ယုတ်မာသော ဘုရားလောင်းနဲ့ တိုးခြင်း
Vol. 4 Ch. 57
ငွေဝတ်အစောင့်နဲ့ ကျောက်မိသားစု သားသမီး တစ်ရာကျော်၊ ရွှေအမြုတေနယ်ပယ် ကျောက်ယန်လျန်တို့သည် ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်တို့ကို လိုက်ဖမ်းသော်လည်း မဖမ်းနိုင်ဘဲ နှစ်ယောက်သား ထွက်ပြေး လွတ်မြောက်သွားကြသည်။
ချန်ရှီသည် ချန်ယန်တောင်၏ ပထဝီဝင် အနေအထားနှင့် အလွန်ရင်းနှီးသော်လည်း ၎င်းတို့သည် ခရိုင်မြို့တော်မှ ဆင်းသက်လာကြတာ ဖြစ်ကာ မြေအနေအထားကို ဘယ်လိုမှ မသိကြပေ။
တောင်များ၊ ဂူများ၊ ရေစီးကြောင်းများနှင့် တောတောင်များက ထူထပ်ရှုပ်ထွေးရာ လူတိုင်းက အချိန်အတော်ကြာအောင် ရှာဖွေခဲ့ကြသော်လည်း လူနှစ်ဦးနှင့် ခွေးတစ်ကောင်ကို မတွေ့နိုင်တော့ပေ။ နတ်ဆိုးများ၏ တိုက်ခိုက်မှုကြောင့် လူ ဆယ်ဦးထက်မနည်း ထပ်သေသွားပြန်ရာ အားလုံး တုန်လှုပ်ခြောက်ခြားသွားကာ ဒေါသမထွက်နိုင်ဘဲ စခန်းကိုသာ အမြန်ပြန်လာခဲ့ကြသည်။
အခုဆို နေ့လား ညလားမသိတော့ပေ။ ကောင်းကင်က အနီရောင် အလင်းရောင်ရှိပေမယ့် သိပ်တောက်ပမနေချေ။ ဒီလို ရာသီဥတုမျိုးမှာ အဝေးက အရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ အပြင်ထွက်ရင်လည်း ပြန်မလာနိုင်တော့တာ ပိုများပါ၏။
စခန်းသို့ ပြန်ရောက်သောအခါ ကြွေရုပ်အဖြစ် ပြောင်းလဲထားသော ကျောက်ယန်လုံမှာ အံကြိတ်ကာ စားပွဲအစွန်းတွင် မိုက်မဲစွာ ထိုင်နေသည်။ ဘယ်သူ သူ့ကိုဆွဲဆောင်ရန် ကြိုးစားနေပါစေ ထွက်သွားရန် ဆန္ဒမရှိသေး။ အခု သူ စားပွဲပေါ်ကနေ ပြုတ်ကျရင် ကွဲကြေသွားလိမ့်မယ်လေ။
အခုက အရမ်းဝမ်းနည်းနေတာကြောင့် တစ်ခုခုလုပ်မှာ စိုးရာ ခဏလောက် မလွှတ်ထားနိုင်ကြပေ။
"သူ့ကို နားချနေစရာ မလိုဘူး..."
ကျောက်ယန်လျန်က တခြားသူတွေကို ပြောနေသည်။
"ငါ့အစ်ကိုက ရွှမ်ရင်အိမ်တော်ရဲ့ အိမ်တော်သခင်ပဲ...အခု ဝမ်းနည်းနေပေမယ့် သူ့မှာ ထူးခြားတဲ့ သတ္တိရှိတယ်... ခဏနေ အဆင်ပြေသွားလိမ့်မယ်"
ဒီစကားကို လူတိုင်း မြင်သောအခါ လူကောင်းများက အသက်မရှည်ဘူးဟုသာ ညည်းတွားကြကုန်၏။ ရွှမ်ရင်အိမ်တော်ရဲ့ အိမ်တော်သခင် ကျောက်ယန်လုံသည် စားပွဲအစွန်းတွင် ထိုင်နေဆဲဖြစ်ပြီး အတွေးတွေ ပျက်စီးသွားပြီ။ ကျောက်ကျစ်ယွီသည် သူ့အကြီးဆုံးသား ဖြစ်သည်။ နို့စို့အရွယ်တွင် သေဆုံးသွားသူများကို မရေတွက်ရင် သူ့မှာ ကလေးစုစုပေါင်း ဆယ့်ကိုးယောက် ရှိသည်။
ကျောက်ကျစ်ယွီက အထူးချွန်ဆုံး မဟုတ်သလို သူသည် သူအချစ်ဆုံးလည်းမဟုတ်။ သို့သော် ဤအကျပ်အတည်း အတွင်း ကျောက်ကျစ်ယွီရဲ့ စွမ်းဆောင်မှုက သူ့ကို စိတ်သက်သာရာရစေခဲ့သည်။ ဤရက်များတွင် သူသည် ကြွေရုပ်တစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျောက်ကျစ်ယွီသည် စခန်းအား စနစ်တကျ ထိန်းသိမ်းထားကာ အခြားသူများမှာ သေသည်ဖြစ်စေ ဒဏ်ရာရရှိသွားကာ အမဲလိုက်ထွက်ကြသည်။
ငွေဝတ်အစောင့်များနဲ့ ကျောက်မိသားစု၏ သားသမီးများစွာတို့သည် အပြင်ထွက်ပြီးနောက် ပြန်မလာတော့ရင် ထူးဆန်းသော တိရစ္ဆာန်များဆီက အစားခံလိုက်ရတာ ဒါမှမဟုတ် ရှဲ့တွေဆီက အစားခံလိုက်ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ တခြားလူတွေက သတ်ပစ်တာလည်း ဖြစ်နိုင်၏။
ကျောက်ကျစ်ယွီ တစ်ဦးတည်းသာ အမဲလိုက်သွားတိုင်း အမြတ်တစ်ခုခု အမြဲရလေ့ရှိပြီး သူသည် သူ့မိန်းကလေးကိုပင် ဝန်ထုပ်ဝန်ပိုး အပြည့်ဖြင့် ပြန်လာစေခဲ့သည်။ သူ့ရဲ့ထူးချွန်မှုက ကျောက်ယန်လုံကို ဂုဏ်ယူစေခဲ့သည်။
ကျောက်ယန်လုံဟာ သူ့အသက်ကြီးလာသောအခါတွင်ပင် ရွှမ်ရင်အိမ်တော် စံအိမ်ကြီးကို ထားခဲ့ရမှာပဲမလို့ သူ့အားလပ်သော အချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းကာ တစ်သက်လုံး နေထိုင်နိုင်သော သူဌေးတစ်ယောက်လို ဖြတ်သန်းချင်ခဲ့သည်။
သို့သော် ဤကဲ့သို့ ထူးချွန်သောသားကို ဘယ်နေရာက ပြေးလာမှန်းမသိသော ကောင်လေးက ဓားဖြင့် ထိုးသတ်သွားခဲ့သည်။ သူ့ရှေ့မှာ၊ စခန်းမှာရှိတဲ့ လူတွေ အားလုံးရှေ့မှာ ဓားနဲ့ထိုးသတ်သွားခြင်းပင်။ ကျောက်ယန်လုံရဲ့ လက်များက တုန်ရီနေသေးဆဲ။ ဤအခိုက်အတန့်တွင် သူ့လက်က အသွေးအသားသာ ရှိလျှင် သွေးထွက်နေပေလိမ့်မည်။
ဆင်းရဲသောအရပ်မှ ဆင်းသက်လာသော လူယုတ်မာ ထိုလူငယ်သည် ဘယ်လို မုန်းတီးမှုနဲ့များ ကျူးလွန်ခဲ့သလဲ မသိ။ သူ့ကို ဘယ်သူမှ ရှင်းမပြနိုင်သလို သူတကယ်ကို နားမလည်နိုင်ပေ။
ဂုဏ်သိက္ခာရှိသော ကျောက်မိသားစုသည် ရှင်းရှန်ခရိုင်မှာ နာမည်ကြီး ဖြစ်သည်။ သူ့လက်အောက်ခံလူများကလည်း သူ့သားကို ချန်ယန်တောင်တွင် ပုန်ကန်သော သားလေးကဲ့သို့ပင် သတ်ဖြတ်ခံခဲ့ရတာကို သိသွားကြရင် ဘယ်လို တုံ့ပြန်ကြမလဲ။
သူ့သားကို ဘယ်လိုလုပ် သတ်ရဲတာလဲ။
ပိုလို့တောင် ဒေါသထွက်စေခဲ့တာကတော့ ကောင်လေးက မှော်စွမ်းအင်၊ ကိရိယာတွေ မသုံးဘဲ သူ့ရှေ့မှာ သူ့သားနဲ့ တခြားလူတွေကို သတ်ဖို့ သူ့လက်သီးနဲ့ ဓားမြှောင်ကိုသာ သုံးပြီး သတ်လိုက်တာပါပဲ။
ကျစ်ယွီက ဘာလို့ ပြန်မတိုက်နိုင်တာလဲ။ ကျစ်ယွီက ဘာလို့ ရွှေအမြုတေကို ဘာလို့ မထုတ်ခဲ့တာလဲ။ ဘာကြောင့် အဆောင်လက်ဖွဲ့ကို မဖွင့်ခဲ့တာလဲ။ ဘာကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့ အားလုံးကို မပူဇော်ရတာလဲ။
အကယ်၍ ကျစ်ယွီသာ ထိုအချိန်တွင် ငြင်းဆန်ခဲ့ပါက၊ ရွှေအမြုတေကို ထုတ်ယူပြီး ကျစ်ဝူရှဲ့သတ်ဓားကို အသက်သွင်းခဲ့ပါက၊ အဆောင်လက်ဖွဲ့ အားလုံးကို ပူဇော်ခဲ့ပါက ကျစ်ယွီ မသေလောက်ပေ။
ကျောက်ယန်လုံ အသည်းကွဲပြီး သူ့ကြွေမျက်လုံးထဲက မျက်ရည်တွေ စီးကျလာသည်။ နှလုံးသားက ကြေကွဲလွန်းလို့ ဓားနဲ့ ခုတ်သွားသလိုပဲ။ ထိုအချိန်တွင် ကျောက်မင်ရိုက ရုတ်တရက် ပြောလာခဲ့သည်။
"အဖေ အစ်ကိုကြီးကို သတ်ပစ်လိုက်တဲ့လူက ချန်ရှီ ဖြစ်မယ်..."
"ဘယ်သူ?"
"သမီးကို မီးဖိုထဲ လှည့်စားပြီး ခေါ်သွားတဲ့ ချန်ရှီ"
ကျောက်မင်ရို တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သွားများကို အံကြိတ်ကာ ဆိုလာသည်။
"သူ ပြာဖြစ်သွားတာတောင်မှ သမီးသူ့ကို မှတ်မိတယ်... သူပဲ! သူ သမီးကို စစတွေ့တုန်းက အရမ်းရိုးသားပြီး အပြစ်ကင်းစင်တဲ့ ပုံစံနဲ့... သူ့ကို ယုံကြည်ခဲ့မိတာ ရယ်စရာကောင်းလိုက်တာ... သူအရင်ကထက်တောင် အရပ်မြင့်နေပြီ.. ဒါပေမဲ့ သူဆိုတာ သေချာတယ်!”
ကျောက်ယန်လုံ ရှုံးသွားပြီ။
ချန်ရှီ?
ချန်ယင်တုရဲ့မြေး?
သူ၏တတိယမြောက်သား ကျောက်ယွဲ့၊ သမီး ကျောက်ရွှယ်အာ၊ ခြောက်ယောက်မြောက်သား ကျောက်ယန်၊ ဆယ်နှစ်မြောက်သား ကျောက်ရွေ့နဲ့ တခြားသော ကျောက်မိသားစုက ကလေးများနှင့် ငွေဝတ်အစောင့် အုပ်စုတို့ကို သတ်ခဲ့သော ချန်ရှီပဲ ဖြစ်သည်။
သူသည် တျယ်ပိဝမ်းနဲ့ ရွှမ်ရင်အိမ်တော်က ဘဏ္ဍာစိုးကိုလည်း သတ်ခဲ့သည်။ သူ ရွှမ်ရင်အိမ်တော်နဲ့ ကျောက်မိသားစုကို ပစ်မှတ်ထားတာက အရမ်းရက်စက်လွန်းသည်။ ဒုတိယဦးလေး ကျောက်စွင်ယီးက သူ့ကိုသတ်ဖို့ မသွားခဲ့ဘူးလား။
သူ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။ဒုတိယဦးလေး ကျောက်စွင်ယီက ဘယ်လိုအရာတွေကို လုပ်တာလဲ။
သူသည် ရွှမ်ရင်အိမ်တော်သို့ ပြန်သွားကာ ညစာစားရန် အိမ်ပြန်လာသော ၎င်း၏ ဒုတိယဦးလေးအား သူ့သားကို ထိခိုက်နစ်နာစေသော အဘိုးကြီးတစ်ယောက်ဟု ကြိမ်းမောင်းပစ်ခဲ့သည်။
"မင်းက ငါ့သမီးနှစ်ယောက်ကို နှိပ်စက်ပြီး ငါ့သားလေးယောက်ကို သတ်လိုက်တာ...ချန်ရှီ! မင်းကို အပိုင်းပိုင်း မခုတ်မချင်း ငါမကျေနပ်ဘူး! မင်းအရိုးတွေ ပြာကျသွားရမယ်... မင်းရဲ့ မျိုးနွယ်ကိုးမျိုးဆက်လည်း ပျက်စီးအောင် လုပ်ပစ်မယ်!"
ချန်ယန်တောင်ရဲ့ မြောက်ဘက် တောင်ထိပ်မှာ လူတွေကို ကာကွယ်ဖို့ မြွေကြီးတစ်ကောင် လှည့်ပတ်နေသည်။ ဆန်းကြယ်မြွေတောင်ကြီးရဲ့ ဦးခေါင်းသည် ကြီးမားပြီး ကောင်းကင်အထက်က တိမ်တိုက်တစ်ခုလို မြင့်မားသည်။
အသက် ရှူထုတ်လိုက်သည်နှင့် အရှေ့ဘက်ချိုင့်ဝှမ်းရှိ တိမ်များ ပွင့်ထွက်ကာ ဝတ်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ လေမှုတ်ထုတ်လိုက်သည်နှင့် အနီးပတ်ဝန်းကျင်ရှိ တောင်လေများ ရုတ်တရက် မြင့်တက်လာပြီး ကြွေရွက်များက တောင်တစ်ပြင်လုံး မှုတ်ထုတ်ကာ တေးဆိုသံများ ထွက်ပေါ်လာသည်။
မြွေကြီး၏ ဦးခေါင်းအောက်တွင် အရိပ်ထဲတွင်တော့ ချန်ယင်တု နှင့် အနက်ရောင်ဝတ် လူငယ်လေးသည် စစ်တုရင်ကစားနည်းကို ဘယ်လို အနိုင်ယူရမလဲ သို့မဟုတ် ရှုံးအောင် လုပ်ရမလဲ တွေးတောမနေတော့ပါ။
"မင်းရဲ့မြေးလေးက အရမ်းတော်သားပဲ... သေပြီးပြီးချင်း အသက် ပြန်ရှင်လာတာတောင် မင်းအရင်တုန်းကထက် ပိုထက်တယ်!"
ချန်ယင်တုက ပြုံးပြသည်။
"သူက ဉာဏ်အမြော်အမြင် အရှိဆုံးပဲ... အရာရာကို မြန်မြန်ဆန်ဆန် လေ့လာတတ်တယ် ဉာဏ်ကောင်းတယ်... ကျွန်တော် စန့်ရန်ထဲဝင်တုန်းက မိသားစုကို လျစ်လျူရှုပြီး အပြင်မှာ အမြဲအလုပ်ရှုပ်နေခဲ့တယ် တစ်နှစ်မှာ တစ်ကြိမ်ပဲ အိမ်ပြန်လာခဲ့တယ်... ဒါပေမဲ့ ရှောင်ရှီကတော့ အမြဲတမ်း အိမ်ပြန်ရောက်တိုင်း အဝေးကနေ နှုတ်ဆက်ပြီး သူ့ကို ဖက်ခိုင်းတယ်... အဲ့တုန်းက သူ အသက်၃နှစ် ၄နှစ်ပဲ ရှိသေးတယ်”
ဆန်းကြယ်ဝိညာဥ်သည် လူ့စိတ်ခံစားချက်များကို နားမလည်ဘဲ ခဏလောက် စဉ်းစားနေသည်။
"သူ ပြန်ရှင်လာတာတောင် ထူးချွန်တုန်းပဲ... တခြားလူတွေက သူနဲ့ ကြည့်လိုက်ရင် မှုန်မှိုင်းသွားတယ်...အဲ့တော့ တုကလေးငယ်က သူ့ကို လွှတ်ပေးဖို့ ဆန္ဒရှိပါသလား"
သူက ဝန်ကိုထမ်းပြီး အဝေးကတောင်တွေကို လက်နှစ်ဖက်နောက်ပစ်လျက် လှမ်းကြည့်နေသည်။
ချန်ယင်တု: "မိသားစုနဲ့ အဆက်အသွယ် ဖြတ်ပြီး လွှတ်လိုက်ဖို့လား... ကျွန်တော် ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး"
ဆန်းကြယ်ဝိညာဥ်က သူ့နောက်မှာ ရပ်လိုက်ပြီး ဆို၏။
"တစ်ခါတစ်လေ မင်း လက်လွှတ်ထားသင့်တယ်"
........
ချန်ရှီသည် လီထျန်းချင်ကို ဆရာယဲ့နဲ့ ကျောင်းသားများ အသတ်ခံခဲ့ရသည့် ချိုင့်ဆီသို့ ပြန်ခေါ်သွားလာခဲ့သည်။ သားရဲတိရစ္ဆာန်များဆီက ဆွဲစားတာကနေ ကာကွယ်ရန် ၎င်းတို့၏ အလောင်းများကို သင်္ဂြိုဟ်ပေးခဲ့သည်။
ချန်ရှီသည် နံ့သာပေါင်းပြုလုပ်ရန် မြက်ပင်ကိုပွတ်ကာ မြက်နံ့သာပေါင်းကို ကျောက်သင်္ချိုင်းရှေ့တွင် ထိုးစိုက်ရင်း ဂါရဝပြုကာ တိုးတိုးလေး ပြောလိုက်သည်။
"ခင်ဗျား မရဏပြည်ကို ရောက်ရင် တစ္ဆေပညာရှင် အနေနဲ့ စာဆက်သင်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ထို့နောက် သူတို့ နှစ်ယောက်သည် ချန်ယန်တောင်မှ ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ သူတို့နှစ်ယောက်ဟာ တောင်ရဲ့မြောက်ဘက်ကနေ ပြန်ကွေ့လာခဲ့၏။ ထွက်လာတဲ့လမ်းက အလာတုန်းက တောင်တက်လမ်း မဟုတ်ပေမယ့် လီထျန်းချင်ကတော့ ကျင့်သားရနေပါပြီ။
ချန်ယန်တောင်၏ နယ်ပယ်သည် အလွန်ကြီးမားသောကြောင့် အတွေ့အကြုံ အရှိဆုံး မုဆိုးများပင် မကြာခဏ ပျောက်ဆုံးသွားတတ်သည်။ ဒါပေမဲ့ တောင်ပေါ်ကနေ ရုန်းထွက်နိုင်ရင် လုံခြုံလေပြီ။
တောင်လမ်းက ရှန်းယန်ရွာကို မျက်နှာမူထားသည်။ အခုဆို မည်းမှောင်နေတဲ့ အဝတ်အစားနဲ့ စကတ်ရှည်ဝတ် အမျိုးသမီးတစ်ယောက်က လမ်းဘေးမှာ ကလေးလေးတစ်ယောက်ကို ရင်ခွင်ထဲ ပိုက်ထားလေသည်။ မိခင်ဖြစ်သူက ညှိုးငယ်နေတဲ့ မျက်နှာနဲ့ ရွာထဲကလူတွေကို လှမ်းခေါ်နေသည်။
"ဘယ်သူမှ မရှိဘူးလား... ကလေးကို ကယ်ပေးပါဦး"
"ကလေးကို ကယ်ပေးပါဦး..."
ထိုအမျိုးသမီးသည် မျက်ရည်များကျကာ ရှိုက်ရှိုက်ကာ ငိုနေသည်။
"ကြင်နာတတ်တဲ့ သူတချို့ သူ့ကို ခေါ်သွားလို့ရပါတယ်... ဒီကျွန်က ဒီကလေးကို မကျွေးမွေးနိုင်တော့လို့ပါ"
"လူကောင်းတို့!"
ရှန်းယန်ရွာတွင် ဘယ်သူမှ ဂရုမစိုက်ပေ။ မိန်းမ၏နောက်ကွယ်ရှိ တောအုပ်ထဲမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီး မြွေဆိုးလို လည်ပင်းရှည် ဒါဇင်ပေါင်းများစွာက ပြေးထွက်လာသည်။
"ကလေးကို ကယ်ပါဦး!"
ကလေးတစ်ရာ ရှဲ့သည် ရှန်းယန်ရွာကို စိုက်ကြည့်ပြီး ပွဲခံဖို့ ရွာထဲဝင်ချင်ပေမယ့် ရှန်းယန်ရွာရဲ့ ကန့်ညောင်ကိုတော့ ကြောက်နေသေးသည်။ ၎င်းက ခဏတာ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် လှည့်ထွက်သွားသည်။
ချန်ရှီနဲ့ လီထျန်းချင်လည်း အပြင်မထွက်မီ အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ လီထျန်းချင်က ထိတ်လန့်ဆဲ။
"ကံကောင်းတာက ရှန်းယန်ရွာက လူတွေက ဉာဏ်ကောင်းပြီး ဒီရှဲ့ရဲ့ လှည့်စားတာကို မခံခဲ့ကြရဘူး မဟုတ်ရင် အားလုံးသေသွားလိမ့်မယ်"
ချန်ရှီ : "အခု အပြင်ထွက်ရဲတဲ့ သူတွေက သဘာဝအတိုင်း ကျင့်ကြံသူတွေပဲ သာမန်လူတွေက အပြင်မှာ ကြွေရုပ်တွေ ဖြစ်ကုန်တာ ကြာပြီ ဒီရှဲ့က လူတွေစားဖို့ လှည့်စားနိုင်ပေမယ့် အဲဒီအချက်ကိုတော့ မသိခဲ့ဘူး... ရယ်နေရတယ်။"
သူတို့နှစ်ယောက် တောင်ခြေက လမ်းအတိုင်း အမြန်ပြန်ပြေးသွားစဥ် မြေပြင်က နည်းနည်းလှုပ်သွား၏။
"ကလေးတစ်ရာရှဲ့ ပြန်ရောက်လာပြီလား"
လီထျန်းချင် အံ့သြသွားသည်။
ချန်ရှီ: "အသံက မှားနေတယ်... ပုန်းနေရအောင်!"
သူတို့နှစ်ဦးသည် ဟေးကော်ကို ဆွဲခေါ်၍ တောထဲသို့ဝင်ကာ အပြင်ကို လှမ်းကြည့်ကြသည်။
မြေပြင်မှ အနည်းငယ် တုန်ခါမှုသည် တဖြည်းဖြည်း ပိုကျယ်လာရာ လူနှစ်ယောက်နှင့် ခွေးသည် အသက်ရှုကြပ်ကာ ဘာသံမှ မပြောဝံပေ။ မြေပြင်သည် တုန်ခါသွားသည်နှင့် ချန်ရှီမှာ သူ့နှလုံးသားက တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"ဒီရှဲ့က အရမ်းကြီးလိမ့်မယ်!"
ဒါကို သူတွေးပြီးနောက် အဖြူအပြာ ကြွေတိုင်က သူ့မျက်လုံးကို ဖမ်းစားသွားခဲ့သည်။ နောက်တော့ အဲဒါက တိုင်မဟုတ်ဘဲ ခြေထောက်ပဲဆိုတာ သိလိုက်သည်။
အပြာအဖြူ ကြွေခြေထောက် !
ဤခြေထောက်သည် တိုင်တစ်လုံးလောက်ကို ထူလွန်းလှသည်။
ထို့နောက် နောက်တစ်ကြိမ် မြေပြင် တုန်လှုပ်သွားသောအခါ လက်နက်ရှစ်ပါးရှိ သို့မူ ဘုရားလောင်း၏ ရုပ်ပွားတော်ကြီး ပေါ်လာသည်။ ၎င်းက ကြွေကုန်းမြင့်ကြီးလို ဆယ်ပေကျော် မြင့်ပြီး ၎င်း၏လက်ရှစ်ခုသည် အလွန်ထူထပ်သည်။ ကြွေမျက်နှာပြင်ပေါ်တွင် အက်ကွဲနေသော အရာများ ရှိနေသော်လည်း အရာအားလုံးသည် အလွန်ပြည့်စုံနေသေးသည်။
၎င်း၏ အပြာနှင့် အဖြူအရောင်သည် တောက်ပပြီး မျက်စိကျစေသည်။ ဘုရင်ကျန်း ခေတ် လက်မှုပညာသည်များသည် ထိုအချိန်က နာမည်ကျော် ပန်းချီဆရာများ ဖြစ်ကြပြီး ၎င်းတို့သည် ကြွေရုပ်တုပေါ်တွင် လှပကာ လက်ရာမြောက်သည့် ပုံစံများကို ရေးဆွဲခဲ့ကြသည်။ အပြာရောင် နဂါးရုပ်ကိုလည်း ၎င်း၏ ကြွေထည်များ ပတ်ပတ်လည်တွင် ရစ်ပတ်ကာ ကွက်ကွက်ကွင်းကွင်း ရေးဆွဲထားခဲ့သည်။
၎င်း ရွေ့လျားသွားသောအခါ ကြွေအဆစ်များသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်သွားရာ ပြင်းထန်သော အသံများ ထွက်လာသည်။
ရှဲ့ ဘုရားလောင်း။
လူနှစ်ယောက်နဲ့ ခွေးတစ်ကောင်၏ နှလုံးသားများက ပြင်းထန်စွာ ခုန်နေသော်လည်း အသံမထွက်အောင် ဖိနှိပ်ထားခဲ့သည်။ ရှဲ့အဆင့် ဘုရားလောင်းသည် အမှန်တကယ် မီးဖိုမှထွက်လာလေပြီ။ ၎င်းက ဤမျှလောက် တက်ရဆင်းရခက်သော တောင်တက်လမ်းအထိသာ ရောက်လာခဲ့၏။
ထိုအချိန်တွင် ရှဲ့ဘုရားလောင်းသည် တစ်စုံတစ်ခုကို သတိပြုမိသွားတာကြောင့် ငုံ့ကြည့်လိုက်ရာ ချန်ရှီတို့ ရှိနေသည့် တောင်ပေါ်တောရှေ့တွင် မျက်နှာကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏မျက်နှာသည် ချန်ရှီ၏ အမြင်အာရုံနယ်ပယ် အများစုကို ပိတ်ဆို့လုနီးပါးပင်။ မျက်လုံးက စားပွဲရှစ်လုံးစာလောက် ကြီးမားသော ပုံမှန်စက်လုံးတစ်ခုပင်။
ချန်ရှီသည် သေသေချာချာ မကြည့်ဝံ့ချေ။ သူအခု ရှဲ့ဘုရားလောင်းရဲ့ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
အကြောင်းမှာ ဤအခိုက်အတန့်တွင် ကြွေမီးဖိုလုပ်သားသည် ရှဲ့ ဘုရားလောင်း၏ မျက်လုံးအိမ်ထဲမှ တွားသွား ထွက်လာကြသည်။ ၎င်းတို့က ရှဲ့ ဘုရားလောင်း၏ မျက်လုံးများ ကျိုးသွားသော အစိတ်အပိုင်းများကို ပြုပြင်ပေးသောကြောင့် ဖြစ်ပေမည်။
မီးဖိုလုပ်သားများသည် အရပ်ဆယ်ပေခန့် အရပ်ရှည်ရှည်၊ ခြေလက်သွယ်သွယ်ဖြင့် ပုံစံအမျိုးမျိုးနဲ့ နတ်ဆိုး၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားလေ၏။
ခရက် ခရက်!
ရှဲ့ ဘုရားလောင်း၏ ဦးခေါင်းနှင့် လည်ပင်းကြား အဆစ်ကြားမှ ပြင်းထန်သော ပွတ်တိုက်သံများ ထွက်ပေါ်လာပြီး ခေါင်းကို လှည့်ကာ အခြားမျက်နှာဖြင့် တောအုပ်ထဲကို လှည့်ကြည့်လိုက်သည်။
၎င်းတွင် အလွန်ကြီးမားသော ကြွေမျက်လုံးတစ်စုံလည်း ပါရှိပြီး မျက်လုံးထဲတွင် ဆွဲထားသော အစီအရင်က အလွန်ရှုပ်ထွေးသော်လည်း ချန်ရှီ သည် နဂါး၏ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသား မြင်ရပြီး မှတ်မိသည်။
"ကောင်းကင်မျက်လုံး! သွားပြီ!"
အအေးဓာတ်ကြောင့် သူ့နဖူးပေါ်က ချွေးများရုတ်တရက် ထွက်ကျလာသည်။ နတ်ဆိုးဘုရားလောင်း၏ ဒုတိယမျက်နှာမှာ ချန်ရှီ သူ့အဖိုးထံမှ သင်ယူခဲ့သော ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ထက် များစွာပို၍ ရှုပ်ထွေးပါသည်။ ယခုကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ဟာ ဘုရင်ကျန်း၏ လက်မှုပညာသည်များက အခြားအရာများကို အတွင်း၌ ထည့်ထားခြင်းသာ ဖြစ်လိမ့်မည်။
ကောင်းကင်မျက်လုံးသည် ကောင်းကင်နှင့်မြေကြီးကို ကြည့်ရှုနိုင်ပြီး နတ်များ၊ တစ္ဆေများနှင့် နတ်ဆိုးများ၏ မျက်လုံးများသည် ကောင်းကင်မျက်လုံး တာလီမန်ကို ဆွဲယူနိုင်စွမ်းရှိသည်။
ချန်ရှီသည် လီထျန်းချင်ကို ဆွဲထုတ်လုဆဲဆဲအချိန်တွင် နတ်ဆိုးဘုရားလောင်းဟာ အသံအချို့ကြောင့် သူသည် တည့်တည့်မတ်မတ် တက်ကာ ရှန်းယန်ရွာဆီသို့ မျှော်ကြည့်လိုက်သည်။
ဗုန်း!
၎င်းက တစ်လှမ်းချင်းလျှောက်ပြီး ရှန်းယန်ရွာဆီသို့ လျှောက်သွားတော့သည်။
ချန်ရှီနဲ့ လီထျန်းချင်တို့ ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း နတ်ဆိုး ဘုရားလောင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သက်ရှိအားလုံး ကြွေရုပ်ဖြစ်ကာ ရှန်းယန်ရွာက ကန့်ညောင်ပင် ကြွေပင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။
နတ်ဆိုးဘုရားလောင်းသည် ရွာထဲသို့ဝင်၍ လမ်းဘေး၌ လှုပ်ရှားသွားလာနေသည်။ ထို့နောက် သတိရသွားပုံဖြင့် ချန်ရှီတို့ ပုန်းအောင်းရာသို့ ပြန်ကြွသွားကာ တောင်ပေါ်တောအုပ်ကို စစ်ကြည့်လေသည်။ အတွင်း၌ မူမမှန်မှုကို မတွေ့ခဲ့ရပေ။
အကွာအဝေး တစ်ခုအတွင်း၌ ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်တို့သည် ကြောက်ရွံ့မှုနှင့်အတူ ရပ်သွားကြသည်။ ဤနတ်ဆိုးဘုရားလောင်းက အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေနေတာပဲ ဖြစ်သည်။
ရွာထဲမှာ ပုန်းနေတာက မလုံခြုံတော့ဘူး။
"သူက သက်ရှိသတ္တဝါအားလုံးကို တစ်ရှိန်ထိုးဖမ်းပြီး ကြွေရုပ် ဖြစ်သွားစေချင်တာ!"