← Chapters

ဧည့်ခံပွဲ ... ။

Vol. 171 Ch. 2388

ဧည့်ခံပွဲ ... ။

Vol. 171 Ch. 2388

များမကြာခင် ငယ်ရွယ်ပြီး မာနကြီးသော လူငယ်ပါရမီရှင်များ ထပ်မံ ရောက်ရှိ လာသည်။ အထူးသဖြင့် တတိယစမ်းသပ်ကွင်မှ လာသော ရှေးဟောင်း သားရဲ မျိုးနွယ် တာ့ဖုန် ဖြစ်၏။

ထို့နောက် ရွှေတောင်ပံ လှေပျံနှင့် အမျိုးသမီးငယ် တစ်ယောက် ရောက်ရှိလာ ပြန်သည်။

သူမ၏ အသွင်အပြင်သည် လူတိုင်းကို စိတ်လှုပ်ရှားစေကာ ရမ္မက်များ တောက်လောင် လာစေ၏။

ပြီးပြည့်စုံသော ကောက်ကြောင်း အသွယ်သွယ်ကို ဖော်ပြရန် ငွေရောင် ကိုယ်ကြပ် ဝတ်စုံ ဆင်မြန်းထားသည်။

“ သူက ... ကောင်းကင် တံခါးရဲ့ အဆိပ်ပန်းပဲ ရှချင်းယွန်လို့ ခေါ်တယ် သူ့မျိုးရိုး နတ်ဘုရားကနေ ဆင်းသက်လာတာ။ ”

ယွဲ့ဝေဝေက မိတ်ဆက်ပေးသည်။ အခြားသော စမ်းသပ်ကွင်းမှ ဉာဏ်ကြီးရှင်များ တဖွဲဖွဲ ထပ်မံ ရောက်ရှိလာသဖြင့် အောင်းကြွယ် နှင့် ရှန်းထျန်းနန်မှာ မျက်စိပွင့်သွားသည်။

သို့သော် ထိုလူများထံ ငေးမောရာမှ သတိရလာပြီး လင်းယွန်ထံ ပြန်ကြည့်မိသည်။ ၎င်းတို့နှင့်ယှဉ်သော် သူတို့လူသည် အနည်းငယ် ငယ်ရွယ် နေသေးချေပြီ။

“ ပန်းသင်္ချိုင်းက ... ဒီလို နိမ့်ကျတဲ့ ပုံစံမျိုးနဲ့ ပွဲတက်လာတာ အဓိပ္ပါယ် မရှိဘူး။ ”

ရုတ်တရက် အဖြူဝတ် လူငယ် တစ်ယောက်က ပြုံးပြီး လင်းယွန်အနား ရောက်ရှိ လာသည်။

ထိုလူစိမ်းသည် ဆယ်ကျော်သက် အရွယ်မျှသာ ဖြစ်သော်လည်း ရင့်ကျက်သော လေသံ ပေါက်နေ၏။

အရေးကြီးသည်မှာ ဤလူငယ်သည် သာမန်ထက် သာလွန်သော ဓားသမားတစ်ဦး ဖြစ်ကြောင်းကို ခံစားမိခြင်း ဖြစ်သည်။

“ မင်းကို ... မသိဘူး ... ငါတို့ဆုံဖူးလား။ ”

လင်းယွန်က မေးမြန်းလိုက်၏။

“ ငါမင်းကို သိနေရင် လုံလောက်ပါပြီ။ ”

အဖြူဝတ် လူငယ်က ပြုံးကာ ပြန်ဖြေသည်။

“ ဟမ့် ... မင်းက ဘယ်သူလဲ ... ဘယ်က လာတာလဲ ... အစ်ကိုလင်းက နိမ့်ကျတဲ့ ပုံရိပ်ကို ယူထားတာ မဟုတ်ဘူး ... ကျားတစ်ကောင်လို ခုန်အုပ်ဖို့ အချိန်ကို စောင့်နေတာ။ ”

ရှန်းထျန်းနန်က အဖြူဝတ် လူငယ်ကို ကြည့်ပြီး မကျေနပ်သေးဟန်ဖြင့်၊

“ မင်း စောင့်ကြည့်ပါ ... ဒီနေ့ ဧည့်ခံပွဲပြီးသွားရင် ပန်းသင်္ချိုင်းဆိုတာ ဘာလဲ ဘုံသုံးထောင်က သိရလိမ့်မယ်။ ”

-ဟု ထပ်မံ ပြောကြားလိုက်သည်။

သူ့စကားကြောင့် လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်မိ၏။

“ ကောင်းပြီ ... ဒါဆို ငါ စောင့်မျှော်နေပါ့မယ်။ ”

အဖြူဝတ် လူငယ်က ငြင်းခုန်ခြင်း မပြုတော့ဘဲ ပြုံးလျက် ထွက်ခွာသွားတော့၏။

“ သူ့ဆီက ရင်းနှီးတဲ့ အငွေ့အသက်မျိုး ငါရနေတယ်။ ”

လင်းယွန် ကောင်းကင်ဘုံ သူတော်စင် ရင်ပြင်ဆီသို့ ဆက်၍ လျှောက်လှမ်း လာလျက်မှ ရေရွတ်လိုက်သည်။

ရင်ပြင်ဝတွင် ရှယွမ်က သူတို့ကို စောင့်မျှော်နေ၏။ သူမ ဦးဆောင်မှုဖြင့် တိုက်ပွဲ ရင်ပြင်ထံ ရောက်ရှိလာခဲ့သည်။

ဤရင်ပြင်သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အခမ်းအနားများ အပြင် သိုင်းပြိုင်ပွဲများ ကျင်းပရန်လည်း အသုံးပြု၏။

ရင်ပြင်အလယ်တွင် ပွဲကြည့်စင်များ ပါဝင်သော တိုက်ပွဲစင်မြင့် ရှိသည်။ ထိုတိုက်ပွဲ စင်မြင့်ရှေ့တွင် ပလ္လင်တစ်လုံးပါသော ဧရာမ ကျောက်သား ရင်ပြင်တစ်ခု ရှိ၏။

ထိုပလ္လင်သည် ကောင်းကင် တံခါး ဂိုဏ်းချုပ်အတွက် ရည်ရွယ်သည်။ ပလ္လင်ဘေး၌ နတ်အစောင့် (၃၆)ယောက်နှင့် ဧည့်သည် တော်များ နေရာယူထား၏။

သို့သော် ပလ္လင်ထက် တစ်ဆင့်နိမ့်သော ရင်ပြင်၌ ဖြစ်သည်။ ပလ္လင်နှင့် အဆင့်တူနေရာ၌ ရွှေတောင်ပံ ဂဠုန်တစ်ကောင် ဝပ်တွားနေသည့် ပလ္လင်ငယ် တစ်လုံးရှိနေကာ၊ ၎င်းအပေါ်တွင် ရှချင်းယွင် ထိုင်နေ၏။

သူမ အနားတွင် ချောမောသော လူငယ် တစ်ယောက်က သူ့မာနကို ဖုံးကွယ် မထားဘဲ လူအုပ်အပေါ် လျစ်လျူရှု ထားသည်။

ဤအချင်းအရာက ရှချင်းယွင်နှင့် ထိုလူငယ်ကို ပြီးပြည့်စုံသော စုံတွဲတစ်တွဲကဲ့သို့ ထင်မြင်လာမိစေသည်။

“ ဒါ ... ယဲ့ဝူရှန် မဟုတ်လား။ ”

၎င်းသည် ကောင်းကင် တံခါး၏ အရည်အချင်း အရှိဆုံး တပည့် ဖြစ်ပြီး ဘိုးဘေး နတ်ဘုရားမှ ပြင်ပတပည့် အဖြစ် ငယ်ငယ် တည်းကပင် ခေါ်ယူခြင်း ခံထားရသည်။

ဘုံသုံးထောင်တွင် ကျော်ကြားခဲ့ပြီး ကောင်းကင်ဘုံ ဘိုးဘေး၏ အချစ်ဆုံး တပည့် အဖြစ် နာမည်ကြီး၏။

“ ဝူရှန် ... ဒီပွဲပြီးရင် မင်းက ဆရာ့ရဲ့ အချစ်ဆုံး တပည့် ဖြစ်လာပြီး အတွင်းတပည့် အဖြစ် ရာထူး တိုးခံရလိမ့်မယ်။ ”

ရှချင်းယွင်မှ ပြုံးပြီး ထိုလူငယ်ကို ပြောသည်။

“ ငါ့ကို ယှဉ်နိုင်တဲ့ လူ ... ဘုံသုံးထောင်မှာ မမွေးသေးဘူး။ ”

ယဲ့ဝူရှန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်လည် ပြောကြားလာ၏။ ရှချင်းယွင်မှ ပြုံးရုံသာ ပြုံးပြီး စကားမဆိုတော့ချေ။

အခြားသော နတ်တပည့်များ ထပ်မံရောက်ရှိလာရန် အချိန် သိပ်မကြာ လိုက်ချေ။

သူတို့အားလုံးသည် အဓိက ပလ္လင်နှင့် တပြေးတည်းတွင် နေရာယူကြပြီး နတ်အစောင့် ဖြစ်သော တော်ဝင် ကောင်းကင် သခင်တို့ ထက်ပင် မြင့်မားချေ၏။

အကြောင်းမှာ နတ်တပည့်များ အားလုံးသည် ကောင်းကင်တခါး၌ အမြင့်ဆုံး ဖြစ်တည်မှုများ ဖြစ်ချေပြီ။

ဂိုဏ်းချုပ် သည်ပင် ဘိုးဘေးနတ်ဘုရား၏ တပည့်ဖြစ်၏။ ထို့ကြောင့် ရှချင်းယွင်ကဲ့သို့သော နတ်တပည့်များသည် ဝါစဉ်ငယ်သော်မှ တော်ဝင် ကောင်းကင် သခင်တို့ထက် ရာထူးကြီးချေပြီ။

ဆိုလိုသည်မှာ ဘိုးဘေးနတ်ဘုရား၏ တပည့်များ ဖြစ်သရွေ့ အသက် ထောင်ဂဏန်း ရှိသော စီနီယာများထက် သာလွန်သည့် အဆင့်အတန်းမျိုး ရနိုင်ပေမည်။

ဤအရာက ဘိုးဘေး နတ်ဘုရား၏ တပည့်ဖြစ်လိုသည့် အကြောင်းရင်း တစ်ရပ် လည်း ဖြစ်သည်။

“ ဝှစ် ... ။ ”

ထိုစဉ် ပုံရိပ်တစ်ရိပ် ပျံသန်းလာသည်။ ၎င်းပုံရိပ်ကို နဂါးများက ရစ်ခွေသိုင်းခြုံထား၏။ ဤသည်မှာ နဂါးပြာ နတ်ဆေးအိုး ဖြစ်သည်။

အဆိုပါ နတ်ဆေးအိုးပေါ်တွင် ဧကရာဇ် ရောင်ဝါများ ထုတ်ဖော်ထားသည့် ပုံရိပ် (၃၇)ရိပ် ပါရှိသည်။

အလယ်တွင် တော်ဝင် ကောင်းကင် သခင်နှင့် လူငယ်တစ်ဦး ရပ်နေ၏။ နဂါးများကို ထိုလူငယ်မှ အသက်သွင်းထားခြင်း ဖြစ်သည်။ ၎င်းအမည်မှာ လောထျန်းရှီ ဖြစ်ပြီး ကောင်းကင် တံခါး၏ ဂိုဏ်းချုပ် ရာထူး ပိုင်ဆိုင်ထား၏။

ဘွဲ့အမည်မှာ ကောင်းကင် တံဆိပ် ဧကရာဇ်ဟု ခေါ်ဆိုပြီး နတ်ဘုရား နယ်ပယ် အောက်တွင် ပြိုင်ဘက်ကင်းပေ၏။

အသက် သုံးရာသာ ရှိသေးသည်။ အသက်သုံးရာ မတိုင်မီ ဧကရာဇ် နယ်ပယ် ကန့်သတ်ချက် ရောက်ရှိခြင်း ဟူသည် ဘီလူးဆန်ချေပြီ။

“ မင်္ဂလာပါ ကောင်းကင် တံဆိပ် ဧကရာဇ်။ ”

လူတိုင်းက လေးစားစွာ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြသည်။ လက်ဝှေ့ရမ်းခြင်းဖြင့် နဂါးပြာ နတ်ဆေးအိုးကို ရစ်သိုင်းနေသော နဂါးများက ပြန်ဝင်ကုန်၏။

လင်းယွန်က ထိုင်ခုံပေါ် ပြန်ထိုင်လျက်မှ ထူပူသွားသည်။ နဂါးပြာ နတ်ဆေးအိုး ပိုင်ရှင် ဟူသည် ဂိုဏ်းချုပ် ဖြစ်နေ၏။

ထို့ကြောင့် နဂါးပြာ နတ်ဆေးအိုးကို စိတ်မကူးရန် တော်ဝင် ကောင်းကင် သခင်က သတိပေးခဲ့ခြင်း ပေပင်။

တစ်ဖက်တွင် သူ လုပ်သမျှကို နတ်ဆေးအိုးသခင် ဖြစ်သော ဤဂိုဏ်းချုပ်မှ သတိထားမိနိုင်သည်လောဟု သံသယ ဝင်လာ၏။

သို့သော် နဂါးပြာ နတ်တံဆိပ်သည် နဂါးပြာဘိုးဘေးမှ ပေးအပ်လာခြင်း ဖြစ်သဖြင့် ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေးသာ ရှာတွေ့နိုင်မည်ဟု တွေးမိလာပြန်သည်။

ထိသို့ အတွေးများနေစဉ် သူ့ထံ စူးစူး စိုက်စိုက် ကြည့်နေသည့် မျက်ဝန်း တစ်စုံကို ခံစားမိလိုက်၏။

လူတိုင်း ဂိုဏ်းချုပ်ထံ လေးလေးစားစား နှုတ်ဆက်နေစဉ် နဂါးပြာ နတ်ဆေးအိုးကိုသာ အာရုံစိုက်နေသော လင်းယွန်ကို တော်ဝင် ကောင်းကင် သခင်မှ သတိပေးနေခြင်း ဖြစ်သည်။

လောထျန်းရှီက ပြုံးပြီး ပလ္လင်ပေါ် ထိုင်လိုက်သည်။

“ မင်းတို့ အားလုံး ... ငါ့ကို ဒီလောက် လေးစားပြနေဖို့ မလိုပါဘူး ဒါက ဘုံသုံးထောင် ပါရမီရှင်တွေ အတွက် ဖျော်ဖြေပွဲတစ်ခုပဲ၊

... လူတိုင်း စိတ်ကြိုက် အစွမ်းပြနိုင်တယ် နောက်ခံကို ဂရုမစိုက်နဲ့ တစ်စုံတစ်ယောက်က လက်စားချေဖို့ သတ္တိရှိတယ်ဆိုရင် အဲဒီလူကို ငါကိုယ်တိုင် သတ်ပေးမယ်။ ”

သူ့စကားများက ကြည်လင် တိုးညှင်း သော်လည်း လူတိုင်းကို တိတ်ဆိတ် သွားစေ၏။ ဤကြေငြာချက် အပေါ် မည်သူမျှ သံသယ မရှိချေ။

အဆုံးတွင် ဤပွဲသို့ တက်ရောက်လာ သူတိုင်းတွင် ကြီးမားသော နောက်ခံ သမိုင်းများ ရှိကြပြီး ပွဲအပြီး၌ လက်စားချေကြမည်ကို စိုးရိမ်ကြသည်မှာ သဘာဝ ပေပင်။

ထို့ကြောင့် လောထျန်းရှီက လူတိုင်းအတွက် သာတူညီမျှမှုကို ဖန်တီး ပေးနေခြင်း ဖြစ်သည်။

“ ငါ့ဆရာက ... ကောင်းကင် ကံကြမ္မာ ကျောက်တိုင်ကို ဖန်တီးထားတယ် ထိပ်တန်း သုံးဆယ်က အဲ့ဒီကျောက်တိုင်ဆီ ဝင်ရောက် နိုင်မယ် ... ထိပ်တန်း ဆယ်ယောက်က အပြင်တပည့် ဖြစ်နိုင်ပြီး ...

... ထိပ်တန်း သုံးယောက်ကို အတွင်းတပည့်အဖြစ် ခေါ်ယူမယ် ဒီအတွက် တရားမျှတတဲ့ ပြိုင်ပွဲ ဖြစ်ဖို့ ... ငါ့ဆရာက တောင်းဆိုထားတယ် ။ ”

ထိုစကားကြားချိန်၌ လူတိုင်း စိတ်လှုပ်ရှား သွားတော့၏။ ကောလဟာလများသည် အမှန် ဖြစ်နေချေပြီ။

ကောင်းကင် ကံကြမ္မာ ကျောက်တိုင်တွင် နာမည်ကို ရေးထိုးနိုင်ရုံဖြင့် ဘိုးဘေး နတ်ဘုရား ကံကြမ္မာကို ရရှိနိုင်ပေမည်။

ဤဒေသရှိ ကောင်းကင် ကံကြမ္မာသည် ခွန်လွန်မြေထက် များစွာ အားကောင်းချေပြီ။ ထို့ကြောင့် လင်းယွန်မှ စိတ်လှုပ်ရှား လာတော့၏။

***

All Chapters