← Chapters

ကလေးစားပွဲမှာ ထိုင်ခြင်း

Vol. 4 Ch. 55

ကလေးစားပွဲမှာ ထိုင်ခြင်း

Vol. 4 Ch. 55

အသက်သုံးဆယ်ကျော်အရွယ် လူငယ်သည် အစိမ်းရောင်အင်္ကျီနှင့် ကွန်ဖြူးရှပ်လို အဝတ်အစားတွေကို ၀တ်ဆင်ထားသည်။ သူသည် အချိန်အတော်ကြာ အမှုထမ်းတစ်ယောက် ဖြစ်ခဲ့ကြောင်း ပြသနေသလို ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ခံစားနေရသည်။

"ရှိူ့ချွမ်း... လူတွေကို စားလို့မလား ဒီနေ့ခေတ်မှာ မှော်ဆန်တဲ့ အပြောင်းအလဲတွေ ကြုံလာရတော့ နေထိုင်ရတာလည်း မလွယ်တော့တာ အမှန်ပဲ..."

သူသည် ချန်ရှီနဲ့ လီထျန်းချင်ကို အပြုံးဖြင့်ကြည့်ကာ နူးညံ့သော အမူအရာဖြင့် ဆိုလိုက်သည်။

"မင်းတို့နှစ်ယောက်... ငါတို့လည်း သားကောင်ရှာဖို့ ဒီကိုရောက်နေကြတာ... ငါတို့မှာ ရန်လိုတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး"

သူသည် ပထမခြေလှမ်းကို လှမ်းပြီး တောင်အစွန်းဘက်သို့ လျှောက်သွားရာ အခြားသူများလည်း ထိုနည်းလည်းကောင်းပင် လုံခြုံစွာ ဖြတ်ကျော်သွားကာ နှစ်ဖက်ကြား ပဋိပက္ခ မရှိသွားခဲ့ပေ။ သူတို့ ဝေးကွာသွားပြီးနောက်မှသာ ချန်ရှီနဲ့ လီထျန်းချင်တို့ အနည်းငယ် စိတ်လျှော့လိုက်သည်။

"ဒီသခင်ငယ်လေးက တော်တော်ကြင်နာတာပဲ"

ချန်ရှီ: "အဲဒီလူက ပြည်နယ်မြို့တော် ကျောက်မိသားစုထဲက ဖြစ်ပုံရတယ်.. ထူးဆန်းတယ် ကျောက်မိသားစုမှာ လူကောင်းတွေလည်း ရှိတယ်ပေါ့"

လီထျန်းချင်က ပြုံးပြီး "မင်းက အထက်တန်းစား လူတွေအပေါ် သိပ်အစွဲကြီးလွန်းတာပဲ...အထက်တန်းစားတွေထဲမှာ စေတနာကောင်းပြီး ဖြောင့်မတ်တဲ့သူတွေလည်း ရှိတယ် မင်းထင်သလောက် မဆိုးပါဘူး"

ချန်ရှီ ခေါင်းညိတ်ပြီး သူ ဘက်လိုက်မိကြောင်း ဝန်ခံခဲ့သည်။ ထိုလူငယ်လေးက အပန်းဖြေခရီး ထွက်နေသကဲ့သို့ အိမ်ဖော်များကို ခေါ်သွားကာ မိန်းကလေးများ အချင်းချင်း စကားများ ရယ်မောနေကြပြီး လူငယ်အား ရံဖန်ရံခါ ကျီစယ်​နေကြသည်။

ထိုလူငယ်၏ မျိုးရိုးအမည်မှာ ကျောက်၊ မျိုးရိုးက ကျစ်ယွီ ဖြစ်ပြီး ရွှမ်ရင်အိမ်တော်က အကြီးဆုံးသား ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူသည် စံအိမ်သခင် ကျောက်ယန်လုံနဲ့ ချန်ယန်တောင်သို့ လိုက်သွားခဲ့သော်လည်း သူပါ တောင်ပေါ်တွင် ပိတ်မိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် ဒေါသမကြီးသောကြောင့် နာမည်ကြီးပြီး ထိုအိမ်ဖော်များ၏ နောက်ပြောင်ခြင်းကိုလည်း ဂရုမစိုက်တတ်ချေ။ ကျောက်ယန်လုံက သူ့စရိုက်ကို အမြဲတမ်း သဘောမကျခဲ့ပေ။

ရှေ့မှ အသံတစ်သံ ထွက်ပေါ်လာပြီး အိမ်အကူများသည် ကျောက်ကျစ်ယွီနှင့်အတူ ချိုင့်ဝှမ်းအတွင်း၌ ထူးဆန်းသော သားရဲတစ်ကောင်ကို ခုတ်ထစ်နေသည်။ နံဘေး၌ အသက်တစ်ဆယ်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်ခန့်အရွယ် ပညာရှင်လိုဝတ်စားထားသည့် အရွယ်ရောက်ခါစ တချို့လည်း ရှိနေသည်။

ကြံ့ချိုများနှင့် အကြေးခွံများပါသော နွားတစ်ကောင်လောက် သို့မဟုတ် မြင်းတစ်ကောင်လောက် ကြီးမားသော ထူးဆန်းသော သားရဲကြီးဖြစ်ပြီး အနီးတစ်ဝိုက်တွင် မီးလောင်ဒဏ်ရာများရှိရာ အလွန် ပြင်းထန်သွားကြပုံပင်။

ထို​ကလေးငယ် အများစုဟာ ဒဏ်ရာရထားတဲ့အတွက် ဒီထူးဆန်းတဲ့ သားရဲကို ဆွဲထုတ်လာဖို့ပင် ခက်ခဲနေသည်။ သူတို့ဘေးတွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် စာအုပ်စင်ကို ထမ်းလျက် ရပ်နေကာ ကိုယ်ပိုင်ကျောင်းက ဆရာဖြစ်လိမ့်မည်။ သူက ဤထူးဆန်းသော သားရဲကို မည်ကဲသို့ ဘယ်လို ကိုင်တွယ်ရမလဲ သွန်သင်နေ၏။

"သခင်လေးက ပုဂ္ဂလိကကျောင်းမှာ ကျောင်းသား ဖြစ်ခဲ့ပုံပဲနော်..."

ရှိူ့ချွမ်း ဟုခေါ်သော အိမ်အကူသည် အပြုံးဖြင့် ရှေ့သို့ တိုးလာရာ ကိုယ်ပိုင်ကျောင်းဆရာလည်း ချက်ချင်း သတိရှိလာပြီး ကျောင်းသားများကို သတိထားရန် အချက်ပြလိုက်သည်။ ကျောင်းသားတစ်စုက နတ်ကွန်းကို အမြန်အသက်သွင်းကာ သူမကို ရဲရဲကြီး ကြည့်နေ၏။

အစေခံ ရှိူ့ချွမ်းက ပြုံးပြီး "စိတ်မပူပါနဲ့...ငါတို့နဲ့ သခင်ငယ်တို့ကလည်း ဒီမှာ ပိတ်မိနေတာ ငါတို့ ဗိုက်ဆာလို့ အမဲလိုက်ဖို့ လာခဲ့ကြတာလေ... သားကောင်ကို မတွေ့ရတာကျ မကံကောင်းလိုက်တာနော်...အလုပ်ကောင်းလုပ်ပြီးမှတော့ ကျွန်မတို့ကို ပေးပါဦးလား...."

ကိုယ်ပိုင်ကျောင်းဆရာက နိုးနိုးကြားကြားနဲ့ လှမ်းအော်လိုက်သည်။

“မိန်းကလေး... ရပ်လိုက်တော့”

ကျောင်းသားအချို့က စိတ်ပျော့ပြောင်းပြီး

"ရွာကလူတွေကလည်း အစာငတ်သေမှာကို စိုးရိမ်တဲ့အတွက် အမဲလိုက်ထွက်ကြတာ... ဒီအကောင်ကြီးက အကြီးကြီးကို ကျင်တစ်ဒါဇင်လောက်တော့ ပေးနိုင်ပါတယ်"

ကျောင်းသူ မိန်းက​လေးတစ်ဦးက "ဆရာ... ဘာလို့ သမီးတို့ဝေစုကို မပေးတာလဲ သူတို့ကလည်း သနားစရာ ကောင်းပါတယ်"

အိမ်အကူ ရှိူ့ချွမ်းက အံ့သြဝမ်းသာသွားကာ မြေပေါ်ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ်!"

သူမ ဦးညွှတ်ပြီးတာနဲ့ သူမနောက်မှာ နတ်ကွန်းကြီး ပေါ်လာပြီး မမြင်ရတဲ့ ဓားစွမ်းအင်က လွင့်ပျံသွားကာ သူ့ရှေ့က ကျောင်းသူ မိန်းက​​လေးရဲ့ ဦးခေါင်းကို ဖြတ်ပစ်လိုက်ပြီး ကျန်တဲ့ ခွန်အားတွေ မကုန်ခင်မှာ နောက်ထပ် ကျောင်းသားကို တစ်ဝက်လောက်ကိုပါ ဖြတ်ပစ်လိုက်သည်။

တစ်ချိန်တည်းတွင် နတ်ကွန်းများနှင့် နတ်သန္ဓေသားများကို ပြင်ဆင်ထားသော အခြားအိမ်ဖော်သုံးဦးကလည်း ရှေ့တစ်လှမ်းတိုးကာ မမြင်နိုင်သော ဓားစွမ်းအင်ကို တစ်ချက်ချင်း ပစ်ထုတ်လိုက်ကြသည်။ ပထမ တစ်ချက်တည်းနဲ့တင် ကျောင်းသား လေးငါးယောက် သေသွားခဲ့သည်။

ကိုယ်ပိုင်ကျောင်းဆရာ၏ မျက်လုံးများက ချက်ချင်း သွေးရောင်လို နီရဲသွားကာ စူးစူးဝါးဝါးအော်ရင်း သူ့ကိုယ်ပေါ်ရှိ အ​ဆောင်လက်ဖွဲ့များ အားလုံးကို အသက်သွင်းလိုက်သည်။

"မင်းတို့ မြန်မြန်ထွက်သွားကြ!"

သူသည် နတ်သန္ဓေသားနယ်ပယ်သာ ရှိသော်လည်း ကျင့်ကြံထားတဲ့ အရှိန်အဝါက အနက်ရှိုင်းဆုံးဖြစ်သည်။ ယခုဆို နတ်ပြောင်းလဲခြင်းနယ်ပယ် တက်လှမ်းနိုင်ဖို့ အမြုတေကို သန့်စင်ပြီးပြီ ဖြစ်သည်။ အဆောင်လက်ဖွဲ့တွေကိုပါ အသက်သွင်းလိုက်သောအခါ ရှိူ့ချွမ်းရဲ့ ကျစ်ဝူရှဲ့သတ်ဓားက နောက်ထပ် မဖြတ်သွားနိုင်တော့ပေ။

ကျောက်ကျစ်ယွီကလည်း ထိုကျောင်းသားတစ်အုပ်ရဲ့ ခေါင်းဆောင်ဖြစ်ူကို မြင်သည်။ သူ့ကို ကာကွယ်ရန်အတွက် အစေခံများက ဝန်းရံလာ၏။ သူ့ကို သေချာပေါက် တိုက်ခိုက်မည်ဖြစ်ပြီး သူ့တပည့်များကို ထွက်ပြေးရန် အချိန်ပေးလိမ့်မည်။

ကျောက်ကျစ်ယွီ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး မိန်းကလေးများကို လူစုခွဲရန် အချက်ပြလိုက်သည်။ အစေခံမိန်းကလေးတွေကလည်း နားလည်တာမို့ နောက်​ပြန် ဆုတ်သွားကြသည်။

ကျောက်ကျစ်ယွီ ပြုံးပြီး သူ့နောက်မှာ နတ်သန္ဓေသားလေး ထိုင်နေတဲ့ နတ်ကွန်းတစ်ခုကို ထုတ်လိုက်သည်။ ၎င်းက ပါးစပ်ကိုဖွင့်ပြီး တံတွေးထွေးလိုက်သည်နှင့် အကန့်အသတ်မဲ့ လွင့်ပျံနေသော ရွှေရောင်ဘောလုံးကို မြင်လိုက်ရ၏။ ၎င်းက လူများကို ဘောလုံးလေးလို့သာ ခံစားရစေသည်။

တကယ်တမ်း​တော့ ထိုအရာက ရွှေအမြုတေ ဖြစ်လေသည်။

ရွှေအမြုတေ ထွက်လာသည်နှင့် တပြိုင်နက် ကျောင်းဆရာလည်း ပြင်းထန်သော ဖိအားအောက်တွင် ဒူးထောက်လဲကျသွားရာ မြေပြင်ကိုပါ လက်ဖြင့် ထောက်ထားရလေသည်။ မတ်တပ်ထရပ်ရန် ကြိုးစားသော်လည်း ထွက်လာသော အလင်းရောင်ကြောင့် မြေပြင်ပေါ်သို့သာ ပြုတ်ကျသွားသည်။

ဝုန်း!

ကျောင်းဆရာ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးမှ ပြင်းထန်စွာ ကွဲအက်သံများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် သူ၏အသွေးအသားများသည် ပြင်းထန်သော ဖိအားအောက်တွင် ကြေမွသွားကာ အရိုးများပါမကျန် အမှုန့်ဖြစ်သွားခဲ့ပေသည်။

တစ်နေရာနှင့် တစ်နေရာကြား ကွာခြားချက်မှာ လူတစ်ယောက်နဲ့ တခြားလူတစ်ယောက် ကွာခြားနေသလိုမျိုးပင်။ သူသည် ရွှေအမြုတေ နယ်ပယ်နှင့် မဝေးသော်လည်း ရွှေအမြုတေကို လုံးဝ မသန့်စင်သေးတာကြောင့် ပြိုင်ဘက်ရဲ့ ရွှေအမြုတေ ဖိအားကိုပင် မခံနိုင်ပေ။

ကျောက်ကျစ်ယွီက အနည်းငယ်ပြုံးပြီး ရွှေအမြုတေကို ပြန်သိမ်းလိုက်သည်။ ထိုအလုံးလေးက နတ်သန္ဓေသားရဲ့ ပါးစပ်ဆီသို့ တည့်တည့်မတ်မတ် ပြန်ဝင်သွားလေသည်။

"ရှိူ့ချွမ်း... အခု စားစရာရှိ​ပြီ မဟုတ်ဘူးလား... အစောက ကလေးနှစ်ယောက်ကို ချက်ချင်း သတ်လိုက်တော့ရော ဘာအသုံးဝင်မှာလဲ... အခု ငါတို့မှာ ဒီဆင်ကြံ့တွေ ရှိ​ပြီဆိုတော့ ငါတို့ ပြန်သွားရင် အကြောင်းပြချက်လေး ပေးစရာ ရှိသွားတာပေါ့?"

ရုပ်ရည်ချောမောတဲ့ အစေခံ ရှိူ့ချွမ်းကလည်း ခေါင်းညိတ်သည်။

"သခင်​လေး ပြောတာ မှန်ပါတယ်... ဒီကျေးလက် သူတောင်းစားတွေက ကျွန်မတို့ရဲ့ အစာလုယက်ချင်နေမှတော့ ဒီမှာပဲ သေဖို့ ထိုက်တန်ပါတယ်"

ကျောက်ကျစ်ယွီက ခေါင်းယမ်းပြီး "သူတို့က ငါတို့ကို အစာရှာဖို့ ကူညီပေးတာ...ငါတို့ ရှာဖွေရတဲ့ အခက်အခဲကို ကယ်တင်ဖို့ အဲ့ဆရာကလည် သင်ပေးတယ်... သူတို့ကို ကျေးဇူးတင်ရမှာ"

"အင်း ဟုတ်တယ်!"

ရှိူ့ချွမ်းက ပြုံးပြီး "သူတို့ကို ကျေးဇူးတင်ဖို့ကောင်းပါတယ်"

အခြားအိမ်ဖော်များကလည်း တောကောင်ကြီးရဲ့ အသားကို လှီးဖြတ်၊ စကားပြောရယ်မောရင်း ပြန်လာကြသည်။ သူမတို့သည် သန့်ရှင်းမှုကို နှစ်သက်သောကြောင့် အသားပေါ်ရှိ သွေးများကို ဂရုတစိုက် အရင်ရှင်းထုတ်ပစ်လိုက်သည်။ ညစ်ပတ်လွန်းတဲ့ အမဲသားလိုမျိုး အသားစတွေလည်း ပါနေတော့ အလေးချိန် ကျင်တစ်ရာလောက် ရှိသည်။

မိန်းကလေးများက ထုပ်ပိုးပြီး ကြံ့အသားများကို ယူကာ ကျောက်ကျစ်ယွီ လက်ထဲ သေသေချာချာ ထည့်ပေးကြသည်။

ချန်ရှီနဲ့ လီထျန်းချင်တို့သည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းလိပ်တစ်ကောင်ကို တွေ့သွားခဲ့သည်။ ထိုလိပ်သည် ကြီးကြီးမားမား မဟုတ်သည့်အပြင် မြေကြီးထဲတွင် နေထိုင်သော ထူးဆန်းသားရဲ ဖြစ်လေသည်။ ၎င်းခန္ဓာကိုယ်မှ လျှို့ဝှက် ဆန်းကြယ်သော အလင်းရောင်များ လင်းလက်လာသောအခါတွင် မြေကြီးထဲမှ လွတ်မြောက်သွားခဲ့သည်။

ဟေးကော်က လိပ်ကို ရှာဖွေတွေ့ရှိခဲ့သူပင်။ လီထျန်းချင်သည် အဝေးမှ ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို အသက်သွင်းခဲ့သော်လည်း လိပ်က သတိထားမိသွား၏။ ရလဒ်အနေဖြင့် ချန်ရှီသည် မြေပြင်ပေါ်တွင် နှစ်ကြိမ် အထိုးခံလိုက်ရသဖြင့် မူးလဲသွားခဲ့သည်။

နှစ်ယောက်သားက မြေကို တူးရင်တောင် ၎င်းကို ဖမ်းမိမှာမဟုတ်မှန်း သဘောပေါက်ကြသည်။ ထိုစဥ် ဟေးကော်က မြေကြီးကို အနံ့ခံရင်း ရုတ်တရက် ရှေ့သို့ နှစ်ကြိမ် ထိုးဟောင်လိုက်ကြသည်။

"ဟေးကော် ရှာတွေ့သွားပြီ!"

လီထျန်းချင် တက်ကြွလာသည်။

ချန်ရှီ ခေါင်းယမ်းပြီး "မင်းပျော်တာ စောလွန်းလိုက်တာ... ရှေ့မှာ သွေးနံ့တွေရနေတယ် ​​သတိထား... သွားကြည့်ရအောင်။"

လီထျန်းချင်မှာ ချန်ရှီ ဟေးကော်စကားကို ဘယ်လိုလုပ် နားလည်​နေမသိ။ ခွေးသည် ယခင်ကလို ဟောင်ခြင်းမဟုတ်ဘဲ နှစ်ကြိမ်သာဟောင်လိုက်တာ ထင်ရှားပါသည်။

မကြာမီတွင် သူတို့နှစ်ဦးသည် သွေးနံ့ပိုပြင်းလာတဲ့ နေရာကို ရောက်လာကြသည်။ ဘုံကျောင်းရှေ့တွင် ထူးဆန်းသော သားရဲတစ်ကောင် ရှိသော်လည်း ဖမ်းမိသွားကြ​ပြီ။ သူတို့နှစ်ဦးသည် ထူးဆန်းသော သားရဲကို ခြေရာခံမလိုက်​တော့ဘဲ မြေပြင်ပေါ်က အလောင်း ဆယ်လောင်းကျော်ဆီ ရောက်လာကြသည်။ ၎င်းတို့ရဲ့ ခြေလက်များ ကျိုးသွားကာ စိတ်မကောင်းစွာ သေဆုံးသွားကြသည်။

လီထျန်းချင် မသက်မသာဖြစ်မှုကို တွန်းလှန်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုတည်းနဲ့သာ မြေပြင်ပေါ်တွင် လဲလျောင်းနေသူကို ကြည့်လိုက်သည်။ ၎င်းတို့ထက် အသက်တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်ကြီးသော ကလေးတစ်ဦး ဖြစ်ပြီး ထိတ်လန့်သော အကြည့်နှင့် ပြူးကျယ်သော မျက်လုံးများ ရှိသည်။

တေသွေး​တွေ ထွက်​​နေ​သော​ကြောင့်​ သူ့မျက်​နှာသည်​ အလွန်​ဖြူဖျော့သွားသည်​။ ၎င်းတို့နှင့် အသက်တူသည့် အလောင်းအများအပြားလည်း ရှိခဲ့သည်။

လီထျန်းချင် မျက်မှောင်ကြုတ်ပြီး "ဒါတွေက?"

ချန်ရှီ: "ချောင်ဝမ်မြို့ ကျောင်းက ကျောင်းသားတွေမလား..."

သူသည် အသွေးအသားအိုင်ထဲသို့ ရောက်ရှိလာပြီး ခဏမျှ ငြိမ်သက်သွားသည်။

"သူက ချောင်ဝမ်မြို့မှာရှိတဲ့ ကိုယ်ပိုင်ကျောင်းက ဆရာပဲ သူ့နာမည်က ယဲ့ဟုန်ချို... သူ့ကို ဆရာချိုလို့လည်း ခေါ်ပါတယ် သူ့ကို နောက်ဆုံးတွေ့လိုက်တာက ဒီနှစ် ခရိုင်စာမေးပွဲမှာ ဝင်ဖြေချင်လားလို့ မေးတုန်းကပဲ... သူက စာမေးပွဲမှူးတွေကို လှည့်စားပြီး နေရာယူ​ထားပေးမယ်လို့တောင် ပြောသေးတယ်!"

ချန်ရှီ သူ့အဖိုးနှင့် မြို့သို့သွားတိုင်း ကိုယ်ပိုင်ကျောင်းသို့ တိတ်တဆိတ် သွားရောက်လေ့ရှိသည်။ သူ့အိပ်မက်ကို ဆုပ်ကိုင်ထားဆဲပင်။

သူသည် အခြားရွာမှ လူမျိုးများကဲ့သို့ပင် တိုင်းပြည်တစ်ခုရဲ့ ကလေးများ ရှေ့သို့ တက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စာကျက်ရန်၊ စာမေးပွဲကို အလျင်စလို ဝင်ဖြေပြီး စာသင်သား ဖြစ်ဖို့သာ ဖြစ်သည်ဟု သူခံစားရသည်။

ဤဆရာသည် သူ့အား အသိပညာပေးကာ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်သောကြောင့် ယဲ့ဟုန်ချိုကို အလွန်လေးစားခဲ့သည်။

အဲဒီလိုလူတွေက ဆရာကြီးကို သတ်သွားကြပြီ!

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ဤသူတို့သည် စာဖတ်ခြင်းဖြင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲလိုသော သူ့လို ကလေးတွေ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။

ဒါပေမဲ့ အခုတော့ မလုပ်နိုင်​တော့ဘူး။

လီထျန်းချင် ထိုင်ချလိုက်ပြီး ​မြေကြီးပေါ်က ခန္ဓာကိုယ်​တွေကို ကိုင်​ကြည့်လိုက်တဲ့အခါ ပူနေသေးတာကို သိလိုက်သည်။

"လူသတ်သမားတွေက ဝေးဝေးမသွားသေးဘူး... တောင်လမ်းက သွားလာရခက်တယ် ဒီအချိန်နဲ့ဆို တောင်လမ်းကနေ နှစ်မိုင်လောက်အထိပဲ လျှောက်သွားနိုင်တယ်...."

သူသည် မှော်စွမ်းအင်များမှ ကျန်ခဲ့သော ခြေရာလက်ရာများကို သေသေချာချာ ကြည့်ကာ တစ်ခုပြီးတစ်ခု ဖော်ထုတ်ပြလိုက်သည်။

"ကျစ်ဝူရှဲ့သတ်ဓားနဲ့ နဂါးပျံနတ်ဆိုးကျင့်စဥ် သုံးပြီး လူဆယ့်နှစ်ယောက်ကို သတ်သွားတာပဲ... ကျစ်ဝူရှဲ့သတ်ဓား သိုင်းကျမ်းကို ဖတ်ဖူးသူတိုင်း သိနိုင်တယ်... ဒါပေမဲ့ နဂါးပျံနတ်ဆိုးကျင့်စဥ်က ရှင်းရှန်ခရိုင် ကျောက်မိသားစုရဲ့ ထူးခြားတဲ့ အခြေခံအုတ်မြစ် တည်ဆောက်တဲ့ ကျင့်စဥ်...ငါတို့ လီမိသားစုကလည်း ဒီကျင့်စဥ်က ကျစ်ဝူရှဲ့သတ်ဓားလောက် မပြင်းထန်ပေမယ့် သူ့ရဲ့ အသွင်ကူးပြောင်းမှုက ပိုကောင်းတယ်လို့ ခံစားမိတယ်..."

သူ့တရားစီရင်ချက် အကြောင်းပြောနေစဉ် ချန်ရှီကတော ဆင်ကြံ့၏ အရိုးကွဲထားရာ​နေရာဆီသို့ ရောက်လာပြီး မြေပြင်မှ ဓားမြှောင်တစ်ချောင်းကို ကောက်ယူလိုက်သည်။

ဤဓားတိုသည် ကျိုးသွားသော ဓားရှည်တစ်လက်မှ ​ကျိုးပဲ့သွားခြင်း ဖြစ်ပေသည်။ ၎င်းသည် သာမန်ဓားမြှောင်ထက် အနည်းငယ် ကျယ်ပြီး ပါးလွှာ၏။ မူလဓားအရှည်ဟာ သံဖြင့် ပြုလုပ်ထားပြီး အပြတ်အသတ် ရှိသော လက်ကိုင်ပါရှိသည်။ ဓားစွမ်းအင်တိုးစေရန် အလှဆင်ထားသည့် တိမ်တိုက်ပုံစံ အစီအရင်လည်း ရှိသည်။

ဓားကိုယ်ထည်သည် ထူထဲသော သံထည်တစ်ခုပဲ ဖြစ်သည်။ ချန်ရှီ သွေးတွေကို သုတ်လိုက်ကာ သူ့လက်ထဲတွင် ကိုင်ထား​ကြည့်လိုက်သည်။ လက်ကို ဝှေ့ယမ်းရင်း သိပ်အဆင်မပြေဘူးလို့ ခံစားမိပေမယ့် သူ့နောက်ကျောဘက်ကို လက်ပြန် တိုက်တဲ့အခါကျရင်တော့ ပိုလွယ်သွားပြီ။

သူသည် မြေပြင်ပေါ်က ပိတ်ချောအဝတ် တစ်ထည်ကို တွေ့တာကြောင့် ၎င်းကို ရှည်လျားသော အမြှောင်းများကို ဆုတ်ဖြဲကာ သံလက်ကိုင် ပတ်ပတ်လည်တွင် ပါးပါးလေး ပတ်ရစ်ထားလိုက်သည်။

ဟေးကော်: “ဟေးကော်... လူတွေ ဘယ်ဘက်သွားတာလဲ”

ဟေးကော်သည် တောကောင်ကြီး၏ အသားနဲ့ သွေးနံ့ကို အနံ့ခံပြီးနောက် ခြေရာများနောက် လိုက်ကာ စတင် ရွေ့သွားသည်။ လီထျန်းချင်သည် ဆရာခန္ဓာကိုယ်ရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး အနီးနားရှိ မြေပြင်ကို ဂရုတစိုက် တိုင်းတာကြည့်နေသည်။

"တောင်တန်းရွေ့လျား အဆောင်လက်ဖွဲ့၊ တောင်ငါးတောင် အဆောင်လက်ဖွဲ့နဲ့ ထိုက်ရှန်ပါးကွာ အဆောင်လက်ဖွဲ့တွေ ရှိတာတောင် ဘယ်လိုဖိအားက အနိုင်ယူသွားတာလဲ? အဆောင်လက်ဖွဲ့က လူ့ခန္ဓာကိုယ်ပေါ်မှာ ဆောင်ထားတဲ့ ပစ္စည်း.... ပတ်ဝန်းကျင်က မြေပြင်ကို ကြည့်ရင် ပြင်းထန်တဲ့ ဖိအားအောက် ရှိနေခဲ့တာ သိသာတယ်... နတ်သန္ဓေသားနယ်ပယ်မှာ ဒီလို ခွန်အားမျိုး မရှိဘူး... ဒါ ရွှေအမြုတေပဲ!"

ချန်ရှီသည် အိုးမည်းနှင့်အတူ အရှေ့သို့ လျှောက်သွားနေတာ မြင်လိုက်ရတော့ သူကမန်းကတမ်း ပြေးလိုက်သွားရလေသည်။

"ရှောင်ရှီ ရပ်လိုက်ပါ တစ်ဖက်မှာ စုစုပေါင်း လူဆယ့်နှစ်ယောက်ရှိတယ်... ရွှေအမြုတေ နယ်ပယ်က သခင်တစ်ယောက်လည်း ရှိတယ်!"

ချန်ရှီက မရပ်ပေ။ လီထျန်းချင်မှာလည်း သူ့ကို အမှီလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

"ကျေးဇူးပြုပြီး စိတ်အေးအေးထားစမ်းပါ... နတ်သန္ဓေသား နယ်ပယ်နဲ့ ရွှေအမြုတေနယ်ပယ်ကြားက ကွာဟချက်က နတ်သန္ဓေသား အချင်းချင်းကြားက ကွာဟချက်ထက် ပိုကျယ်ပြန့်တယ်!"

ချန်ရှီက မရပ်ဘဲ ဟေးကော်ကလည်း ရှေ့ကို ဆက်ပြေးသည်။

"အခြားသူတွေရဲ့ ခွန်အားကလည်း ထူးထူးခြားခြားပဲ... နတ်သန္ဓေသားနယ်ပယ် ထိပ်တန်းကျင့်ကြံသူ ဆယ့်တစ်ယောက်!"

လီထျန်းချင် အနည်းငယ် ဒေါသထွက်လာကာ ချန်ရှီလက်ကို စောင့်ဆွဲလိုက်သည်။

"စိတ်မဆိုးပါနဲ့ဦးကွ! နဂါးပျံနတ်ဆိုးကျင့်စဥ်ရဲ့ လှုပ်ရှားမှုကို မင်းသိလား... ကောင်းကင်နှလုံးချီကျင့်စဥ်ကို ဘယ်လို လေ့ကျင့်ထားရလဲ မင်း သိလား? သူတို့ထဲက တော်တော်များများက နဂါးပျံနတ်ဆိုးကျင့်စဥ်ကို ကျင့်ထားကြတာ... တခြား မှော်လှည့်ကွက်တွေ ပါသေးလား ဘာမှမသိရသေးဘူး ရပ်ပြီး ဆွေးနွေးကြရအောင်"

ချန်ရှီ ရပ်လိုက်ပြီး မြေပြင်အနေအထားကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ကျောက်ကျစ်ယွီနဲ့ အစေခံမိန်းကလေး ဆယ့်တစ်ယောက်တို့ကို လှမ်းမြင်နေရပြီ။ ပေတစ်ရာ သို့မဟုတ် နှစ်ရာအကွာတွင်ရှိသော တောင်တက်လမ်းသည် သွားလာရခက်ခဲသဖြင့် သူတို့သည် ဤနေရာသို့ရောက်ရန် အချိန်အတော်ကြာခဲ့သည်။

လီထျန်းချင်က လူဆယ့်နှစ်ယောက်ကို အဝေးမှကြည့်ကာ ခွဲခြမ်းစိတ်ဖြာရင်း ဆက်လက် ပြောပြသည်။

"ကျစ်ဝူရှဲ့သတ်ဓား လေ့ကျင့်နေတဲ့ ဒီအမျိုးသမီး ဆယ့်တစ်ယောက်ထဲမှာ ဘယ်သူက နဂါးပျံနတ်ဆိုးနတ်ဆိုးကို လေ့ကျင့်နေတယ် ဆိုတာ အရင်ရှာသင့်တယ်... မျက်နှာတွေနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ သူတို့ရဲ့ အနေအထားတွေကို စောင့်ကြည့်မယ်...ငါတို့ ပိုသတိထားရမယ်”

သူက ဒူးထောက်ထိုင်ချလိုက်ပြီး ကျောက်ကျစ်ယွီနဲ့ အစေခံမိန်းကလေး ဆယ့်တစ်ယောက်ရဲ့ အနေအထားကို စောင့်ကြည့်နေသည်။

"သူတို့ရဲ့ လမ်းလျှောက်တဲ့ ကိုယ်ဟန်အနေအထားနဲ့ သူတို့ရဲ့ နတ်ကွန်းတွေရဲ့ လက္ခဏာတွေအရဆို သူတို့လေ့ကျင့်တဲ့ ကျင့်စဥ်ကို ငါ ပြောပြနိုင်ပါတယ် မကြာခင်မှာ အလှည့်အပြောင်းတွေ ပြောင်းလာလိမ့်မယ် အဲဒါကို စောင့်ကြည့်လို့ရတယ်"

ချန်ရှီ: "သူတို့လာနေပြီ"

လီထျန်းချင်က ဆက်လက် စောင့်ကြည့်ပြီး "စိတ်မပူပါနဲ့ ငါတို့ ဒီအချိန်ပဲ စောင့်ကြည့်နေပါတယ် ငါလေ့လာပြီးရင် အသေးစိတ်ဗျူဟာတစ်ခု ရေးဆွဲမယ် ဒီလူအုပ်စုက အစာရှာဖို့ ထွက်လာတာ အစားအစာကို သိမ်းယူဖို့ လူတွေကို သတ်ပစ်မှာပဲ! ပထမဆုံး အကြိမ်တော့ မဟုတ်လောက်ဘူး... ရွှေအမြုတေကို ကျင့်ကြံထားတဲ့ ကျောက်မိသားစုရဲ့ သခင်လေးကပဲ ကိုင်တွယ်ရခက်တာ…”

ချန်ရှီ အနည်းငယ် စိတ်ရှုပ်သွားသည်။

"သူတို့ လွန်သွားတော့မယ်... မဟုတ်ဘူး ငါ အခုပဲ ချချင်နေပြီ!"

လီထျန်းချင် အနည်းငယ် စိတ်ဆိုးသွားသည်။

"ငါမင်းကိုပြောနေတာပဲ... စိတ်မပူပါနဲ့! ငါ့စကားကို အရင်နားထောင်ပါ... ရွှေအ​မြုတေနယ်ပယ်က အသေးအမွှား ကိစ္စမဟုတ်ဘူး ငါတို့သတိထားရမယ် ဒီနေ့တော့ ချလို့မရဘူး!"

ချန်ရှီ မျက်မှောင်ကြုတ်ကာ မိန်းကလေးများကြားမှ ကျောက်ကျစ်ယွီကို လှမ်းကြည့်လိုက်သည်။ သူသည် နတ်ကွန်းတစ်ခု သို့မဟုတ် နတ်သန္ဓေသားကိုတောင် မထုတ်ထားဘဲ သတိမထားမိသလို အေးအေးဆေးဆေး ရှိနေသည်။

မိန်းမတွေ ဝိုင်းခံထားရတော့ သူတို့ကို သတိမရတော့တာ ထင်ရှားပါ၏။

ဒီလူတွေက တောင်စောင်းကို ဖြတ်ပြီးသွားပြီ။ ကောင်မလေးတွေကလည်း အသားတွေ သယ်လာရတာကို စိတ်အေးလက်အေး ရှိနေကြကာ ပတ်​ဝန်းကျင်​ကို ​စောင့်​​ရှောက်​​နေတဲ့ အိမ်​​ဖော်​​လေး​ယောက်​​တောင်​ ရယ်​​မော​နေကြသည်​။

သူတို့နေထိုင်တဲ့ နေရာနဲ့ အလွန်နီးလာတာကြောင့် စိတ်အေးလက်အေး ရှိနေတာပဲ ဖြစ်မည်။

ဒီအခွင့်အရေးက အရမ်းရှားတယ်။

"ထျန်းချင်... မင်းတစ်ယောက်ယောက်ကို သတ်ဖူးလား"

ချန်ရှီ ရုတ်တရက် လှည့်ပြောလိုက်သည်။

လီထျန်းချင်က ခေါင်းခါပြီး "မသတ်ဖူးဘူး ဒါပေမယ့် ငါက အရမ်းစဉ်းစားတတ်ပြီး အကြံအစည်ကောင်းတယ်... အားနည်းတဲ့သူကို အနိုင်ယူတာက...."

"မင်းဘာအပိုတွေ ပြောနေတာလဲ? မင်းနဲ့အိုးမည်းက ဒီမှာနေခဲ့!"

ချန်ရှီသည် ခွန်အားရှိသမျှ အားကုန်ထုတ်ကာ တောင်ခြေရှိ လူအုပ်ဆီသို့ လေးကြိုးမှ မြှားတစ်စင်း ပစ်လွှတ်လိုက်သလို ပြေးထွက်သွားတော့သည်။

All Chapters