← Chapters

မန်ထာ့က အသက်ရှင်ကျန်ရစ်သူ

Vol. 4 Ch. 59

မန်ထာ့က အသက်ရှင်ကျန်ရစ်သူ

Vol. 4 Ch. 59

လီထျန်းချင်: "မိန်းမလှလေးတွေက တကယ်ကို ထူးဆန်းတာပဲ"

ချန်ရှီ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး: "ငါလည်း သူမကို တက်လာဖို့ ပြောတာပဲ... သူ့ဘာသာ ချွေးတွေ တစိမ့်စိမ့်နဲ့ ထွက်ကျပြီး ခယိုခရိုင် ဖြစ်နေတာ...အပေါ်တက်မလာချင်ဘူး အောက်မှာ နေနေရတာ ကြိုက်ပုံပဲ"

လီထျန်းချင်ကလည်း ဒီလိုပဲ ခံစားရတာကြောင့် ခေါင်းညိတ်လေသည်။

"ငါက ဆယ့်နှစ်နှစ်လောက် အသက်ရှင်ပြီးပြီ... မိန်းမတွေ ဘယ်လို​တွေးလဲ နားမလည်သေးဘူး"

ချန်ရှီ ခေါင်းညိတ်ပြီး "ငါက ဆယ့်တစ်နှစ်ရှိပြီ ငါလည်း မိန်းမတွေကို နားမလည်ဘူး"

နှစ်ယောက်သား သက်ပြင်း​တွေချကာ မိန်းမတွေအကြောင်း နားလည်သော နေရာသည် သူတို့အတွက် လုံးဝမသိသော နယ်မြေတစ်ခုဟုသာ ခံစားလိုက်ရသည်။

"ကောင်စုတ်လေး နှစ်ယောက် မိန်းမတစ်ယောက်ရဲ့လက်ကိုတောင် မကိုင်ဖူးဘဲနဲ့ မင်းတို့ဘာတွေ တွေးနေတာလဲ"

ကျင်းဟုန်ရိက အောက်ဖက်ကနေ လှမ်းအော်သည်။

လီထျန်းချင်: "ငါ အမေ့လက်ကို ကိုင်ထားဖူးတယ်... သူမက လီမိသားစုမှာ အဝတ်လျှော်ပေးရတော့ သူ့လက်တွေက အရမ်းကြမ်းတယ်"

ချန်ရှီ: "ယွိကျူရဲ့လက်ကို ကိုင်ဖူးပါတယ် ဒါပေမယ့် ငါ့လောက်​တော့ မ​ကြမ်းဘူး"

သူတို့သည် လည်ပင်းကောက်နေသော အပင်အိုဆီသို့ ရောက်ရှိလာကြပြီး ချန်ရှီက ကျောက်ပြားကန့်ညောင်ကို နံ့သာပေါင်းဖြင့် ပူဇော်လိုက်သည်။

"ကန့်ညောင် ကျွန်တော်ကို ကောင်းချီးပေးပါ... ကျွန်တော်တို့ ဒီမှော်ဆန်တဲ့ အဖြစ်အပျက်ကို ဘေးကင်းစွာ လွတ်မြောက်ကြပါစေ ရွာသူရွာသားတွေလည်း ဘေးကင်းကြပါစေ"

ချန်ရှီ တိုးတိုးလေး ပြောလိုက်သည်။ ကျောက်ပြားပေါ်၌ တိမ်တိုက်များကဲ့သို့ အပြာရောင်အလင်းတန်းတစ်ခု လွင့်မျောသွားသော်လည်း ထိုမှလွဲ၍ အခြားအရာမှာ ထူးထူးခြားခြား မရှိပါ။

လီထျန်းချင် သူ့ရှေ့က ကောက်ကွေးနေတဲ့ မိုးမခပင်ဟောင်းကို ကြည့်ပြီး အတော်လေး အံ့သြသွားသည်။

"ရှောင်ရှီ ရွာအပြင်က တခြားသစ်ပင်တွေက ကြွေပင်တွေ ဖြစ်သွားတယ်... ဒီမိုးမခပင်က ဘာလို့ ကြွေမဖြစ်သွားရတာလဲ"

ချန်ရှီ အံ့ဩသွားပြီး သစ်ပင်အိုးကို ပြန်ကြည့်လိုက်သည်။

မိုးမခပင်အို ကြွေမဖြစ်သွားတာကို သူဟာသူတောင် သတိမထားမိပေ။ ဤနေရာရှိ အရာခပ်သိမ်းကို သေချာကြည့်သောအခါ မိုးမခပင်အိုက ကြွေရုပ်ဖြစ်မည့် အရိပ်အယောင်များ မပြတော့တာ တွေ့လိုက်ရသည်။ စိမ်းလန်းစိုပြေပြီး အရင်ကထက် အများကြီး အရွက်တွေ ထူထပ်လာ၏။

"ဒီမိုးမခပင်က အမွှေးနံ့သာရနံ့ကို စုပ်ယူပြီး သူ့ရဲ့အသွင်အပြင်ကို ထိန်းညှိဖို့ ထူးကဲတဲ့ စွမ်းအားကို အသုံးပြုခဲ့တာ ဖြစ်နိုင်မလား ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့ရဲ့ ဒီပုံပန်းသဏ္ဌာန်ကို ငါ ဘာကြောင့် မတွေ့ခဲ့ရတာပါလိမ့်"

ယခုအချိန်တွင် ကြွေအသွင်ပြောင်းခြင်းကို ခံနိုင်ရည်ရှိသော တောင်များနှင့် ရွာများတွင် ဝိညာဉ်စွမ်းအင် များစွာ ရှိသည်ဟု ဆိုရမည်။ ထို့ကြောင့် ချန်ရှီမှာ အနည်းငယ် အံ့အားသင့်သွားပြီး ၎င်းကို ထပ်၍ မစဉ်းစားဘဲ မနေတော့ပေ။

ယခင်ကတော့ ကျူးရှို့ချိုင်ကို အမွှေးတိုင် တစ်ချောင်းသာ ပူဇော်ခဲ့သော်လည်း အခုက ဟွမ်ဖောရွာကနေ ထွက်ခွာသွားရတော့မှာမလို့ အမွှေးတိုင် ကိုးချောင်းကို ပူဇော်ခဲ့သည်။

ကျူးရှို့ချိုင်: "ရှောင်ရှီ မင်း ဟွမ်ဖောရွာက ထွက်သွား​တော့မှာလား?"

ချန်ရှီ ခေါင်းညိတ်ပြီး "ကျွန်​တော် ထွက်သွားရမယ်... နတ်ဆိုးဘုရားလောင်းက နေရာတကာမှာ အသက်ရှင်နေတဲ့ လူတွေကို လိုက်ရှာနေတာ ခင်ဗျားလည်း ဟွမ်ဖောရွာမှာနေမယ်ဆိုရင် နတ်ဆိုးဘုရားလောင်းရဲ့ ရိုက်နှက်တာကို ခံရလိမ့်မယ်နော်... အပြင်ထွက်ရင်တော့ အသက်ရှင်နိုင်တယ်"

ချန်ရှီ တုံ့ဆိုင်းသွားကာ "ရှို့ချိုင်.... ခင်ဗျား မြေအောက်ကမ္ဘာကို သွားနေမလား... ခင်ဗျား ဒီမှာ ဆွဲထားစရာ မလိုအောင် ဆွဲထားတဲ့ကြိုးကို ဖယ်ပေးရမလား"

တွဲလောင်းကြိုးမပါရင် ကျူးရှို့ချိုင်သည် သူ၏ချုပ်နှောင်မှုကို ဖယ်ရှားပြီး လွတ်လပ်မှုကို ပြန်လည်ရရှိနိုင်သည်။ ကျူးရှို့ချိုင်က သူ့လည်ပင်းကို ကြိုးနဲ့ဆွဲထားပြီး ခေါင်းကို စောင်းလျက် အောက်ငုံ့ကြည့်လိုက်သည်။

"ငရဲပြည်ကိုသွားဖို့ ငါဒီမှာ ကြိုးဆွဲချနေတာလား... ငါက ဒီညစ်ပတ်တဲ့ကမ္ဘာကြီး ဘယ်လောက် ပျက်စီးသွားနိုင်လဲ ဆိုတာ သိရအောင်လို့ မြင့်မြင့်တစ်နေရာကနေ ကြိုးဆွဲချနေတာ... အတိအကျ ပြောရရင် ငါက မင်မင်းဆက်ရဲ့ တောင်တန်းမြစ်တွေက ပုပ်ပွနေတဲ့ အဲဒီလူယုတ်မာတွေရဲ့ လက်ထဲမှာ ဘယ်လို အဆုံးသတ်သွားမလဲ ကြည့်ချင်တာ! ငါဒီကနေဆို ကြိုးဆွဲချနေလည်း မြင်ရတယ်လေ..."

ကျူးရှို့ချိုင်က ကျိန်ဆဲပြီး ဒီလိုထူးထူးဆန်းဆန်းတွေ ပြောနေခဲ့တော့သည်။ ချန်ရှီသည် သူအမြဲတမ်း ရိုင်းစိုင်းနေမှန်း သိသောကြောင့် သူ့ကို စည်းရုံးရန် မကြိုးစားတော့ဘဲ လီထျန်းချင်နှင့်အတူ နိမ့်ပါးသော တောင်စောင်းမှ ဆင်းလာခဲ့သည်။

ဒီတစ်ခါ ကုန်းတက်အဆင်းမှာ ကျင်းဟုန်ရိက ချန်ရှီကို မသိမသာ ရှောင်တိမ်းပြီး ကြောက်ရွံ့တဲ့ အကြည့်နဲ့ ပြန်ကြည့်နေ၏။

"မင်းရဲ့ကန့်ညောင်က ဟိုမှာ ရှိတာလား"

ကျင်းဟုန်ရိ သတိထားပြီး မေးလိုက်တော့ ချန်ရှီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

"ရှောင်ရှီက အရမ်းမိုက်တာပဲ ဟားဟား!"

ကျင်းဟုန်ရိက ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

"ရှောင်ရှီရဲ့ ကန့်ညောင်ကို မိတ်ဆက်ပေးလို့ရမလား"

ချန်ရှီ အံ့သြသွားသည်။ ပထမတော့ သူမ မာနကြီးပြနေ၏။ အခုဘာကြောင့် တစ်ဖက်သားကို လေးလေးစားစား ဆက်ဆံပြနေပြန်လဲ နားမလည်ခဲ့ပါ။

"ကျွန်တော့်ကန့်ညောင်က ဟိုမှာရှိနေတယ်...ခင်ဗျား တွေ့ချင်ရင် အဲဒီကိုတက်သွားလိုက်..."

ကျင်းဟုန်ရိ တောင်စောင်းပေါ်သို့ မတက်ဝံ့ပေ။ သူမက ဤတောင်စောင်းကို ကြောက်လန့်နေပုံရသည်။

"ရှောင်ရှီရဲ့ ကန့်ညောင်က အံ့သြစရာ ကောင်းလိုက်တာ ဟားဟား...."

ချန်ရှီမှာ ဒီအမျိုးသမီး ဘာကြောင့် ရယ်နေမှန်းမသိတာကြောင့် သူ့ကို လျစ်လျူရှုလိုက်သည်။ ခဏအကြာတွင် ကျင်းဟုန်ရိသည် တောင်တက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ချန်ယန်တောင်သို့ လျှောက်သွားလေ၏။

"ငါ့နောက်ကို မြန်မြန်လိုက်ခဲ့... ဒီကထွက်ပြီး တောင်ပေါ်ကို အမြန်ဆုံး တက်ကြရအောင်!"

ဒီစကားကို ပြောပြီးတာနဲ့ ရုတ်တရက် ချာကနဲ လှည့်လာပြီး ချန်ရှီနဲ့ လီထျန်းချင်ကို အကြောင်းပြချက်မရှိဘဲ မြေကြီးပေါ် လဲသိပ်ပစ်လိုက်သည်။

"မလှုပ်နဲ့! မကောင်းဆိုးဝါး ဘုရားလောင်း လာနေပြီ!"

နှစ်ယောက်သားဟာ သူမအောက်၌ အဖိခံထားရသည်။ လန်းဆန်းသော ရနံ့နှင့်တူသော်လည်း လုံးဝ မကြိုက်သည့် အမျိုးသမီးတစ်ဦး၏ ထူးခြားသော ခန္ဓာကိုယ်ရနံ့ကို အနံ့ခံလိုက်ကြရသည်။ ဆယ်ကျော်သက် နှစ်ယောက်ရဲ့ နှလုံးသားတွေ ပြင်းထန်စွာ ခုန်နေပြီး မျက်နှာတွေပါ နီရဲနေ၏။ နူးညံ့တဲ့ အသားတွေဆီက ဖိခံနေရသလို ခံစားရသည်။ အဲဒါက ပျော့သလိုပဲ။

ထိုအချိန်တွင် မြေပြင်ပေါ်တွင် အနည်းငယ် တုန်ခါသွားသည်။ ဟေးကော် အသံမထွက်ရဲဘဲ ပုန်းနေပြီးသား ဖြစ်သည်။ ဒီတုန်လှုပ်မှုက တောင်ပေါ်ကနေ ထွက်လာပြီးနောက် ဟွမ်ဖောရွာမှာ ခဏရပ်ပြီး တဖြည်းဖြည်း မှိန်သွားသည်။ ကျင်းဟုန်ရိ သူတို့နှစ်ယောက်ကို လွှတ်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်ကာ တိတ်တဆိတ် ကြည့်လိုက်သည်။

ရုတ်တရက် နတ်ဆိုး ဘုရားလောင်းသည် သူ့အကြည့်ကို သတိပြုမိသွားရာ တောက်လောင်နေသော မျက်လုံးတစ်စုံက ဤဘက်သို့ လှည့်ကြည့်လာရာ ကျင်းဟုန်ရိ ကမန်းကတန်း ထိုင်ချလိုက်၏။

နတ်ဆိုး ဘုရားလောင်းသည် တစ်ပတ် လှည့်ပတ်ကြည့်ရာ ထူးထူးခြားခြား ခြေရာလက်ရာတွေ မတွေ့သဖြင့် မြေပြင်ကြီးကို အနည်းငယ် တုန်ခါသွားစေရင်း တဖြည်းဖြည်း ဝေးသွားလေသည်။

ထိုဘုရားလောင်း ဝေးသွားသောအခါတွင် ချန်ရှီ ဟွမ်ဖောရွာသို့ အပြေးထွက်လာခဲ့သည်။ ဟွမ်ဖောရွာရှိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအားလုံး ကြွေရုပ်များ ဖြစ်သွားသည်ကို တွေ့လိုက်ကြရပြီး ဘယ်သူမှ မကျန်ရစ်ခဲ့ကြပေ။

အကယ်၍ ကျင်းဟုန်ရိကသာ သူတို့ကို အတင်းအကြပ် မထွက်ခွာခိုင်းခဲ့ဘူးဆိုရင် ချန်ရှီ၊ လီထျန်းချင်နဲ့ ဟေးကော်တို့ဟာ တူညီတဲ့ ကံကြမ္မာကို ခံစားခဲ့ရပြီး မလွတ်မြောက်နိုင်လောက်ချေ။

ကျင်းဟုန်ရိ: "ချန်ရှီ... သွားရအောင်!...ငါတို့ မင်းသားရှောင်ကို ရှာရတော့မယ် ဒီဆိုးယုတ်တဲ့ ဘုရားလောင်းကို ကိုင်တွယ်ဖို့ ရှောင်ဝမ်စွင်း လက်ထဲမှာ ရတနာတွေ ရှိရမယ် အဲဒီကောင်က ငါ့ နတ်ယန္တရားစခန်းက ရတနာတွေကို သိမ်းသွားတာ... သေရတာ ထိုက်တန်ပါတယ်!"

ချန်ရှီ ရွာထဲက ထွက်လာပြီး ပြန်လှည့်ကြည့်လိုက်သည်။

"အစ်မကျင်း... ခဏစောင့်ပါ...ဟေးကော် ဟေးကော် ငါ့ကိုသွေးနည်းနည်း ချေးပါ!"

သူ စာအုပ်စင်ကို ချလိုက်တော့ ဟေးကော်က သူ့ဆီရောက်လာပြီး ခွေးနက်သွေး ပန်းကန်လုံးတစ်ဝက်လောက်ကို ထုတ်ပေးလိုက်သည်။ ချန်ရှီသည် ရွာအ၀င်ဝတွင် ရှဲ့၊ ဆွေ့များကို သုတ်သင်ရန်နှင့် တောင်တန်ကြီးအဆောင်လက်ဖွဲ့များကို နာရီဝက်ခန့်ကြာအောင် ရေးဆွဲခဲ့သည်။

ရွာအဝင်ဝနှင့် အိမ်တိုင်းအိမ်တိုင်း၏ တံခါးဝတွင် အဆောင်လက်ဖွဲ့များကို ကပ်ထားခဲ့သည်။ လီထျန်းချင်ကလည်း ရှေ့တက်လာပြီး သူတို့နှစ်ယောက် အလုပ်ကြိုးစားရင်း အမြန်ပြီးအောင် လတ်စသတ်လိုက်သည်။

"ငါတို့ ခဏလောက် ထွက်သွားရင်တောင် နတ်ဆိုးတွေက ရွာထဲကို ဝင်ပြီး ရွာကို မကျူးကျော်ရဲတော့ဘူး" ချန်ရှီက သက်ပြင်းချလိုက်သည်။

ရှဲ့၊ ဆွေ့တွေ ရွာထဲကို ဖောက်ဝင်ပြီး ကြွေ​ဖြစ်သွားရတဲ့ ရွာသူရွာသားတွေကို အသက်မရှင်စေဖို့အတွက် ဖျက်စီးသွားမှာကို သူကြောက်သည်။

ကျင်းဟုန်ရိက ပြုံးပြီး :"မင်းက ကြင်နာပြီး ဖြောင့်မတ်တာပဲ မြန်မြန်ထွက်သွားရအောင်"

ချန်ရှီ: "အစ်မကျင်းကလည်း အသိဥာဏ် ကောင်းပါတယ်... မကောင်းဆိုးဝါး ဘုရားလောင်းကို ဖယ်ရှားပြီးရင် ရွာက အကောင်းအတိုင်း ပြန်ဖြစ်နိုင်မယ်လို့ ထင်လား"

ကျင်းဟုန်ရိက တောင်ပေါ်သို့ သွားရင်း တုံ့ဆိုင်းသွားသည်။

"ဖြစ်နိုင်ပါတယ်... ငါက နတ်ဆိုး အဖြစ်အပျက်ကို တစ်ခုပဲ တွေ့ကြုံဖူးတာ...အဲဒီအကြောင်းကို သိပ်မသိဘူး...."

ချန်ရှီ စိတ်အားထက်သန်စွာနဲ့ သူမခြေရာ​နောက်ကို လိုက်ကာ မေးလိုက်သည်။

"အစ်မကျင်း တွေ့ကြုံခဲ့ရတဲ့ မှော်ဆန်တဲ့ အဖြစ်အပျက်က ဘာဖြစ်သွားတာလဲ"

"အဲဒီတုန်းက ငါ ငယ်ငယ်လေးပဲ ရှိပါသေးတယ် ရှေးဟောင်းမျှော်စင် မှော်ဆန်တဲ့ အသွင်ပြောင်းမှုက အချိန်အတော်ကြာတယ်လို့ လူတွေက ပြောကြတယ်.... အတိအကျတော့ မသိတော့ဘူး!"

သူမဟာ အနည်းငယ် စိတ်ဓာတ်ကျပြီး ဖြစ်ခဲ့တာကို မမှတ်မိတော့တာလား ဒီအကြောင်းကို ထပ်မပြောချင်တော့တာလားမသိ ငြိမ်သွား၏။ ထိုစဥ် လီထျန်းချင်ရဲ့ အမူအရာက အနည်းငယ် လေးနက်သည်။

"ရှေးဟောင်းမျှော်စင်ရဲ့ အသွင်ကူးပြောင်းမှုလား? အဲဒီ အသွင်ကူးပြောင်းမှု အကြောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် လွန်ခဲ့တဲ့၂၃ နှစ်ခန့်လောက် မန်ထာ့မြို့မှာ ငလျင်အ​ကြီး​​ကြီး လှုပ်ခတ်သွားတယ် ဆိုပြီး မှတ်တမ်းတင်ထားတာ... မြေကြီးထဲကို ရတနာလိုက်ရှာတဲ့ ကျင့်ကြံသူတွေ ရှေးဟောင်းမျှော်စင်ထဲကို ဝင်သွားတော့ အဲဒီလို ဖြစ်သွားတာတဲ့... နတ်ဆိုးဖိနှိပ်မျှော်စင် ဖျက်ဆီးခံရတော့ နတ်ဆိုးအသွင်ပြောင်းမှုက ဖြစ်ပေါ်လာတယ်ာ.. ဝမ်းနည်းစရာက မန်ထာ့မြို့က လူအားလုံးနီးပါး သေဆုံးသွားတယ်... နောက်ပိုင်းကျတော့ ထူးဆန်းတဲ့ သတ္တဝါတွေက နတ်ဆိုးအသွင်ပြောင်းတာကို ခံရလို့ ဖြေရှင်းခဲ့ကြရတယ်... တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်..."

ဒီလိုပြောရင်း သူ့အသံက တဖြည်းဖြည်း တိုးသွားသည်။ ထိုစာအုပ်တွင် လူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ကျင်းဟုန်ရိက ၎င်းကို တွေ့ကြုံဖူးသူဖြစ်သည်။

ဒါကြောင့် ဒီလွတ်မြောက်သူဟာ...။

ကျင်းဟုန်ရိက ပြုံးပြီးပြော၏။

"ရှေးဟောင်းမျှော်စင်ရဲ့ ဆိုးယုတ်တဲ့ အသွင်ပြောင်းမှုကြားမှာ ငါ ရှင်သန်နိုင်ခဲ့တယ်...ဒီနတ်ဆိုး ဘုရားလောင်းရဲ့ ဆိုးယုတ်တဲ့ အသွင်ပြောင်းမှုကိုလည်း သဘာဝအတိုင်း ရှင်သန်နိုင်မှာပါ... ငါက ကံကောင်းခြင်းနဲ့ မွေးဖွားလာတဲ့ ကလေးပဲ!"

ချန်ရှီက ပြုံးပြီးပြောလိုက်သည်။

"အစ်မက ကံကောင်းတာပဲ... ဒါဆို ငါတို့လည်း ကံကောင်းနိုင်တယ်"

သုံးယောက်သား စကားပြောရင်း ရယ်မောလိုက်ကြသည်။ ကျင်းဟုန်ရိ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ ဟေးကော်သူမကို အေးစက်စွာ ကြည့်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ ချန်ရှီနဲ့ လီထျန်းချင်လည်း သူမ၏ အာရုံကို လွှဲရ​တော့သည်။

ချန်ရှီ: "အစ်မကျင်း... ရှောင်ဝမ်စွင်းက နတ်ယန္တရားစခန်းကနေ ဘာလာယူတာလဲ"

"ယူတယ် ဟုတ့လား?"

ကျင်းဟုန်ရိ ဒေါသထွက်လွန်းလို့ သွားတွေကိုပါ အံကြိတ်နေသည်။

"ခိုးတာဟဲ့! လုယက်တာ! ဟမ့် ငါနင့်ကို ပြောပြရမှာ မကြောက်ပါဘူး.. ဒီကောင်ခိုးသွားတာက အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံး... ယိကျိုမျိုးနွယ်စုကို သေလောက်တဲ့ အပြစ် ကျူးလွန်မိတာ...ငါ ပြန်မယူသွားနိုင်ရင် ငါတင်မကဘူး နတ်ယန္တရားစခန်းက စစ်သည်တွေအားလုံး သေဒဏ်ပေးခံရတော့မယ်”

လီထျန်းချင် ထိုစကားကို ကြားသောအခါ သူ့စိတ်နှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။

"အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးက စီရင်စုငါးဆယ်ရဲ့ တောတောင်ရေမြေနဲ့ ရှစ်ကျီးမြေပုံပေါ်မှာ တံဆိပ်ထုထားတဲ့ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးလား?"

ကျင်းဟုန်ရိက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"ညီလေးထျန်းချင်က အများကြီး သိထားတာပဲ ဒီကျောက်စိမ်းတံဆိပ်တုံးကို ငါတို့ရဲ့ နတ်ယန္တရားစခန်းမှာ သိမ်းဆည်းထားတာ...ရှောင်ဝမ်စွင်းက အစကတော့ နတ်ယန္တရားစခန်းကလူပဲ ငါ့ရဲ့ အကြီးတန်း... ငါ သူ့ကို အမြဲလေးစားခဲ့တာ.... သိပ်မကြာခင်ကပဲ သူ ကျောက်စိမ်းတံဆိပ်တုံးကို ဘာလို့ ရူးသွပ်သွားမှန်းမသိဘဲ ခိုးသွားတာ! အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကသာ သိပ်အရေးမကြီးဘူးဆိုရင် ချန်ယန်တောင်မှာ သူ့ကို ချုံခိုတိုက်ခိုက်ဖို့ နတ်ယန္တရားစခန်းကို စည်းရုံးခဲ့မှာ မဟုတ်ဘူး...."

သူမ၏ ချုံခိုတိုက်ခိုက်မှုမှာ ရှောင်ဝမ်စွင်းကို မိုးကြိုးပစ်တောင်သို့ သွေးဆောင်ရန်နှင့် တောင်ပေါ်ကို ဗုံးကြဲရန်အတွက် ဟုန်ယီအမြောက် တစ်ရာနီးပါးကိုတောင် စုဆောင်းခဲ့သည်။ ရှောင်ဝမ်စွင်းလည်း သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ရှောင်ဝမ်စွင်းရဲ့ နောက်ဆုံးဓားကို မကြောက်ဘူးဆိုရင် သူဟာ ကျင်းဟုန်ရိလက်ထဲမှာပဲ အသတ်ခံလိုက်ရလိမ့်မည်။ သို့သော်လည်း နတ်ယန္တရားစခန်းကလည်း ပြင်းထန်သော အသေအပျောက်များကို ကြုံတွေ့ခဲ့ရသည်။

လီထျန်းချင်: "မင်းသားရှောက် အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ယူလိုက်တာက ဘုရင်ကျန်းရဲ့ အုတ်ဂူကို ဖွင့်ဖို့ ဒီတံဆိပ်တုံးကို သုံးချင်ခဲ့တာများလား... မဟုတ်ဘူး! ဘုရင်ကျန်းကြောင့် မဟုတ်ဘူး သူက ပြည်နယ်ငါးဆယ်ရဲ့ တောတောင်ရေမြေ စုစည်းမြေပုံကြောင့်ပဲ... တောတောင်ရေမြေစုစည်းမြေပုံက အနောက်နွားရှင်းကျိုးရဲ့ ပထဝီဝင်ကို ရေးဆွဲထားတာ.... ကျော်ကြားတဲ့ တောတောင်ရေမြေကို တံဆိပ်ခတ်၊ မြို့နတ်ဘုရားများနဲ့ နေရာအရပ်ရပ်မှ နတ်ဘုရားတွေရဲ့ တန်ခိုးအာဏာတွေကို စုစည်းထားတဲ့ ရတနာတစ်ခုပဲ "

ပြည်နယ်ငါးဆယ်ရှိ တောတောင်ရေမြေစုစည်းမြေပုံတွင် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို ရိုက်နှိပ်ထားသောကြောင့် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကိုသာ ရပါက ထိုမြေပုံကို စုဆောင်းနိုင်ပါသည်။

ကျော်ကြားသော တောတောင်ရေမြေစုစည်းမြေပုံတွင် မြို့နတ်ဘုရား၊ ရွာနတ်ဘုရား၊ တောင်နတ်ဘုရား၊ ရေနတ်ဘုရား အစရှိသည့် နတ်ဘုရားများ မရှိတော့သော်လည်း ပြည်နယ်ငါးဆယ် တောင်တန်းများ၊ မြစ်များမြေပုံသည် ကြီးမားသော တန်ခိုးကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ချန်ရှီမှာ ထိုအကြောင်းကို ဘာမှမသိတာကြောင့် စိတ်ဝင်တစား နားထောင်နေခဲ့သည်။

"ရှောင်ဝမ်စွင်းက သူ့ဒဏ်ရာကနေ ပြန်ကောင်းလာဖို့အတွက် ကြေးမုံအိုင်အိမ်တော်မှာ ပုန်းနေတာပဲ ဖြစ်ဖြစ် ဝူဝမ့်မြို့မှာ ပုန်းနေတာပဲဖြစ်ဖြစ် လုပ်မှာပဲ"

ကျင်းဟုန်ရိသည် ရှောင်ဝမ်စွင်း အကြောင်း ပြောတဲ့အခါ သူမ အံကြိတ်ထားဆဲ။

"ကြေးမုံအိုင်အိမ်တော်ကို အရင်သွားရအောင် ရှာမတွေ့ရင် ဝူဝမ့်မြို့ကို သွားကြမယ်... သူ့ကို အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို လွှဲပေးဖို့ အတင်းအကြပ် ပြောရမယ် ပြီးရင်တော့ သူခိုးဟောင်းကို သတ်လိုက်၊ အသားစား၊ အသွေးကို သောက်ပြီး အဲဒီကောင်ကို ဘုရင်ကြီးရဲ့ အုတ်ဂူကို ဖွင့်ဖို့သုံးမယ်... တောင်နဲ့ မြစ်တွေရဲ့ မြေပုံကို ထုတ်ယူပြီး မကောင်းဆိုးဝါး ဘုရားလောင်းကို ဖျက်ဆီးပစ်မယ်!"

ချန်ရှီ: "ဘုရင်ကျန်းရဲ့ သင်္ချိုင်းဂူကို ဖွင့်လိုက်လို့ နတ်ဆိုးဘုရားလောင်းထက် ပိုတန်ခိုးကြီးတဲ့သူက လွတ်မြောက်ရင် ဘယ်လိုလုပ်မလဲ"

ကျင်းဟုန်ရိလည်း သူ့မေးခွန်းကြောင့် ရပ်တန့်လိုက်သည်။

"မဖြစ်နိုင်ဘူးမလား?"

လီထျန်းချင်: "ဒီမီးဖိုက ဘုရင်ကြီးကျန်ူရဲ့ အုတ်ဂူအတွက် ကြွေထည်တွေကို ပစ်လွှတ်တဲ့ နေရာတစ်ခုပဲ၊ ပြီးတော့ နတ်ဆိုးဘုရားလောင်းလည်း ရှိတယ် ဘုရင်ကျန်းရဲ့ အုတ်ဂူကို ပိုချဲ့ကားထားလိမ့်မယ်... မီးဖိုထဲမှာ မော်အဆင့် နတ်ဆိုးရှိရင် အနည်းဆုံးတော့ ဘုရင်ကျန်းရဲ့ သင်္ချိုင်းက ကျိုင်းအဆင့်မှာ ရှိလောက်တယ်"

ကျင်းဟုန်ရိ တုန်လှုပ်သွားပြီး "ဘာလုပ်ရမလဲ.... ဒီဆင်းရဲတဲ့အရပ်မှာ ငါတကယ် သေရတော့မှာလား...ငါက ပန်းတစ်ပွင့်လို ငယ်သေးတယ် ငါ့ပတ်ဝန်းကျင်က လူယုတ်မာနှစ်ယောက်နဲ့ နတ်ဆိုးနယ်မြေမှာ သေရမှာလား"

လီထျန်းချင်: "အဒေါ်ဟုန်ရိ ..."

ကျင်းဟုန်ရိရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက လည်ပင်းကို လိမ်ကာ အစောကဖျားနာကာ သေဆုံးတော့မလို ဖြစ်နေသော်လည်း ယခုအခါ သူမ၏ လူသတ်ချင်တဲ့ ရည်ရွယ်ချက်များ ပေါ်လွင်လာပြီး အေးစက်စွာ ပြောလာခဲ့သည်။

"လီထျန်းချင်... မင်း အစောက ဘာပြောတာလဲ သတ္တိရှိရင် ထပ်ပြောပါဦး!"

လီထျန်းချင်လည်း သေခါနီး ရုတ်တရက် ကောင်းချီးခံစားရသလို တုန်ရီသွားကာ "အစ်မဟုန်ရိ!" အမြန် ပြောင်းခေါ်လိုက်သည်။

ကျင်းဟုန်ရိ အံကြိတ်လိုက်သည်။ အခုအချိန်မှာ သူ့ဒဏ်ရာကို ထိလိုက်တိုင်း သူမ နာကျင်စွာ တုန်လှုပ်သွားဆဲပင်။

"ငါမင်းကို မောင်​​လေး​လို့ခေါ်တယ်...ငါ့ကို အစ်မလို့ ခေါ်ရမယ်... မင်းငါ့ကိုခေါ်တာ မှားရင် ငါသတ်ပစ်မယ်... ဘာပဲဖြစ်ဖြစ် ကြေးမုံအိုင်အိမ်တော်ကို အရင်သွားရအောင်...အရင်တစ်ခေါက်က ဒဏ်ရာရထားတဲ့ နတ်ဆိုးတစ်ကောင် ရှိတယ် နတ်ဆိုး ဘုရားလောင်းကို ရှောင်ဖို့ နှစ်ရက်ထက်ပိုပြီး ပုန်းမနေရဲ​လောက်ဘူး...."

သူတို့သုံးဦး တောင်ပေါ်သို့ ရောက်ရှိလာသည်။ ကျင်းဟုန်ရိမှာ ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် ခြေထောက်နှင့် အမြန်မလျှောက်နိုင်ပေ။

ထိုစဥ် လေထဲတွင် ရယ်မောသံများ ထွက်ပေါ်လာပြီး ပျံသန်းနေသော ဦးခေါင်းအများအပြားက ၎င်းတို့၏ နီမြန်းသွယ်လျသော လျှာများကို ချလျက် ပြေးလာသည်။ ၎င်းတို့က လေထဲတွင် ကခုန်နေသကဲ့သို့ လူပေါင်းများစွာကိုလည်း လျှာအောက်တွင် ချိတ်ဆွဲထားကြသည်။

ရေပေါ်ဦးခေါင်းခွံများက သူတို့ကို မြင်တဲ့အခါ တခစ်ခစ်ရယ်ပြီး လျှာကို ပြန်ဆွဲယူသွားကာ အဲဒီလူတွေကို သူ့ပါးစပ်ထဲကို ဆွဲယူ စားသောက်ပစ်လိုက်သည်။ ထို့နောက် သူ့ရဲ့ရှည်လျားတဲ့လျှာကို နှိမ့်လိုက်ပြီး ချန်ရှီတို့ဆီ လွင့်ပျံလာခဲ့လေသည်။

ကျင်းဟုန်ရိ လမ်းမလျှောက်နိုင်တော့ပေ။ ချန်ရှီနဲ့ လီထျန်းချင်လည်း ဦးခေါင်းပျံများ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ ကြောက်ရွံ့သွားကြသည်။ ရုတ်တရက်ဆိုသလို ဦးခေါင်းပျံရဲ့ လျှာမှာ တွားသွားနေတဲ့ စက္ကူရုပ်တချို့ကို တွေ့လိုက်ရ၏။ ၎င်းတို့က ပေါင်းပင်ကို ခုတ်ဖြတ်နေသလို လျှာကို ဖြတ်ပစ်လေသည်။

မျောနေသော ဦးခေါင်းများလည်း မနိုင်တာကြောင့် မကျေမနပ်ဖြင့် တောထဲသို့ ပြုတ်ကျသွားသည်။ ဓားရှည်များကို ထမ်းထားသော စက္ကူရုပ်များသည် ခေါင်းကြီးဆီမှ ခုန်ဆင်းကာ ချန်ရှီနဲ့ လီထျန်းချင်တို့ထံသို့ လျင်မြန်စွာ ရောက်လာပြီး ကျင်းဟုန်ရိ၏ အင်္ကျီလက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချန်ရှီနဲ့ လီထျန်းချင်မှာ မြင်းထက် ပိန်လှီသော ကုလားအုတ်ကြီးလို ဖြစ်နေသည်။ ကျင်းဟုန်ရိသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး လမ်းလျှောက်ရန် ခက်ခဲနေသော်လည်း သူမ၏ အတတ်ပညာများမှာ လွန်စွာ ဆန်းပြားနေသေးသည်။

တောင်လမ်းက ကြမ်းတမ်းပြီး လျှောက်ရခက်သည်။ ချန်ရှီ မကြာခင်မှာပဲ ကျင်းဟုန်ရိတစ်ယောက် ချွေးတွေ အလျှံပယ်ထွက်နေတာကို တွေ့လိုက်ရတော့ ဒဏ်ရာက မခံနိုင်တော့မှန်း သဘောပေါက်လိုက်၏။ ဒီအမျိုးသမီးဟာ တကယ်တော့ နှုတ်ဆိတ်နေပြီး မတ်တပ်ရပ်နေနိုင်​သေးတာကြောင့် သူ့ကို အတော်လေး သဘောကျစေခဲ့သည်။

သူတို့ နှစ်နာရီကြာ လမ်းလျှောက်လာရင်း ကျင်းဟုန်ရိက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။

"ရှေ့မှာ တောင်ရွာ ရှိတယ်... ခရီးမဆက်ခင် အနားယူပြီး တစ်ခုခုစားရအောင်"

သူတို့ ရှေ့ကို လျှောက်သွားရင်း ချိုင့်တစ်ဖက်က တောင်ကုန်းလေးပေါ်မှာ ဆောက်ထားတဲ့ အိမ်တစ်လုံးကို အရင်မြင်လိုက်ရသည်။ အိမ်ရှေ့မှာ မြစ်ငယ်တစ်စင်း ရှိပေမယ့် မြစ်ရေထဲကို လှမ်းကြည့်လိုက်တော့ မိုးသည်းထန်စွာရွာတဲ့ ရက်တွေမှာ လျှပ်တပြက် ရေကြီးတတ်တာကြောင့် ချိုင့်ထဲမှာ မဆောက်ဘဲ တောင်ကုန်း​ပေါ်၌ တည်ထားလေသည်။

ရွာထဲမှာ လူတွေအများကြီး ရှိနေ​ပေမယ့် နီးလာတဲ့အခါ သူတို့က ကြွေရုပ်တွေ ဖြစ်နေတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ ဟင်းချက်ဖို့ ရွာမှာ အိုးတွေ၊ ပန်းကန်တွေတော့ ရှိရမည်။

ထိုကြွေရုပ်များသည် လမ်းမပေါ်တွင် အချိုးကျညီညီဖြင့် ရပ်နေကြသည်။ ကြွေရုပ်ပုံများကြားတွင် လူသုံးယောက်နှင့် ခွေးတစ်ကောင်က ဖြတ်သွားသော်လည်း ကြွေရုပ်များသည် မလှုပ်မယှက် ဖြစ်နေသည်။ ဤကြွေရုပ်များကို မထိမိစေရန် သတိထား၍ သွားရသည်။ ထိမိပါက မြေပေါ်သို့ ပြုတ်ကျကာ ကွဲသွားပေလိမ့်မည်။

"ခဏနေဦး!"

လီထျန်းချင်: "ဒီမှာ ကြွေရုပ်တွေ အရမ်းများနေတာကို မင်း သတိထားမိလား"

သူက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ဆက်ပြောသည်။

"ဒီရွာမှာ ကြွေရုပ်တွေ ထောင်နဲ့ချီပြီး ရှိကောင်းရှိနိုင်တယ်...ဒီလို တောင်ရွာ​​လေးမှာ လူတွေ ဒီလောက်များနိုင်လား"

ချန်ရှီ ရုတ်​တရက်​ နိုးလာပြီး "တစ်​​ယောက်​က သူတို့ကို ဒီကို​ရွှေ့လိုက်​တာပဲ... ဒါဖြင့်​ သူတို့ကို ဒီ​နေရာရောက်အောင် ဘယ်​သူက ​ရွှေ့လိုက်​တာလဲ။"

အတွေးတစ်ခုက လျှပ်စီးလက်သလို သူ့စိတ်ထဲ လင်းလက်လာပြီး မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"မြန်မြန် သွားရအောင်!"

ဤအခိုက်တွင် မြေကြီးက အနည်းငယ် တုန်ခါသွားကာ နတ်ဆိုး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရ၏။

"မ လှုပ် နဲ့!"

ချန်ရှီ စကားကို တိုးတိုးလေး ပြောသည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေပြီး ကြွေရုပ်များကြားတွင် မတ်တပ်ရပ်နေကာ အသက်ရှုကြပ်လာသည်။

All Chapters