သူ့ကို ဂရုမစိုက်နဲ့ ... ။
Vol. 171 Ch. 2386
ကောင်းကင်ဘုံ ချီလင် နတ်သားတော်က ခေါင်းခါပြီး၊
“ မင်းက ခွန်လွန်လို အရိုင်းမြေကနေ လာခဲ့တာပဲ၊ မင်းဆရာက ဘယ်လောက်တောင် သန်မာနိုင်မှာမို့လဲ ချီလင်ဓားတန်ခိုးရှင်သာ ခွန်လွန်ကို သွားချင်ရင် ... ဘုံတစ်ခုလုံးကို သူ့ဓားနဲ့ ဖြတ်နိုင်လိမ့်မယ်။ ”
“ ဖြစ်နိုင်ပါတယ်။ ”
လင်းယွန် ပြုံးရုံသာ ပြုံး၏။ ဘက်ပြိုင် ငြင်းဆန်ခြင်း မပြုချေ။ ထိုသို့သော သဘောထား မျိုးက ချီလင် နတ်သားတော်ကို ဒေါသ ထွက်လာစေ၏။
သို့ရာတွင် အပြုံးမပျက်ဘဲ၊
“ ကောင်းကင်ဘုံ ဧည့်ခံပွဲတော်မှာ ... တောက်ပဖို့ အခွင့်အရေးရှိမယ်လို့ မင်းကိုယ်မင်း ထင်ထားလား ... မင်းမှာ ဒီလို အခွင့်အရေးမျိုး ရှိမှာ မဟုတ်ဘူး၊ နဝမမြောက် စမ်းသပ်ကွင်းက အဖြည့်ပဲခံ။ ”
“ အစ်ကိုကြီးလင်း ... သွားကြရအောင် သူ့ကို ဂရုစိုက်မနေနဲ့။ ”
“ ကောင်းပြီ ... ။ ”
နှစ်ယောက်သား ပြုံးလျက် ချီလင် နတ်သားတော်ကို ထားပြီး ထွက်ခွာလာခဲ့သည်။ ထိုအပြုအမူက ချီလင်းနတ်သားတော်ကို ဓားမြှောင်နှင့် ထိုးလိုက်သလို ပေပင်။
ဤသို့သော လျစ်လျူရှုမှုမျိုး ပထမဆုံးအကြိမ် ကြုံတွေ့လာရခြင်း ဖြစ်၏။ ကောင်းကင် သူတော်စင် ခြံဝင်းမှ ပိုင်ရီနှင့် လီတင်း၊ အရိပ် နတ်ဘုရား နန်းတော်မှ ယဲ့ဝူရှန်၊ ရှေးဦးသားရဲ မျိုးနွယ်မှ တာ့ဖုန်းတို့က သူ့အနား လျှောက်လှမ်းလာသည်။
“ တောအုပ်မှာ ကျားမရှိရင် ... မျောက်တစ်ကောက် တောင်မှ သူ့ကိုယ်သူ ဘုရင်အဖြစ် ကြေညာဝံ့တဲ့ ပုံပဲ။ ”
ပိုင်ရီက မှတ်ချက်ပေးလိုက်သည်။ သားရဲမျိုးနွယ်စုမှ တာ့ဖုန်ကလည်း၊
“ ညီအစ်ကို ... ကိုယ့်ကိုယ်ကို ဒီလောက်အထိ နှိမ့်ချနေစရာ မလိုပါဘူး မင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့အတွက် မကြာခင် သူ နောင်တရ လိမ့်မယ်။ ”
-ဟု နှစ်သိမ့်လိုက်သည်။
“ အမှန်ပဲ ... သူသာ ဒီကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင် ငါတို့အတွက် ခက်ခဲသွားရ လိမ့်မယ် ... အခုတော့ ငါတို့ ဧည့်ခံပွဲမှာ ပျော်ခွင့်ရပြီ ...
... အထူးသဖြင့် ဒီလို အဆင့်အတန်း နိမ့်ကျတဲ့ မိန်းမ တစ်ယောက်အတွက် အသည်း ကွဲ မခံပါနဲ့။ ”
တစ်ယောက် တစ်ပေါက် အားပေး စကားများကြောင့် ချီလင် နတ်သားတော်က ပခုံးတွန့်ကာ ပြန်၍ ပြုံးရယ်လာ၏။
“ ဒါက ဘာမှ မဖြစ်ပါဘူး ... သူ့ရဲ့ အရည်အချင်းကို တန်ဖိုးထားပြီး ငါက ဖိတ်ခေါ် ခဲ့တာပါ၊ အခုတော့ စိတ်မကောင်းစရာပါပဲ။ ”
ထိုစကားကို ခေါင်းညိတ် လိုက်ကြပြီး လင်းယွန်တစ်ယောက် သေချာပေါက် နောင်တ ရလိမ့်မည်ဟု ယုံကြည်လာကြ၏။
ထိုအချိန်တွင် ရှယွမ်သည် အိမ်မက် မက်နေသလို ခံစားလာရကာ လင်းယွန်ထံ ခိုးကြည့်မိသည်။
သူတော်စင် ခြံဝန်း ဂိတ်ပေါက်သို့ ရောက်သော အခါ၊
“ ငါ လိုက်မပို့တော့ဘူး ... ။ ”
-ဟု နှုတ်ဆက်လိုက်၏။
“ ငါတို့ ဧည့်ခံပွဲမှာ ပြန်တွေ့ကြမလား။ ”
လင်းယွန်က မေးသည်။ ရှယွမ်က ခေါင်းညိတ် ပြလိုက်၏။
“ ဒါဆို ငါးရက်နေရင် ငါတို့ပြန်တွေ့မယ်။ ”
ထို့နောက် လင်းယွန်က နှုတ်ဆက် ထွက်ခွာသွားသည်။ ရှယွန်သာလျှင် လင်းယွန်၏ နောက်ကျောထံ ငေးမောလျက် သက်ပြင်းချ မိ၏။
ထိုငါးရက်မြောက် နေ့တွင် ချီလင် နတ်သားတော်နှင့် ရင်ဆိုင်ရမည်ကို ဤလူငယ် သိပုံမရချေ။
တစ်ဖက်လူ အပေါ် မူလတွင် ချီလင် နတ်သားတော်နှင့် မယှဉ်နိုင်ဟု ထင်ခဲ့မိသည်။ သို့သော် ယွဲ့ဝေဝေ၏ တန်ဖိုးထားမှုကြောင့် ပြန်လည် သုံးသပ်ရန် လိုအပ်လာပုံရ၏။
ထိုအချိန်တွင် လင်းယွန်နှင့် အဖွဲ့က ငှားရမ်းထားသော ခြံဝင်းတစ်ခုသို့ ပြန်လည် ရောက်ရှိ လာသည်။
သူတို့ ဝင်လိုက်သော အခါတွင် ရှန်းထျန်းနန်နှင့် အောင်းကြွယ်က ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေလျက်မှ မော့ကြည့်၏။
“ ပြန်လာ ကြပြီလား ... ကောင်းကင်ဘုံ သူတော်စင် ရင်ပြင်က အရမ်း စည်ကားတယ် မဟုတ်လား။ ”
အောင်းကြွယ်က မေးသည်။
“ မဆိုးပါဘူး ... ဒါနဲ့ မင်းတို့ကို မိတ်ဆက်ပေးပါရစေ ... သူက ယွဲ့ဝေဝေ။ ”
လင်းယွန်၏ မိတ်ဆက် စကားကြောင့် နှစ်ယောက်သား ယွဲ့ဝေဝေ ပါလာခဲ့သည်ကို သတိပြုမိလိုက်၏။ ချက်ချင်း မှင်တတ် သွားလေသည်။
ကျိကျစ်ရှီထက်လှသော အမျိုးသမီး တစ်ယောက် ဤကမ္ဘာ၌ အမှန်တကယ်ရှိခဲ့ သည်လော။ မယုံနိုင်စရာ ပေပင်။ လှပသည် ဆိုသည်ထက် မှော်ဆန်သည်ဟု သုံးနှုန်းရ ပေမည်။
“ သေစမ်း ... ဒီလောက် အချိန်တိုလေး အတွင်းမှာ ... ဒီလို မှော်ဆန်တဲ့ အလှတရားကို မင်းဘယ်လိုများ ရှာလာနိုင်တာလဲ။ ”
ရှန်းထျန်းနန်က သည်းမခံ နိုင်တော့ဘဲ မေးမြန်းလိုက်သည်။ သို့သော် သူ့မေးခွန်းသည် ရိုင်းပြသွားသည့် အတွက် နောင်တရမိ၏။
တစ်ဖက်တွင် ယွဲ့ဝေဝေက စိတ်ဆိုးခြင်း မရှိဘဲပြုံးလျက်၊
“ ငါတို့ နှစ်ယောက်လုံး ခွန်လွန်ကနေ လာတာ ငါသူ့ကို ကောင်းကင်ဘုံ သူတော်စင် ရင်ပြင်ကနေ လာစောင့်နေတာ။ ”
-ဟု ရှင်းပြ လိုက်၏။
“ အို ... ဒါဆို ငါ့ရဲ့မရီးပေါ့ ... ငါက ထျန်းနန်ပါ ... မင်းမှာ ညီမလေးများရှိရင် ငါ့ကို မိတ်ဆက်ပေးလို့ ရပါတယ်။ ”
“ ငါက အောင်းကြွယ် ... ။ ”
“ ဟမ့် ... ။ ”
မရီးဟူသော အသုံးအနှုန်းကြောင့် ကျိကျစ်ရှီက မြည်သံပြုလျက် ရှန်းထျန်းနန်ကို မကျေမနပ်ဖြစ်ကာ လှည့်ထွက်သွားတော့၏။
ရှန်းထျန်းနန် တစ်ယောက် ကူကယ်ရာ မဲ့သွားသည်။ လင်းကျန်းရှန့်က စာနာစိတ်ဖြင့် လင်းယွန်ထံ ကြည့်ကာ ထွက်ခွာသွားပြန်၏။
လေထုမှာ တင်းကျပ်လာသောကြောင့် ရှန်းထျန်းနန်နှင့် အောင်းကြွယ်တို့ သည်လည်း အချင်းချင်း အချက်ပြကာ လှည့်ထွက်သွား တော့သည်။
“ ကြည့်ရတာ အစ်ကိုကြီးလင်းကို သူ သဘောကျနေပြီ ထင်တယ် ... ဒါကို ဟိုတုန်း တည်းက ငါ ခန့်မှန်းမိပြီးသားပါ။ ”
ယွဲ့ဝေဝေက ပြုံးလျက် လင်းယွန်ကို ကြည့်သည်။ ထိုအပြုံးကြောင့် လင်းယွန်ခမျာ ကျောရိုးများ စိမ့်တက်လာ၏။ ကျိကျစ်ရှီနှင့် ပတ်သတ်သမျှ ချက်ချင်း ရှင်းပြမိသည်။
“ အစ်ကိုကြီးလင်း မင်းဆရာက နတ်ဖီးနစ် သခင်ရဲ့ အကူအညီနဲ့ဆို အများကြီးအခွင့်အရေး ရပါလိမ့်မယ် ဒါပေမယ့် ... မင်း သတိထားရမယ် တျန်ရွှမ်ဇီက အစ်ကိုကြီးလင်း မြင်ရတာထက် ပိုကြောက်စရာ ကောင်းတဲ့ လူပဲ ...
... ဒါကြောင့် ဧည့်ခံပွဲမှာ ထိပ်ဆုံး သုံးယောက်ထဲ ဝင်အောင် လုပ်ပါ ... ပထမ ရရင် အကောင်းဆုံးပေါ့ ... ။ ”
လင်းယွန် သက်ပြင်းချ လိုက်သည်။ ယွဲ့ဝေဝေကို ချစ်မိသည်မှာ ဤအချင်းအရာ များကြောင့် ဖြစ်၏။
အမြဲတမ်း ပြုံးနေသော်လည်း အရေးကြီးသော အချိန်များ၌ ခွဲခြမ်း စိတ်ဖြာပြီး အကြံဉာဏ်များ ပေးတတ်ချေပြီ။
ဤပွဲသို့ ဉာဏ်ကြီးရှင်များစွာ တက်ရောက်လာသောကြောင့် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။။
ယွဲ့ဝေဝေက သူ့အတွက် ပြင်ဆင်ရမည့် အချက်အလက်များကို ထက်မံ ဝေမျှပေသည်။ စကားပြောပြီးချိန်၌၊
“ သူ့ကို သွားရှာလိုက်ဦးမယ်။ ”
-ဟု နှုတ်ဆက် လာတော့သည်။
လင်းယွန်က အံ့သြသွား၏။
“ ဘာတွေ စိတ်ပူနေတာလဲ ... အစ်ကိုကြီးလင်း မပြောပေမယ့် ... မင်း သူ့ကို ဂရုစိုက်တာ ဝေဝေ သိပါတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ကို ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ဖို့ ကူညီရမယ် ... မဟုတ်လား။ ”
ပြောပြီးသည်နှင့် လင်းယွန်ပါးပြင်ကို ရွှတ်ခနဲနမ်းကာ ပေါ့ပေါ့ပါးပါး ထွက်ခွာသွား တော့၏။ ထိုအချိန်တွင် ကျိကျစ်ရှီသည် စိတ်တည်မှု ရရှိစေရန် တရားထိုင်နေ၏။
ဤပွဲသည် သူမအတွက် များစွာ အဓိပ္ပါယ်ရှိသည်။ သို့သော် ယွဲ့ဝေဝေ ရောက်ရှိ လာမှုသည် ပန်းတိုင်မဲ့သွားစေ၏။
“ ဘယ်သူလဲ ... ။ ”
ရုတ်တရက် သူမထံ စိုက်ကြည့်နေသည့် စူးရှသော မျက်ဝန်းတစ်စုံကို သတိထားမိသဖြင့် လှည့်ကြည့် လိုက်ရာ ပြုံးလျက် ရပ်နေသော ယွဲ့ဝေဝေကို မြင်လိုက်ရသည်။
( သူ ... ငါ့ကို သတိပေးဖို့ ... လာတာ ဖြစ်မယ် ... ဒါက နောင်မှာ အစ်ကိုကြီးလင်းကို မတွေ့ရတော့ဘူးလို့ ဆိုလိုတာပဲ ... ။ )
အမျိုးမျိုးသော အတွေးများက သူမ နှလုံးသားကို နာကျင်လာစေသည်။ အသိစိတ် ပြန်ဝင်လာချိန်၌၊
“ အစ်မယွဲ့ တစ်ခုခု လိုအပ်တာရှိလား။ ”
-ဟု ပြန်လည် မေးမြန်းလိုက်မိ၏။
“ မဟုတ်ဘူး ... မင်းကို ကြည့်ဖို့ ငါလာတာ ငါသာ မမှားရင် နတ်ဖီးနစ် တံဆိပ်တွေ ဖျက်ဖို့ စီစဉ်နေတာ မဟုတ်လား။ ”
“ အစ်မယွဲ့ နင်ဘယ်လိုများ သိလဲ။ ”
ကျိကျစ်ရှီက အံ့သြသွား၏။ သူမတွင် နတ်ဖီးနစ် သွေးသားအတွက် တံဆိပ်များ ရှိသည်။
ပွဲမတိုင်မီ ဖျက်ရန် လို၏။ မဟုတ်သော် ထိပ်တန်း ဆယ်ဦး အတွင်းဝင်ရန် အခက်အခဲ ရှိပေမည်။
“ ငါ့မှာလည်း ကောင်းကင် မြေခွေး သွေးသားရှိတယ် ... မင်းလိုပဲ ငယ်ငယ်တုန်းက တံဆိပ်တစ်ခုနဲ့ ပိတ်ထားခြင်း ခံခဲ့ရတယ်။ ”
ယွဲ့ဝေဝေက ပြန်ဖြေ၏။ ထို့နောက် ပြုံးလျက် အခန်းထဲ လှမ်းဝင်လိုက်ပြီး၊
“ ဒါကြောင့် ... မင်းရဲ့ တံဆိပ်ကို ဒီနည်းလမ်းနဲ့ ချိုးဖြတ်လို့ မရဘူး ငါသင်ပေး ပါရစေ ... မဟုတ်လို့ အတင်းအကြပ် လုပ်မိရင် မင်းဒဏ်ရာ ပြင်ပြင်း ထန်ထန် ရလိမ့်မယ်။ ”
-ဟု ပြောကြားလာ၏။
ထိုစကားကြောင့် ကျိကျစ်ရှီ တစ်ယောက် မျက်နှာ နီရဲသွားပြီး၊
“ အစ်မယွဲ့ တောင်းပန်ပါတယ် ... ငါ ... ငါ နားလည်ပါတယ် အစ်ကိုကြီးလင်းကို အဝေးက မြင်ရုံနဲ့ ကျေနပ်နိုင်ပါတယ် ... ငါ့ကို သတိ ပေးစရာ မလိုပါဘူး။ ”
-ဟု ချက်ချင်း တောင်းပန်မိ တော့သည်။
ကျိကျစ်ရှီ စကားကြောင့် ယွဲ့ဝေဝေက ရယ်သည်။ ထို့နောက် သူမ ခေါင်းကို ပွတ်သပ် လိုက်ပြီ၊
“ မင်း ... ဘာတွေ ပြောနေတာလဲ ... နောင်မှာ ဆုစီယာနဲ့တွေ့ရင် ဒီလို မပြောမိစေနဲ့ မင်းက တစ်ချိန်က ငါနဲ့တူတယ် ... အခုတော့ ငါလည်း ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ”
-ဟု ပြောကြားတော့သည်။
“ ဆုစီယာ ... သူက ဘယ်သူလဲ ... ဟမ့် နေပါဦး ... အဲဒါ နဂါးအင်ပါယာရဲ့ နဝမမြောက် သမီးတော် မဟုတ်လား။ ”
ကျိကျစ်ရှီက ထိတ်လန့်မှုမှ ပြန်လည် သက်သာလာပြီး ရှက်ရွံ့စွာ ပြုံးလိုက် တော့၏။
“ ကောင်းပြီ ... ငါတို့ အဲဒါကို အနာဂတ်မှာ ပြောရအောင်။ ”
“ ကောင်းပြီ ... ။ ”
ထို့နောက် ပြုံးလျက် နှစ်ယောက်သား သက်တောင့် သက်သာ ဖြစ်လာတော့သည်။ ထိုအချိန်တွင် လင်းကျန်းရှန့်က ဒြပ်စင်ငါးပါး တာအိုကို ဆုပ်ကိုင်ရန် အာရုံစိုက်နေခဲ့၏။
ထာဝရ တာအို ကိုးပါး အနက်မှ တစ်ပါး ဖြစ်သဖြင့်၊ ၎င်းသည် သူမ၏ ဝှက်ဖဲ ဖြစ်လာနိုင် ပေမည်။
ထိုအချိန်တွင် ကောင်းကင်ဘုံ နတ်ဓား၏ စစ်မှန်သော နက်နဲမှုသည် ဒြပ်ငါးပါး တာအိုဖြင့် တောက်ပနေမည်ဖြစ်၏။
***