← Chapters

ကိုယ့်ကျင့်တရားလား? ငါ့မှာ မရှိဘူး

Vol. 4 Ch. 54

ကိုယ့်ကျင့်တရားလား? ငါ့မှာ မရှိဘူး

Vol. 4 Ch. 54

လီကျင်းသို့ အံ့အားသင့်ပြီး ပျော်ရွှင်နေသည်။

"ဆရာကြီးချန်ယန် ဘယ်ရောက်နေလဲ မင်းသိလား "

ရှောင်ဝမ်စွင်းက သူ့ကို လျစ်လျူရှုပြီး သူ့ဒဏ်ရာတွေကို စိတ်ငြိမ်သက်စွာ ကုပေးခဲ့သည်။ ဒါကိုမြင်သောအခါ မေးခွန်းတွေကို အလျင်အမြန် မျိုသိပ်ကာ ဒဏ်ရာကုသဖို့ပဲ အာရုံစိုက်ထားလိုက်သည်။

သူတို့ တောင်ကြီးတစ်ခုအနားသို့ ရောက်သောအခါ စမ်းချောင်းထဲတွင် အဘွားအိုတစ်ဦး ပေါ့ပါးစွာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူမသည် သိုးထီဦးချို ကောင်းကင်ဝိညာဥ် မီးအိမ်ကို တင်းတင်း ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"အဘွား အသက်ရှင်သေးရင် ရထားလုံးပေါ်တက်ခဲ့လေ... ဆရာကြီးချန်ဆီကို ခေါ်သွားပေးမယ်"

ရေစိမ်ထားတဲ့ အဘွားကြီးက နည်းနည်း လှုပ်လာသည်။

"ရှောင်ဝမ်စွင်း... ဘာလို့ ငါ့ကို လာမကူညီတာလဲ"

"ကျွန်တော်လည်း ဒဏ်ရာရသွားပြီလေ....အဘွား ကိုယ်တိုင် တွားသွားပြီး တက်လာပါတော့...."

အဘွားရှား အလွန်ဒေါသထွက်ကာ ကမ်းပေါ်တက်ရန် ရုန်းကန်ရတော့သည်။ သိုးဦးချို ကောင်းကင်ဝိညာဥ်မီးအိမ်ကို လှမ်းပစ်ရန် မလိုလားသေးတာကြောင့် အနည်းငယ် လှမ်းပြီးနောက် လဲကျသွားသည်။ ခြေနှစ်ချောင်းနဲ့ တွားသွားရင်း ရထားလုံးရဲ့ဘေးကို ရောက်လာ၏။

.

လီကျင်းသို့ခမျာတော့ သူမလည်း ထိုကဲ့သို့ ရှုပ်ပွနေတဲ့ အခြေအနေမျိုး ဖြစ်နေတာ တွေ့လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။ နောက်ဆုံးတော့ သူနဲ့တူတဲ့ လူတစ်ယောက် ပေါ်လာပြီလေ။ အဘွားရှားသည် ရထားလုံးပေါ်သို့ ရွှေ့ကာ သိုးဦးချိုကောင်းကင်ဝိညာဥ်မီးအိမ်အား ဆွဲလျက် တက်လာသည်။ ရထားလုံးပေါ် ရောက်မှသာ သက်ပြင်းချနိုင်တော့၏။

"ကျင်းဟုန်ရိ ဘယ်မှာလဲ?"

ရှောင်ဝမ်စွင်းက ခေါင်းခါလိုက်ပြီး "သူမအတွက် စိတ်မပူပါနဲ့ သူက ယုန်ထက် ပိုမြန်အောင် ပြေးနိုင်တယ်"

အဘွားရှားလည်း နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ ရထားလုံးပေါ် တက်လာပြီးနောက် တောင်ပေါ်လမ်းကို လှမ်းကြည့်လေလေ ၎င်းကို ပို၍ရင်းနှီးလာလေ ခံစားလာရရာ အလွန်အံ့သြသွားလေသည်။

ဒီလမ်းက တောင်တန်းအရှင်ဘုံကျောင်းကို သွားရာလမ်းပဲ။

မကြာခင်မှာပဲ အဘွားကျွမ်းရဲ့ သစ်ပင်တွင်းကို ရထားလုံး ဝင်ရောက်သွားခဲ့သည်။ သစ်ပင်အတွင်း၌ အနီးနားက ရွာသူရွာသားတွေနဲ့ ပြည့်ကျပ်နေလေပြီ။ သူမက ကုတင်ပေါ်တွင် ထိုင်လျက် ပြုံးနေခဲ့ကာ သူ့ပါးစပ်ထဲက သွားနှစ်ချောင်းတောင် ပေါ်နေ၏။

သူမသည် ချန်ယန်တောင်တွင် ဒုတိယစွမ်းအားအကြီးဆုံး ဝိညာဉ်ဖြစ်ပြီး ရွာတစ်ခုစီက ကန့်ညောင်များထက် အဆတစ်ရာကျော် အစွမ်းထက်ကာ ထိုလူများကို အသက်ပိုရှည်စေနိုင်သည်။

ရထားလုံးက သစ်ပင်တွင်းကို ဖြတ်၍ ရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ တောင်တက်လမ်းက ပိုပိုပြီး ကြမ်းတမ်းလာပေမယ့် ရထားထိန်းရဲ့ ကျွမ်းကျင်မှုကြောင့် အမြဲလိုလို ချောမွေ့နေ၏။ ဆန်းကြယ်မြွေတောင်ကြီး အနား ရောက်လာတော့ အနက်ရောင်မြွေကြီးရဲ့ တောင်ထိပ်မှာ ဆံထုံးတွေ ထိုးထားသလိုမျိုး လူတွေ ပြည့်နေလေသည်။

ဧရာမမြွေကြီး၏ နောက်ကျောတွင် လူများစွာပင် ရပ်​နေကြသေးသည်။ မြွေသည် အလွန်ထူထဲပြီး ဘယ်သောအခါမှ မလှုပ်နိုင်သောကြောင့် ပြုတ်ကျသွားမည်ကို စိုးရိမ်ခြင်းမရှိပေ။

သူတို့ရွာရဲ့ စိတ်ဓာတ်တွေက မပြင်းထန်ပေမယ့် အဘွားကျွမ်းနဲ့ ဆန်းကြယ်မြွေတောင်ကြီးတို့ရဲ့ အစွမ်းဟာ သူတို့ရဲ့ ကြွေရုပ်အသွင်ပြောင်းခြင်းကို နှောင့်နှေးစေလောက်အောင် ပြင်းထန်ပါ၏။ အဘွားရှားသည် ရထားလုံးက တောင်တန်းအရှင်ဘုံကျောင်းသို့ သွားမည်ဟု မူလက ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဆန်း​ကြယ်တောင်တည်ရှိရာ တောင်ထိပ်ဆီသို့ ဦးတည်သွားခဲ့သည်။

ရထားလုံးက တောင်ကုန်းပေါ် တက်ပြီးတာနဲ့ ရပ်သွား၏။ ရှောင်ဝမ်စွင်း တုန်တုန်ယင်ယင်ဖြင့် ဆင်းလိုက်သည်နှင့် တပြိုင်နက် သွေးများ စိမ့်ထွက်ကာ သူ့အဝတ်အစားများ အားလုံးကို အနီရောင် ဆိုးပစ်ခဲ့သည်။ လီကျင်းသို့က ဒါကိုမြင်လိုက်ရတော့ ပိုသက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။

"သူ မလှုပ်တာ အံ့သြစရာတော့ မရှိတော့ပါဘူး... သူလှုပ်ရင်ကို ဒဏ်ရာရသွားတာပဲ သူ့ဒဏ်ရာက ငါ့လောက်တောင် ပြင်းထန်လုနီးပါးပဲ!"

သူလည်း ရထားလုံးပေါ်က ဆင်းချင်ပေမယ့် ရုတ်တရက် သူ့လက်တွေက မတည်မငြိမ် ဖြစ်လာကာ ရထားလုံးပေါ်က ပြုတ်ကျပြီး မြေပြင်ပေါ် လဲကျသွားလေ၏။ အဘွားရှားသည် ဤတစ်ကြိမ်တွင်တော့ တုန်တုန်ယင်ယင်ဖြင့် ရထားလုံးထဲမှ ထွက်လာနိုင်ခဲ့သည်။

လီကျင်းသို့ အံကြိတ်ကာ ပြင်းပြင်းထန်ထန် တွားသွားလေသည်။

"ရထားလုံးထဲမှာ ဘာလို့ မနေတာလဲ... ဆရာကြီးချန်ယန် ငါ့ကို လာတွေ့ဖို့ကို စောင့်ရမှာလား... ငါ့မှာ ဒီလောက် မျက်နှာသာ မရှိနေပါဘူး.... မဟုတ်ဘူး ဒဏ်ရာအပြင်းအထန် ရနေတဲ့ ခန္ဓာကိုယ်ကို ဆွဲထုတ်ပြီး သွားတွေ့မှ အဲဒါက ရိုးသားမှုကို ပြသတာပဲ”

သူတို့သုံးယောက်သည် ဆန်းကြယ်မြွေတောင်ကြီးရဲ့ ခေါင်းရင်းအောက်တွင် ကျောက်စားပွဲတစ်ခုနှင့် ကျောက်ခုံတန်းနှစ်ခုပါသော နေရာကို လှမ်းကြည့်လိုက်သည်။ ချန်ယင်တုနှင့် အနက်ရောင် ၀တ်စုံနဲ့ လူငယ်တို့က စစ်တုရင် ကစား​နေကြသည်။ အနက်ရောင်ဝတ်လူငယ်သည် ဆန်း​ကြယ်တောင်ရဲ့ ဝိညာဉ်ပဲ ဖြစ်သည်။

တစ်ယောက်နဲ့တစ်ယောက် အရင်ကတည်းက သိနေကြတာ သိသာသည်။

ရှောင်ဝမ်စွင်း: "ဘာလို့ ဆရာကြီးချန် ဝင်မလှုပ်ရှားတာလဲ?"

ချန်ယင်တုသည် သူ့လက်ထဲက အနက်ရောင်ကျားစေ့ကို ကိုင်ထားပြီး စစ်တုရင်ခုံကို ကြည့်ကာ အပိုင်းအစကို မည်သို့မည်ပုံ ထားရမည်ကို မသိသလိုမျိုး အနည်းငယ် စဉ်းစားနေဟန် ရှိလေသည်။ သူက စစ်တုရင်အကွက်ထဲကို ဖြည်းညှင်းစွာချကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ငါက ရေမီးအဂ္ဂိရတ် သန့်စင်တဲ့နည်းကို လေ့ကျင့်ပြီး ငါ့ခန္ဓာကိုယ်ကို မသေနိုင်စေဖို့အတွက် ဒီနည်းလမ်းကို သုံးခဲ့တာ... ဒါပေမယ့် ငါ့ရဲ့အသက်ရှည်မှုကတော့ ပြောင်းလဲလို့ မရဘူး... အချိန်ကို ရေတွက်လိုက်ရင် ငါသေတာ ၇၃ရက် ရှိပြီ"

အနက်ရောင်ဝတ် လူငယ်လေးသည် ဆန်းကြယ်မြွေတောင်ကြီးရဲ့ ဝိညာဉ်ဖြစ်ပြီး အဖြူကွက်လေးဖြင့် စစ်တုရင် ကစားနေသည်။

"လရောင်ကို ခုနစ်ဆယ့်သုံးရက် စုပ်ယူပြီးတာတောင် စိတ်က အရမ်းတည်ငြိမ်ပြီး ရှဲ့မဖြစ် ဆွေ့မဖြစ်သွားဘူး...တုကလေးငယ်က တကယ် အံ့ဩစရာပဲ"

သူသည် ချန်ယင်တုကို တုကလေးငယ်ဟု ခေါ်၏။ ချန်ယင်တုသည် ကလေးဘဝက ကစားရန် ဤနေရာကို မကြာခဏ လာလေ့ရှိပြီး ဆန်းကြယ်မြွေတောင်ကြီးနဲ့လည်း အလွန်ရင်းနှီးခဲ့သည်။ ချန်ယင်တု အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဆန်းကြယ်ဝိညာဥ်ရဲ့ လှုပ်ရှားမှုက သူ့ကို ခေါင်းကိုက်စေခဲ့တာ ထင်ရှားသည်။

"မကောင်းတဲ့ ဘုရားလောင်းက မော်အဆင့် နတ်ဆိုး... နတ်ဆိုးနယ်မြေက မိုင်တစ်ရာကျော် ပျံ့နှံ့သွားပြီ... နတ်ဆိုးနယ်မြေက သာမန်လူတွေအပေါ် အရမ်းအန္တရာယ် များသလို ရှဲ့တွေအပေါ်လည်း အများကြီး သက်ရောက်မှု ရှိတယ်"

သူက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဆက်ပြောသည်။

"အကြီးအကဲ ရွှမ်ရှန်းနဲ့ ဒီမှာ ပုန်းနေရတဲ့ အကြောင်းရင်းက နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုကို ရှောင်ရှားဖို့ ဆန်းကြယ်တောင်ရဲ့ အကာအကွယ်ကို လိုအပ်လို့... အပြင်ထွက်ရင် နတ်ဆိုးနယ်မြေက ငါ့စိတ်ကို ထိခိုက်စေလိမ့်မယ်... လရောင်ကို ထိတွေ့မိ​ပြီးရင် ဆိုးယုတ်တဲ့ နတ် မဖြစ်သွားချင်ဘူး...."

အဘွားရှားက ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို အစွမ်းကုန်ကြိုးစားပြီး လှုပ်ရှားနေသည်။

“ချန်ယင်တု ငါတို့ ရှုံးသွားပြီ... နတ်ဆိုးဘုရားလောင်းနဲ့ မယှဉ်နိုင်တော့ဘူး... အခု ရှင်တစ်ယောက်ပဲ တိုက်နိုင်တော့မှာ... မဟုတ်ရင် ဒီမှာရှိတဲ့ လူတွေ၊ မိုင်တစ်ရာ အချင်းဝက်အတွင်းက လူတွေ အားလုံးသေလိမ့်မယ်!"

"ငါနဲ့ဘာဆိုင်လို့လဲ... ငါက သူတို့ကို ဂရုစိုက်ရဦးမှာလား?"

အဘွားရှားလည်း ဒေါသအရမ်းထွက်ပြီး မီးအိမ်ကြီးကိုမြှောက်ကာ ဒီလူကြီးကို ရိုက်သတ်ပစ်ချင်လာ၏။ လီကျင်းသို့လည်း သူ၏ကိုးကွယ်မှု ပြိုပျက်သွားသလို ခံစားခဲ့ရပြီး ဝင်ပြောရလေသည်။

"အကြီးအကဲ ဒီလိုပြောတာ မမှန်ပါဘူး လူတွေ သေကုန်ပြီးရင် ခင်ဗျားနဲ့ ချန်ရှီလည်း မလွတ်မြောက်နိုင်ဘူးလေ... ခင်ဗျားတို့ သေရမှာ မဟုတ်ဘူးလား"

ချန်ယင်တုသည် အနိုင်ရရန် အခွင့်အလမ်းရှိသကဲ့သို့ လှုပ်ရှားနေဆဲ။

"ငါက လူသေတစ်ယောက် ဖြစ်နေပြီးသား... ငါ့မြေးကလည်း သူ့ရင်ဘတ်မှာ တစ္ဆေလက်သည်းတစ်ခု ရှိနေပြီ... သူ့နှလုံးသားက အမြဲတမ်း တုန်ယင်နေတာ ငါသေပြီးရင် သူလည်း မရှင်သန်နိုင်တော့မှာ သေချာတယ် မြေအောက်ကမ္ဘာကို ရောက်ရင် အဖော်ပါတာပေါ့"

ဒါ့အပြင် သူက အလွန်မာနကြီးသလို ရယ်မောလိုက်သေးသည်။

“ပြီးတော့ သန်းပေါင်းများစွာသော လူတွေကိုလည်း ငါတို့မြေးတို့နဲ့အတူ မြှုပ်နှံလိုက်တာပေါ့... ဧကရာဇ်မင်းမြတ်ရဲ့ သင်္ဂြိုဟ်ပွဲထက် ပိုခမ်းနားမှာပဲ... တွေးကြည့်တာတောင် အရမ်းကို လှပနေပြီ... ငါ့ရှေးဟောင်း ချန်မိသားစုရဲ့ ဘိုးဘွားအုတ်ဂူထဲက မီးခိုးတွေ ထွက်လာလိမ့်မယ် ထင်တယ်...."

လီကျင်းသို့ခမျာ အလွန် အသက်ရှူကျပ်သွားပြီး စကားမပြောနိုင်​တော့ပေ။

သူသည် ဤမိုင်တစ်ရာ အကွာအဝေးရှိ လူများအတွက် မဟုတ်ဘဲ သူ့မြေး လီထျန်းချင် နှင့် သူ့ဘဝအတွက် ပိုလုပ်လို​သောကြောင့် စမ်းကြည့်ရန် မီးဖိုသို့ သွားခဲ့တာပဲ ဖြစ်သည်။ ယခုတွင် ဤလူများ၏အသက်နှင့် ပတ်သက်၍ ချန်ယင်တု စကားပြောပုံက သူ့အတွက် အနည်းငယ် မတရားသလို ခံစားလာရသည်။

အဘွားရှားက ဒေါသတကြီးဖြင့်: "ရှင်တို့နှစ်ယောက် မြေအောက်ကမ္ဘာကို မသွားနိုင်သေးပါဘူး... နတ်ဆိုးအသွင်ပြောင်းဖို့ ရက်တစ်ရာလောက် အချိန်ယူရလိမ့်မယ် အဲဒီအချိန်မှာ နတ်ဘုရားက စောင့်ကြည့်နေမှာ... အရာအားလုံး ပျောက်ကွယ်သွားရင် ရှင်တို့မြေးအဘိုးကလည်း ပြာအဖြစ် ပြောင်းသွားလိမ့်မယ် ရှင် အခုထိ ထွက်ပြေးချင်သေးလို့ရှိရင် ရှင့်ရဲ့ နွေဦးနဲ့ ဆောင်းဦးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မြေအောက်ကမ္ဘာကို အခုပဲ သွားလိုက်တော့!"

ချန်ယင်တုက ပြုံးပြီးပြော၏။

"ဒါဆို ငါ့မြေးကို တစ်နေ့ စောစောသေခိုင်းပြီး မရဏပြည်ကို ပျော်ပျော်ကြီး သွားရမှာပေါ့... အဘွားကြီး ငါ့ကို အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားတွေနဲ့ ချုပ်နှောင်ဖို့ မကြိုးစားနဲ့ ငါ့မှာ မရှိဘူး"

အဘွားရှားသည် ဒေါသတကြီး လှည့်ပတ်ကာ သိုးဦးချိုမီးအိမ်ကို ယူကာ အသေသတ်ရန် ပြင်ဆင်နေသည်။ ဒါပေမဲ့ သူမ မီးအိမ်ကို ဆွဲလိုက်တာနဲ့ ခွန်အားတွေ ဆုံးရှုံးသွားပြီး ကီလိုဂရမ် ၃၀၀ ကျော်ရှိတဲ့ သိုးဦးချိုကောင်းကင်ဝိညာဥ်မီးအိမ်ကြောင့် သူမဟာ ခဏတာ မလှုပ်ရှားနိုင်ခဲ့ပါဘူး။

ရှောင်ဝမ်စွင်းကလည်း ချန်ယင်တုကို အေးစက်စွာကြည့်ကာ ခဏအကြာတွင် ဆိုလာသည်။

"ဆရာကြီးချန်မှာ ဘယ်လိုအ​ပေးအယူ ရှိလဲ... ရှင်းရှင်းလင်းလင်း ပြောလို့ရပါတယ်..."

ချန်ယင်တုက လေးနက်တည်ကြည်ပုံရပြီး သူ့လက်ထဲရှိ စစ်တုရင် အပိုင်းအစကို ဖြည်းညှင်းစွာချကာ တင်းတင်းမာမာနဲ့ ပြောသည်။

"ဒီဘဝမှာ ရှောင်ရှီ ကြီးပြင်းလာတာကို မမြင်ရတာကို နောင်တရမိတယ်... ရှောင်ရှီအတွက် လုံလုံလောက်လောက် သန်မာတဲ့ အကာအကွယ်တစ်ခုလိုနေတယ်... ရောဂါဟောင်းတွေ ပြန်ဖြစ်နေတာတွေက ကင်းဝေးစေအောင်... အဲဒီအကာအကွယ်က စိမ်းပြာရောင် တစ္ဆေလက်သည်းကိုလည်း နှိမ်နှင်းနိုင်ရမယ်...."

ဒါကိုပြောပြီးတာနဲ့ ရှောင်ဝမ်စွင်းလည်း ဖျော့တော့သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပါ၏။ အဘွားရှားသည် မီးခွက်အောက်တွင် ရုန်းကန်နေရဆဲဖြစ်ပြီး တွားသွားထွက်ရန် ကြိုးစား​နေသော်လည်း ထိုစကားကို ကြားပြီးနောက် တွားသွားနေတာကိုပါ ရပ်ပစ်လိုက်ရတော့သည်။

လီကျင်းသို့ကသာ သူ့စကားရဲ့ အဓိပ္ပာယ်ကို မသိတဲ့အတွက် ဆက်ပြောနေသည်။

"အကြီးအကဲ... ကျုပ်တို့ လီမိသားစုမှာ ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးနဲ့ သခင်တွေ အများကြီးရှိပါတယ်... ချန်ရှီသာ အိမ်ကို လာလည်ရင် ​သေချာ​ပေါက်​ သူ့​ရောဂါကို ​ပျောက်​ကင်းအောင် ကုသပေးနိုင်မှာပါ"

ချန်ယင်တုက သူ့ကို လျစ်လျူရှုပြီး ရှောင်ဝမ်စွင်းကိုသာ ကြည့်လိုက်သည်။ လီကျင်းသို့က စကားဆက်ပြောဖို့ စောင့်ဆိုင်းနေတုန်းပင်။

ရှောင်ဝမ်စွင်း: "အစ်ကိုကျင်းသို့ လီမိသားစုမှာ ဘာရှိလဲ"

"ကျုပ်……"

လီကျင်းသို့ဟာ သူ့ပါးစပ်ကို ဖွင့်ပြီး သူ့နှုတ်ခမ်းဆီရောက်လာတဲ့ စကားလုံးတွေကို မျိုချလိုက်တယ်။

သူဆုံးဖြတ်ချက် မချနိုင်ဘူး။

"ဆရာကြီးချန် ကျွန်တော် ကတိပေးချင်ပါတယ် အကျင့်စာရိတ္တနဲ့ ကြင်နာမှုတွေက ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်ရမယ့် တာဝန် ရှိတယ်မလား... ဒါပေမဲ့.... "

ရှောင်ဝမ်စွင်းက ခေါင်းယမ်းပြီး "ငါမလုပ်နိုင်ဘူး... ငါ့ဒဏ်ရာတွေ သက်သာသွားပြီး ငါ့ရဲ့ခွန်အားက အထွတ်အထိပ်ကို ပြန်ရောက်သွားရင် နတ်ဆိုး ဘုရားလောင်းကို တိုက်နိုင်ရုံပဲရှိမှာ ဒါပေမယ့် အနိုင်ယူဖို့က အရမ်းခက်တယ်... ငါလည်း အခုထိ တခြားသူတွေရဲ့ အကူအညီကို လိုနေရဦးမှာပဲ...."

အရင်က သူ မော်အဆင့် နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့ဖူးဆိုပေမယ့် ၎င်းက စန်းဖန်းခရိုင်မှာ နတ်ဆိုးကြာပန်း ပေါ်လာစဥ်က ဖြစ်လေသည်။

ထိုအချိန်တုန်းက နတ်ဆိုးကြာပန်း ပေါ်လာသောအခါ လူအများက ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ ရတနာဟု မှားယွင်းစွာ ထင်မြင်ခဲ့ကြသောကြောင့် လူပေါင်းများစွာ လုယူရန် ရောက်လာခဲ့ကြသည်။

နတ်ဆိုးနယ်မြေ ပွင့်လာသောအခါတွင် နတ်ဆိုး မွေးဖွားလာကြောင်း သိလိုက်ကြသည်။ ထိုစဥ် သန်မာသောလူများ ပိတ်မိနေသောကြောင့် ၎င်းတို့အားလုံးသည် ကြာပန်းကို ဝိုင်းထားခဲ့သည်။ ပူးပေါင်းကာ တိုက်ပွဲတွင် သခင်အများစု သေဆုံးသွားကြပြီး ရှောင်ဝမ်စွင်းသာလျှင် နတ်ဆိုးကြာပန်းထဲက မွေးဖွားလာသော နတ်ဆိုးကို သတ်ပစ်ခဲ့သည်။

ယခုနတ်ဆိုးသည် ထိုအချိန်က နတ်ဆိုးကြာပန်းထက် မပျော့ညံ့သူ ဖြစ်သည်။ ဘုရင်ကျန်းသည် သူ့တစ်သက်တာအတွင်း မီးဖိုနေရာကို ဂရုတစိုက် ရွေးချယ်ခဲ့ပြီး သုံးရက်တိုင်တိုင် ကြိုးစားခဲ့ရသည်။

တစ်ဦးချင်း အဆုံးအဖြတ် တိုက်ပွဲ​ဆိုပါက အောင်ပွဲခံရန် မသေချာပေ။

သူက အသက်ရှုကြပ်ပြီး “နတ်ဆိုးအဆင့်ထက် အဆများစွာ ပိုအစွမ်းထက်တဲ့ ကျိုင်းအဆင့်ကို ကိုင်တွယ်ဖြေရှင်းရရင် ငါတောင် မတတ်နိုင်သလောက် အားနည်းတယ်”

မီးခွက်အောက်မှာ အဘွားရှားကလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ရှောင်ဝမ်စွင်း ပြောတာကလည်း သူမ ပြောချင်တဲ့စကားပါပဲ။ ချန်ယင်တုတွင် အနည်းဆုံးတော့ ကျိုင်းအဆင့်ကို ဖုံးကွယ်ထားသည့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ခု ရှိလေသည်။

အယ့်အဆင့်ပင် ဖြစ်နိုင်သည်။

လီကျင်းသို့မှာ "ကျိုင်းအဆင့်" ဟူသော စကားကို ကြားသောအခါတွင် သူ့ဘာသာသူ လဲကျသွားပြီး အသံလည်း မထွက်တော့ချေ။

ချန်ယင်တုကတော့ သူ့လက်ထဲတွင် စစ်တုရင်အပိုင်းအစများကို ဆုပ်ကိုင်ထားပြီး အလွန်လွတ်လပ်၊ လွယ်ကူသောပုံ ပေါက်နေသေးသည်။ သူ၏ စစ်တုရင် စွမ်းရည်များကပင် အလွန်တိုးတက်လာရာ ဆန်းကြယ်ဝိညာဥ်ကတောင် ချွေးများ ထွက်လာရလေသည်။

ရှောင်စမ်းပည ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ လီကျင်းသို့ တုံ့ဆိုင်းနေပြီးမှ ရထားလုံးပေါ်သို့ တက်ရန် ကြိုးစားခဲ့သည်။ အဘွားရှားကလည်း ကြေးနီမီးခွက်၏ ဖိနှိပ်မှုမှ လွတ်မြောက်ကာ ရထားလုံးပေါ်သို့ ပြန်ရောက်လာခဲ့သည်။

ရထားလုံး ထွက်သွားပြီ။

ဆန်းကြယ်ဝိညာဥ်က အနည်းငယ် ဒေါသထွက်ကာ ကစားရတာတောင် နောင်တရချင်လာသည်။

"လူအိုကြီးက အေးဆေးပဲ!" အဘွားရှာက ဒေါသတကြီးနဲ့ ပြောသည်။

…

နတ်ဆိုးအသွင်ပြောင်းခြင်း စတုတ္ထနေ့။

တောင်တက်လမ်းတွင် ချန်ရှီနဲ့ လီထျန်းချင်တို့ လက်ဗလာဖြင့် ပြန်လာကြသည်။ အိုးမည်းကတော့ သူတို့ရှေ့တွင် ပြေးနေသေးကာ ယခုတစ်ကြိမ်မှာ ဘာမှမရရှိခဲ့ပေ။ ရှင်းရှန်ကြွက်သည် ကြွေကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ အခြားသော ထူးဆန်းသော သားရဲများက ပုန်းအောင်းသွားသလား သို့မဟုတ် ကြွေရုပ် ဖြစ်ကုန်ပြီလားမသိ။ ယခုအချိန်တွင် ရှာမတွေ့နိုင်တော့ပါ။

"ထူးဆန်းတယ် ဟေးကော်က ဘာလို့ ကြွေရုပ် မဖြစ်သွားသေးတာလဲ"

လီထျန်းချင်သည် ချန်ရှီထက်ပင် ခွေးနက်က မကောင်းဆိုးဝါး ဘုရားလောင်း၏ ခြေတော်ရာကို လုံးဝ မထိခိုက်ဘဲ သွက်သွက်လက်လက်နှင့် သူတို့နှစ်ယောက်ထက် လမ်းသွားရတာ ပိုလွယ်ကူပုံရသလို ခံစားနေရ၏။

"ရှောင်ရှီ မင်းအဘိုးက ဟေးကော်ကို ဘယ်ကလာယူတာတဲ့လဲ... မင်းငါ့အတွက် တစ်ကောင်လောက် တောင်းပေးလို့ရလား "

ချန်ရှီ ခေါင်းယမ်းပြီး "အဘိုးက တစ်ခါမှ မပြောဖူးဘူး... ဒါပေမယ့် လိုချင်ရင် လွယ်ပါတယ် ခွေးမတစ်ကောင်ကို ရှာလိုက်ရုံပဲ... အမှိုက်ပုံးတစ်ပုံမှာ ခွေးပေါက်ပေါင်းများစွာ မွေးနိုင်တယ်နော်..."

လီထျန်းချင်၏ မျက်လုံးများ တောက်ပလာကာ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။

"ဒါဆို မင်း များများစားစားနဲ့ များများရောင်းရပြီပေါ့"

"ပိုက်ဆံရတယ်" ဟူသော စကားကို ကြားသောအခါ ချန်ရှီ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။ စည်းစိမ်၏ ဘုရားသခင်ကို ကြည့်နေသကဲ့သို့ သူ့မျက်လုံးများက ဟေးကော်ကို ကြည့်ကာ ပို၍ နူးညံ့လာသည်။ ရှေ့ကခွေးခမျာ တုန်တုန်ယင်ယင်နဲ့ သူတို့ကို မကျေမနပ် ပြန်လှည့်ကြည့်လေ၏။

ထိုအချိန်တွင် အရှေ့မှနေ၍ ရယ်မောကာ နောက်ပြောင်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ အသံက အလွန်တက်ကြွနေသည်။ ချန်ရှီနဲ့ လီထျန်းချင်တို့ ကြောက်ရွံ့သွားပြီး ဟေးကော်လည်း ပြန်လှည့်ပြေးလာပြီး သူတို့နောက်တွင် ပုန်းအောင်းနေကြသည်။

ချန်ရှီ၏ နတ်ကွန်းကို အသက်သွင်းရန် လှုပ်ရှားမှုသည် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပြီး တကယ်တော့ သူ့နတ်ကွန်းသည် အုပ်ထိန်းသော နတ်သန္ဓေသားမပါဘဲ အသုံးမဝင်ပေ။ သို့သော် အခြားသူများ ဂရုတစိုက် မကြည့်ပါက လန့်ဖျပ်သွားကာ သူ၏ စွမ်းအင်များကို သတိထားရပေလိမ့်မည်။

မကြာသေးမီကပင် ကျင့်ကြံသူများသည် အလောင်းများကို စားသောက်ရန် အချင်းချင်း ရန်ဖြစ်ရင်း သေဆုံးခဲ့ကြရသည်။ အစားအစာအတွက် သူတို့သည် အခြားသူတွေရဲ့ အသက် သို့မဟုတ် ကိုယ်ပိုင်အသက်ကိုတောင် စွန့်စားနိုင်သည်။

လူနှစ်ယောက်နှင့် ခွေးတစ်ကောင်က အတော်လေး ကျယ်ဝန်းသော တောင်ပေါ်လမ်း တစ်ခုဆီသို့ ရောက်လာပြီး တောင်နံရံကို ဆန့်ကျင်လျက် ရပ်နေလိုက်သည်။ ရှေ့တွင် လမ်းလျှောက်လာသူ ဆယ်ဦးကျော်ရှိပြီး အများစုမှာ အိမ်အကူများ ဖြစ်ကြ၏။ ပညာတတ် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မိန်းကလေးငယ်များနှင့် ရယ်ရယ်မောမော ပြောဆိုနေသည်။

သူတို့အထဲမှ အစေခံ လေးယောက်ဟာ နတ်ကွန်းထဲက နတ်သန္ဓေသားကို ထုတ်လိုက်ရာ နတ်သန္ဓေသားက တောက်ပသော မီးခွက်လေးလုံးကို ဖွင့်၍ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။ ထိုလူလေးဦးသည် အဖွဲ့၏အစ၊ အဆုံးနှင့် အလယ်တွင်ရှိပြီး နတ်ကွန်း အလင်းရောင်ကလည်း အဖွဲ့ကို ထောက်ပံ့ပေးထားသည်။

ဒါက နတ်ဆိုးများ၏ ခိုးဝင်တိုက်ခိုက်မှုကို ကာကွယ်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ချန်ရှီ တစ်ချက်ကြည့်လိုက်ပြီး ဒါက သုံးဆိုင်းအကွက်ပဲလို့ ချက်ချင်း မြင်လိုက်သည်။

လူဆယ့်လေးယောက်ပါတဲ့ အုပ်စုတစ်စုက နတ်ကွန်းစောင့်အဖွဲ့ကို အစုလိုက်အပြုံလိုက် စုစည်းလာသည်။ တစ်ဖွဲ့ ပင်ပန်းလာတဲ့အခါ နောက်တစ်ဖွဲ့က တာဝန်ယူလိမ့်မည်။ ဒီအလှည့်ကျ လုပ်တာက တိုက်ခိုက်ရေး ထိရောက်မှု အထွတ်အထိပ်ကို ထိန်းသိမ်းရန်လည်း ဖြစ်တာကြောင့် အဖွဲ့တွင် အချိန်တိုင်း လူရှစ်ဦး ရှိနေကြောင်း သေချာစေနိုင်သည်။

တောင်ပေါ်၌ ယနေ့တိုင် တွေ့မြင်နေရသော သက်ရှိသတ္တဝါများသည် ဝိညာဥ်သားရဲများကို ရှာဖွေရန် ထွက်လာကြသော ကျင့်ကြံသူများသ. ဖြစ်သည်။ ချန်ရှီ ယခင်က အဖွဲ့များစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ယခုလို စည်းစနစ်တကျ ခွဲဝေပေးသည့် အလုပ်သမားတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ ဖြစ်သည်။

အိမ်အကူတွေက ချန်ရှီနဲ့ သူတို့နှစ်ယောက်ကိုတွေ့တော့ လူငယ်လေးဆီကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"သခင်​လေး... ကလေးနှစ်ယောက်နဲ့ ခွေးတစ်ကောင် ရှိတယ်"

All Chapters