ချည်ကိုဆွဲ၊ လမ်းပြပြီး မကောင်းမှုကို ဒဏ်ခတ်ပါ
Vol. 4 Ch. 51
တောင်ချောင်းနံဘေးတွင်တော့ ချန်ရှီနှင့် လီထျန်းချင်တို့သည် ရေအောက်ခြေ နစ်မြုပ်သွားသော ကြွေငါးများကို ကြည့်ရင်း လူငယ်နှစ်ဦးလုံး တောင့်တင်းသွားသည်။
သူတို့တွင် ရှောင်ဝမ်စွင်းလို အစွမ်းထက်သော မှော်အစွမ်းမရှိသဖြင့် ၎င်းသည် မှော်ဆန်သော အသွင်ကူးပြောင်းမှု တစ်ခုဖြစ်ကြောင်းသာ သိလိုက်သည်။ ကူးခတ်နေသော ငါးများ ကြွေငါးဖြစ်ကုန်တာက မီးဖိုအတွင်းရှိ နတ်ဆိုးဘုရားလောင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကြောင့် တစ်အောင့်ကြာမှ သဘောပေါက်လိုက်ကြသည်။
လီထျန်းချင်: "ဒီနတ်ဆိုးကြီးက ဘာလို့ ရုတ်တရက် ထတိုက်ခိုက်လာတာလဲ"
ထိုစဥ် ရုတ်တရက် အော်သံကြားလိုက်ရတာကြောင့် သူတို့နှစ်ယောက် အသံကို အမြန်နောက်လိုက်ကာ တစ်စုံတစ်ယောက်နှင့် စကားများရန်ဖြစ်နေသော လုပ်ငန်းရှင်တစ်ဦးသည် တစ်စုံတစ်ခုကြောင့် ဆွဲငင်ခံရပြီး ကောင်းကင်မှာ တွဲလောင်းကြီးဖြင့် အော်ဟစ်နေတာ တွေ့လိုက်ရသည်။
ချန်ရှီသည် လေထဲက ပိုးကောင်တစ်ကောင်ကို မော့ကြည့်လိုက်၏။ ၎င်းတွင် လူ့ခန္ဓာကိုယ်ရှိသော်လည်း သာမန်လူ့ခန္ဓာကိုယ်ထက် အဆများစွာ ရှည်လျားသည်။ လက်နှစ်ဖက်နှင့်တူသော ခြေထောက်များက ခုနစ်ချောင်း သို့မဟုတ် ရှစ်ချောင်းအထိ ရှိကာ ရှည်လျားသော လူ့ခန္ဓာကိုယ်တစ်ခုက ဝါးဆစ်တွေလိုပင်။
၎င်း၏ ရှည်လျားသော ခြေထောက်များက လူသားလက်ဖဝါးများနှင့် တူသော်လည်း လက်ချောင်းများကတော့ ပါးလွှာပြီး ရှည်လျားသည်။ ခြေတံရှည်ရှစ်ချောင်းသည် လေထဲတွင် လှုပ်ရှားကာ လူတိုင်းကို အပေါ်စီးမှ ကြည့်နေသကဲ့သို့ပင်။
၎င်း၏ ဦးခေါင်းသည် လူနှင့်တူသော်လည်း ပါးစပ် ပွင့်လိုက်တဲ့အခါ အနီးနားတွင် ဖမ်းဆီးခံထားရသော ကုန်သည်များကို လျင်မြန်စွာ ဆွဲထုတ်ယူသွားလေသည်။
ကုန်သည်တွေရဲ့ အော်သံများက လေထုထဲမှ ထွက်ပေါ်လာသည်။ ပိုးကောင်သည် လေထဲတွင် ပေတစ်ရာကျော် ဆန့်ထွက်နေတာကြောင့် ထိုအကွာအဝေးတွင် သူတို့ကို ခိုကိုးရာမဲ့ ဖြစ်သွားစေသည်။ ပိုးကောင်ရဲ့ ပါးစပ်က ပွင့်နေဆဲ။ ၎င်း၏ပါးစပ်သည် လေးထောင့်တည့်တည့်တွင် ပွင့်နေပြီး နှုတ်ခမ်း လေးဘက်စလုံးတွင် ချွန်ထက်သော သွားများ ရှိနေကာ အလွန်ထူးဆန်းလှသည်။
ကုန်သည်တွေကို စားပစ့သောအခါ ချွန်ထက်သော သွားများက ကုန်သည်တွေရဲ့ ခန္ဓာကိုယ်ကို အစာမကြေမချင်း လုံးလုံး ဝါးစားသွားလေသည်။ ၎င်း၏ ဦးခေါင်းကတင် နွားလှည်းလောက်ကြီး ကြီးမားသည်။
လီထျန်းချင်: "အဲဒါ ရှဲ့! ချည်ဆွဲပိုးကောင်!"
ချန်ရှီ အံ့အားသင့်သွားသည်။
"နေ့ခင်းကြီးကို ရှဲ့က ဘာလို့ပေါ်လာတာလဲ"
အခုအချိန်က သိပ်နောက်ကျနေတာတော့ မဟုတ်ပေ။ ကောင်းကင်မှာ နေရောင်ရှိနေသေးပေမယ့် အနီရောင် ပိတ်စလေးတစ်လွှာနဲ့ ဖုံးအုပ်ခံထားရသည်။
အဘိုးက နေ့ခင်းဘက်တွင် ရှဲ့တွေ ဘယ်သောအခါမှ မပေါ်နိုင်ကြောင်း ပြောပြဖူးသည်။ အကြောင်းမှာ ထိုမကောင်းဆိုးဝါးများသည် လရောင်၌ ထူးဆန်းသော စွမ်းအားကို စုပ်ယူပြီးနောက် နိုးလာကာ လူ့လောကတွင် လှည့်ပတ်နေသောကြောင့် ဖြစ်သည်။
ယခု လမထွက်သေးဘဲ ဘယ်လိုလုပ် ရှဲ့က ထွက်လာရတာလဲ။
လီထျန်းချင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ချည်ဆွဲပိုးကောင်ရဲ့ ခန္ဓာကိုယ်အစစ်က ဒီလိုပုံစံဖြစ်နေတာကိုး! စာအုပ်ထဲက ပုံက အတော်လေးကို ဝါးနေတာ... ဒီပိုးကောင်မျိုးက ညဘက်မှာ ပေါ်လာတာဆိုတော့ သူ့ပုံစံတစ်ခုလုံးကို ဘယ်သူမှ မမြင်ဖူးဘူး.... ဒီလိုအရာမျိုးက လေထဲမှာ ပျံနေတာတတ်ပဲ သိခဲ့တယ်... လူတွေက မမြင်ရဘူး.... လူတွေကို လေထဲကို ဆွဲတင်ပြီး စားသောက်ကြတာ...."
ညဘက်တွင် နေအလင်းရောင် အားနည်းသောအခါ ထိုပိုးကောင်များက ကောင်းကင် မြင့်မြင့်၌ ပုန်းခိုနေတတ်တာကြောင့် မြင်ရန် ခက်ခဲစေသည်။ တချို့ ကျင့်ကြံသူများသည် မျက်စိအားကောင်း၍ လရောင်ထဲ၌ ပိုးမွှားကဲ့သို့ အရာကို ယောင်ဝါးဝါး မြင်နိုင်သောကြောင့် ပိုးကောင်ဟုသာ ထင်ကြသည်။
ဒါပေမယ့် အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ဖူးကြချေ။ ယခုတော့ ကောင်းကင်ကြီးသည် တောက်ပနေသေးတာမို့ ချည်ဆွဲပိုးကောင်၏ အသွင်သဏ္ဍာန်အမှန်က သူတို့မျက်လုံးထဲတွင် ဖမ်းမိသွားလေပြီ။
လီထျန်းချင်မှာ ပိုးကောင်ကို ကြည့်၍ မနေနိုင်လောက်အောင် စိတ်လှုပ်ရှားနေ၏။
"စာအုပ်က မှားသွားပြီ... စာအုပ်က ပိုးကောင်ပေါ်မှာ.. အတောင်ပံတွေ ဆွဲထားပေမယ့် သူ့မှာ အတောင်မရှိဘူး... သူက ရှဲ့လေ.. လေထဲမှာပဲ ရှိနေတာ...ဘာလို့တောင်ပံတွေ လိုတော့မှာလဲ... ရှောင်ရှီ ငါတို့က ချည်ဆွဲပိုးကောင်ရဲ့ အသွင်အစစ်ကို မြင်တဲ့ ပထမဆုံး လူတွေပဲကွ!"
အချို့သော ပိုးချည်မျှင်များသည် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ချည်တွေက ပါးစပ်မှ အောက်သို့ ပျံဆင်းသွားကာ သာမန်မျက်စိဖြင့် ခွဲခြား၍မရသော ပိုးချည်မျှင်များ ဖြစ်သွားလေသည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်တော့ ချည်မျှင်တွေက အခုနတုန်းက ငြင်းခုံနေကြသော ကုန်သည်အဖွဲ့အား ချိတ်ဆွဲထားကြတာ တွေ့လိုက်ရသည်။
"မလှုပ်နဲ့!"
ချန်ရှီ ထိုလူများကို လျင်မြန်စွာ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်၏။
"မင်းတို့ လုံးဝ မလှုပ်နဲ့!"
ဒါပေမဲ့ တချို့လူတွေက သူတို့ရဲ့ ဉာဏ်အမြော်အမြင် မရှိမှုကြောင့် ကြောက်လန့်ပြီး ပစ္စည်းတွေတောင် မလိုချင်တော့ဘဲ ချက်ချင်း ထွက်ပြေးကုန်ကြသည်။ သို့သော် သူတို့ရွှေ့သည်နှင့် တပြိုင်နက် ချည်မျှင်က ပိုတင်းကြပ်သွား သည်။
ချည်မျှင်သည် အလွန်စေးကပ်၍ ထိတွေ့မိသည်နှင့် နောက်အခိုက်အတန့်တွင် လူသည် ကောင်းကင်သို့ ပျံတက်သွားသည်။ လီထျန်းချင်ကလည်း လှမ်းအော်၏။
"မပြေးနဲ့... ရှိနေတဲ့နေရာမှာပဲ ရပ်နေ!"
သို့သော် ကြောက်လန့်နေသူများက သူတို့စကားကို ဘယ်လိုမှ နားမထောင်နိုင်ပေ။ အခုနလေးတင်ကမှ ငြင်းခုံနေကြတဲ့လူတွေက ချက်ချင်းပဲ အရပ်ရပ်ကနေ ပြေးသွားပြီး မမြင်ရတဲ့ ကြိုးတွေထဲ တစ်ယောက်ပြီး တစ်ယောက် တိုးဝင်သွားတယ်။
ကောင်းကင်က ပိုးကောင်သည် ချည်နှောင်ခံထားရသော သားကောင်ကို ချက်ချင်း ဆွဲယူသည်။ ထိုလူတွေသည် ချည်မျှင်ကို ခံစားမိတာနဲ့ ကိုက်ဖြတ်ရန် ကြိုးစားကြသော်လည်း ချည်မျှင်များရဲ့ ကပ်ငြိနိုင်စွမ်းက အံ့သြဖွယ်ကောင်းလှသည်။ သူတို့ကိုယ်ခန္ဓာကို ထိလိုက်တာနဲ့ ခွဲပစ်လို့ မရတော့ပေ။
နှစ်ဘက်လုံးတွင် လှည်းအစီးရေ ၂၀ ကျော်၊ နွားလှည်းမောင်းသူ၊ နွားနှင့် မြင်းများစွာတို့သည် တညီတညွတ်တည်း လေထဲသို့ ဆွဲထုတ်ခံခဲ့ကြရသည်။ သို့သော် လူများ၊ နွားများနှင့် မြင်းများ အလွန်များပြားသောကြောင့် ချည်ပိုးများကို ပြန်ဆွဲယူတဲ့အခါ အလွန်ခက်ခဲသွားပြီး အရှိန်မှာ ယခင်ကဲ့သို့ မမြန်ဆန်တော့ပေ။
ချန်ရှီ မျက်လုံးများ တောက်ပလာပြီး ကမ်းစပ်ဆီသို့ ရုတ်တရက် ပြေးထွက်သွားသည်။
"ထျန်းချင်... ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို ပြင်ဆင်ထားတာ!"
လီထျန်းချင်သည် ချန်ရှီ ဘာလုပ်ချင်နေလဲ နားမလည်သော်လည်း နတ်ကွန်းကို ထုတ်လွှတ်လိုက်ရာ နတ်သန္ဓေသားလေးသည် သူ့စိတ်ထဲတွင် ချက်ချင်း ပေါ်လာပြီး ယင်ကျောက်စိမ်းဘီးခြောက်ဘီး အသက်သွင်းလိုက်သည်။
ချန်ရှီဟာ တောင်တက်လမ်းဆီသို့ ပြေးတက်ပြီး ကီလိုတစ်ထောင်ကျော် အလေးချိန်ရှိသော ကျောက်တုံးကြီးကို ချီကာ လှည့်ပတ်၍ လေထဲသို့ ဝီးခနဲ ပစ်တင်လိုက်သည်။ ဤတော့မှ လီထျန်းချင်က သူဘာလုပ်ချင်နေသလဲ ချက်ချင်း သဘောပေါက်သည်။
"သိပြီ!"
ကျောက်တုံးကြီးသည် သာမန်လူတွေ မမြင်နိုင်သော ချည်မျှင်ကို ထိသွားပြီး ချည်ပေါ်တွင် တွယ်ကပ်နေလေသည်။
"ဟူး! ဟူး! ဟူး!"
ချန်ရှီ ကျောက်တုံးကြီးများကို ပစ်ချပြီး မကြာမီတွင် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများက သူ့အနားတွင် ဝဲပျံကုန်၏။ အချို့ကျောက်တုံးများသည် ပိုးချည်ကို မထိပေမယ့် အများစုကတော့ ပိုးချည်ပေါ်တွင် ချိတ်ဆွဲထားကြသည်။ လူ 20 ကျော်နှင့် မြင်းများ၊ နွားအနည်းငယ်ကိုတောင် ဆွဲထုတ်ရန် အလွန်ခဲယဉ်းလှတာကြောင့် အဆိုပါ ကျောက်တုံးကြီးများကိုပါ ချိတ်ဆွဲမိလိုက်တဲ့အခါ ရုတ်တရက် မကိုင်နိုင်ဘဲ အောက်ဖက်ကို ဆွဲချခံလိုက်ရတော့သည်။
ချန်ရှီသည် လျင်မြန်စွာ ပြေးထွက်သွားပြီး နောက်ထပ် ကျောက်တုံးများကို ရှာဖွေနေသည်။ ၎င်းတို့ကို တစ်လုံးပြီးတစ်လုံး ပစ်တင်ကာ ထိုပိုးချည်မျှင်များပေါ်တွင် ဆွဲထားပေးလိုက်သည်။ တကယ်က သူဟာ ချည်ဆွဲပိုးကောင်ကို မြေပြင်နဲ့ ပိုနီးကပ်လာအောင် ဆွဲခေါ်နေတာပဲ ဖြစ်သည်။
ဤပိုးကောင်ကြီးသည် လေထဲတွင် အော်ဟစ်ကာ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ကျလာ၏။ မျှော်ကြည့်ရာ သန်ကောင်၏ ကိုယ်ထည်ပေါ်က အဝါရောင်နှင့် အဖြူရောင် ထူးဆန်းသော အမှတ်အသားများကို မြင်နိုင်နေပြီ ဖြစ်သည်။ ၎င်း၏ အမှတ်အသားများကို ကြည့်ရုံဖြင့် ၎င်းသည် ကြီးမားသော တံပိုးတစ်ကောင်နှင့် တူနေသယောင် ခံစားရစေလေသည်။
ဒါပေမဲ့ ရှေးလူကြီးတွေက ဒီအကြောင်းအရာကိုတော့ မသိကြသေးပါဘူး။ ခဏလေးအတွင်းမှာပင် ပိုးကောင်သည် အမြင့်ပေ တစ်ရာကျော်မှ မြေပြင်အထက် ဆယ်ပေကျော်အထိ ဆွဲချခံခဲ့ရပြီး လီထျန်းချင်၏ ယင်ကျောက်စိမ်းဘီး တိုက်ခိုက်ရေး အကွာအဝေးသို့ ဝင်ရောက်နေပြီ ဖြစ်သည်။
လီထျန်းချင်က ကျောက်စိမ်းဘီး အဆင့်ကို ချက်ချင်း တိုးမြှင့်လိုက်တဲ့အခါ မမြင်နိုင်သော ကျောက်စိမ်းဘီးများ လွင့်ထွက်သွားကာ လေထဲက ချည်မျှင်များကို ခုတ်ထစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်ရှီသည် ကျောက်တုံးများကို ထပ်မံပစ်ချကာ ပိုးချည်ကြိုးပေါ်တွင် ချိတ်ဆွဲကာ ချည်ဆွဲပိုးကောင်ကို အောက်သို့ ဆွဲချလိုက်သည်။
လဘီးခြောက်ဘီး ပိုးကောင်ကို ထိမှန်သွားတဲ့အခါ နေရာတိုင်းကို မီးတောက်များ လွင့်ပျံသွားသည်။ လဘီးလည်း ကွဲအက်သွားရာ အပိုင်းအစများက အရပ်ရပ်သို့ လွင့်ပျံသွားကာ အလွန်ထက်မြက်လှသည်။
လီထျန်းချင်ရဲ့ လှုပ်ရှားမှုတွေက အမျိုးမျိုး ပြောင်းလဲသွားပြီး လဘီးအချို့ကို တူညီသော အနေအထားဖြင့် အဆက်မပြတ် ခုတ်ထစ်လိုက်သည်။ မကောင်းဆိုးဝါး၏ အလွန်မာကျောသော အခွံကို ဖြတ်တောက်လိုက်တဲ့အခါ ဖြတ်ထားသော နေရာမှ အစိမ်းရောင် အရည်များ ထွက်ကျလာသည်။
နောက်ဆုံးတော့ ပိုးကောင်က မြေပြင်ပေါ် ပြုတ်ကျလာချေပြီ။ သူ့ရဲ့ ခန္ဓာကိုယ် အရှည်က ဆယ်ပေကျော်လောက်အထိ ဆန့်ထွက်နေကာ လမ်းဘေးက သစ်ပင်ကြီးထက်တောင် ပိုထူနေသည်။ သူ့ခန္ဓာကိုယ်က ယိမ်းနွဲ့နေတာကြောင့် ပတ်ဝန်းကျင် သစ်ပင်တွေပါ ယိမ်းယိုင်နေသည်။
ချည်ဆွဲပိုးကောင်ဟာ ဒေါသ အရမ်းထွက်လာပြီး ခြေထောက်ရှစ်ချောင်းလုံးနဲ့ ပိုးချည်တွေကို ပြန်ဆုတ်သွားသည်။ ပိုးချည်မျှင်များသည် "အစားအစာ" ဖမ်းရန် ကူညီနိုင်သော်လည်း ၎င်းကို ကန့်သတ်ထားရသေးသည်။
ကံကောင်းထောက်မစွာ မကောင်းဆိုးဝါး၏ ရိုင်းစိုင်းသော စွမ်းအားသည် အံ့အားသင့်စရာ ကောင်းလောက်အောင် မထွက်ပေါ်လာသေးခင် ထိုအခိုက်အတန့်လေးတွင် ချန်ရှီသည် ကျောက်တုံးကြီးကို မြှောက်ကာ အမြင့်မှ ခုန်ချလာပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချပစ်ခဲ့သည်။
ဗုန်း!
ပိုးကောင်၏ ဦးခေါင်းကို အပိုင်းပိုင်း မခွဲပစ်နိုင်မခြင်း ထုနေသည်။ သူ့အားကြောင့် ကျောက်တုံးကြီးတောင် အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
"ရှောင်ရှီက ရန်ဖြစ်တဲ့အချိန်ကျရင် ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ "
လီထျန်းချင် ထိတ်လန့်သွားပြီး သူ့လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်သည်။ လဘီးများက ပိုးကောင်၏ ခန္ဓာကိုယ်ပေါ်က နေရာများစွာကို ဖြတ်တောက်ပစ်လိုက်သည်။ ပိုးကောင်သည်လည်း နာကျင်စွာ အော်ဟစ်ပြီး ၎င်းရဲ့ အခြားကြိုးကို ကိုက်ဖြတ်ရန် ရုန်းကန်ခဲ့ရသည်။
ချန်ရှီက ကီလိုဂရမ် 1,000 အလေးချိန်ရှိ ကျောက်တုံးကြီးကို ကိုင်ဆောင်ကာ သံတူတစ်ချောင်းကို ကိုင်မြှောက်ထားသလိုမျိုး ၎င်း၏ခြေထောက်တစ်ဖက်ကို ရိုင်းစိုင်းစွာ ရိုက်ခွဲလိုက်ရာ မကြာမီ ခြေထောက်က ကျိုးသွားခဲ့သည်။
ရုတ်တရက် ချည်ဆွဲပိုးကောင်က ချန်ရှီရဲ့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ လူငယ်လေး ထိတ်လန့်သွားကာ ဆယ်ပေကျော်အကွာ ချောက်ကမ်းပါးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
လီထျန်းချင်: "ရှောင်ရှီ!"
ထိုအချိန်တွင် ချန်ရှီအသံထဲက မီးခိုးလုံးထဲမှ ထွက်လာ၏။
"အဆင်ပြေတယ်...သူ့ကို အရင်သတ်!"
လီထျန်းချင် ချည်ဆွဲပိုးကောင်ကို တိုက်ခိုက်ရန် အာရုံစိုက်ခဲ့သော်လည်း ဤဆိုးဆိုးဝါးဝါး အကောင်ကို ယင်ကျောက်စိမ်းဘီးခြောက်ဘီးက ထိခိုက်ပျက်စီးစေခဲ့လျှင်ပင် ၎င်းအတွက် ပြင်းထန်သော ဒဏ်ရာဖြစ်လိမ့်မည် မဟုတ်ပေ။
ပိုးကောင်သည် ဒေါသတကြီးဖြင့် ၎င်း၏ပါးစပ်မှ အဖြူရောင်အငွေ့များ မှုတ်ထုတ်လိုက်သည်။ လီထျန်းချင်မှာ ၎င်းကို မရှောင်တိမ်းနိုင်ဘဲ အဖြူရောင် အငွေ့ဖြင့် ပိုးကောင်လေး ဖြစ်လာသည်။
"သွားပြီ!"
မတ်တပ် မရပ်နိုင်တော့ဘဲ ပိုးကောင် ပါးစပ်ထဲသို့ ပြုတ်ကျကာ အလိုအလျောက် ပျံသန်းသွားခဲ့သည်။ လီထျန်းချင် လဘီးကို ရူးသွပ်စွာ အသက်သွင်းလိုက်ရာ လဘီးများက ဟောက်ကာ ချည်ဆွဲပိုးကောင် ပါးစပ်ထဲသို့ ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ချန်ရှီသည် နောက်တစ်ကြိမ် ပြေးသွားကာ တောင်ချောင်းဘေးရှိ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ အမြင့်မှ ခုန်ချလာသည်။ ကျောက်တုံးကြီးက ကောင်းကင်မှ ပြုတ်ကျကာ ဦးခေါင်းပေါ် ပိုးကောင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။
ဦးခေါင်းသည် နွားလှည်းကြီးလောက် ကြီးမားပြီး ခေါင်းပေါ်မှာ ဖုံးအုပ်ထားကာ ရှုပ်ပွနေသော ဆံပင်လို အရာတွေလည်း ရှိပေသည်။ နီးကပ်လာတဲ့အခါမှ ဆံပင်တိုင်းက လက်ချောင်း အရွယ်အစားလောက် ထူပြီး သံတစ်ချောင်းလို မာကျောနေတာကို တွေ့နိုင်သည်။
ချန်ရှီ သယ်လာတဲ့ ကျောက်တုံးကြီးက ကြီးမားပေမယ့် ပိုးကောင်က သူ့ခြေဖဝါးကို မြှောက်ကာ ကန်ထုတ်ပစ်ခဲ့သည်။ ချန်ရှီလည်း ကျောက်တုံးကို နှစ်ခြမ်းခွဲကာ လက်သီးများကို မိုရွာချသလို မရပ်မနား ထိုးပစ်သည်။
ဝုန်း ဝုန်း ဝုန်း:
အလွန်မိုက်မဲသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သူသည် ပိုးကောင်၏ ဦးခေါင်းကို ဖြတ်ထုတ်ကာ သူ့လက်များကို မကောင်းဆိုးဝါး ဦးနှောက်ထဲအထိ နက်နက်နဲနဲ ထိုးချပစ်လိုက်သည်။
ပိုးကောင်က ၎င်း၏ခေါင်းကို ပြင်းထန်စွာ ယမ်းလိုက်ရာ လီထျန်းချင်လည်း သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုံးဝ မထိန်းနိုင်ဘဲ လှည့်ပတ်ပျံသန်းနေရသည်။ လဘီးခြောက်ဘီးကို အသက်သွင်းရန် အတတ်နိုင်ဆုံး ကြိုးစားဆဲဖြစ်သည်။ လဘီးများက တစ်ခုပြီးတစ်ခု လှည့်ပတ်ကာ ၎င်းရဲ့ပါးစပ်ကို လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။
လဘီးတစ်စင်းက ချည်ဆွဲပိုးကောင်ရဲ့ ဦးခေါင်းနောက်ကနေ ပေါက်ထွက်သွားသည်။ ချန်ရှီရဲ့ ခန္ဓာကိုယ်က ချည်ဆွဲပိုးကောင်ရဲ့ ဦးခေါင်းထဲသို့ နစ်မြုပ်နေပြီ ဖြစ်ကာ အရူးအမူး ထိုးနေဆဲဖြစ်သည်။ နောက်ဆုံးအထိ သတ္တဝါဆိုးသည် ခုန်ပေါက်နေပြီး မြေပြင်ပေါ်၌ အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် လှုပ်ရှားရပ်တန့်သွားခဲ့သည်။
ချန်ရှီသည် ရူးသွပ်စွာ အကြိတ်အနှယ် ထိုးနေရာမှ နိုးလာကာ အသက်ရှုပြင်းပြင်း ရှူလိုက်သည်။ လီထျန်းချင်သည် ချည်ကြိုးများဖြင့် ချည်နှောင်ခံထားရကာ မြေပြင်ပေါ်တွင် အပတ်အတော်ကြာ လူးလဲနေ၏။ တုန်လှုပ်သွားတာကြောင့် မျက်လုံးများက ပြူးကျယ်နေဆဲ ဖြစ်ပြီး သူ့မျက်လုံးများက ရူးသွပ်မှုက လုံးဝ မပျောက်သွားသေး။
ချန်ရှီသည် ပိုးကောင်၏ခေါင်းထဲမှ တွားသွားထွက်လာကာ မြေပြင်ပေါ်သို့ လှိမ့်ဆင်းလာသည်။ မြေပြင်ပေါ်တွင် အမောဖြေရင်း လဲလျောင်းနေကာ လုံးဝ မလှုပ်ရှားလိုသေးပေ။ တစ်ခုခုစားပြီး အစာစားချင်စိတ် ထပ်ပေါ်လာသလိုမျိုး ပြင်းပြင်းထန်ထန် ဗိုက်ဆာတဲ့ ခံစားချက်ကို ခံစားရပြန်သည်။
ပိုးကောင်သည် လျင်မြန်စွာ ပြိုကွဲသွားသည်။ ၎င်း၏ခြေလက်များမှ မနှစ်မြို့ဖွယ် ပူပေါင်းများ ပေါက်ထွက်လာရာ ချန်ရှီလည်း လျင်မြန်စွာ ထကာ ဘေးနား၌ ပုန်းအောင်းနေခဲ့ရ၏။ ခဏတာအတွင်း ဤကြီးမားလှသော သန်ကောင်ကြီး လုံးဝ ပြိုကွဲသွားပြီး အရည် အစွန်းအထင်းများကလွဲလို့ ကျန်တာ ဘာမှ မရှိတော့ပေ။
"ရှဲ့က အတိအကျ ဘာကြီးလဲ"
ချန်ရှီ အရမ်းအံ့သြသွားပြီး :"တစ္ဆေ၊ သတ္တဝါ၊ ဝိညာဉ်လား? ဒါမှမဟုတ် တခြားတစ်ခုခုလား?"
"ရှဲ့ကရှဲ့ပဲ... မင်းပြောခဲ့တဲ့ အဆင့်တွေထဲမှာ မပါဘူး"
လီထျန်းချင်ဟာ စာအုပ်တွေ အများကြီး ဖတ်ထားတာကြောင့် ချန်ရှီထက် အသိပညာ ကြွယ်ဝသည်။
"ရှဲ့တွေ အားလုံးက နားမလည်နိုင်လောက်အောင် ထူးဆန်းတဲ့ဟာတွေ.. သူတို့ ဘယ်ကလာတယ် သေပြီးရင် ဘယ်ကိုသွားတယ်ဆိုတာ ဘယ်သူမှ မသိဘူး... အနောက်နွားရှင်းကျိုးကို ခြေချပြီးကတည်းက ရှဲ့တွေ ပေါ်လာတာပဲ..."
ချန်ရှီသည် ချည်ဆွဲပိုးကောင်ရဲ့ ပုံစံများကို ပြန်တွေးကြည့်သောအခါတွင် သူ့စိတ်ထဲ ပိုထူးဆန်းသလို ခံစားလိုက်ရသည်။ အဲဒီအကောင်ပေါ်က ဟာတွေက အဆောင်ဆွဲချက်တွေနဲ့ အရမ်းတူသလိုပင်။
"ဒီနတ်ဆိုးကြီးက သေသွားတော့ မြန်မြန်ပုပ်သွားတာပဲ... အရိုးတွေနဲ့ ကျောရိုးတွေတောင် မရှိဘူး အနံ့အသက်ဆိုးတွေပဲ ကျန်တော့တယ်... အဲဒီနတ်ဆိုးပေါ်က ဆွဲချက်တွေက ထူးဆန်းတယ်...ငါတို့ ရိုက်ချိုးပြီးတာနဲ့ အနီရောင် သစ်ကြံပိုးခေါက်ရဲ့ အရောင်လို အရည်တွေ ထွက်လာတယ်....
ချန်ရှီ: "ရှဲ့ မြန်မြန်ပုပ်သွားတာ သနားစရာပဲ... မဟုတ်ရင် ငါတို့ ထပ်စူးစမ်းလို့ရတယ်"
လီထျန်းချင် : "ငါ မှတ်မိတယ်...."
လီထျန်းချင် ချန်ရှီကို စိတ်ရှုပ်ထွေးစွာဖြင့် လှည့်မေးလိုက်သည်။
"ရှောင်ရှီ ရှဲရဲ့ ခန္ဓာကိုယ်ပေါ်က ပုံစံကို ဆွဲပြီး မင်းဘာလုပ်ချင်လို့လဲ "
"စမ်းသပ်ရအောင်လေ! ဟေးကော် ဟေးကော်!"