အဖိုးကြီးက ပါးနပ်တယ်။
Vol. 171 Ch. 2382
အာကာသပြင်ခွဲပြီး ဆန့်ထွက်နေသော နဂါးလက်သည်းကို မြင်သော အခါ၌ လူတိုင်း ထိတ်လန့်သွားသည်။
“ စီနီယာ ဘာဖြစ်တာလဲ။ ”
လင်းကျန်းရှန့်က မေးသည်။
“ အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို ... သန့်စင်ရမလွယ်ဘူး ... ဘိုးဘေး နတ်ဘုရား အဆင့် တန်ခိုးရှင်ကသာ ဒီဆေးပြားကို သန့်စင်နိုင်တယ် ...
... အဲဒါကို အသုံးပြု သူအတွက် အုပ်စိုးရှင် ကြယ်စုတွေရဲ့ ကောင်းချီးတွေ အပြင် ... အခြား အကျိုးကျေးဇူးတွေလည်း ရနိုင်တယ် ...
... ပုံမှန်ဆို အုပ်စိုးရှင် ကြယ်စုက မျက်လုံး တစ်ဖက်တည်း ဖွင့်တယ် ... အလွန်ဆုံးနတ်နဂါး ဗတ္တိဇံ လောက်သာ ပေးအပ်တယ် အခုလို လက်သည်းနဲ့ ရေးထွင်းပြီး ...
... မျိုးဆက်သွေး ပေးဆောင်တာမျိုး မရှိကြဘူး ... ဒဏ္ဍာရီမှာပဲ ကြားဖူးတယ် ဒါက မြင့်မြတ်မှုကို ပေးဆောင်တာနဲ့ အတူတူပဲ ... သူက မိုးပြာနဂါး တာအို ဒါမှမဟုတ် ...
... နဂါးမျိုးနွယ်ရဲ့ ခန္ဓာကိုယ် သန့်စင်မှု ပညာရပ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အခြားလူ တွေထက် ပိုပြီး နားလည်နေတယ် ...
... ဒါကြောင့် အုပ်စိုးရှင်နဂါးက သူ့ကို အသိအမှတ်ပြု ခဲ့တာနေမယ် ထာဝရ အုပ်စိုးရှင် ကြယ်စု စွမ်းအားကို အချိန်မရွေး အသုံးပြု နိုင်တော့မယ်။ ”
သူ့ စကားပြီးဆုံးသောအခါ အုပ်စိုးရှင် နတ်နဂါး တံဆိပ် ထွင်းထုမှု ပြီးဆုံးသွားသည်။ လင်းယွန်နဖူး၌ ရွှေတံဆိပ်တစ်ခု ပေါ်လာ၏။
နဂါး မင်းသား တစ်ပါး ကဲ့သို့ တန်ခိုးကြီးသော နဂါး အငွေ့အသက်များ ပေးစွမ်းနေသည်။
“ ဒါက မယုံနိုင်စရာပါပဲ ... နတ်နဂါး ဘုရင် ကိုယ်လုံးကိုယ်ပေါက်ကတင် ကောင်းကင်ဘုံကို အံတုနေပြီ ... အခု အုပ်စိုးရှင် နတ်နဂါး တံဆိပ်ပါ ထပ်ရလာတာပဲ။ ”
အုပ်စိုးရှင် နတ်နဂါး တံဆိပ်ထံ ကြည့်ကာ တော်ဝင် ကောင်းကင် သခင်က ရေရွတ် သည်။ နတ်နဂါး ဘုရင် ခန္ဓာကိုယ်သည် ရှားပါး၏။
လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်အတွင်း ၎င်းတို့ကို ရယူနိုင်သူ အနည်းဆုံး လူတစ်ရာခန့် ရှိခဲ့သည်။ သို့သော် လင်းယွန်၏ အမြင့်ကို မည်သူမျှ မရောက်ခဲ့ချေ။
“ မင်းတို့ သူ့ကို မနှောင့်ယှက်ဘဲ ... အဝေးကနေ ကြည့်ပါ ... ဒီသတင်းကို ငါ တားမြစ် လိုက်ဦးမယ်။ ”
လူအများအပြား ပျံသန်းလာသည်ကို မြင်သဖြင့် တော်ဝင် ကောင်းကင် သခင်က ကောင်းကင်ပေါ် ခုန်တက်သွားသည်။
(၂၁)ရက် ကုန်လွန်သွားပြီ ဖြစ်သော်မှ ကောင်းကင်ဘုံ ပျက်စီးခြင်း မြို့၌ လူများစွာ ရှိနေသေး၏။
ကြီးမားလှသော ဖြစ်စဉ်များကြောင့် ရတနာတစ်ခု ပေါ်လာသည်ဟု ယူဆလိုက်ကာ သဘာဝအတိုင်း အပြေးလာကြသည်။
သို့သော် ဧကရာဇ် ရောင်ဝါက ခွင့်မပြုဘဲ ဖယ်ခွာစေခဲ့သည်။ လူများ အားလုံး မြေပြင်ပေါ် ဆင်းသက်လိုက်သော အခါ၌ တော်ဝင် ကောင်းကင် သခင်က၊
“ ဘယ်သူမှ ဒီဧရီယာကို ဝင်ခွင့်မရှိဘူး ... ကျူးကျော်သူတိုင်း သေခြင်းပဲ။ ”
-ဟု ကြေငြာလိုက်သည်။
အာကာသ အတွင်း နဂါးလက်သည်း ပျောက်ကွယ် သွားသောအခါတွင် လင်းယွန်က သတိပြန်ဝင်လာ၏။
နဖူးကို လက်ဖြင့် ထိကြည့်လိုက်ရာ အုပ်စိုးရှင် နတ်နဂါး တံဆိပ်၏ ပူနွေးသော အဟုန်ကို ခံစားလိုက်ရသည်။
ဦးခေါင်းခွံကို ဖြတ်ပြီး စိတ်ဝိညာဉ်၌ ရေးထွင်းထားခဲ့ သောကြောင့် အချက်အလက် အများအပြား ရရှိခဲ့၏။
ကောင်းကင်လမ်း ကတည်းကပင် မိုးပြာနဂါးသခင်ထံမှ အမွေဆက်ခံခွင့်ကို ရရှိ ခဲ့သည်။
အုပ်စိုးရှင် နတ်နဂါး တံဆိပ်သည် ထိုလုပ်ငန်းစဉ်ကို ထပ်မံ အရောင်တင်ပေးခဲ့ခြင်း ဖြစ်၏။
“ ဂုဏ်ယူပါတယ် ... ။ ”
လူတိုင်း လင်းယွန်အနား လျှောက်လှမ်း လာသည်။ လင်းယွန်က ပြုံးပြီး ရှန်းထျန်းနန်ထံ မော့ကြည့်ကာ၊
“ မင်းက ခန္ဓာကိုယ်ကို ကျင့်ကြံသူ မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ အင်း ... ဟုတ်တယ်။ ”
ရှန်းထျန်းနန်က ခေါင်းညိတ်၏။
“ ဒါဆို အဆင်ပြေပြီ ... ငါတို့ နည်းနည်းလောက် စမ်းကြည့်ကြရအောင်။ ”
“ အစ်ကိုလင်း ... နောက်နေတာလား ... ငါကတစ္ဆေတာအိုကို လေ့ကျင့်တဲ့ လူပါ ... မင်း အလေးအနက် မထားပါနဲ့။ ”
“ အဟား ... မင်း ကြောက်နေတယ် ... ။ ”
အောင်းကြွယ်က ရယ်သည်။
“ လာပါ ငါတို့ လေ့ကျင့်ရုံပဲ။ ”
ယခုအခါ နတ်နဂါးဘုရင် ကိုယ်လုံး ကိုယ်ပေါက်ကို ရရှိထားသဖြင့် လင်းယွန်က စမ်းသပ်လို၏။ ယင်းအတွက် ရှန်းထျန်းနန် သည်သာ အသင့်တော်ဆုံး ဖြစ်သည်။
“ ငါတကယ် ဆန္ဒ မရှိဘူး။ ”
ကြောက်ရွံ့ခြင်းမှလွဲ၍ အခြား မည်သည့် အတွေးမျှ မရှိခဲ့ချေ။ လင်းယွန်သည် နတ်နဂါး ဘုရင် ကိုယ်လုံးကိုယ်ပေါက်နှင့် အုပ်စိုးရှင် နတ်နဂါး တံဆိပ်ကို ပိုင်ဆိုင်ထား၏။
“ သူ မလိမ်ပါဘူး ... သူ့မျိုးရိုးက တစ္ဆေ တာအိုပဲ ကျင့်ကြံကြတဲ့ အတွက် ... သတ်ချင်မှပဲ ရန်ဖြစ်ကြလိမ့်မယ် ... ဒါကြောင့် ဘာလို့ ငါနဲ့ မစမ်းကြည့်ရတာလဲ။ ”
တော်ဝင် ကောင်းကင် သခင်က ဘေးမှနေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောကြားလာ ခဲ့သည်။
“ ဒါက မသင့်တော်ဘူး ထင်ပါတယ်။ ”
လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက် လေသည်။ ဤတစ်ကြိမ်တွင် ရှန်းထျန်းနန်၏ ခံစားချက်ကို နားလည်လာမိ၏။
တစ်ဖက်လူသည် ဧကရာဇ် တစ်ပါး ဖြစ်သောကြောင့် နတ်နဂါးဘုရင် ကိုယ်လုံး ကိုယ်ပေါက် အားကောင်း နေလျှင်ပင် သူသာ အရိုက်ခံရမည်မှာ သေချာ၏။
“ အဲဒါကို စိတ်မပူပါနဲ့ ... ငါ ပထမအဆင့် သူတော်စင် သခင် နယ်ပယ်ကို လျှော့ချပေးမယ် မင်းတို့ အရင် ပြန်ဆုတ်ကြ ... ။ ”
တော်ဝင် ကောင်းကင်သခင်က ငြင်းဆန်ခွင့် မပြုဘဲ လင်းကျန်းရှန့်တို့ကို လက်ပြပြီး၊
“ မင်းက ... သတ္တမအဆင့် သူတော်စင် သခင် ဆိုပေမယ့် ... နဝမအဆင့် သူတော်စင် သခင်ကိုတောင် နှိမ်နင်းနိုင်တယ် ... ငါက ပထမအဆင့် သူတော်စင် သခင်ပဲ အဆင်ပြေတယ် မဟုတ်လား။ ”
-ဟု လှည့်ကာ ပြောကြားလိုက်သည်။
ဤသည်မှာ ဧကရာဇ် တစ်ပါးဖြစ်၏။ သူတော်စင် သခင် နယ်ပယ်သို့ ကန့်သတ်ထား လျှင်ပင် သူ့ထက် သန်မာပေသည်။
လင်းယွန်သည် နဂါးသွေးလွှတ်ကြော နယ်ပယ်သို့ ကျင့်ကြံမှုကို ကန့်သတ်ထားသော် ထိုနယ်ပယ်၌ ပြိုင်ဘက်ကင်း၏။
“ မင်းငါ့ကို အထင်သေးနေတာလား ... မင်းတို့ လူငယ်တွေ မာနကြီးတာ ကောင်းတယ် ဒါပေမယ့် ဧကရာဇ်အပေါ် ရိုသေသင့်တယ် ...
... ငါက သူတော်စင် သခင် ကျင့်ကြံမှုကို ကန့်သတ်ထားရင်တောင် မင်းကို ရိုက်နိုင်ပါ သေးတယ်။ ”
ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေမိသော လင်းကျန်းရှန့်က မျက်ခုံးပင့် လိုက်သည်။
“ စီနီယာက တော်တော် စိတ်ဝင်စားနေတယ်။ ”
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဧကရာဇ်တစ်ပါးက ကျင့်ကြံမှုကို ကန့်သတ် ထားရင်တောင် သူ့ခွန်အား ကျန်သေးတယ် မဟုတ်လား။ ”
ရှန်းထျန်းနန်က ပြောသည်။ လင်းကျန်းရှန့်က ပြုံးရုံသာပြုံးပြီး တုန့်ပြန် စကားမဆိုချေ။
“ ကောင်းပြီ ... ဒါဆို မင်းကို ငါမတိုက်ဘူး မင်းငါ့ကို နောက်ပြန်ဆုတ်အောင် လုပ်နိုင်ခဲ့ရင် နိုင်ပွဲလို့ သတ်မှတ်ရအောင်။ ”
ထိုစကားကို ကြားသောအခါ လင်းယွန်တစ်ယောက် ပြုံးသွားတော့သည်။
“ ဒါဆို ဘာလို့ ... လောင်းကြေး မထပ်ရတာလဲ ... အနိုင်ရရင် ... ။ ”
“ ဟား ဟား ဟား မင်းအနိုင်ရဖို့လား စိတ်မကူးနဲ့ ... မင်းရှုံးရင် ကောင်းကင် တံခါးမှာ နှစ်တစ်ရာ နေရမယ် ဘယ်လိုလဲ။ ”
တော်ဝင် ကောင်းကင် သခင်က သူ့ရည်ရွယ်ချက်များကို တိုက်ရိုက် ထုတ်ဖော် လာခဲ့သည်။
“ သဘောတူတယ် ... ။ ”
လင်းယွန် မဆိုင်းမတွ ပြန်ပြောလိုက်၏။
“ ကောင်းပြီ ... လာ နတ်နဂါး ဘုရင်ရဲ့ ကိုယ်လုံးကိုယ်ပေါက် ဘယ်လောက် အထိ တန်ခိုးကြီးလဲ ကြည့်ရအောင်။ ”
စင်စစ်သော်ကား နတ်နဂါးဘုရင် ကိုယ်လုံးကိုယ်ပေါက်မျိုး မရရှိကြသည်မှာ ကြာပြီ ဖြစ်၏။
ထို့ကြောင့် တော်ဝင် ကောင်းကင် သခင်အတွက် စမ်းကြည့်ချင်ရန် လက်များပင် ယားယံလာသည်။
သည့်ပြင် တစ်ဖက်လူသည် အုပ်စိုးရှင် နတ်နဂါးတံဆိပ်ကိုပါ ပိုင်ဆိုင်ထားသောကြောင့် ထာဝရ အုပ်စိုးရှင် နက္ခတ်၏ စွမ်းအားကိုလည်း အသုံးပြုနိုင်ချေသည်။
ယင်းကြောင့် သူ့ကိုယ့်သူ ယုံကြည်ချက် ပြင်းထန်နေသော လင်းယွန်အပေါ် သင်ခန်းစာ တစ်ခု ပေးလိုခဲ့၏။
တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်နှင့် အလင်းရောင်များ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာပြီး ရွှေရောင် အရေပြားအဖြစ် ပြောင်းသွားသည်။
“ ဒါ ကောင်းကင်ဘုံ နတ်သတ္တု ခန္ဓာပဲ ... သတ္တုတာအို ရာဂဏန်းလောက်သာ အသုံးပြု ထားပြီး ... ပထမအဆင့် သူတော်စင် သခင် အဖြစ် ကန့်သတ်ထားတယ် ...
... ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက်နဲ့ ပတ်သတ်ရင် ဘုန်းဝိညာဉ် သုံးပါးလက်ရာကို ယှဉ်နိုင်ပါတယ်။ ”
တော်ဝင် ကောင်းကင် သခင်က ရှင်းပြလာသည်။ ထို့နောက်၊
“ မင်း ကံကောင်းတာက ... ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်နဲ့ ငါ့ကိုယ်ငါ သန့်စင်ထား မဟုတ်ဘူး ... မဟုတ်ရင် ကောင်းကင်ဘုံ နတ်သတ္တုခန္ဓာက ပိုတောင် အစွမ်းထက် လာလိမ့်မယ်။ ”
“ အသက်ကြီးပေမယ့် အရမ်းပါးနပ်တယ် ... ။ ”
သူတို့ စကားဝိုင်းကို နားထောင်ကာ ရှောင်းထျန်းနန်က သက်ပြင်းချလိုက်သည်။
“ ဒါက အရမ်းဆိုးတယ်။ ”
ကျိကျစ်ရှီ သည်လည်း စိတ်မချမ်းမသာဖြစ်လာပြီး မျက်မှောင်ကြုတ် လိုက်သည်။
သူတို့စကားဝိုင်းကို ကြားနေရသော တော်ဝင် ကောင်းကင် သခင်က ဒေါသ မထွက်ဘဲ၊
“ ဒီဖိုးကြီးကို ကောက်ကျစ်တယ်လို့ ထင်နေကြတာလား တကယ်ဆို မင်းတို့ ငါ့ဆီက သင်ယူသင့်တယ်။ ”
-ဟု ပြန်လည် တုန့်ပြန်လိုက်၏။
လင်းယွန်က မျက်မှောင်ကြုတ်သွားသည်။ တော်ဝင် ကောင်းကင်သခင် ခန္ဓာကိုယ် အပေါ်ရှိ အလင်းရောင်သည် ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ၏ ရူရ်များနှင့် ညီမျှသည်။
“ မကြည့်နဲ့ ... မင်းမှာ နှစ်တစ်ရာ အချိန်ရရင်တောင် ... ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက် အားနည်းချက်ကို ရှာမတွေ့နိုင်ဘူး ...
... ကောင်းကင် သတ္တု ချပ်ဝတ်မှာ ရူရ်ပေါင်း တစ်သောင်းကျော် ပါဝင်ပြီး အားနည်းချက်တွေ မရှိဘူး ရှိနေရင်တောင် အဲဒါက ထောင်ချောက်တွေပဲ။ ”
တော်ဝင် ကောင်းကင် သခင်သည် အမှန်တကယ်ပင် မာနကြီးသော အသွင်အပြင် မျိုးသို့ ပြောင်းလဲလာတော့သည်။
***