ချီလင်ဓား တန်ခိုးရှင်။
Vol. 171 Ch. 2385
လင်းယွန်တစ်ယောက် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာသော်လည်း ဆန့်ကျင်ဘက်တွင် ကျိကျစ်ရှီမှာ တုန်လှုပ်သွားခဲ့၏။
လင်းယွန်နှင့် ဤအမျိုးသမီး၏ ဆက်ဆံရေးကို သဘာဝကျကျ သူမ သိထား၏။ လင်းယွန်နှင့် စတင်တွေ့ဆုံစဉ်က ရည်ရွယ်ချက် ရှိရှိ နမ်းပြခဲ့သဖြင့် အချိန်အတော်ကြာသည့်တိုင် ဒေါသ ထွက်မိစေသူ ဖြစ်သည်။
ထိုအချိန်က ဒေါသနှင့် ရှက်ရွံ့နေခဲ့ သော်လည်း ယခုကဲ့သို့ လင်းယွန်နှင့် သူမကြား ဆက်ဆံရေး တိုးလာမည်ဟု မမျှော်လင့်ခဲ့ချေ။
“ သခင်လေးလင်း ... အသိလား။ ”
လင်းကျန်းရှန့်က စိတ်ဝင်စား သွား၏။ လင်းယွန်မှ ပြန်ဖြေရန် ပြင်လိုက်သောအခါ ရှယွမ်က ပြုံးပြီး၊
“ မိန်းကလေးလင်း နောက်နေတာလား ... သခင်လေးလင်းက ဘယ်လိုများ သိနိုင်မှာမို့လဲ သူမက ကောင်းကင် ရနံ့သင်းသင်းရဲ့ နတ်သမီးပါ ...
... ကောင်းကင် နတ်မိစ္ဆာ မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး တတိယ စမ်းသပ်ကွင်းကို ဖြတ်ကျော်နိုင်ခဲ့တယ် ...
... လူများစွာက သူမ အလှကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသေးတယ် ... ကမ္ဘာ ပေါ်မှာ ဒီလိုဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက် ရှိနေတယ်ဆိုတာ ငါတောင် မယုံနိုင်ဘူး။ ”
ရှီယွမ်က ပြောသည့်အတိုင်း သူမ မျက်လုံးများတွင် သဘောကျခြင်းများဖြင့် ပြည့်နှက်လာတော့သည်။
“ သူမနဲ့ ပွဲတတ်လိုတဲ့ ဉာဏ်ကြီးရှင်တွေ အားလုံးကို ငြင်းပယ်ခဲ့တယ် ... ကောင်းကင်ဘုံ ချီလင် နတ်သားတောင် ချွင်းချက် မရှိဘဲ ... ဒါဆို ဒီလို မိန်းကလေးမျိုးကို ... သခင်လေး လင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ”
သူမ စကားကြောင့် လင်းကျန်းရှန့်က လင်းယွန်ကို အားနာစွာ ကြည့်သည်။ သို့သော် သူမသည် လင်းယွန်ကို ယုံကြည်၏။
ဤလူငယ်သည် ခံစားချက်များ ပြသရန် ရှားပါးသည်။ ကောင်းကင် ရနံ့ သင်းသင်း၏ ထိုနတ်သမီးသည် ရင်သပ်ရှုမောဖွယ် ဖြစ်နေ လျှင်ပင် ဤသို့ ဣန္ဒြေပျက်မည် မဟုတ်ချေ။
“ သူမ ဘယ်တုန်းက ရောက်နေတာလဲ။ ”
လင်းယွန်က ပြန်လည် ငြင်းခုန်ခြင်းမရှိဘဲ မေးလိုက်သည်။
“ လွန်ခဲ့တဲ့ ငါးရက်လောက်က ... သူမ ရောက်တည်းက ဒီနေရာမှာ အမြဲ ဗျပ်စောင်း လာတီးတယ် ... အဲဒီ ဗျပ်စောင်းကလည်း ထူးထူးခြားခြားပဲ။ ”
“ အဲဒီဗျပ်စောင်း နာမည်က မိုးကြိုးမုန်တိုင်း။ ”
“ ဟမ့် ... ဒါက မိုးကြိုးမုန်တိုင်း ဗျပ်စောင်း ဆိုတာကို ... သခင်လေးလင်းက ဘယ်လိုလုပ် သိတာလဲ။ ”
ရှီယွမ်က မေးသည်။ လင်းယွန်မှ ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေချေ။ မိုးကြိုးမုန်တိုင်း ဗျပ်စောင်း ကို သူကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်၏။
“ အစ်ကိုကြီးလင်း ဒါဆို သူက ... ။ ”
ကျိကျစ်ရှီက လင်းယွန်ထံ အတည်ပြုချက် ရယူရန် လှည့်ကြည့်လိုက်သည်။ လင်းယွန်က ခေါင်းညိတ်ပြ၏။
“ မင်းတို့နှစ်ယောက် ဘာတွေ ဖုံးကွယ် နေကြတာလဲ။ ”
လင်းကျန်းရှန့်က သိချင်စိတ် ပြင်းပျလာသည်။
“ နောက်မှ ပြောပြမယ်။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေ၏။ ထိုအဖြေကြောင့် ရှယွမ်မှ သံသယဝင်လာသည်။ ဤလူငယ်သည် ကောင်းကင် ရနံ့ သင်းသင်းမှ နတ်သမီးကို သိသကဲ့သို့ ပြုမူနေသည်မှာ ရယ်စရာ ကောင်းနေတော့၏။
ထိုအချိန်တွင် လူငယ်တစ်စုက သူမထံ လျှောက်လှမ်းလာ၏။ နတ်သမီးက ဗျပ်စောင်း တီးခြင်းကို ရပ်ကာ မော့ကြည့်သည်။
သို့မှသာ သူမ မည်မျှ စွဲဆောင်မှုမှန်း လင်းကျန်းရှန် တစ်ယောက် မြင်လိုက်ရ၏။ ကျိကျစ်ရှီနှင့် ဆန့်ကျင်ဘက် အလှမျိုး ဖြစ်ချေပြီ။
“ တကယ် လှတယ် ... ငါသာ ယောက်ျားလေးဆိုရင် သူ့အတွက် ပြိုလဲသွား နိုင်တယ်။ ”
လင်းကျန်းရှန့်က ဝန်ခံလိုက်၏။
“ ကောင်းကင်ဘုံ ချီလင် နတ်သားက ဧည်ခံပွဲတက်ဖို့ သူမကို ထပ်ပြီး ဖိတ်ကြားဖို့ ရောက်လာတာ ဖြစ်နိုင်တယ်။ ”
ရှယွမ်က ထင်မြင်ချက်ကို ပြောပြ၏။ ကောင်းကင်ဘုံ ချီလင် နတ်သားတော်သည် ချီလင်တောင်၏ ပါရမီရှင်ဖြစ်သည်။
ချီလင်တောင်သည် တာအိုဂိုဏ်းနှင့် နှိုင်းယှယ်နိုင်သော အင်အားကြီးမားသည့် ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။
ထိုချီလင် နတ်သားတော်သည် ချီလင်တောင်ရှိ နတ်ဘုရား တစ်ပါးမှ ဆင်းသက် လာသူ ဖြစ်ပြီး မြင့်မြတ်လှ၏။ ဤနေရာရှိ ပါရမီရှင်များစွာပင် သူနှင့် ယှဉ်၍ မရနိုင်ချေ။
ကောင်းကင်ဘုံ သူတော်စင် ခြံဝင်းရှိ အမျိုးသမီး အများအပြား၏ အိပ်မက်ထဲမှ မင်းသားလေး ဖြစ်သည်။
ရှယွမ်က ချီလင် နတ်သားတော်ကို တပ်မက်စွာ ကြည့်နေ၏။ ချီလင် နတ်သားတော် ဆိုသူက ယုံကြည်ချက် ရှိရှိဖြင့်၊
“ မိန်းကလေးယွဲ့ ... မင်းက ငါ့ကို သုံးခါလောက် ငြင်းပယ်ပြီးပြီ ... ဒီတစ်ခါတော့ မငြင်းသင့်တော့ဘူး ထင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
သူ့မျက်လုံးများသည် မျှော်လင့်ချက် များစွာဖြင့် တောက်ပနေ၏။ သူ့အပြုံးသည် အမျိုးသမီးများစွာကို ရူးသွပ်စေသည်။
သို့သော် နတ်သမီးက ဂရုမစိုက်ဘဲ တစ်စုံတစ်ယောက်ကို ရှာဖွေနေ သကဲ့သို့ လူအုပ်ထဲ မျှော်ကြည့်နေ၏။
နဝမမြောက် စမ်းသပ်ကွင်းတွင် ပန်းသင်္ချိုင်းဟူသော မောက်မာသည့် ဓားသမား တစ်ဦး ချန်ပီယံ ဖြစ်ခဲ့ကြောင်း သူမ ကြားသိခဲ့သည်။
ထို့ကြောင့် လာရောက် စောင့်မျှော်နေခြင်း ဖြစ်၏။
“ မိန်းကလေးယွဲ့ ... တစ်ယောက် ယောက်ကို ရှာနေတာလား။ ”
ချီလင်နတ်သားတော်က ပြုံးကာ မေးလိုက်သည်။ သို့တိုင် နတ်သမီးက ပြုံးလျက် သူ့ကို လျစ်လျူရှုထားသေး၏။
“ ငါ မင်းကို ဝိုင်းရှာပေးမယ်။ ”
သူမ အပြုံးသည် ချစ်စရာ ကောင်းလွန်း သဖြင့် ချီလင်နတ်သားတော်၏ နှလုံးသားကို ပို၍ လှိုင်းထလာစေသည်။
ထိုအချိန်တွင် ပုလွေသံ ထွက်ပေါ် လာခဲ့သဖြင့် ယွဲ့ဝေဝေတစ်ယောက် အံ့အားသင့် လျက် ချက်ချင်း ပြုံးရွှင်သွားသည်။
“ ခွင့်ပြုပါဦး ငါစောင့်နေတဲ့ လူ ရောက်လာပြီ။ ”
“ မင်း ဘယ်သူကို စောင့်နေတာလဲ ကြည့်ရအောင် ... ။ ”
ချီလင်နတ်သားတော်က သံသယများဖြင့် သူမ နောက်မှ လိုက်ပါလာသည်။ ယွဲ့ဝေဝေက လေထဲပျံဝဲသွားပြီး လင်းယွန်နှင့် မီတာတစ်ရာ အကွာသို့ ဆင်းသက်လိုက်၏။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လျက် သူမက ဦးစွာ ပြေးဖက်တော့သည်။
“ အစ်ကိုကြီးလင်း ... မင်းကို ဝေဝေ နောက်တစ်ခါ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ။ ”
မျက်ရည်များ စီးကျလျက် ပြောကြား၏။ လင်းယွန်က သူမကို စီးကြိုကာ ကိုယ်ဟန်ကို ထိန်းမတ်ပေး လိုက်သည်။
ကောင်းကင် ရနံ့ သင်းသင်း တောင်မှ မထွက်ခွာ လိုသော်လည်း သူမ အမေ မသေခင် မှာကြားခဲ့သော စကားများကြောင့် ခွန်လွန်ကို စွန့်ခွာခဲ့ရသည်။
ထိုအချိန်မှ စကာ လင်းယွန်ကို ထပ်မံဆုံတွေ့ခွင့် မရနိုင်တော့ဟု ယူဆခဲ့မိ၏။ သို့သော် နဝမ စမ်းသပ်ကွင်း၏ မောက်မာသော ဓားသမားသတင်းကို ကြားချိန်၌ မျက်ရည်များ ကျသည်အထိ ဝမ်းသာခဲ့ရသည်။
“ မငိုနဲ့ ... ။ ”
လင်းယွန်က မျက်ရည်များ သုတ်ပေး လိုက်သည်။ ထိုမြင်ကွင်းက ရှယွမ်ကို အသက်မဲ့ သွားစေ၏။
ကောင်းကင်ရနံ့ သင်းသင်း၏ နတ်သမီးသည် အမှန်တကယ်ပင် ဤလူငယ် ရှေ့၌ ကလေးငယ်လို ပြုမူနေသည်။
လင်းကျန်းရှန့်က ပြုံး၏။ လင်းယွန်ကို အချစ်အကြောင်း မသိသည့် လူရိုင်းလေးအဖြစ် ထင်နေမိခဲ့သည်။
နတ်သမီး တစ်ပါးကိုပင် ဖျားယောင်း ထားနိုင်သော မှော်ဆရာ ဖြစ်မည်ဟု မထင်ထား မိချေ။ ၎င်းတို့၏ ချစ်ခြင်းသည် နူးညံ့လွန်း သောကြောင့် သူမကိုပင် ချိုမြိန်မှု ကူးစက်လာစေ၏။
ကျိကျစ်ရှီ အတွက်မူ မျက်နှာကို ဖုံးအုပ်ထားသည်မှာ ကံကောင်း သွားခဲ့သည်။ မဟုတ်သော် သူမ ခံစားချက်ကို သတိထားမိ သွားမည်မှာ သေချာ၏။
နိဗ္ဗာန်ပွဲတော်တွင် ချိူမြိန်သော ချစ်တေး တစ်ပုဒ်ကို ပြန်သတိရလာမိသည်။ ဘဝသုံးပါး သစ်ပင်သည်ပင် သူတို့၏ ချစ်ခြင်းကို အသိအမှတ်ပြုထား၏။
“ မင်းက ပန်းသင်္ချိုင်းလား။ ”
ချီလင် နတ်သားတော်နှင့် ချီလင်တောင်၏ အဖွဲ့ဝင်များက မျက်နှာ နီရဲလျက် အနားရောက် လာသည်။
“ ဟုတ်တယ် ငါပဲ။ ”
လင်းယွန်က ယွဲ့ဝေဝေကို ဘေးသို့တွန်းဖယ်ကာ ပြန်ဖြေ၏။
“ မင်း လိုအပ်တာ တစ်ခုခုရှိလား။ ”
“ ငါ မင်းအကြောင်း ကြားဖူးတယ် ... အရိုင်းမြေကလာတဲ့ ဓားသမား မဟုတ်လား ... ငါတို့ ချီလင်တောင်က ဓားသမားတွေ အတွက် မြင့်မြတ်မြေ တစ်ခုပဲ ... ငါတို့မှာ ချီလင် ဓားတန်ခိုးရှင် ရှိတယ် ...
... မင်းစိတ်ဝင်စားတယ် ဆိုရင်တော့ ဧည့်ခံပွဲပြီးတဲ့အခါ ငါ့ရဲ့ ကျွန်သူတော်စင် အဖြစ် ခေါ်သွားပြီး မိတ်ဆက်ပေး နိုင်တယ်။ ”
ချီလင် ဓားတန်ခိုးရှင် ဟူသည် နတ်ဘုရားများ ကြားတွင် ဓားပညာရပ်ကြောင့် ပြိုင်ဘက်ကင်းချေပြီ။ နယ်ပယ်သုံးထောင်၏ ဓားဒဏ္ဍာရီ အဖြစ်ပင် တင်စားကြ၏။
သူ့တွင် တန်ခိုးရှင် တစ်ခုဦး၏ စိတ်နေစိတ်ထားမျိုး ရှိသဖြင့် ဓားတန်ခိုးရှင်ဟု ခေါ်ခြင်း ဖြစ်သည်။
ဓားသမားများအတွက် ချီလင်ဓားတန်ခိုးရှင်၏ တပည့်ဖြစ်လာရန် အိပ်မက်တစ်ခု ပေပင်။
သို့သော် ချီလင်ဓား တန်ခိုးရှင်သည် တပည့်များ လက်မခံတော့သည်မှာ ကြာပြီ ဖြစ်၏။ ကျွန်သူတော်စင် ဟူသည် နတ်သားများ အတွက် ကျွန်တစ်မျိုး ဖြစ်သည်။
၎င်းတို့သည် ချီလင် နတ်သားတော်၏ နောက်သို့ လိုက်ခြင်းဖြင့် ချီလင်တောင်ပေါ်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ပေမည်။
“ နင်က ... သခင်လေး လင်းကို ကျွန်သူတော်စင် အဖြစ် လိုချင်နေတာလား၊ ငါ့ အမြင်အရတော့ နင်သာ သူ့နောက်ကို လိုက်သင့်တယ်။ ”
ဘေးမှရပ်ကြည့်နေသော လင်းကျန့်ရှန့်က မနေနိုင်တော့ချေ။ လင်းယွန်သည် ဓားတာအို၌ ထာဝရ တန်ခိုးရှင် တစ်ပါး၏ စိတ်နေ စိတ်ထားမျိုး ရှိသည်။
ဆိုလိုသည်မှာ ဓားဘိုးဘေး လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်၏။ တစ်ဖက်တွင် သူမ ဟူသည် ဓားတာအိုကို အရိုးနှင့် ဝိညာဉ်များ အထိတိုင် စွဲလန်းလှသည်။
သူမ မြင်ဖူးသမျှ လင်းယွန်သည်သာ အထက်ရှဆုံး ဓားသမား ဖြစ်သည်။ ရတနာ ဓားတစ်လက်ကို မြင်နေရသလိုပေပင်။
ထို့ကြောင့် ချီလင် နတ်သားသည် မြင့်မြတ်သော အဆင့်အတန်း ရှိနေခဲ့လျှင်ပင် လင်းယွန်ကို ကျွန်အဖြစ် လိုချင်နေသည်မှာ သူမတာအိုကို စော်ကားနေခြင်း ဖြစ်သည်။
လင်းကျန်းရှန့် စကားကြောင့် ရှယွမ် တစ်ယောက် မျက်လုံးပြူးကာ လင်းယွန်ထံ ပြန်၍ ခိုးကြည့်မိသည်။
လင်းယွန်သည်ပင် ထိတ်လန့်သွား၏။ လှပေသာ အမျိုးသမီးများသည် ကမ္ဘာကြီးကို မည်မျှ ဒုက္ခဖြစ်စေကြောင်း နားလည်မိပြီ ဖြစ်သည်။
ထို့ကြောင့် နှာခေါင်းကို လက်ဖြင့်ပွတ်ကာ လင်းကျန့်ရှန့်ထံ လှည့်ကာ ပြုံးပြလိုက်မိသည်။ ထိုအပြုံးမှာ နှစ်လိုဖွယ်ကောင်းသော်လည်း သူ့ပါးစပ်သည် ချွင်းချက် ဖြစ်သည်။
“ ချီလင်ဓား တန်ခိုးရှင် ဆိုတာက ... ငါ့ဆရာထက် တော်လို့လား ... ပြီးတော့ ငါက တစ်စုံ တစ်ယောက်ကို ကျွန်အဖြစ် ခေါ်ယူဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ”
***