← Chapters

ကောင်းကင် သူတော်စင် ခြံဝင်း။

Vol. 171 Ch. 2384

ကောင်းကင် သူတော်စင် ခြံဝင်း။

Vol. 171 Ch. 2384

နဂါးပြာ နတ်ဆေးအိုးကို စီးနင်းလာသည့် သူတို့လူအုပ်ထံ လူအများက မော့ကြည့်လာခဲ့ ကြသည်။ ဆေးအိုးပေါ်တွင် အပြာဝတ် လူငယ် တစ်ယောက် တည်ငြိမ်စွာ ရပ်နေ၏။

သတိထား ကြည့်ခဲ့သော် ထိုလူငယ် ဝန်းကျင်ရှိ လေထုသည် ထူးထူးခြားခြား ဖြစ်နေ သည်ကို မြင်နိုင်ပေမည်။

လင်းယွန်သည် ကောင်းကင်ဘုံ လွင်ပြင်၌ ဓားသူတော်စင်တစ်ပါး၏ အစွယ်ကို ကောင်းစွာ သွေးယူထားနိုင်ပြီ ဖြစ်၏။

ထို့ကြောင့် သူ၏ စိတ်နေစိတ်ထားသည် ပြင်းထန်သော အသွင်ကူးပြောင်းမှုကို ခံယူခဲ့ပြီး ခွန်လွန်တွင် ရှိနေစဉ် ကာလထက် ပို၍ ထူးခြား နေခဲ့သည်။

ကျိကျစ်ရှီသည်လည်း အလားတူ ပေပင်။ နူးညံ့သိမ်မွေ့မှုကို ဖယ်ရှားပြီး ပိုမိုရင့်ကျက်လာ ခဲ့၏။ အသက်နှင့်သေခြင်း တိုက်ပွဲများသည် သူမကို ကြီးထွားရန် လွယ်ကူစေသည်။

“ နောက်ဆုံးတော့ ငါတို့ ဒီကိုရောက်ပြီ။ ”

လင်းယွန်က ပြောသည်။ ကောင်းကင် တံခါး ကြယ်နယ်မြေသည် သူထင်ထားသည်ထက် ပိုမို ခမ်းနားချေ၏။

ကျောက်တိုင် တစ်တိုင်သည်ပင် နှစ်ပေါင်းတစ်သောင်း သမိုင်းကြောင်း ရှိနေပြီး သူတော်စင် ရူရ်များ ရေးထိုးထား၏။

သူတော်စင် တစ်ပါးပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။ မြင်ကွင်း တစ်ခုလုံး သူတော်စင်များနှင့် ပြည့်နှက်နေ၏။

“ မင်းတို့ တည်းခိုဖို့ စီစဉ်ပြီးရင် ... ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်ရမယ် ... ကောင်းကင်ဘုံ ဧည့်ခံပွဲအတွက်တော့ ကိုယ်တိုင်သွားကြ။ ”

“ စီနီယာ လိုက်မပို့တော့ဘူးလား။ ”

ကျိကျစ်ရှီက အံ့သြသွားသည်။

“ ငါက ဧကရာဇ်ပဲ ကောင်းကင်တံခါးမှူး သုံးဆယ့်ခြောက်ပါး အနက်က တစ်ပါး ဒါဆို ငါ မင်းတို့ကို လိုက်ပို့ရမှာလား ... ပြီးတော့ … ။ ”

တော်ဝင် ကောင်းကင် သခင်က ပြုံးကာ လင်းယွန်ကို ကြည့်၏။

“ မင်းရဲ့ အစ်ကိုကြီးလင်းက တာအိုဂိုဏ်း၊ အရိပ်နတ်ဘုရား နန်းတော်နဲ့ ကောင်းကင်ဓား ခန်းမရဲ့ တပည့်ကြီးတွေကို သတ်ခဲ့တယ် ...

... နတ်ဘုရာ မျိုးနွယ်စုက ပါရမီရှင်တွေ ပေါ်လည်း သူတော်စင်မူလ နှိုက်ထုတ်ခဲ့တယ် တစ်ယောက်ယောက်က သူ့ရဲ့ အရှုပ်တွေကို ရှင်းဖို့လိုသေးတယ်။ ”

-ဟု ပြန်လည် ဖြေကြားလာ၏။

“ ဒီအတွက် ကျွန်တော့်ကို အပြစ်တင်လို့ မရပါဘူး။ ”

“ ဒါတော့ သေချာပါတယ် ... အခု နဝမမြောက် စမ်းသပ်ကွင်းက ခွဲတမ်းငါးခုပဲ တက်ရောက်လာတဲ့ အတွက် ဂိုဏ်းချုပ်ကို ရှင်းပြဖို့လည်း လိုသေးတယ်။ ”

လင်းယွန်က စကားမဆိုတော့ချေ။ ကောင်းကင်ဘုံ ဧည့်ခံပွဲသည် တပည့်ရွေးရုံသာ မဟုတ်ဘဲ ကောင်းကင် တံခါးမှ နတ်တပည့်များ အတွက် စမ်းသပ်မှု တစ်ခုလည်း ဖြစ်၏။

သည့်အပြင် ကောင်းကင်လွင်ပြင်၏ အခြားသော စမ်းသပ်ကွင်း (၈)ကွင်းမှ လာသည့် ပါရမီရှင်များလည်း ရှိနေသေးသည်။

“ လူတွေ များလိုက်တာ။ ”

“ ကောင်းကင် တံခါးက ဘုံရာဂဏန်း လောက်အထိကို သူတို့ လက်တံဖြန့်ထားတယ် ဒါကြောင့် နတ်ဘုရားတွေက တပည့်တစ်ဦးကို ပါဝင်ရန် စေလွှတ်နိုင်တယ် ... ပြီးတော့ ဘိုးဘေးနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ...

... တန်ခိုးရှင်တွေ ကလည်း သူတို့ရဲ့ တပည့်ငယ်သားတွေကို အပျော်သဘော ပါဝင်ဖို့ စေလွှတ်တတ်တယ် ... ဒါပေမယ့် စိတ်မပူပါနဲ့ ဘိုးဘေးက နောက်ခံကို မကြည့်ဘူး။ ”

တော်ဝင် ကောင်းကင် သခင်က ရှင်းပြ၏။ နောက်ဆုံးတွင် ဖြစ်ပျက်နေသည့် အရာများကို နားလည်လာခဲ့သည်။

ဘိုးဘေးအဆင့် နတ်ဘုရား သည်ပင် လောကီရေးရာများ အပေါ် မရှောင်လွှဲနိုင်ချေ။ သို့သော် တရားမျှတမှုကို စံထားဆဲဖြစ်၏။

“ ကောင်းကင်ဘုံ ဧည့်ခံပွဲရဲ့ ... ထိပ်တန်း(၁၀)ဦးကို ဘိုးဘေးက တပည့်အဖြစ် ယူလိမ့်မယ် ... အဲဒီထဲကမှ ပထမသုံးဦးကို တောင်းဆိုမှု တစ်ခု ပြုလုပ်ခွင့် ပေးလိမ့်မယ် ... မင်းဘာကို တောင်းချင်လဲ။ ”

“ ခွန်လွန်ကို ပြန်ချင်တယ်။ ”

လင်းယွန်က မဆိုင်းမတွ ပြန်ဖြေ၏။

“ မင်း လာရှုပ်နေတာလား ... ဒါက ဘိုးဘေးကို မလေးစားတာနဲ့ အတူတူပဲ သူက မင်းကို တပည့်အဖြစ်ခေါ်တဲ့ အချိန်မှာ မင်းက ထွက်သွားဖို့ တောင်းဆိုတယ် ... ။ ”

“ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဆရာအတွက် ခွန်လွန်ကို ပြန်ရမယ်။ ”

လင်းယွန်က ခေါင်းမာစွာ ထပ်မံ ပြောကြား လိုက်သည်။ တော်ဝင် ကောင်းကင် သခင်ခမျာ ခေါင်းယမ်းလျက် ဆက်မပြောတော့ချေ။

လင်းယွန်၏ စိတ်နေစိတ်ထားကို အကြမ်းဖျင်း သိသော်လည်း ထိုသို့ပြန်ခြင်းသည် အဓိပ္ပါယ် မဲ့ချေ၏။

“ စီနီယာ မစိုးရိမ်ပါနဲ့ ... သူ နောက်နေတာပါ။ ”

လင်းကျန်းရှန့်က အခြေအနေကို ဝင်ထိန်း၏။

“ ငါကတော့ နောက်နေတာ မဟုတ်ဘူး ... မင်းသာ ကောင်းကင် တံခါးမှာ ဆက်နေခဲ့ရင် အနှစ်ငါးဆယ်အတွင်း ဧကရာဇ် ဖြစ်လာ လိမ့်မယ်။ ”

တော်ဝင် ကောင်းကင် သခင်က သူ့ဆန္ဒများကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

“ ငါသာ မင်းရဲ့ဆရာ ဆိုရင်လည်း ကောင်းကင်တံခါးမှာ ဆက်နေဖို့ အကြံပေးမိမှာ သေချာတယ်။ ”

စကားတပြောပြောနှင့် တစ်နာရီခန့် လျှောက်လှမ်းလာခဲ့ ပြီးနောက် မြို့တံခါးသို့ ရောက်ရှိ လာကြသည်။ တော်ဝင် ကောင်းကင် သခင်က တံဆိပ်တစ်ခုစီ ပေး၏။

“ ဒီတံဆိပ်က မင်းတို့ရဲ့ ကိုယ်ပိုင် လက္ခဏာကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံ ဧည့်ခံပွဲမှာ ပါဝင်ဖို့ ... စာရင်းသွင်းနိုင်တယ် မပါဝင်ချင်ဘူး ဆိုရင်တော့ ... ဒီတံဆိပ်နဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ”

ရှန်းထျန်းနန်နှင့် အောင်းကြွယ်က သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူတို့ကို ရည်ရွယ်ခြင်း ပေပင်။ လင်းယွန်ကြောင့်သာ ခွဲတမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲတော်၌ ပါဝင်ရန် အရည်အချင်း မပြည့်မီခေျ။

နောက်ဆုံးတွင် ကောင်းကင်ဘုံ ဧည့်ခံပွဲဟူသည် သန့်ရှင်းသော သားတော်နှင့် နတ်သားများအတွက်သာ ဖြစ်သည်။

တော်ဝင် ကောင်းကင် သခင် ထွက်ခွာသွားပြီးနောက် နှစ်ဦးသား ဧည့်ခံပွဲ၌ ပါဝင်ခြင်း မပြုတော့ရန် ဆုံးဖြတ် လိုက်၏။

“ မင်းတို့ နှစ်ယောက် တကယ် မသွားဘူးလား ... မင်းတို့ ဘယ်သူ့ကိုမှ အနိုင် မယူနိုင်ရင်တောင် ဒီတိုက်ပွဲက ခွန်အားကို မြန်မြန်ဆန်ဆန် တိုးလာစေလိမ့်မယ်။ ”

လင်းယွန် စကားကြောင့် အောင်းကြွယ်နှင့် ရှန်းထျန်းနန်တို့က အကြည့်ချင်း ဖလှယ်လိုက် ကြ၏။

“ ဒါက ပုံမှန်ပါပဲ ... ငါသာ ဒြပ်ငါးပါးကို ဆုပ်ကိုင်ထားဖို့ နီးစပ်မနေဘူးဆိုရင် ... ငါလည်း ပွဲကို ပါဝင်မိမှာ မဟုတ်ဘူး ... ပြိုင်ဘက်က အရမ်း သန်မာနေရင် သူတို့ ဘာကိုမှ သင်ယူနိုင်မှာ မဟုတ်ဘူး။ ”

သူမကပင် ဆက်လက်၍၊

“ ကောင်းကင်ဘုံ လွင်ပြင်ကို ဒေသကြီး ကိုးခုခွဲခြားထားပြီး ... စမ်းသပ်ကွင်း ကိုးခုခွဲခြား ထားတယ် ... နဝမမြောက် စမ်းသပ်ကွင်းရဲ့ ကန့်သတ်ချက်က အသက် ...

... ငါးဆယ်အောက် လူငယ်တွေပဲ ... အထူးသဖြင့် အသက် သုံးဆယ်ဝန်းကျင် ဖြစ်ပြီး ထာဝရတာအိုကို ဆုပ်ကိုင် မထားကြဘူး ... ဘိုးဘေးက အသက် ငါးဆယ်အထက် ...

... ကျွမ်းကျင်သူတွေ လက်ကနေ ဒီနည်းလမ်းနဲ့ ငါတို့ကို ကာကွယ်ပေးထားတာ၊ ဘုံသုံးထောင်ရဲ့ ပါရမီရှင်တိုင်းက အသက် တစ်ရာ ဝန်းကျင်မှာ ထာဝရ တာအို ... ဒါမှ မဟုတ် အုပ်စိုးရှင် နက္ခတ်တွေ ရှိကြတယ် ...

... ပွဲတက်လာသူတိုင်း အရည်အချင်း ပြည့်မီသူတွေပဲ ဘယ်နည်းနဲ့မှ အားနည်းချက် မရှိကြဘူး ... အုပ်စိုးရှင် နက္ခတ်နဲ့ ထာဝရ တာအိုကို နားမလည်ရင်တောင် ... နင့်လို မောက်မာတဲ့ လူငယ်တေွပဲ ... ။ ”

ထို့နောက် ကျိကျစ်ရှီထံ လှည့်ကြည့်ပြီး၊

“ သူ့လို ကောင်းကင်ဘုံ ဖီးနစ် သမီးတော်တွေ ... ။ ”

-ဟု အဆုံးသတ်လိုက်၏။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် အားနည်းချက်များ မရှိသကဲ့သို့ အလားအလာ သည်လည်း မနည်းကြချေ။

သူမသည် လင်းယွန်၌ ထာဝရ တာအို နှစ်ပါးနှင့် အုပ်စိုးရှင်နက္ခတ် ရှိသည်ကို မသိခဲ့ သဖြင့် အနည်းငယ် အားနည်း နေသေး၏။

အထက်ပါ ခေါင်းစဉ်များနှင့် မကိုက်ညီ သောကြောင့် မောက်မာခြင်း ဟူသည့် ခေါင်းစဉ် အသစ်အောက်၌ ထည့်သွင်းခဲ့သည်။

မြို့ထဲရောက်သည်နှင့် ရှန်းထျန်းနန်နှင့် အောင်းကြွယ်အတွက် တည်းခိုခန်း တစ်ခုရှာရန် ဦးစားပေးခဲ့သည်။

ထို့နောက် ၎င်းတို့အား ထားခဲ့ကာ သူတော်စင် ရင်ပြင်သို့ ခရီးဆက်လာခဲ့မိသည်။ တစ်စုံတစ်ယောက်က ခြံဝင်းအဝင်၌ လူတိုင်းကို မှတ်ပုံတင်နေ၏။

လင်းယွန် အလှည့် အရောက်တွင် ထိုလူကြီးက ပြန်မော့ကြည့်သည်။

“ မင်းက လင်းယွန်လား ... ။ ”

“ဟုတ်ပါတယ် ... ပြဿနာ ရှိလား။ ”

“ မင်းက ... တကယ်ပဲ အသက် ငယ်ငယ်လေးနဲ့ သတ္တမအဆင့် သူတော်စင် သခင် ဖြစ်လာတာကိုး။ ”

၎င်းက လင်းယွန်ကို စစ်ဆေးလိုက်ပြီး အံ့ဩနေခဲ့သည်။ အမည်ကို ကြားဖူးသော်လည်း ဤမျှ ငယ်ရွယ်လိမ့်မည်ဟု ထင်ထားပုံ မရချေ။

“ ဧည်ခံပွဲမှာ အသက် ကန့်သတ်ချက် ရှိလို့လား။ ”

လင်းယွင်က ပြန်မေးသည်။

“ မရှိဘူး ... ။ ”

ထိုလူက ခပ်ပြတ်ပြတ် ပြန်ဖြေပြီး အပြာဝတ်ရုံဖြင့် အမျိုးသမီးတစ်ဦးကို လှမ်းခေါ် လိုက်သည်။

“ သူတို့က ကောင်းကင်လွင်ပြင်ကနေ လာတာ ... အထောက်အထားတွေကို စစ်ဆေး ပြီးပြီ ... လိုက်ပို့ပေးလိုက်။ ”

အပြာဝတ် အမျိုးသမီးက လင်းယွန်ကို ခဏတာ ငေးကြည့်နေမိ၏။ ကောင်းကင်ဘုံ ပျက်စီးမြေတွင် ပါရမီရှင်များစွာ ရှိကြပြီး လူငယ်တိုင်း ချောမောကြချေပြီ။

သို့သော် ဤလူငယ်ကဲ့သို့ စွဲဆောင်မှု ရှိသူတစ်ဦးကို မတွေ့ဖူးသေးချေ။ ရှားရှားပါးပါး ပေပင်။

“ ငါ့နာမည်က ရှယွမ်ပါ ... ကောင်းကင်ဘုံ သူတော်စင် ခြံဝင်းရဲ့ တပည့်မပဲ။ ”

သို့သော် သူမ ထိုသို့ ပြောလိုက်သည့် အခိုက်တွင် လင်းယွန်ဘေးရှိ အမျိုးသမီးထံမှ ရန်လိုမှုကို ခံစားလိုက်ရ၏။

ဤအရာက ရှယွမ်ကို လှောင်ပြုံး ပြုံးမိစေသည်။ ဤလူငယ်သည် ကြည့်ကောင်း သော်လည်း သူမသည် ကောင်းကင် သူတော်စင် ခြံဝင်း၏ တပည့် ဖြစ်၏။ ထို့ကြောင့် လဲကျစရာ အကြောင်း မရှိချေ။

ကောင်းကင် သူတော်စင် ခြံဝင်းဟူသည် ကောင်းကင် တာအိုဂိုဏ်း၏ ငရဲသစ်ခွခြံဝင်းနှင့် ဆင်တူသည်။ သို့သော် ၎င်းတို့သည် ပိုမို အားကောင်းချေ၏။

ခြံဝင်းသခင်သည် နတ်ဘုရား ဖြစ်ပြီး ဤနေရာရှိ တပည့်များ အားလုံးမှာ ဉာဏ်ရည် ထက်မြက်သူများ ဖြစ်၏။

ထို့ကြောင့် လင်းယွန်သည် အရည်အချင်းရှိသူ ဖြစ်သော်လည်း နဝမမြောက် စမ်းသပ်ကွင်းမှ လာသဖြင့် အထင်မကြီးချေ။

အခြားသော စမ်းသပ်ကွင်းများတွင် နတ်သားတော် ကဲ့သို့သော ပါရမီရှင်များနှင့် နာမည်ကြီး များစွာ ရှိသည်။

ဤလူငယ် အတွက် အနည်းငယ် စောနေသေးသည်။ ထို့ကြောင့် အမျိုးသမီး၏ ရန်လိုမှုသည် ဟာသမျှသာ ဖြစ်၏။ သူ့လူကို သူမ အထင်မကြီးချေ။

“ ငါ့နဲ့ လိုက်ခဲ့ကြပါ ... ကောင်းကင် သူတော်စင် ခြံဝင်းက ကောင်းကင် တံခါး ခြံဝင်း (၃၆)ဝန်း အနက်က တစ်ခုပဲ ... ဒီတစ်ကြိမ် ဧည့်ခံပွဲကို ငါတို့ ခြံဝန်းမှာ၊ ...

... ကျင်းပမယ် ဒါပေမယ့် ... ခုနစ်ရက် ကြာဦးမှာမို့ မင်းတို့ကို ဒီနေရာနဲ့ ရင်းနှီးအောင် အရင် ခေါ်သွားပေးမယ်။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ အလားအလာရှိသော ပြိုင်ဘက်များကို သူ သည်လည်း မြင်လို၏။

ရှယွမ်က သူ့တို့အပေါ် သဘောကျခြင်း မရှိသော်လည်း မေးခွန်းများကို ပြန်လည် ဖြေဆို ချိန်တိုင်း အပြုံးဖြင့် တုံ့ပြန်တတ်သည်။

“ ဒီဧည့်ခံပွဲ အပြီးမှာ ... အကောင်းဆုံး ဆယ်ယောက်ကို ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေးက ကောင်းကင်တာအို မြှင့်တင် ပေးမယ်လို့ ကြားတယ် ဟုတ်လား။ ”

လင်းယွန်က မေးသည်။

“ မှန်တယ် ... အတိအကျပြောရရင် ... ဒါကတာအို မြှင့်တင်ပေးမှာမျိုး မဟုတ်ပါဘူး ဘိုးဘေးရဲ့ ကံကြမ္မာကို မင်းတို့ တာအိုထဲ ပေါင်းထည့်ပေးမှာ။ ”

“ ဟမ့် ... ဘိုးဘေး ကံကြမ္မာလား ... ။ ”

ဤသည်မှာ ထိတ်လန့်စရာပေပင်။ တစ်စုံတစ်ယောက်သည် နတ်ဘုရား ဖြစ်ရုံဖြင့် ကောင်းကင်ကို အံတုနေပြီ ဖြစ်၏။

“ ဒင် ... ။ ”

ဘိုးဘေး နတ်ဘုရား အဆင့်ဟူသည် ကောင်းကင်တာအိုကို အန်တုနိုင် နေပေသည်။ များမကြာခင် ရေကန်တစ်ကန် အနားမှ ဖြတ်လျှောက် လာမိသည်။

“ ဒင် ... ။ ”

ရုတ်တရက် ဗျပ်စောင်း သံကို ကြားလိုက်ရသဖြင့် လင်းယွန်က ခြေလှမ်းရပ် လိုက်ပြီး မဏ္ဍပ် တစ်ခုထံ လှမ်းကြည့်လိုက်၏။

အမျိုးသမီးတစ်ဦးသည် မဏ္ဍပ်အတွင်း ဗျပ်စောင်းကစားနေပြီး လူအများက သူမထံ ငေးကြည့်နေသည်။

သူတို့အားလုံးသည် ငယ်ရွယ်သော ဉာဏ်ကြီးရှင်များ ဖြစ်ကြ၏။ ထိုမြင်ကွင်းက လင်းယွန်ကို ပြုံးရွှင်သွားစေသည်။

ရုတ်တရက် တိတ်ဆိတ်သွားသော လင်းယွန်၏ အမူအရာကြောင့် ကျိကျစ်ရှီက ခေါင်းမော့ ကြည့်သည်။ ထို့နောက် လင်းယွန် အကြည့်အတိုင်း လိုက်ပါကြည့်မိ၏။

လူအုပ်ကြီးအတွင်း ဗျပ်စောင်း တီးခတ်နေသော အမျိုးသမီးငယ် တစ်ယောက် ဖြစ်သည်။ လူငယ်များစွာက သူမကို တပ်မက်စွာ ငေးကြည့်နေကြ၏။

“ ဟမ့် ... ။ ”

အမျိုးသမီး မျက်နှာကို မြင်သောအခါ ကျိကျစ်ရှီတစ်ယောက် အသက်ရှူကြပ် သွား တော့သည်။

သူတို့နှစ်ယောက်၏ အဆိုပါ အပြောင်းအလဲက ဘေးမှ လိုက်ပါလာသော လင်းကျန်းရှန့်ကို အံ့ဩစေပြီး မဏ္ဍပ်ထံ လှည့်ကြည့် လိုက်မိစေသည်။

***

All Chapters