကြီးများလား!"

သူ့အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ မော်အဆင့် နတ်ဆိုးဘေးဆိုးကြီးက ဘယ်လောက် အန္တရာယ်ရှိသလဲ ရှင်းရှင်းလင်းလင်း သိသည်။

"ဘုရင်ကျန်း ချိတ်ပိတ်ထားတဲ့ နတ်ဆိုးတစ်ကောင် လွတ်မြောက်သွားပြီ! ဘယ်လူယုတ်မာက ဒီလောက် အတင့်ရဲနေတာလဲ?"

သူ့ဒဏ်ရာကနေ အပြည့်အဝ မသက်သာသေးပေမယ့် ဓားရှည်လေးကို ဆွဲကိုင်လိုက်ပြီး သူ့ဆံပင်ကို စည်းကာ ပြေးထွက်လာခဲ့သည်။

"မှော်ဆန်တဲ့ အသွင်ကူးပြောင်းမှုအောက်မှာ မိုင်တစ်ရာအတွင်း အရာအားလုံး ပျက်စီးသွားလိမ့်မယ်... ငါ့ဘဝနဲ့ မိုင်တစ်ရာအတွင်း လူတွေရဲ့ဘဝအတွက် ငါသေတဲ့အထိ တိုက်ပွဲဝင်ရမယ်!"

ကန်းကျစ်ရွာတွင်တော့ အဘွားရှားသည် သူမ၏ ထမင်းပန်းကန်ကို စိုက်ကြည့်နေ၏။ သူမစားနေတာ ထမင်းမဟုတ်တော့ဘဲ ကြွေတွေ ဖြစ်သွားပြီ။ ဒီလိုထမင်းမျိုး သူမ လုံးဝ မစားနိုင်ဘူး။

အိမ်အပြင်ဘက် ထောင့်မှာ စိုက်ထားတဲ့ ဂေါ်ဖီထုပ်တချို့ကလည်း ကြွေရောင်တွေ တောက်ပနေ၏။

အဘွားကြီးသည် လက်နှစ်ဖက် နောက်ပစ်လျက် ရွာမှ ထွက်ခွာလာရာ လမ်းတစ်လျှောက်တွင် ရွာသားများက တစ်ယောက်ပြီးတစ်ယောက် အော်ပြောနေကြသည်။ အိမ်တစ်အိမ်စီမှ ဆန်၊ ဂျုံမှုန့်၊ ဆီနှင့် အစားအစာများမှာ ကြွေဖြစ်သွားကုန်တာ တွေ့လိုက်ရသည်။

အဘွားရှားလည်း မည်းမှောင်သော မျက်နှာထားဖြင့် စိုက်ခင်း၏အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ မြေပြင်တွင် ကြွေတိုင်များက အပြည့်ပင်။ မြစ်ထဲမှာ ငါးဖမ်းတဲ့ ဗျိုင်းတစ်ကောင်လာ်း ရှိ၏။ ၎င်းကငါးကို စားဖို့ ကြိုးစားပေမယ့် လည်ချောင်းထဲ ရောက်တဲ့အခါ အသည်းအသန် ထွေးထုတ်ပစ်ရသည်။

အဲဒီငါးကလည်း ကြွေနဲ့လုပ်ထားတဲ့ ငါးတစ်ကောင် ဖြစ်သွားပြီ။

"စပါးကြွေပြီးရင် တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက် အစာငတ်နိုင်တယ်.... ကြက်နဲ့ ထူးထူးခြားခြား တိရိစ္ဆာန်တချို့ကိုလည်း စားလို့ရတယ်... ကြက်နဲ့ ထူးခြားတဲ့ တိရစ္ဆာန်တွေလည်း ကြွေဖြစ်သွားရင် ဘာစားမလဲ"

အဘွားရှား တစ်ယောက်တည်း ရေရွတ်နေသည်။

"လူတွေကို စားရမှာလား?"

ဒါက ရှောင်လွှဲလို့ မရပါဘူး။

"ဟူး... ရက်တစ်ရာကျော်ပြီးရင် ဒီနေရာက မရဏကမ္ဘာထက် အဆတစ်ရာ ပိုကြောက်ဖို့ကောင်းတာတွေ ဖြစ်လာလိမ့်မယ်"

အဘွားကြီးသည် တည့်တည့်မတ်မတ် လှည့်ပြန်လာကာ သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ် ကောက်ကိုင်လိုက်သည်။

“ငါမတိုက်နိုင်ပေမယ့် မင်းကိုတော့ ရိုက်နိုင်တယ်”

ဖန်းတျန်ရွာတွင်တော့ ကျင်းဟုန်ရိသည် အနီရောင်ဝတ်စုံကို မ၀တ်တော့ဘဲ ပန်းပွင့်ဝတ်စုံအဖြစ် ပြောင်းလဲကာ သူမ၏ ယခင်သူရဲကောင်းဆန်ဆန် အသွင်အပြင်ကို လုံးဝဆုံးရှုံးသွားခဲ့ပါပြီ။ ရွာရဲ့ကန့်ညောင်ရှိရာ နံဘေးတွင် နေပူစာလှုံရင်း ရွာသူလေးတစ်ယောက်လို ထမင်းဟင်း ပန်းကန်တစ်လုံးကို ကိုင်ဆောင်ကာ စားနေခဲ့သည်။

ယခုရက်ပိုင်းအတွင်း သူမသည် ဒဏ်ရာများကို ကုသရန်အတွက် ဖန်းတျန်ရွာတွင် ပုန်းအောင်းနေခဲ့ရသည်။ ပထမတွင် ရှောင်ဝမ်စွင်းက အကြိမ်များစွာ ဒဏ်ရာရခဲ့ပြီး ကြေးမုံအိုင်အိမ်တော်က မကောင်းဆိုးဝါး တစ်ကောင်ရဲ့ အသံကြောင့် ဒဏ်ရာထပ်ရသွားခဲ့သည်။ ဒဏ်ရာက အကြိမ်တိုင်း မပြင်းထန်ပေမယ့် စုပေါင်းလိုက်တဲ့အခါ ပြင်းထန်လာ၏။

နေက အနီရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားရသလို တောက်ပနေသော်လည်း နွေးထွေးမှု မရှိတော့ပေ။

ကျင်းဟုန်ရိ ထမင်းတွေကို ပြန်ထွေးထုတ်လိုက်သည်။ ဒီထမင်းကို လုံးဝဝါးလို့ မရတော့ချေ။ ပါးစပ်ထဲမှာ သဲတွေဝါးနေရသလို ခံစားလာရသည်။

"မော်အဆင့် ကပ်ဆိုးကြီး... ဒဏ်ရာတွေ ပြန်ကောင်းလာဖို့အတွက် ဒီရက်ပိုင်း ဖန်းတျန်ရွာမှာ ပုန်းနေခဲ့ရတယ်... ဒဏ်ရာက ၇၀ ၈၀% လောက်ပဲ သက်သာသေးတာ...ဒီလိုအဖြစ်မျိုး ကြုံလာဖို့ မမျှော်လင့်ထားဘူး ငါတို့သာ ရှောင်ဝမ်စွင်းသာ လိုက်မတိုက်ခဲ့ရင် နတ်ယန္တရားစခန်းမှာ အေးအေးဆေးဆေး ရှင်သန်နိုင်ပြီ... နတ်ဆိုးတွေကိုပါ တိုက်ရတော့မယ်... ရှောင်ဝမ်စွင်းကြောင့်တောင် မသန်မစွမ်း ဖြစ်နေတာကို!"

သူမ မတ်တပ်ထရပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မှောက်ထားတဲ့ အသိုက်အောက်မှာ ဥတွေ ဘယ်လိုရှိနိုင်မှာလဲ ဒီနတ်ဆိုးကို အမြန်ဆုံး မဖယ်ရှားနိုင်ရင် ဒီမှာပဲ သေရတော့မယ် ကျေးဇူးပါပဲ ကန့်ညောင်... ကျွန်မ အသက်ရှင်လျက် ပြန်လာနိုင်ရင် နံ့သာပေါင်းနဲ့ ပူဇော်ပါ့မယ်!"

သူမ ထွက်သွားပြီး "မပြန်လာနိုင်ရင်...ကန့်ညောင် မင်းရဲ့ နံ့သာပေါင်းနဲ့ ပူဇော်သက္ကာတွေ အတွက် စိတ်ပူနေစရာ မလိုဘူး ဘာဖြစ်လို့လဲ ဆိုတော့ ကန့်ညောင်လည်း အသက်မရှင်နိုင်တော့ဘူး!"

မိုင်ရာနှင့်ချီဝေးသော နေရာ၌ နတ်ဆိုးကပ်ဆိုးတစ်ခု ဖြစ်ပွားနေသည်။ ရှဲ့၊ ဆွေ့မျိုးစုံ သောင်းကျန်းနေပြီး ဘယ်သူမှ နေထိုင်နိုင်ခြင်း မရှိပေ။

လူ မရှင်သန်နိုင်လျှင် ဝိညာဉ်တွေကလည်း မရှင်သန်နိုင်ပေ။

ကျင်းဟုန်ရိ မီးဖိုအနီးသို့ ရောက်သောအခါ ရှောင်ဝမ်စွင်းကလည်း ထိုဘက်သို့ လျှောက်သွားနေသည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံမိကြပေမဲ့ နှစ်ယောက်လုံးက ဘာမှမလုပ်ကြဘဲ အတူတူ မီးဖိုဆီသို့သာ လျှောက်သွားကြသည်။

ရှောင်ဝမ်စွင်း :"ဒီနေ့ ငါ အမှားအမှန်ကို ဂရုမစိုက်ဘူး အာဃာတတွေကို ဂရုမစိုက်ဘူး အနာဂတ်ကိုလည်း ဂရုမစိုက်ဘူး"

ကျင်းဟုန်ရိလည်း တောင်သစ်တောထက် မြင့်သော လက်နက်ရှစ်ပါး သို့မူ ဘုရားလောင်း ကြွေရုပ်တုကို ကြည့်ပြီး ပြောလိုက်သည်။

"ဒါက ဒီနေ့အတွက်ပဲလေ... ကျွန်မသာ အသက်ရှင် လွတ်မြောက်နိုင်ရင် အကြီးအကဲရှောင်က နတ်ယန္တရားစခန်းကနေ ခိုးယူသွားတဲ့ ရတနာတံဆိပ်တုံးကို ကျေးဇူးပြုပြီး ပြန်ပေးပါဦး... မဟုတ်ရင် အကြီးအကဲ​ကို လမ်းမပေါ်ပို့ပြီး အလောင်းကို ပြန်ယူသွားရလိမ့်မယ်"

ရှောင်ဝမ်စွင်း: "အနောက်ဘုရင်ကျောက်စိမ်းတံဆိပ်တုံးက နတ်ယန္တရားစခန်းရဲ့ ရတနာမဟုတ်ဘူး... မင်မင်းဆက် တော်ဝင်မိသားစုရဲ့ ရတနာပဲ"

ကျင်းဟုန်ရိက လှောင်ပြောင် ပြောဆိုလိုက်ပြန်သည်။

"ဘုရင်ကျန်း မရှိတော့ဘူး.. အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို ဘေးကင်းဖို့အတွက် နတ်ယန္တရားစခန်းဆီ လွှဲပြောင်းပေးလိုက်ပြီ... ရှင်က ကျောက်စိမ်းတံဆိပ်တုံးကို ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ ခိုးယူလိုက်တာပဲ... အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံး သုံးချင်တဲ့ ရှင့်ရဲ့ အစီအစဥ်လေးကို မသိဘူးလို့ မထင်နဲ့"

ရှောင်ဝမ်စွင်းက မဖြေပေ။

ကျင်းဟုန်ရိ :"မဖြေတာကို ဝန်ခံတယ်လို့ သတ်မှတ်တယ်!"

ထိုအချိန်တွင် ခြေသံများ ထွက်ပေါ်လာပြီး အဘွားရှားသည် သိုးဦးချို ကောင်းကင်မီးအိမ်ကို ကိုင်ဆောင်လျက် ရောက်ရှိလာသည်။

"ကလေးမလေးက ဒေါသကြီးပြီး မီးတောက်နေလိုက်တာ... ငါတို့ ရင်ဆိုင်နေရတာက မော်အဆင့် နတ်ဆိုး... ငါတို့ရဲ့ ရန်ငြိုးတွေကို ခဏ ဖယ်လိုက်ကြရအောင်"

"မှန်တယ်..."

လီကျင်းသို့ကလည်း လှမ်းတက်လာသည်။

"အခု ငါတို့က မိုင်တစ်ရာအတွင်း လူတွေကို ကယ်တင်တာတင် မဟုတ်ဘူး ကိုယ့်ကိုကိုယ်လည်း ကယ်တင်ရမှာ... ငါတို့က ကိုယ့်ကိုကိုယ် ကယ်တင်တဲ့အခါ စိတ်က တစ်ဝက်တစ်ပျက် ဖြစ်နေရင်တော့ သေဖို့ ထိုက်တန်တယ်!"

ရှောင်ဝမ်စွင်း: "သူတစ်ပါးကို ကယ်တင်ခြင်းက မိမိကိုယ်ကို ကယ်တင်ခြင်းပဲ... အသက်စွန့်ခြင်းက တရားမျှတခြင်းပဲ"

ကျင်းဟုန်ရိ: "ဒီနတ်ဆိုးက ပြန်ကောင်းလာပေမယ့် အထွတ်အထိပ်ကို ရောက်မလာသေးဘူး... မိုင်တစ်ရာအတွင်း သက်ရှိသတ္တဝါ အားလုံးကို ပေါင်းစည်းလိုက်ရင်တောင် ရက်ပေါင်းတစ်ရာအတွင်း အထွတ်အထိပ်ကို ရောက်မှာ မဟုတ်ပါဘူး... အခုက သတ်ပစ်ဖို့ အကောင်းဆုံး အချိန်ပဲ!"

သူတို့လေးယောက် စုပြီးသောအခါ အဖွားရှာစ၏ စိတ်နှလုံးများ ကျဆင်းသွားသည်။

"ငါတို့ လေးယောက်ရှိတယ်... သုံးယောက်က ဒဏ်ရာရထားတယ်... ငါတို့ဘယ်လို တိုက်ရမလဲ ငါက အဓိကအင်အားလား... ချန်ယင်တု မလာသေးဘူးလား ချန်ယင်တု မလာရင် အနိုင်ယူဖို့ မလွယ်မှာကို ကြောက်ရတယ်...."

ဒါကို သူမ တွေးလိုက်ချိန်မှာပဲ တစ်စုံတစ်ခုက ရုတ်တရက် လေထဲကနေ ပြုတ်ကျလာပြီး မြေပြင်ပေါ်၌ အပိုင်းပိုင်း ပြတ်သွားသည်။ ၎င်းမှာ ရွှမ်ရင်အိမ်တော်က ကျောက်စွင်စစ် ဟုခေါ်သော ကျောက်မိသားစုမှ အသက်ကြီးသူ ၃ ဦးထဲမှ တစ်ဦး ဖြစ်​လေသည်။

မူလက ရွှမ်ရင်အိမ်တော်တွင် အကြီးအကဲ လေးဦးရှိပြီး ကျောက်စွင်ယီကလည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ ကံမကောင်းစွာနဲ့ပဲ ကျောက်စွင်ယီဟာ ချန်ရှီရဲ့အိမ်ဆီသွားပြီးနောက် ဘယ်တော့မှ ပြန်မလာခဲ့တော့ချေ။

ကျောက်စွင်စစ်သည် နတ်ဝိညာဥ်ကို မွေးမြူထားပြီး နတ်ပြောင်းလဲခြင်းနယ်ပယ်က သခင်ဖြစ်ပေမယ့် မမျှော်လင့်ဘဲ သူသည် ကြွေရုပ်အဖြစ် ပြောင်းလဲကာ ဤနေရာတွင် သေဆုံးသွားခဲ့သည်။

ဗုန်း!

ကျောက်စိမ်း-ကြွေ- ကျောက်စိမ်း-နတ်ဆိုးနှိမ်နင်းသော လက်နက်​ကြီးတစ်ခု ပြိုကျလာပြီး ကျောက်မိသားစု၏ အကြီးအကဲ သုံးဦးထဲမှ နောက်တစ်ဦးဖြစ်သော ကျောက်စွင်ရှန်း၏ ဝိညာဉ်ကို အလင်းတန်းကဲ့သို့ ထူထဲသော နတ်ဆိုးချေမှုန်းသည့် ကျည်ပွေ့က ဖြိုချပြီး ရိုက်ချိုးပစ်လိုက်သည်။

ကျောက်မိသားစု၏ အသက်ကြီး ၃ ယောက်တွင် ကျောက်စွင်ဖျင်သည် ရွှမ်ရင်အိမ်တော်က အကြီးအကဲဖြစ်သည်။ ယခုအချိန်တွင် အပြင်းထန်ဆုံး လေ့ကျင့်မှုဖြင့် လေထဲတွင် ပျံဝဲနေကာ တိုက်ခိုက်ရန် မဝံ့မရဲဖြစ်လာတာကြောင့် လူမြင်ကွင်းမှ ထွက်ပြေးခဲ့သည်။

ကျောက်မိသားစုမှ အကြီးအကဲ သုံးဦးတို့သည် ၌မကောင်းသော အပြောင်းအလဲကို မည်သူမျှ မကျော်ဖြတ်နိုင်မှန်း သိသောကြောင့် ဤနေရာတွင် နေခဲ့ကြသည်။ နတ်ဘုရားလောင်း ရုပ်တုကို သတ်ပြီး သူတစ်ပါးအသက်ကို ကယ်ဖို့ မျှော်လင့်ထားခဲ့ကြသေးသည်။

မမျှော်လင့်ဘဲ အခြားအသက်ကြီးသူ နှစ်ဦး၏ သေဆုံးမှုသည် ကျောက်စွင်ရှန်းကို ထိတ်လန့်စေခဲ့ပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သို့သော် အဝေးသို့ မပျံသန်းနိုင်မီတွင် ရုတ်တရက် မြှားတစ်စင်းက သူ့ကို ထိမှန်သွား၏။

မြှား​လေး​တွေ​က သူ့​ကိုယ်​ကို​ ထိုးဖောက်ပြီးနောက် အဝေး​ကို​ ပြန်ပြေး​သွား​ပြီး တောင်​ထိပ်​မှ ရုပ်တုလက်ဝါးပေါ် နေရာပြန်ယူလိုက်သည်။ ရှောင်ဝမ်စွင်းရဲ့ မျက်နှာထားက ပိုလေးနက်လာတော့သည်။

"အထွတ်အမြတ်နေ့သာ ဖြစ်ခဲ့ရင်..."

သူ နှုတ်ခမ်းကို သပ်လိုက်သည်။ သူတို့ရှေ့တွင် ထူးဆန်းသော ပန်းပုများကဲ့သို့ ကြွေထည်များအဖြစ် ပြောင်းလဲသွားသော လူ့ခန္ဓာကိုယ်များ ပေါ်လာသည်။ ၎င်းတို့မှာ ကျောက်မိသားစုက ငွေဝတ်အစောင့်များနဲ့ ကျောက်မိသားစုဝင် သားသမီးများသာ ဖြစ်သည်။ မော်အဆင့် နတ်ဆိုးအသွင်ပြောင်းသွားချိန်တွင် သူတို့လည်း လွတ်မြောက်ရန် အချိန်မရှိခဲ့ကြပေ။

မော်အဆင့် နတ်ဆိုးအသွင်ပြောင်းခြင်းက နတ်တစ္ဆေဘုံနှင့် ကွဲပြားသည်။ လူတိုင်း ကြွေရုပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အလွန်မြင့်သော နတ်ဆိုးဘုရားလောင်း ရုပ်တုသည် တောင်ပေါ်တော၌ ထိုင်လျက်နေ၍ အနီးနားရှိ မီးဖိုများ ပျက်စီးလုနီးပါးဖြစ်နေပြီ။

၎င်းကို အပြာနှင့်အဖြူရောင် ကြွေထည်များဖြင့် ဖုံးအုပ်ထားပြီး မင်မင်းဆက်၏ ကျွမ်းကျင်သော လက်သမားဆရာများဖြင့် ပြုလုပ်ထားသော အပြာရောင် ကြွေထည်များသာ ဖြစ်​ပေသည်။ ၎င်း၏ကိုယ်ထည်တွင် ရှုပ်ထွေးသော ပုံစံများစွာအပြင် ဝတ်ရုံနဲ့ လက်ပတ်များကို ပတ်ထားသော အစိမ်းရောင် နဂါးပုံစံများလည်း ရှိသည်။

ဦးခေါင်းလှည့်သောအခါ မျက်နှာလေးဖက်က တညီတညွတ်တည်း လှည့်လိုက်ရာ လည်ပင်းအဆစ်တွင် ကြွေလျှောသံများ ထွက်ပေါ်လာသည်။ မျက်နှာလေးခု၏ ပါးစပ်များက အဖွင့်အပိတ် လုပ်နိုင်သည်။ မျက်လုံးများက မှိတ်ထားနိုင်ပြီး လှုပ်လည်း လှုပ်ရှားနိုင်သော်လည်း အနည်းငယ် မာကျောပါသည်။

"ဘုရင်ကျန်းက ဘယ်လိုကြောက်စရာကောင်းတဲ့ အရာကို ဖန်တီးခဲ့တာလဲ"

ဤစကားကို လျှောက်သည်နှင့် တပြိုင်နက် ဖြူပြာပြာ ကြွေနတ်ဆိုး ဘုရားလောင်းသည် ချက်ချင်းပင် ခေါင်းကို လှည့်၍ အဘွားရှားကို လှည့်ကြည့်လာကာ မျက်လုံးများ လျှပ်စီးလက်သလို အလင်းတစ်မျိုး ရောယှက်နေသည်။ မော်အဆင့် နတ်ဆိုး ဘုရားလောင်းသည် လက်ရှစ်ချောင်းကို မြှောက်လိုက်ရာ လက်များထဲက အမျိုးမျိုးသော လက်နက်များရဲ့ အဆင်းသဏ္ဌာန်များက အလင်းရောင်များဖြင့် ထွန်းညှိလိုက်လေ၏။

နတ်ဆိုး ဘုရား​လောင်းလက်ထဲက အချက်ပြတဲ့ အမူအရာကို မြင်တော့ မီးဖိုထဲက မီးဖိုလုပ်သားများ ပြေးထွက်လာကာ အလုပ်များကုန်သည်။ သူတို့သည် ကြွေဖြစ်သွားသော ကျောက်မိသားစုဝင်များကို တစ်ယောက်ပြီးတစ်ယောက် ဆွဲယူကာ မကောင်းဆိုးဝါး ဘုရားလောင်းပေါ်ရှိ အက်ကွဲကြောင်းများကို ပြုပြင်ရန် အမှန်တကယ် လောင်ကျွမ်းနေသော ဂူထဲ မီးရှို့ပစ်ကြသည်။

ရှောင်ဝမ်စွင်း: "မီးဖိုလုပ်သားတွေကို အရင်သတ်လိုက်ရအောင်!"

အဘွားရှားက ဦးဆောင်ပြီး ပြေးထွက်သွားသည်။

"လှုပ်ရှားတော့!"

သူမသည် ထိုက်ရှန်ပါးကွာ ကိုယ်ခန္ဓာကာကွယ်မှု အစီအရင်ကို အသက်သွင်းလိုက်သည်။ နတ်အလင်းရောင်သည် ကန်း၊ ခွမ်း၊ ကန့်၊ သွေ့၊ လီ၊ ရွှင့်၊ ကျမ့်နှင့် ရှစ်ခုမြောက်က ကောင်းကင်၊ မြေကြီး၊ တောင်၊ ရေကန်၊ မီး၊ ရေ၊ လေ၊ မိုးကြိုးများကို ပုံဖော်လိုက်သည်။

သူမဝိညာဉ်သည် သူမခန္ဓာကိုယ်မှ ထွက်လာပြီး သူမ၏ နောက်တွင် ရပ်နေကာ အဆုံးမရှိသော မှော်တန်ခိုး ရှိသော ဧကရာဇ်မင်း၏ သမီးတော် ကဲ့သို့ ကြီးကျယ် ခမ်းနားလှသော နတ်ဝိညာဥ်အသွင် ပြောင်းသွားသည်။ ပါးကွာထဲက အင်္ဂါရှစ်ပါး ပျံ့လွင့်ကာ ပြေးလွှားနေသော နတ်ဆိုး ဘုရားလောင်းအား တိုက်ခိုက်တော့၏။

တစ်ချိန်တည်းမှာပင် နတ်ဆိုး ပုန်းအောင်းရာအရပ်ကို ရှာဖွေကာ သိုးဦးချို ကောင်းကင်ဝိညာဉ်မီးအိမ်ကို ထွန်းညှိခဲ့သည်။

ရှောင်ဝမ်စွင်းက ခါးသွယ် ဓားရှည်နှင့် ပေါ်လောင်ဓားကို ထုတ်၍ စတင်လှုပ်ရှားတော့သည်။ ကျင်းဟုန်ရိကလည်း အစွမ်းထက်ဆုံး အဆောင်လက်ဖွဲ့များဖြင့် တွန်းလှန်ခဲ့ပြီး လီကျင်းသို့က ဘီးခြောက်ဘီးကို အသက်သွင်းခဲ့သည်။ ၎င်းတို့သုံးဦးသည် နတ်ဆိုးဘုရားလောင်းကို စတင် သတ်ဖြတ်ခဲ့သည်။

ရုတ်တရက် လူသုံးယောက်၏ တိုက်ခိုက်မှုသည် တစ်ပြိုင်တည်း လှည့်လာပြီး ဓားများ၊ မှော်ပညာများနှင့် လဘီးများက မီးဖိုလုပ်သားသုံးဦးဆီသို့ တည့်တည့် တိုးဝင်သွားသည်။

တစ်ဖက်တွင် ရွှမ်ရင်အိမ်တော်က ကျောက်မိသားစုက ကျန်ရှိနေသည့် အစောင့်များနှင့် ကျောက်မိသားစု၏ သားသမီးများက ကြွေဖြစ်သွားသော ကျောက်ယန်လုံကို အမြန်ဆွဲခေါ်ကာ မြင်းခွာသံများနှင့်အတူ တဟုန်ထိုး ပြေးလွှားနေကြသည်။

နတ်ဆိုးနယ်မြေ၏ အစွန်းသည် အပြင်ဘက်အထိ ချဲ့ထွင်နေသေးသည်။ ၎င်းက အနီရောင်ဖျော့ဖျော့ ကုလားကာနှင့် တူသော်လည်း ချဲ့ထွင်သည့် အမြန်နှုန်းသည် ပြေးနေသော မြင်းများ၏ အမြန်နှုန်းထက် များစွာ နည်းပါ​သေးသည်။ သိပ်မကြာခင်မှာပဲ ရှေ့ကလူနဲ့ မြင်းတွေဟာ နတ်ဆိုးနယ်မြေရဲ့ ကန့်သတ်အနားကို ရောက်လာပြီး ခုန်ထွက်သွား၏။

အနီရောင်ဖျော့ဖျော့ ကန့်လန့်ကာကို ထိလိုက်ကြစဥ် ကန့်လန့်ကာက အနည်းငယ် တုန်ခါသွားကာ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားကြသည်။

နောက်အခိုက်အတန့်တွင် ချန်ယန်တောင်ပေါ်မှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ အစောင့်နှင့် ကျောက်မိသားစု တပည့်များစွာတို့သည် မြင်းများနှင့်အတူ ကောင်းကင်မှ ပြုတ်ကျပြီး အချို့မှာ သစ်ပင်ပေါ်တွင် ကြိုးဆွဲချ​ပြီးသားပင် ဖြစ်သွားခဲ့ကြသည်။

တခြား ကျောက်မိသားစု တပည့်များနှင့် အစောင့်များလည်း ဒါကိုမြင်သောအခါ သူတို့ မြင်းများကို အလျင်အမြန် ထိန်းချုပ်ကာ နတ်ဆိုးနယ်မြေ ကန့်သတ်ထားရာမှ အ​ပြင်သို့ နောက်တစ်ကြိမ် ထပ်မပြေးဝံ့တော့ပေ။

နတ်ဆိုးနယ်မြေ အနားရှိနေရာသည် အလွန်ထူးဆန်းပြီး နတ်ဆိုးနယ်မြေပြန်တမ်း ဟုလူသိများသည်။ နတ်ဆိုးနယ်မြေ အစွန်းကို ရောက်တဲ့အခါ အထဲက ထွက်သွားနိုင်ပုံရပေမယ့် နောက်အခိုက်အတန့်မှာတော့ ကိုယ့်ကိုကိုယ် နတ်ဆိုးနယ်မြေထဲကို ပြန်ရောက်နေတာ ပြန်တွေ့ရလိမ့်မည်။

နတ်ဆိုးနယ်မြေထဲက ရုန်းထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

All Chapters