← Chapters

သစ္စာရှိမှု အပြည့်

Vol. 4 Ch. 53

သစ္စာရှိမှု အပြည့်

Vol. 4 Ch. 53

နတ်ဆိုးနယ်မြေ အပြင်ဘက်တွင် မြင်းများ ကခုန်ကာ မြင်းစီးသူရဲများက အလံကြီးများကို ပစ်ပေါက်​နေကြသည်။ အလံကြီးများက ကျယ်လောင်သော လေသံများကို ထုတ်လွှတ်ကာ မြေပြင်ပေါ်တွင် ထိုးစိုက်သွား၏။ တစ်ဆက်တည်း အလံများက နဂါးပုံသဏ္ဌာန်များ ပျံသန်းနေသဖွယ် ပုံရိပ်တွေ ပေါ်လာသည်။

အလံပတ်လည်တွင် ထူးဆန်းသော စကားလုံးများ ရေးထားသည်။ ခြေလှမ်း တစ်ရာတိုင်းမှာ အဲဒီလိုအလံ တစ်ခုကို စိုက်ထားလေသည်။ အလံတွေ စိုက်ပြီးတာနဲ့ မြင်းစီးသူရဲတွေဟာ လှည့်ပြီး အဝေးက စခန်းဆီသို့ ပြန်ပြေးသွားကြတော့၏။

စခန်းကို ခရိုင်လမ်းအနီးတွင် အသစ်တည်ဆောက်ထားသည်။ ရှင်းရှန်ခရိုင်၏ ဌာနသုံးခုဖြစ်တဲ့ ခရိုင်အစိုးရဌာန၊ ခရိုင်ပြစ်ဒဏ်နှင့် တရားရုံးဌာန၊ ကွပ်ကဲရေးသံတမန်ဌာနက ခေါင်းဆောင်တွေ အားလုံး စခန်းထဲတွင် ရှိနေကြသည်။ သူတို့သည် အဝေးကမှော်ဘုံကို ကြည့်ကာ အတော်လေး စိတ်သောက ရောက်နေကြ၏။

အမိန့်အရ အလံကြီးများသည် တစ်ခုပြီးတစ်ခု အသက်ဝင်လာကြပြီး အလံများထဲက နဂါးရုပ်တွေဟာ ချွန်ထက်သော ခြေသည်းများဖြင့် တွားသွားထွက်ရန် ရုန်းကန်နေကြသည်။ အနီရောင် ကန့်လန့်ကာပေါ်တွင် ခြေသည်းများကို ကပ်လျက် တွယ်တက်နေကြတာ မြင်တွေ့လာရသည်။

ခဏအကြာတွင် အလံများ အားလုံးထဲရှိ ရွှေနဂါးများသည် တွားသွားထွက်လာကာ အနီရောင် ကန့်လန့်ကာပေါ်တွင် တွားသွား​နေကြ၏။ အလံကြီးများက တဖျပ်ဖျပ် ခတ်နေပြီး အလံများမှ တောက်လောင်နေသည့် ရွှေရောင်အလင်းတန်းများက နဂါးပုံသဏ္ဌာန်ကို ထိန်းထားကာ ရွှေနဂါးကိုယ်ထဲသို့ စွမ်းအင်စီးကြောင်းများ ထိုးသွင်းလိုက်ကြသည်။

"ကောင်းကင်ဘုံနဂါးသော့ခတ် အစီအရင်က ရက်တစ်ရာလောက် ထိန်းထားပေးနိုင်တယ်.... ရက်တစ်ရာကြာပြီးရင် နတ်ဘုရားက စောင့်ကြည့်လိမ့်မယ်... နတ်ဆိုးနယ်မြေ ပျောက်ကွယ်သွားရင် အပြင်က လူတွေလည်း အန္တရာယ်မရှိတော့ဘူး"

ရှင်းရှန်မြို့ဝန် ကျောက်ထန်းပြောင်က သက်ပြင်းချလိုက်ပြီး။

"ချန်ယန်တောင်မှာ နတ်ဆိုးအသွင် ပြောင်းသွားတာကို ငါ့တူ ကျောက်ယန်လုံဆီကနေ ကြားပြီးပါပြီ.... သူရဲ့သားမြေးတွေ၊ ရွှမ်ရင်အိမ်တော်က ထိပ်တန်းအဖွဲ့ဝင် လေးထောင်ကိုပါ ဦးဆောင်ပြီး နတ်ဆိုးနယ်မြေထဲကို ပြေးဝင်သွားခဲ့တယ်... နတ်ဆိုးပြောင်းလဲမှုကို ရပ်တန့်ဖို့ ကြိုးစားတဲ့ ကောင်လေးပဲ... မိုက်မဲတဲ့ကလေး!"

သူသည် မျက်ရည်များ စီးကျလာကာ မျက်နှာကို အထပ်ထပ်အခါခါခါကာ ခေါင်းယမ်းကာ ကောင်းကင်ကို မျှော်ကြည့်ကာ

"ကျောက်မိသားစုက ဆင်းသက်လာတဲ့ လူတွေက ငါ့မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါတို့ဘိုးဘေးတွေကို မျက်နှာမပျက်စေခဲ့ဘူး!"

ခရိုင်အစိုးရဌာန၊ ခရိုင်ပြစ်ဒဏ်နှင့် တရားရုံးဌာန၊ ကွပ်ကဲရေးသံတမန်ဌာနက တာဝန်ရှိသူများလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်ရည်များ ကျလာခဲ့ကြသည်။

"ရွှမ်ရင်အိမ်တော်က ပေါ်ယွင်ထျန်းကလည်း ကျုပ်တို့မျိုးဆက်အတွက် စံနမူနာယူစရာပါပဲ.. သင်ယူထိုက်ပါတယ်"

"သေပေမယ့် ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ ဘယ်လို စိတ်ဓာတ်မျိုးလဲ သိနိုင်တယ်.... ကျုပ်တို့ ဒီအကြောင်းအရာကို သမိုင်းမှာ မှတ်တမ်းတင်ပြီး နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းပေးသင့်တယ် ဒါမှ နောင်လာနောက်သားတွေ ဒီနေ့ရွှမ်ရင် အိမ်တော်သခင်ရဲ့ ဖြောင့်မတ်တဲ့ အကျင့်တွေကို မမေ့နိုင်စေမှာ!"

တစ်စုံတစ်ယောက်က: "ရွှမ်ရင်အိမ်ကြီးက သစ္စာစောင့်သိသူတွေနဲ့ ပြည့်နှက်နေတာကိုး--"

……

ရှင်းရှန်မြို့ဝန် ကျောက်ထန်းပြောင်ဟာ မျက်ရည်ကျခဲ့သော်လည်း နောက်ဆုံးတွင် ရပ်သွားသည်။

"ယန်လုံက ငါတို့ကျောက်မိသားစုက သားဖြစ်ထိုက်သူပါ.... သူက အနစ်နာခံပြီး အသက်စွန့်လိုတဲ့ သတ္တိရှိတယ်... ငါတို့မိသားစုရဲ့ အခြေခံအုတ်မြစ်ကို အရှက်မကွဲစေဘူး.... ရက်ပေါင်းတစ်ရာကျော်ပြီးရင် ယန်လုံနဲ့ ရွှမ်ရင်အိမ်​တော်တို့ရဲ့ သားမြေးတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ခု ကျင်းပပေးရမယ် မင်းတို့​ရော ဘယ်လိုထင်လဲ?"

"ဂုဏ်ယူပါတယ်!"

“ကျနော့်အမြင်အရတော့ နတ်ဆိုးကို တွန်းလှန်တဲ့နေရာမှာ ကျောက်မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ရှင်းပြဖို့နဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိအားလုံးအတွက် စံနမူနာပြဖို့ အစိုးရအဖွဲ့ဆီ စာတစ်စောင်ရေးဖို့ လိုမယ်ထင်တယ်... အောက်ခြေအရာရှိက လူကြီးမင်းယန်လုံရဲ့ ကျောင်းသားတစ်ယောက်မိလို့ ဒီကိစ္စကို အစီရင်ခံဖို့ စာတစ်စောင် ရေးသင့်ပါတယ်.... တရားရုံးက ကျောက်မိသားစုကို မကြာခင်မှာ ချီးမွမ်း ဒါမှမဟုတ် ဆုချီးမြှင့်မယ်လို့ ထင်ပါတယ်"

လူတိုင်းက အစီအစဥ်ကို ဆုံးဖြတ်ပြီး အေးချမ်းစွာ ထွက်ခွာသွားကြလေသည်။

နတ်ဆိုးအသွင် ပြောင်းခြင်း တတိယနေ့။

ချန်ရှီ အဝေးကို လှမ်းကြည့်လိုက်ရာ တောင်များပေါ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မီးစများ ရံဖန်ရံခါ ပေါက်ကွဲသွားတာကို တွေ့လိုက်ရသည်။

လက်ရှစ်ချောင်းပါသော ကြီးမားလှသော ကြွေအကောင်ကြီးသည် တောအပေါ်၌ ပျံဝဲနေသည်။ ကြွေရုပ်တုက ရုတ်တရက် နတ်ဆိုးနှိမ်နင်းသော ကျည်ပွေ့ကို ကိုင်ဆောင်ကာ ဝေ့ယမ်းလိုက်တဲ့အခါ နတ်ဆိုးမီးများ တောင်တစ်ခုလုံး လောင်ကျွမ်းသွား​တော့သည်။

နတ်ဆိုးမီးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် လှည့်ပတ်သွားကာ အဝေးကနေတောင် ပေါက်ကွဲသံကို ကြားရ​လောက်၏။

အဲဒါ မီးဖိုရဲ့ ဦးတည်ရာဘက်ခြင်းကပဲ။

ဘုရားလောင်း ရုပ်တုကို ဘယ်သူ တိုက်ခိုက်နေလဲတော့ မသိပါဘူး။

"နတ်ဆိုး ဘုရားလောင်းကို တိုက်တဲ့လူက သုံးရက်တိုင်တိုင် တိုက်ပွဲဝင်နိုင်တယ်..."

လီထျန်းချင် ချန်ရှီကို စိုးရိမ်တကြီးကြည့်ကာ ပြောလိုက်သည်။

"ငါ့အဘိုးနဲ့ မင်းအဘိုးက အဲဒီမှာ ရှိ​နေနိုင်တယ်.... သူတို့ နှစ်ယောက်လုံးက အသက်ကြီးနေပြီ... သူတို့ ထိန်းနိုင်ပါ့မလား"

ချန်ရှီလည်း အလွန်အမင်း စိုးရိမ်သွားပြီး :"ငါတို့ကို ကယ်ဆယ်ဖို့ အစိုးရက တစ်ယောက်ယောက်ကို လွှတ်မယ်လို့ မင်းထင်လား"

လီထျန်းချင်လည်း ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးချေ။

"ရှင်းရှန်ခရိုင်က လူကယ်ဖို့ လူတွေကိုတော့ စေလွှတ်လိမ့်မယ် နောက်ဆုံးတော့ မိုင်တစ်ရာအတွင်းမှာ ရှင်းရှန်ခရိုင်က လူတွေရှိတယ်လေ... ရှင်းရှန်ခရိုင်က သူတို့ကို မကယ်တင်ဘူးဆိုရင် အစိုးရအဖွဲ့ဝင်ဝန်ကြီးက ကျိန်းသေပေါက် အပြစ်ပေးမှာပဲ"

သူတို့နှစ်ယောက် ဟွမ်​ဖောရွာမှ ထွက်ပြီး ရွာတစ်ရွာကို ဖြတ်သွားသောအခါတွင် လူသုံးဆယ် သို့မဟုတ် လေးဆယ်ခန့် လိုက်ပါလာသည့် လှည်းတစ်စီးကို တွေ့လိုက်ရသည်။ မြင်း၊ နွား၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက လှည်းပေါ်တွင် ထိုင်နေ​ကြသည်။

သူတို့သည် ဤမှော်ဆန်သောနယ်ပယ်မှ ထွက်ခွာသွားရန် ပြင်ဆင်နေခဲ့ကြသော်လည်း ရွာမှထွက်ခွာပြီးနောက် သူတို့အားလုံး ခပ်ဝေးဝေးကို​တောင် မသွားမီ ကြွေထည်​တွေ ဖြစ်သွားကြသည်။ သူတို့နှစ်ဦးလည်း မတိုက်မိအောင် လမ်းဘေးသို့ ရွှေ့ပေးခဲ့လိုက်သည်။

နောင်တွင် နတ်ဆိုး ဖျက်ဆီးခံရပါက ပြန်လည်ကောင်းမွန်လာနိုင်သည်။

အရင်ကတည်းက ရွာထဲမှာ ပုန်းအောင်းနေသင့်သည်။ ရွာအပြင်မထွက်ဘဲ လမ်းမပေါ်မှာ ပြန့်ကျဲနေတဲ့ လူတချို့ကို တွေ့နေရသေးသည်။ သုံးရက်ဆက်တိုက် ဗိုက်ဆာနေသော်လည်း ရေသောက်ဖို့ကလွဲလို့ ရွေးစရာက မရှိတော့ပေ။

ယုန်၊ တောဝက်နှင့် အကောင်ပေါက်များကဲ့သို့ သာမာန် တိရိစ္ဆားများသည်လည်း ကြွေရုပ်များ ဖြစ်သွားကြပြီ။ ရှင်းရှန်ကြွက်များသည် ၎င်းတို့ရှာဖွေနိုင်သော အစားအစာ အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

ရှင်းရှန်ကြွက်များသည် သားဥကြွေရန် အချိန်ကြာမြင့်သော တိရစ္ဆာန်များ ဖြစ်ပြီး ၎င်းတို့သည် ကြွေဒဏ်ကိုအန်တုကာ ဖြည်းညှင်းစွာ ရွေ့လျားကြရတာကြောင့် ဖမ်းရလွယ်ကူသည်။ သို့သော်လည်း ဤလူများကလည်း နှေးကွေးနေရာ ရှင်းရှန်ကြွက်များကို ဖမ်းနိုင်ပါ့မလား။

ချန်ရှီ: "မင်းတို့ အသက်ရှင်ဖို့ မသေချာရင် အိပ်ဖို့ လုံခြုံတဲ့နေရာကို ရှာလိုက်ပါ.. နတ်ဆိုးကို သတ်လိုက်တာနဲ့ မင်းတို့လည်း အသက်ရှင်နိုင်ပြီ"

သူက အရမ်းကြင်နာစွာ သတိပေးလိုက်သည်။ ပြောရရင် သူကသာ အနိုင်ကျင့်လေ့ရှိတဲ့ ရွာကလူတွေဟာ သူသာ စာမေးပွဲအောင်ပြီး အရာရှိဖြစ်လာရင် ဘယ်သူကများ အနိုင်ကျင့်ရဲပါ့မလဲ။

ဒါကိုမြင်တော့ လီထျန်းချင်ကလည်း အဲဒီလူတွေကို လုံခြုံတဲ့နေရာရှာပြီး စောင့်နေဖို့ အကြံပေးခဲ့သည်။

သူတို့ နှစ်ယောက် အမဲလိုက်ရာမှ ပြန်လာကြတဲ့အခါ မနေ့တုန်းကထက် သားကောင်ရတာက ပိုကောင်းလာသဖြင့် ရှင်းရှန်ကြွက်များကိုလည်း ဆယ်ကောင်ကျော် ဖမ်းမိခဲ့သည်။ ဒီကြွက်တွေချည်းပဲ ရှိရင်တောင် ဟွမ်ဖောရွာက ရွာသူရွာသားတွေဟာ ဆယ်ရက်ထက် ပိုစားနိုင်လောက်၏။

သူတို့နှစ်ဦးသည် ကြွက်၏အမြီးကြီးအား တရွတ်တိုက်ဆွဲကာ ပြန်လာသည်။ လီထျန်းချင်သည် အရှေ့တွင် ရွှင်မြူးစွာ ပြေးနေသော ဟေးကော်ကို ကြည့်ကာ ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး။

“ရှောင်ရှီ... အပြင်မှာ သားရဲတွေအားလုံး ကြွေရုပ်​ဖြစ်သွားပြီ... ရှင်းရှန် ကြွက်တွေတောင် ကြွေရုပ်တုတွေ ဖြစ်ကုန်ပြီ... ဝိညာဥ်သားရဲတွေတောင် မပြေးနိုင်​တော့​​ဘူး ဘာလို့ ဟေးကော်က ဘယ်လိုမှ မထိခိုက်တာလဲ?"

ချန်ရှီ နှလုံးသားကလည်း အနည်းငယ် လှုပ်ရှားသွားပြီး သူ့ရှေ့က ခွေးကို ကြည့်ကာ အသံကို လျှော့လိုက်သည်။

"တစ်ခုခု မှားနေပြီလို့ မင်းလည်း သံသယဝင်နေမလား"

လီထျန်းချင်က ခေါင်းညိတ်လိုက်ပြီး :"ထူးဆန်းတဲ့ သားရဲတွေ အားလုံးတောင် ထိခိုက်နေပြီ ​​သာမန် ခွေးနက်တစ်ကောင်က ဒဏ်မခံနိုင်​​လောက်ဘူး"

"အဘိုးနဲ့ ငါလည်း ဟေးကော်က တစ်ခုခုမှားနေပြီလို့ သံသယဝင်မိ​သေးတယ်!"

ချန်ရှီက အသံ တိုးတိုးလေးဖြင့်: "ဒါပေမယ့် ငါတို့သူ့အမြှီးကို ဖမ်းလို့ မမိဘူး"

ရှေ့ကခွေးလေးဟာ မပြေးနိုင်တဲ့ ရှင်းရှန် ကြွက်တွေလို ဖြည်းညင်းစွာ လမ်းလျှောက်ရင်း ရုတ်တရက် ထုံထိုင်းသွားသည်။

"ငါတို့စကားကြားလို ဒီလိုဟန်ဆောင်နေတာပဲ!"

လီထျန်းချင်လည်း ထိတ်လန့်တကြားနဲ့ "အဲဒါဆို တစ်ခုခုတော့ မှားနေပြီ!"

ဟေးကော်က လှည့်ကြည့်ကာ သူ့အမြီးကြီးကို တွန့်ကာ ရှက်ရွံ့သော မျက်နှာဖြင့် လီထျန်းချင်ထံသို့ ရောက်ရှိလာ၏။ ခွေးခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်နေရာ ဆယ်ကျော်သက် နှစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်ကြ​လေသည်။

ထိုအချိန်တွင် ချန်ရှီ ရုတ်တရက် "အဘိုးကို မတွေ့ရတာ ရက်အတော်ကြာနေပြီ" ဟူသော အတွေးတစ်ခု ဝင်လာသည်။ အဘိုးက ဒီရက်ပိုင်း ပျောက်သွားပြီး မတော်တဆသာ ဖြစ်ခဲ့ရင် အဘိုးအတွက် အဆင်မပြေလောက်ပေ။

ထိုအချိန်တွင် သူ့နောက်ကွယ်မှ အသံတစ်သံက "ရှီလေး" ဟု ခေါ်သည်။

"အဘိုး!"

ချန်ရှီ အံ့သြပြီး ဝမ်းသာသွားကာ ချာကနဲ လှည့်ကြည့်လိုက်သည်။ ခေါင်းကို လှည့်လိုက်သည်နှင့် ရုတ်တရက် မမြင်နိုင်သော လက်တစ်စုံက သူ့လည်ပင်းကို ဆုပ်ကိုင်လာတာ ခံစားလိုက်ရသည်။

ရှဲ့၊ ခေါက်ချိုးမကောင်းဆိုးဝါး

လှည့်ပတ် သွားလာနေသူများ၏ ဦးခေါင်းများကို နောက်ပြန်လှည့်လာအောင် လှည့်စားတတ်သော ရှဲ့တစ်ကောင်ပင်။ ချန်ရှီ သူတို့နောက်မှာ မကောင်းဆိုးဝါးတစ်ကောင် ရှိ​နေတယ် ဆိုတာကို မသိလိုက်ပေ။ ဒီရှဲ့မျိုးက အချို့သော စည်းကမ်းများကို လိုက်နာသည်။

စည်းမျဥ်း စည်းကမ်းတွေကို လိုက်နာနေသရွေ့ ရင်ကော့ပြီး ဖြတ်သွားရင်တောင် နှစ်ကြိမ်တိုင်တိုင် ဘာမှဖြစ်မလာပေ။ ဒါပေမဲ့ စည်းကမ်းဖောက်ဖျက်ရင် သေမှာသေချာ၏။

ချန်ရှီဟာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တဲ့အတွက် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်နဲ့ သွေးတွေကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူသည် သူတော်စင်သန္ဓေသားကို မွေးမြူထားသော်လည်း ရွှေအမြုတေက နယ်ပယ်က သခင်တောင်မှ သူ့ချီသွေးလို မပြင်းထန်နိုင်ပေ။

သူ့ရဲ့ စွမ်းအင်နဲ့ သွေးတွေက သူ့လည်ပင်းမှာ စုစည်းလာတာကြောင့် သူ့လည်ပင်းက ရုတ်တရက် သူ့ခေါင်းကြီးလောက် ကြီးလာသည်။ လည်ပင်းက ချဲ့နေတုန်းပဲ။ မကြာခင်မှာ ဦးခေါင်းထက် အဆပေါင်းများစွာ ပိုထူလာ၏။

မကောင်းဆိုးဝါးကလည်း သူ့လည်ပင်းကို တင်းတင်း ဆုပ်ကိုင်ထားသည်။ မမျှော်လင့်ဘဲ ချန်ရှီလည်ပင်းက တင်းကြပ်လွန်းတဲ့ အင်အားကလည်း ကြီးလာသည်။ လီထျန်းချင်နဲ့ ဟေးကော်တို့သည် ချန်ရှီလည်ပင်းက လေပူပေါင်းလို ဖောင်းကားနေကာ တစ်စုံတစ်ခုက သူ့လည်ပင်းကို ဆွဲကာ မြေပြင်မှ ဆယ်ပေကျော်မြင့်သော လေထဲသို့ ဆွဲထုတ်သွားတာ တွေ့လိုက်ရသည်။

"ပြန်လှည့်မကြည့်နဲ့!"

ချန်ရှီ: "ငါတို့နောက်ကို လိုက်နေတဲ့ ရှဲ့တစ်ကောင်ရှိတယ်... ငါတို့ လှည့်ကြည့်လိုက်ရင် သေလိမ့်မယ်!"

လီထျန်းချင် ထိတ်လန့်သွားပြီး နတ်ကွန်းထဲက နတ်သန္ဓေသားကို ချက်ချင်း အသက်သွင်းလိုက်ပြီး ယင်လဘီးခြောက်ဘီးက ပြေးထွက်လာသည်။ ဘီးက ချန်ရှီအနောက်က လေထုကို ဖြတ်သွားလေသည်။ သို့သော် လဘီးသည် လေကိုသာ ဖြတ်သွားရသကဲ့သို့ ချန်ရှီ အနီးတစ်ဝိုက်တွင် အပေါ်အောက် ပျံသန်းသွားသော်လည်း မကောင်းဆိုးဝါးကို မထိနိုင်ခဲ့ပေ။

လီထျန်းချင် ပို၍ပို၍ စိုးရိမ်လာသည်။ ခေါက်ချိုးမကောင်းဆိုးဝါးသည် ပြင်းထန်သော ခွန်အားဖြင့် ချန်ရှီလည်ပင်းကို ဆွဲဆန့်နေတာ သတိပြုမိသည်။ သူ့လည်ပင်းကို ဆန့်ထုတ်ဖို့ ကြိုးစားနေတာက ခေါက်ဆွဲကို ဆွဲဆန့်​နေရသလိုပါပဲ။

"မင်း ငါ့အသက်ကို လိုချင်တယ်ပေါ့... အိပ်မက်ပဲမက်နေလိုက်! ငါ့မှာ လည်ပင်းမရှိဘူးကွ!"

ချန်ရှီသည် သူ့ရဲ့ ခွန်အားနဲ့ သွေးတွေကို စုပ်ထုတ်ပြီး သူ့လည်ပင်းပေါ်မှာ စုစည်းထားဖို့ သူ့ခွန်အား အားလုံးကို အသုံးချလိုက်ပါ၏။ ခေါက်ချိုးမကောင်းဆိုးဝါးသည် သူ့လက်များကို ခဏလောက် ဆန့်ထားသော်လည်း ချန်ရှီလည်ပင်းကို မဆန့်ဆွဲနိုင်​တော့သဖြင့် သူ့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လေပြင်းတိုက်ကာ လွင့်ထွက်သွားလေသည်။

မှောင်မိုက်သော လေထဲတွင် တစ်စုံတစ်ခုက ကျိန်ဆဲနေသလို နားမလည်နိုင်သော ကျိန်စာများကို ရေရွတ်နေသလို လေသံများ ကြားနေရသည်။ ချန်ရှီ လေကို ရှူထုတ်လိုက်ရင်း သူ့လည်ပင်းကိုထိလိုက်ကာ ကြောက်ရွံ့ထိတ်လန့်နေဆဲ။

လီထျန်းချင်လည်း ထိတ်လန့်တုန်လှုပ်သွား၏။ သူသည် ချန်ရှီလည်ပင်းကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

လီထျန်းချင်: "အဘိုးက ငါ့နာမည် ခေါ်နေသလိုပဲ!"

ချန်ရှီ: "နောက်ကို မကြည့်နဲ့... အဲဒီကောင် ပြန်ရောက်လာတာ ဖြစ်မယ်! မင်းနောက်ကို ကြည့်လိုက်တာနဲ့ မင်းရဲ့ခေါင်း ပြတ်သွားလိမ့်မယ်... ဒီရှဲ့ အတွေးတွေကို ဖော်ထုတ်နိုင်တယ် မင်းနဲ့ နီးစပ်သူတွေရဲ့ အသံတွေကို အတုလုပ်နိုင်တယ်... မြန်မြန်သွားရအောင်!”

လူနှစ်ကောင်နှင့် ခွေးတစ်ကောင်သည် ရှင်းရှန် ကြွက်တစ်ဒါဇင်ကို ရှေ့သို့ ဆွဲထုတ်လိုက်ပြီး မကြာမီ တောင်စောင်းတစ်ခုသို့ လှည့်ကာ လီကျင်းသို့၏ ​မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ လီကျင်းသို့ ချောင်းဆိုးရင်း သွေးများထွက်လာကာ လက်နှစ်ဖက်ကို မြေကြီးပေါ်တင်ကာ ရှေ့သို့ တိုးလျှိုးရန် ရုန်းကန်နေပြီး လီထျန်းချင်ကို အကြိမ်ကြိမ် ခေါ်သည်။

"လူယုတ်မာလေး....."

လီကျင်းသို့၏ လက်များသည် အားနည်းသွားပြီး မှောက်လျက်သားလေး ရေမြောင်းထဲသို့ လဲကျသွားသည်။ ရေမြောင်းထဲ၌ ကျောချကာ လဲလျောင်းနေ၏။ ရင်ဘတ်က အသက်ရှုကြပ်ကာ မလှုပ်ရှားနိုင်တော့ပေ။

တိုက်ပွဲမှာ ရှုံးသွားပြီ။

သူ ပျော့ညံ့စွာ တွေးလိုက်မိသည်။

သုံးရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် အဘွားရှား၊ ရှောင်ဝမ်စွင်း၊ ကျင်းဟုန်ရိနဲ့ သူအပါအဝင် အားလုံး ရှုံးနိမ့်သွားခဲ့သည်။

နတ်ဆိုးလေးယောက်က ဘုရားလောင်း ရုပ်တုကို ဝိုင်းပြီး မီးဖိုသမား နှစ်ယောက်ကို သတ်လိုက်ပြီးတော့ ဘုရားလောင်းက လူလေးယောက်ရဲ့ ရည်ရွယ်ချက်ကို သတိပြုမိသွားသည်။ သို့နှင့် နောက်ဆုံး မီးဖိုလုပ်သားကို သူ့ဝမ်းဗိုက်ထဲကို ပြန်ဆွဲသွင်းလိုက်လေ၏။ မီးဖိုလုပ်သားသည် ၎င်း၏ဝမ်းဗိုက်အတွင်း တွားသွားကာ ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများကို ပြုပြင်ပေးလိုက်သည်။

နတ်ဆိုး ဘုရားလောင်းရုပ်တုကို အကြိမ်ကြိမ် ချိုးဖဲ့ကြသော်လည်း ဤမီးဖိုလုပ်သား ကောင်းမှုကြောင့် မကောင်းသော ဘုရားလောင်းကို မဖမ်းဆုပ်နိုင်ခဲ့ကြပေ။

အနှီယုတ်မာသော ဘုရားလောင်းသည် လက်နက်ရှစ်မျိုးရှိပြီး နေလပုတီးစေ့၊ ရွှေအုတ်၊ ဝိညာဉ်မောင်းနှင်သော ခေါင်းလောင်း၊ တံလျှပ်၊ လေး၊ မြှားအပါအဝင် လက်နက်ရှစ်မျိုး ကိုင်ဆောင်ထားသည်။ ၎င်းတို့ကို လက်နက်အစစ်များအဖြစ် ပြောင်းလဲကာ အလွန်အစွမ်းထက်သော လျှို့ဝှက်စာလုံးများဖြင့်လည်း ဖုံးအုပ်ထားသေးသည်။

ကံကောင်းထောက်မစွာဖြင့် အဘွားရှာသည် စိတ်ဝိညာဉ်မောင်းနှင်သော ခေါင်းလောင်းနှင့် နတ်ဆိုးကျည်ပွေ့ကို ထိန်းထားရန် သိုးဦးချိုမီးအိမ်အား သယ်ဆောင်သွားပြီး နတ်ဆိုးဝိညာဉ်မောင်း ခေါင်းလောင်းကို နှိမ်နှင်းလိုက်သောကြောင့် ၎င်းတို့ အချိန်အတော်ကြာအောင် ရှင်သန်နိုင်ခဲ့သည်။

သို့သော် ၎င်းတို့လေးဦးအနက် သုံးဦးကသာ ဒဏ်ရာရသွားခဲ့သည်။ လီကျင်းသို့ရဲ့ နွားသငယ်နှစ်ကောင်က ကြွေရုပ် ဖြစ်သွားခဲ့ပြီ။ ရလဒ်အနေဖြင့် တိုက်ပွဲသုံးရက်မြောက်နေ့အထိ ၎င်းတို့သုံးဦးသည် ၎င်းတို့၏ ဒဏ်ရာဟောင်းများကို ပြန်လည်ကုစားရင်း တိုက်ပွဲပုံစံ ပျက်သွားခဲ့သည်။

လူလေးယောက်တို့သည် ဆိုးယုတ်သော ဘုရားလောင်း၏ ဒဏ်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြပြီး ဆီမီးများကလည်း ကုန်လုနီးပါး ဖြစ်ခဲ့ရသည်။

အဖွားဘွားနဲ့ ရှောင်ဝမ်စွင်း လမ်းခွဲသွားပြီးနောက် လီကျင်းသို့နဲ့ ကျင်းဟုန်ရိကလည်း ပထမဦးစွာ ထွက်ပြေးသွားခဲ့သည်။ လီကျင်းသို့သည် သူ့မြေးနှင့် ချန်ရှီကို ရှေ့တွင် တွေ့လိုက်ရစဥ် ဝမ်းသာအားရ ခေါ်လိုက်ပေမယ့် နှစ်ယောက်သားက ထွက်ပြေးသွားကြသည်။

"ဘုရားလောင်းက ရက်စက်လွန်းတယ်... ဒဏ်ရာမရရင်တောင် ပြိုင်ဘက် မဖြစ်နိုင်ဘူး"

လီကျင်းသို့ ချောင်းဆိုးပြီး မြောင်းထဲမှာ မျက်လုံးတွေ တဖြေးဖြေး မှေးမှိန်သွားသည်။

"လူအိုချန်ယန်...ခင်ဗျား ဘယ်မှာလဲ ခင်ဗျားဘာလို့ ဝင်မတိုက်တာလဲ... ခင်ဗျား ဝင်မပါရင် နတ်ဆိုးနယ်မြေထဲက လူတွေအားလုံး သေလိမ့်မယ်..."

ထိုအချိန်တွင် မြင်းခွာသံများ ကြားလိုက်ရသည်။ အသွင်မတူသော မြင်းလေးကောင်က ဆွဲယူလာသော ရထားလုံးတစ်စင်းသည် သူရှိရာဘက်သို့ အရှိန်ပြင်းစွာ ပြေးလာ၏။ ရထားလုံးနှင့်မြင်းများ ရပ်သွားသောအခါ ရှောင်ဝမ်စွင်းက ပုတီးစေ့ကန့်လန့်ကာကို ဖွင့်ကာ မြောင်းထဲသို့ ငုံ့ကြည့်လာခဲ့သည်။

"မင်းမှာ စွမ်းအင်ရှိသေးလား? မင်းမှာ စွမ်းအင်ရှိရင် တက်လာခဲ့..."

လီကျင်းသို့ မျက်လုံးများလည်း တောက်ပလာကာ သူ့လက်နှစ်ဖက်ကို မြေပြင်ပေါ်တင်ကာ မတက်နိုင်တော့ဘဲ မြက်ပင်များကို အစွမ်းကုန် ဆွဲ၍ ထလိုက်ရသည်။ ခဏအကြာတွင် သူသည် လမ်းပေါ်သို့တက်ကာ ခက်ခက်ခဲခဲနှင့် ရထားလုံးပေါ်သို့ တက်သွားခဲ့သည်။

ရထားလုံးက ရှေ့ကို ရွေ့သွား၏။

လီကျင်းသို့ ရှောင်ဝမ်စွင်းကို ကြည့်ကာ သူအ​စောက ဝတ်ထားသည့် စုတ်ပြဲနေသော အဝတ်အစားကို အသစ်တစ်ထည်နဲ့ လဲ၀တ်ထားတာ တွေ့လိုက်ရပြီး သူ့အား လာမခေါ်မီ အထူးပင် ပြောင်းလဲမှန်း သိသာသည်။

"မင်းဒဏ်ရာ မရဘူးလား?"

လီကျင်းသို့ အတော်လေး မကျေမနပ်နဲ့ မေးလိုက်သည်။ ရှောင်ဝမ်စွင်းက ငြိမ်သက်နေပုံရပေမယ့် ထူးထူးခြားခြား တင်းတင်းမာမာ ရှိနေသေးပြီး။

"ဒဏ်ရာရနေတယ်လေ..."

လီကျင်းသို့ ပိုလို့တောင် မကျေမနပ် ဖြစ်သွားသည်။

"မင်း မရှက်ဘူးလား မင်းရဲ့ ဒဏ်ရာတွေက ငါ့လောက် မပြင်းထန်ပါဘူး!"

ရှောင်ဝမ်စွင်းသည် ခါတိုင်းကဲ့သို့ ယဉ်ကျေးသိမ်မွေ့ပြီး ပါးစပ်ကိုဖုံးရန် အဖြူရောင်လက်ကိုင်ပုဝါကိုတောင် ထုတ်ကာ ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။

"ကျုပ်က ငယ်ငယ်လေးကတည်းက ကျင့်ဝတ်မျိုးစုံကို ခံယူခဲ့ရ​တာ... ထိခိုက်ဒဏ်ရာရခဲ့ရင်တောင် မျက်နှာပေါ်မှာ မပြရဘူး... မဟုတ်ရင် ဘုန်းကြီးအိုနဲ့ တူနေလိမ့်မယ်... စကားမပြောနဲ့တော့ ဒဏ်ရာကိုကုသ... ဆရာကြီးချန်ဆီ မင်းကို ခေါ်သွားမယ်...."

All Chapters