အစ်မကြီးက လာလည်တယ်
Vol. 4 Ch. 58
ချန်ရှီ တစ်ညလုံး မအိပ်နိုင်ပေ။ အလင်းသုံးပါးကျင့်စဥ်ကို လေ့ကျင့်ရင်း ကြယ်ခုနစ်လုံးပေါ် ပြေးလွှားနေရသည်။ လီထျန်းချင်သည် သူတစ်ယောက်တည်း အလွန်အမင်း ပင်ပန်းစွာ ကြိုးစာနေတာကို မြင်သော်လည်း လိုက်မလုပ်နိုင်ရာ မနေနိုင်တော့ချေ။ အလွန်ပင် မောပန်းသွားတာကြောင့် အိပ်ရာသို့သာ ပြန်သွားခဲ့သည်။
ချန်ရှီ မရပ်မနား လေ့ကျင့်နေသော်လည်း စိမ်းပြာရောင် တစ္ဆေလက်သည်းက သူ့နှလုံးကို တင်းတင်းကျပ်ကျပ် ညှစ်ထားဆဲပင်။ ကံကောင်းထောက်မစွာနဲ့ လူဆယ့်နှစ်ယောက်ကို သတ်ပြီးနောက် တစ္ဆေလက်သည်းက ညဘက်တွင် တိုက်ခိုက်တော့မည်ကို သိလိုက်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
အခုဆိုရင် ချန်ရှီဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံနိုင်ရည်ရှိနေပါပြီ။ လေ့ကျင့်မှု လုပ်ပြီး နောက်ဆုံးမှာတော့ ဒီရောဂါလှိုင်းကို ဖြတ်ကျော်နိုင်ခဲ့ပါ၏။ ထိုမှပင် သူသည် အိပ်ပျော်တော့သည်။
ခွေးဟောင်သည့် အချိန်၌ မှော်ဆန်သော အသွင်ပြောင်းမှု ပဉ္စမနေ့၏ နံနက်ခင်း ဖြစ်နေပြီ။
ချန်ရှီနဲ့ လီထျန်းချင်တို့သည် နတ်ဆိုးအသွင်ပြောင်းခြင်း၏ အစောပိုင်းအဆင့်များတွင် တတ်နိုင်သမျှ အစာကို စုဆောင်းခဲ့ကြ၏။ မဟုတ်ပါက နတ်ဆိုးအသွင်ပြောင်းမှု ပိုမိုနက်နဲလာသည်နှင့်အမျှ ဝိညာဥ်သားရဲများကလည်း ကြွေရုပ်တွေ ဖြစ်ကုန်ကာ သူတို့အတွက် အဆင်ပြေတော့မည် မဟုတ်ပေ။
အစောပိုင်းအဆင့်မှာ အစာ မစုဆောင်းနိုင်ရင် နောက်ပိုင်းမှာ အစာငတ်ပြီး သေဆုံးနိုင်သည်။ ယနေ့ အမဲလိုက်စဥ် ချန်ရှီသည် ယခင်က သူ အမဲလိုက်ဖူးသည့် အရွယ်အစားနှင့် တူညီသော ဖုန်းရှီးဝက်တစ်ကောင်ကို တွေ့လိုက်ရသည်။ ကံမကောင်းစွာပဲ ဖုန်းရှီးသည် ၎င်းတို့နှစ်ဦးနှင့် ခွေးတစ်ကောင်ကို မြင်သောအခါ အမြှီးတောင်မမြင်ရအောင် ထွက်ပြေးသွားခဲ့သည်။
သူတို့သည် ဝိညာဥ်ကုလားအုတ် တစ်ကောင်ကိုသာ အမဲလိုက်နိုင်ခဲ့ကြသည်။ ဒီဝိညာဥ်သားရဲက ကြီးကြီးမားမားတော့ မဟုတ်ချေ။ သာမန် ဝိညာဥ် သမင်တစ်ကောင်၏ အရွယ်အစားနှင့် အလေးချိန် ကျင်တစ်ရာကျော်သာရှိသည်။
ရွာကိုပြန်တဲ့လမ်းမှာ သူတို့နှစ်ယောက်နဲ့ ခွေးတစ်ကောင်သာ ရွာတော်တော်များများကို ဖြတ်သွားတော့ အဲဒီရွာက လူတွေအားလုံး ကြွေရုပ်ဖြစ်သွားတာကို တွေ့လိုက်ရပြီး ကန့်ညောင်တောင် အသွင်ပြောင်းသွားပြီ။ ဒီနေရာကို ဖြတ်သွားခဲ့တဲ့ ရှဲ့ ဘုရားလောင်း လက်ချက်ပဲ ဆိုတာ သေချာ၏။
"ဒီအတိုင်းဆက်သွားရင် ဟွမ်ဖောရွာကလည်း ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
နှစ်ယောက်သား နှလုံးသားတွေ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူတို့ ဟွမ်ဖောရွာကို ရောက်တဲ့အခါ အဖွားယွိက ချန်ရှီဆီကို အလျင်အမြန် ချဉ်းကပ်လာလေသည်။
"မင်းတို့ မိသားစုဆီကို တစ်ယောက်ယောက် လာလည်တယ်!"
ချန်ရှီ ဝမ်းသာသွားသည်။
"အဖိုး ပြန်လာပြီလား"
အဘွားက ခေါင်းယမ်းပြီး။
"သူမက မိန်းကလေး အရမ်းချောတယ်"
ချန်ရှီ အံ့ဩသွားသည်။ မိန်းကလေး တစ်ယောက်တဲ့လား။ သူ့အဖိုးက သူ့အတွက် ချွေးမတစ်ယောက် ဝယ်ပေးလိုက်တာ ဖြစ်နိုင်ပါ့မလား။
ချန်ရှီ: "ငါ ကြီးလာပြီလား? ငါဘာလို့ မသိလိုက်ပါလိမ့်??"
လီထျန်းချင်လည်း သူ့နောက်ကို အလျင်စလို လိုက်သွားသည်။ သူလည်း အလွန် စပ်စုပြီး ဒီချောမောတဲ့ မိန်းကလေးကို တွေ့ချင်နေ၏။ မိန်းကလေးဟာ ချန်ရှီအိမ်ထဲသို့မ၀င်ဘဲ အိမ်ရှေ့ရှိ သစ်ပင်အောက်တွင်ထိုင်ကာ အနီရောင်တောက်တောက် ခပ်ပါးပါးအင်္ကျီကို အစိမ်းရောင်ပန်းပွင့်များဖြင့် ဝတ်ဆင်ထားသည်။ နားရွက်နောက်တွင် ချည်နှောင်ထားသော ကျစ်ဆံမြီးများလည်း ရှိသည်။
ရတနာအချို့ကို ဖုံးကွယ်ထားသကဲ့သို့ သူမ ရင်ဘတ်က ဖောင်းကားနေသည်။ မိန်းကလေးက အရမ်းဖျားနေပုံရပြီး ရွာသူရွာသားတွေက သူမကို သနားကြသဖြင့် အသားစွပ်ပြုတ် တစ်ပန်းကန်တောင် ချက်ပေးကြသေးသည်။ သို့သော် ချန်ရှီမှာ ထိုလှပသော မိန်းကလေးကိုမြင်သောအခါ စကားမပြောဘဲ လှည့်ထွက်သွားခဲ့သည်။
လီထျန်းချင်: "ရှောင်ရှီ မင်းအိမ်မပြန်ဘူးလား"
"အိမ်လား... ဘာအိမ်လဲ အဲဒါ ငါ့အိမ်မဟုတ်ဘူး! နေရာမှားသွားတာ...ငါ့အိမ်က ရွာရဲ့တစ်ဖက်မှာ"
ဟေးကော်ကလည်း အမှန်တကယ် လမ်းမှားသွားပြီဟု ဆိုရသကဲ့သို့ အလွန်လေးနက်သော အမူအရာဖြင့် နှစ်ကြိမ် ဟောင်ပြခဲ့သည်။ သူက လမ်းပျောက်သွားသော သခင်လေးကို ရွာ၏ အခြားတစ်ဖက်သို့ ပို့ဆောင်ရန် ကြံရွယ်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။
မိန်းကလေးက သူတို့ကို ပြုံးပြုံးလေးကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
"ဆက်သွားပါ....သွားရင် မင်းသေလိမ့်မယ်"
ချန်ရှီ လှည့်ကြည့်ကာ သူ့မျက်နှာပေါ်တွင် ပြုံးလျက် အနည်းငယ် အံ့သြသွားပုံဖြင့် ဆိုလိုက်သည်။
"ဟေး ဒါ ငါ့အိမ်ပဲ မဟုတ်ဘူးလား... ငါ့မှတ်ဥာဏ်ကို ကြည့်စမ်း... ငါ ငယ်ငယ်ကတည်းက သတိလစ်သွားခဲ့တော့ ခဏခဏ မေ့တတ်နေတာ...ဟေးကော် ဘာဖြစ်လို့လဲ မင်းရော လမ်းပျောက်နေတာလား"
ဟေးကော်သည် မြေပြင်ပေါ်တွင် ထိုင်ကာ ခေါင်းငိုက်စိုက်ချရင်း သူ့အိမ်လိပ်စာကို ဘာကြောင့် အမှတ်မှားရသလဲဟု ညည်းညူနေပုံရသည်။ မိန်းကလေးက ရယ်ပြီး အသားစွပ်ပြုတ်သောက်ရင်း သူတို့ရဲ့ ဖျော်ဖြေမှုကို မျက်စောင်းထိုးလေသည်။
ချန်ရှီ သူ့တံခါးဆီသို့ လျှောက်သွားကာ ရုတ်တရက် သူမကို ပထမဆုံးအကြိမ်တွေ့လိုက်ရသလို ရုတ်တရက် နှုတ်ဆက်လိုက်သည်။
"လူကြီးမင်းကျင်းလား.... လတ်စသတ်တော့ လူကြီးမင်းကျင်းကိုး...ကျွန်တော်က ရှောင်ချန်ပါ... လူကြီးမင်း မေ့သွားပြီလား ဝူဝမ့်မြို့မှာ ကျွန်တော်တို့ တွေ့ခဲ့ဖူးတယ်လေ...“
သူက သိသိသာသာ စိတ်လှုပ်ရှားနေပြီး "လူကြီးမင်းကျင်း... အဲဒီအချိန်က စားပွဲမှာ လက်ဖက်ရည် သောက်နေရမှာလေ... ထျန်းချင် လာ၊ လာ၊ ဒါက နတ်ယန္တရားစခန်းက ဆရာမကြီး ကျင်းဟုန်ရိပဲ... ဟေးကော် လာ လူကြီးမင်းကျင်းကို နှုတ်ဆက်လိုက်ဦး... လူကြီးမင်းက ဒီနေ့ ပိုတောင် လှနေသလိုပဲ!”
သူက စကားပြောနေစဉ်တွင် သူ့ကိုယ်သူတော့ နောက်ပြန်ဆုတ်ကာ လီထျန်းချင်နဲ့ ဟေးကော်ကို ခြံဝင်းထဲသို့ ညှစ်ထုတ်လိုက်ပြီး တံခါးကိုပိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ ထိတ်လန့်တကြား အမူအရာများဖြင့် အစားထိုးသွားသည်။
လီထျန်းချင်လည်း ထိတ်လန့်တကြားနဲ့ တံခါးကို မကြည့်ဘဲ ထောင့်ကို ကြည့်လိုက်သည်။ ထောင့်မှာ ရပ်နေတာက လူတစ်ယောက်လောက် မြင့်တဲ့ အမြောက်ကြီးပင်။ ဟေးကော်ကလည်း သူ့ခွေးဂေဟာကို ဖုံးကွယ်ရန် အရာများကို ရှာဖွေနေသည်။ အကြောင်းမှာ ၎င်း၏ ဂေဟာထဲတွင် အနက်ရောင် သံပြားများဖြင့် ပြည့်နေလို့ပါပဲ။
ဝုန်း!
တံခါးကို တွန်းဖွင့်လိုက်သော ကျင်းဟုန်ရိသည် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားပြီး ဖိနပ်ကို ကန်ထုတ်ရင်း မျက်နှာမကောင်းပေ။ သူမက ချန်မိသားစုခြံဆီသို့ လျှောက်သွားကာ ထောင့်ရှိ ဟုန်ယီအမြောက်ကို ကြည့်လိုက်သည်။ ခွေးအိမ်ရှိ အနက်ရောင် သံကျည်ဆန်များကလည်း အဆုံးမသတ်နိုင်သေး။
ချန်ရှီမျက်နှာက အရောင်ဖျော့သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ထျန်းချင်... ဟုန်ယီအမြောက်ကို ခိုးယူပြီး ကျည်ဆံတွေကို ဖွက်ထားရင် ပြစ်မှုက ဘာလဲ"
ကျင်းဟုန်ရိက လီထျန်းချင်ရဲ့ အဖြေကို စောင့်မနေဘဲ ဝင်ဖြေပေးလိုက်သည်။
"ယိကျိုမျိုးနွယ်လို သီးသန့် သေနတ်မှုန့် ထုတ်လုပ်မှုနဲ့ တရားစွဲခံရပြီး တစ်ရွာလုံး ကွပ်မျက်ခံရမှာ .... လူပြန်ဝင်စားပြီး ဘဝသစ်ကို စတင်လို့ ရသွားတာပေါ့!"
သူမက ပြောပြီးနောက် မျက်လုံးကို မှိတ်ထားရင်း မျက်နှာပေါ်က မှုန်ကုပ်ကုပ် အမူအရာလေး ပျောက်သွားပြီး။
"ဒါပေမဲ့ ငါက စိတ်မဆိုးပါဘူး ငါနဲ့ ဆွေးနွေးဖို့က လွယ်ပါတယ် အသားနည်းနည်း စားနိုင်ရင် ဒီကိစ္စကို မေ့ထားပေးလိုက်မယ်...ငါအခု အရမ်းဗိုက်ဆာနေတယ်!"
သူမသည် အသားစွပ်ပြုတ်ကို အလုံးကြီးတစ်လုံးသောက်ပြီး အသားစွပ်ပြုတ် တစ်ပန်းကန်ကို အမြန်ပြီးသွားကာ သူမမျက်နှာမှာ ဟင်းဖတ်တွေတောင် ပေကျံနေသေး၏။ မကောင်းဆိုးဝါး ဘုရားလောင်းနှင့် တိုက်ပွဲအပြီးတွင် သူမသည် ဒဏ်ရာ အပြင်းအထန်ရကာ ပြန်ကောင်းလာရန် ဖန်းတျန်ရွာတွင် ပုန်းနေခဲ့သည်။
ဖန်းတျန်ရွာမှာက နေ့တိုင်း အမဲလိုက်နိုင်တဲ့ ချန်ရှီနဲ့ လီထျန်းချင်လိုမျိုး လူတွေ မရှိတော့ ဖန်းတျန်ရွာက လူတွေဟာ သူတို့ကိုယ်သူတို့တောင် ကျွေးမွေးဖို့ ခက်ခဲလာတဲ့အတွက် ကျင်းဟုန်ရိလည်း အစာငတ်ရုံပဲ ရှိတော့သည်။
မထင်မှတ်ပဲ သူမဒဏ်ရာတွေ တည်ငြိမ်သွားသည်နှင့် တပြိုင်နက် နတ်ဆိုးဘုရားလောင်းသည် သူမကို ရှာလာကာ ဖန်းတျန်ရွာရဲ့ ကန့်ညောင် အပါအဝင် လူတိုင်းသည် ကြွေရုပ်တွေ ဖြစ်သွားကြသည်။ ကံကောင်းထောက်မစွာပဲ သူမ အမြန်လွတ်မြောက်ခဲ့၏။
သို့သော်လည်း နတ်ဆိုးဘုရားလောင်းသည် နေရာတိုင်းတွင် သက်ရှိသတ္တဝါတို့ကို ရှာဖွေနေသည်။ တွေ့တာတဲ့ ရွာနှင့် ရွာသားများစွာတို့သည် ကြွေရုပ်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ လူတိုင်းက ကြွေရုပ်များအဖြစ်သို့ ပြောင်းလဲသွားပြီးတာနဲ့ မလှုပ်မယှက် ဖြစ်သွားကြသည်။
ချန်ရှီက သူမဒီမှာ အစားအစာ တောင်းနေတာကို ကြားတော့ ပိုရဲရင့်လာသည်။
"ကျင်းလေး ဖြစ်သွားတာကိုး... ကျင်းလေး ခင်ဗျား ဒီနေ့ ကောင်းကောင်း မနေခဲ့ရဘူးဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ ဟွမ်ဖောရွာက ငပျင်းတွေကို မထောက်ပံ့ဘူး ခင်ဗျား ဒီမှာစားချင်ရင် ခင်ဗျားဘာလုပ်တတ်လဲ ပြောပြပေး!"
သူက ကျင်းဟုန်ရိကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။ သို့သော် ကျင်းဟုန်ရိက သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့သာ ပြန်ကြည့်ပြီး။
"ငါက အသက်တော်တော် ရှည်တယ်... ကောင်စုတ်လေး ငါ့အတွက် မြန်မြန် ထမင်းသွားချက်စမ်း! မဟုတ်ရင် မင်းတို့ နှစ်ယောက်လုံးကို စားပစ်မယ်!"
ချန်ရှီ တုံ့ပြန်ပြီး ဟင်းချက်ဖို့အတွက်၊ အသားညှပ်ဖို့ အတွက် ပြေးထွက်သွားခဲ့သည်။ လီထျန်းချင်လည်း သူ့ဘေးနားသို့ လျင်မြန်စွာ ရောက်လာစဥ် ချန်ရှီက လှုပ်ရှားတော့မလို ဓားကို ကောက်ကိုင်ထားသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ သို့သော် ချန်ရှီက အသားတစ်ပိုင်းကို လှီးဖြတ်ပြီး အမှန်တကယ် စတင် ချက်ပြုတ်နေခဲ့သည်။
"ရှောင်ရှီ... မင်း သူ့ကို ဓားနဲ့ သတ်ဖို့ ကြံနေတာတော့ မဟုတ်ဘူးလား "
လီထျန်းချင် အံ့သြသွားသည်။ ချန်ရှီ အသားတွေကို လှီးပြီး ခဏကြာတဲ့အထိ ရေဆေးနေရင်း ခေါင်းခါပြသည်။
"ငါက လူဆိုးမှ မဟုတ်တာ... ဘယ်လိုတိုက်ပြီး သတ်ရမလဲ"
လီထျန်းချင်သည် ဒီချန်ရှီက သူနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတုန်းက ချန်ရှီလို ခံစားလိုက်ရပြီး ထပ်မေးလိုက်၏။
"မင်း မင်းရဲ့အသားဟင်းထဲ အဆိပ်ခတ်ဖို့ စီစဉ်နေတာလား!"
ချန်ရှီ ခေါင်းယမ်းလိုက်ပြီး "ကျင်းဟုန်ရိလို လူတွေက ဒဏ်ရာ အပြင်းအထန်ရလို့ မြေပြင်ပေါ်လဲကျသွားရင်တောင် လုံးဝ မသေသေးသရွေ့ သူ့ကို သွားမသတ်သင့်ဘူး..."
လီထျန်းချင် အံ့သြသွားသည်။
ကျင်းဟုန်ရိဟာ ရှောင်ဝမ်စွင်းကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့် သန်မာသော လူဖြစ်သည်။ ရှောင်ဝမ်စွင်းတောင် ပြင်းထန်စွာ ဒဏ်ရာရပြီး မြေပြင်ပေါ်တွင် သတိလစ်သွားခဲ့သည်။ သူ၏ခါးမှ ခပ်ပါးပါး ဓားတိုနှင့် ဓားရှည်များက သူ့ကို အကာအကွယ်ပေးခဲ့သည်။
ထိရင် သေလိမ့်မယ်။
ကျင်းဟုန်ရိက ဒဏ်ရာများသည် ပြင်းထန်သော်လည်း သူမသည် ထိုအချိန်က ရှောင်ဝမ်စွင်း ရခဲ့သော ဒဏ်ရာများထက် များစွာပိုမိုပေါ့ပါးနေသေးသောကြောင့် ချန်ရှီ သတ္တိရှိသော်လည်း မလှုပ်ရှားဝံ့ပေ။
"မောင်လေးက ထက်မြက်တဲ့လူပဲ"
ကျင်းဟုန်ရိက ညစာစားပွဲမှာ ထိုင်ရင်း ခွေးခေါင်းကို ပွတ်ကာ ရယ်မောလိုက်သည်။ ဟေးကော်သည် သူမခြေရင်း၌ ထိုချထားသောကြောင့် အလွန်အသုံးဝင်သည်။
ချန်ရှီက ဝက်နံရိုးပြုတ်၊ အသားကို ကြော်၊ အရွတ်တွေကို ပြုတ်ပြီး အသားလုံးစွပ်ပြုတ် တစ်စိတ်တစ်ပိုင်းကို ချက်ပြုတ်ပြီး တည်ခင်းလိုက်သည်။ ကျင်းဟုန်ရိမှာ ဗိုက်ဆာလွန်းလို့ ရင်ဘတ်ကို စားပွဲမှာဖိပြီး ချန်ရှီ မူလက လူသုံးယောက်အတွက် လုပ်ထားသော ဟင်းခွက်အားလုံးကို သူတစ်ယောက်တည်း စားပစ်ခဲ့သည်။
ချန်ရှီ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။
ကျင်းဟုန်ရိ: "ချန်ရှီ မင်းရွာက ကြာကြာ မခံတော့ဘူး... မကောင်းဆိုးဝါး ဘုရားလောင်း ငါတို့ကို ဒီမှာမတွေ့ခင် အချိန်ခဏပဲ ရှိတော့တာ...ငါတို့ တတ်နိုင်သမျှ မြန်မြန် ရွှေ့ရမယ်"
ချန်ရှီ ခေါင်းယမ်းပြီး "ကျွန်တော်တို့ရွာက လူတွေကရော... ကျွန်တော်တို့ထွက်သွားပြီးရင် သူတို့ ငတ်သေကုန်လိမ့်မယ်"
ကျင်းဟုန်ရိက သူမခေါင်းကို ခါလိုက်သည်။
"သူတို့ ငတ်သေမှာ မဟုတ်ဘူး... ဝိညာဉ်သားရဲ အသားနဲ့ ထူးခြားဆန်းပြားတဲ့ တိရိစ္ဆာန်အသားတွေ မရှိရင် မကြာခင်မှာပဲ ကြွေဖြစ်သွားလိမ့်မယ်... အခုအချိန်အထိ သူတို့ ဆက်ရှိနေနိုင်ရခြင်း အကြောင်းရင်းက ဒီရက်ပိုင်းမှာ မင်း သူတို့ကို ဝိညာဉ်သားရဲတွေရဲ့ အသား ပေးထားတာမလို့ပဲ... ဒါပေမဲ့ မင်းတို့ လူနှစ်ယောက်နဲ့ တစ်ရွာလုံးကို ဘယ်လောက်ကြာကြာ ကျွေးနိုင်မှာလဲ?"
သူမ ခေတ္တရပ်ပြီး အိုးမည်းရဲ့ ခွေးခေါင်းကို ကိုင်လိုက်သည်။
"ဒီခွေးကို မင်းတို့နဲ့အတူ ယူသွားလိုက်ပါ... ဘာမှမစားရရင် ခွေးသားစားလို့ ရသေးတယ်"
ဟေးကော် ချက်ချင်းထရပ်ပြီး သူမဘေးမှာ ထပ်မထိုင်တော့ချေ။
ကျင်းဟုန်ရိ အံ့အားသင့်သွားကာ : "ဒီခွေးက လူ့စကားပြောတာကို တကယ် နားလည်နိုင်တယ်ပေါ့!"
လီထျန်းချင်က အေးစက်စွာ ပြောသည်။
"လူကြီးမင်းကျင်း... ခွေးသားစားပြီးရင် ခင်ဗျား လူကိုလည်း စားနိုင်တယ် မဟုတ်လား ခင်ဗျားသာ ကလေးနှစ်ယောက်ကို ခေါ်သွားရင် သူတို့ခင်ဗျားဒဏ်ကို မခံနိုင်လောက်ဘူး "
ကျင်းဟုန်ရိက ပြုံးလေသည်။
"ဒီမောင်လေးက တော်တော့်ကို ဉာဏ်ကောင်းတာပဲ ငါမင်းတို့ကို အခုကစပြီး စားလိုက်မယ်"
ချန်ရှီ ကမန်းကတမ်း ပြုံးကာ: "အစ်မကြီး ကျွန်တော်တို့က ငယ်ပါသေးတယ် အရသာက စားလို့မကောင်းဘူး ကြီးလာမှ စားရင်ရော??"
ကျင်းဟုန်ရိ: "ကောင်းလေးနှစ်ယောက်...ဟားဟား ချစ်စရာကောင်းလိုက်တာ။ မင်းတို့ ကြီးလာရင် ဒီအစ်မကြီးက မင်းတို့ကိုစားဖို့ တခြားနည်းလမ်း ရှာရလိမ့်မယ်"
ချန်ရှီ နားမလည်သလို ဖြစ်နေသည်။ ဒီမိန်းမက သူတို့နှစ်ယောက်လုံးကို တကယ် စားချင်နေတာလို့ ထင်တဲ့အတွက် မီးဖိုချောင်သုံးဓားကို တိတ်တဆိတ် ကောက်ကိုင်လိုက်ပြီး သူ့လက်ထဲမှာ ဝှက်ထားလိုက်သည်။
ကျင်းဟုန်ရိက သိနေသလိုဖြင့် ပြုံးလိုက်သည်။
"ဓားကိုချလိုက်ပါ မင်းထင်တဲ့ အစားအစာမျိုး မဟုတ်ဘူး"
သူမ သတိပြုမိသွားသည်နှင့် ချန်ရှီလည်း မီးဖိုချောင်သုံးဓားကို စိတ်မပါလက်မပါဖြင့် ချလိုက်ပြီး "ဘာစားစရာအကြောင်း ပြောနေတာလဲ" ဟု ပြောလေသည်။
ကျင်းဟုန်ရိသည် အပြစ်ကင်းသော သူတို့မျက်လုံးများကို ကြည့်လိုက်ရာ သူ့ကိုယ်သူ၏ အတွေးများဖြင့် ရှက်စိတ်ဖြင့် နီရဲလာကာ တံတွေးထွေးကာ တံခါးအပြင်ဘက်ရောက်မှ လှည့်ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက် ထမင်းအရင်စားကြ... ဒီအစ်မကြီးက အချိန်ပေးမယ်... မင်းတို့ ဒီရွာသားတွေကို နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီ... ဒီအစ်မကြီးက လူမဆန်တာတော့ မင်းတို့ ပေးခဲ့တဲ့ ဝိညာဉ်သားတွေကို မလိုချင်ပါဘူး... မင်းသူတို့ကို အသက်နည်းနည်း ရှည်အောင် ထားနိုင်လိမ့်မယ်.... ပေးလိုက်"
ချန်ရှီ ဟင်းချက်ရင်း အလုပ်ရှုပ်နေသည်။ လီထျန်းချင်က အိုးရှေ့မှာထိုင်ပြီး ချန်ရှီ ချက်ပြုတ်နေတာကို မီးထိုးပေးနေ၏။
“ဒီအစ်မကျင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်နော်....အမေလို အမူအရာလုပ်ပြပြီး တစ်ခါ ငါ့အဒေါ်လို ဖြစ်သွားပြန်ရော...ငါတို့ကိုတောင် စားချင်နေသေးတယ်... ငါတို့က ငယ်သေးလို့ ငါတို့ ကြီးလာရင် ငါတို့ကိုစားမယ် ဆိုပြီး ပြောပြန်တယ်... အဘိုးပြောခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး... မိန်းမတွေက အပြောင်းအလဲ မြန်တယ်..."
ချန်ရှီ ခဏလောက် စဉ်းစားပြီး "သူမက အထီးကျန်နေတာ ဖြစ်မယ်... သူမတစ်ယောက်တည်း အကြာကြီး နေခဲ့ရတော့ ဦးနှောက်က ထူးဆန်းနေတာနေမှာ..."
ကျင်းဟုန်ရိက အပြင်ကနေ လှမ်းပြောသည်။
"ငါကြားတယ်နော်.... မင်းကလေးနှစ်ယောက်က ငါ အနောက်ကနေ မင်းတို့နားရွက်ကို ဝါးပြီး မင်းတို့ပါးစပ်ကို ဖြဲစားရမလား"
ချန်ရှီက သူ့အသံကို လျှော့ပြီး "ကြည့်... စိတ်က ဆိုးပြန်ပြီ"
လီထျန်းချင်: "ငါ့အဖိုးကတော့ လက်ထပ်လိုက်ရင် အဆင်ပြေလိမ့်မယ်လို့ ပြောဖူးတယ်"
"ငါဝင်ပြီး မင်းတို့နှစ်ယောက်ကို ရိုက်ပေးရမလား!"
ကျင်းဟုန်ရိ ဒေါသတကြီး အော်ပြောလိုက်သည်။
ညစာစားပြီးနောက် ချန်ရှီသည် အိုးများနှင့် ပန်းကန်များကို ဆေးကြောပြီး သူ့အဖိုးအတွက် စာတစ်စောင် ထားခဲ့လိုက်သည်။ အဘိုး ဒီရက်ပိုင်း ပြန်မလာသေးပေမယ့် သူ့ကို အကြာကြီး ပစ်ထားမှာ မဟုတ်ဘူး။ သေချာပေါက် ပြန်လာမယ်လို့ အခိုင်အမာ ယုံကြည်သည်။
"ကျွန်တော် ကန့်ညောင်ကို အမွှေးတိုင်တွေ ပူဇော်ချင်သေးတယ်"
ကျင်းဟုန်ရိ ဒေါသတကြီးနဲ့ "များလိုက်တဲ့ ကိစ္စတွေ! အတူတူသွားမယ်"
ချန်ရှီရဲ့ ကန့်ညောင်က ရွာရှိ မြင့်မြတ်သောသစ်ပင်ဖြစ်မယ်လို့ မူလက သူမ ထင်ခဲ့သော်လည်း သူတို့ရွာမှ ထွက်သွားရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"အစ်ကိုရှောင်ရှီ ထွက်သွားတော့မှာလား"
ယွိကျူက မျက်လုံးကြီးတွေကို မှိတ်ပြီး သူတို့ကို လှမ်းကြည့်သည်။
ချန်ရှီ ခေါင်းညိတ်ပြီး "မင်းတို့အတွက် အသားက ဆယ်ရက်လောက်တော့ လုံလောက်လိမ့်မယ်... အဲဒါကို မလျှော့စားနဲ့ မင်းစားချင်သလောက်စား ငါပြန်လာပြီး ခဏနေရင် ထပ်ပေးဦးမယ်။"
ယွိကျူက စိတ်ရှုပ်နေပေမယ့် သူမလက်လေးကို ဝှေ့ယမ်းကာ ချန်ရှီ ရွာထဲက ထွက်သွားတာကို ကြည့်နေခဲ့သည်။
"အဖွား ရှောင်ရှီက ထွက်သွားတော့မယ်တဲ့"
အဘွားအိုသည် တုတ်ကောက်တစ်ချောင်းကို မှီလျက် ချန်ရှီ ထွက်သွားတာကို ကြည့်နေသည်။ သူမက ချန်ရှီ နေခဲ့ပါလို့ မတားခဲ့ပေ။ ဟွမ်ဖောရွာရဲ့ လမ်းတွေပေါ်မှာလည်း အိမ်တိုင်းကလူတွေက ထွက်လာကြပြီး ချန်ရှီ ထွက်ခွာမယ့် လမ်းကြောင်းကို ကြည့်နေသည်။ သူ့ကိုနေဖို့ စကားမပြောဘဲ ရွာထဲက ထွက်သွားတာကိုသာ စောင့်ကြည့်ခဲ့ကြပါ၏။
"သူက ငါတို့ကို ပြုစုနေတာ ကြာပြီ... သူ့ကို မနေခိုင်းနဲ့ သူ့ကို ထိန်းထားရင် သူပဲ ထိခိုက်လိမ့်မယ်"
အဘွားယွိက ပြောသည်။
ချန်ရှီသည် ကျင်းဟုန်ရိ၊ လီထျန်းချင်နဲ့ ဟေးကော်တို့ကို လျှောစောက်ဆီသို့ ခေါ်ဆောင်သွားသောအခါတွင် ကျင်းဟုန်ရိ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားကာ အလျင်စလို ရပ်လိုက်ပြီး ကုန်းစောင်းကို အံ့သြစွာ ကြည့်လိုက်သည်။
ချန်ရှီ လှည့်ကြည့်ကာ အံ့အားသင့်သွားသည်။
"အစ်မကြီးကျင်း... မလာဘူးလား"
ကျင်းဟုန်ရိ နဖူးတွင် ချွေးသီးလုံးကြီးများဖြင့် ဖုံးလွှမ်းနေပြီ။ သူမ လီထျန်းချင်ကို ကြည့်လိုက်တော့ လီထျန်းချင်ကလည်း တောင်စောင်းပေါ်သို့ တက်သွားတာ တွေ့လိုက်ရပြီး ခွေးနက်ကတောင် တောင်ကုန်းပေါ်သို့ တက်သွားကာ ထူးခြားမှု မရှိပေ။
သူမ ခြေထောက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးက လှည့်လာပြီး သူမခြေရင်းအောက်တွင် ကွက်လပ်တစ်ခု ရှိနေပြီး ကြီးကျယ်ခမ်းနားသော အဝါရောင် ကောင်းကင်ကြီးက သူမအပေါ်ကို ငုံ့ကြည့်နေသလို ခံစားလာရလေသည်။
သူမ ချွေးတွေ တစ်စက်စက် ကျလာသည်။
တက်လိုက်ရင် သေသွားနိုင်၏။
"ဒီလျှောစောက်က ထူးဆန်းတယ်... အရမ်းထူးဆန်းတာကြီး ရှိတယ်!"