လင်းကျန်းရှန့်၏ ဓား။
Vol. 171 Ch. 2389
လောထျန်းရှီက ပွဲမစခင် စည်းကမ်းချက်များကို မိတ်ဆက် ပေးလာ၏။ စမ်းသပ်ကွင်းကိုးခုမှ လူများအပြင် ကောင်းကင် တံခါး၏ ပါရမီရှင်များလည်း ပါရှိသည်။
သို့သော် ကောင်းကင်တံခါးမှ တပည့်များသည် အတိုင်းအတာတစ်ခု အထိ ရာထူးများကို အပိုင် သိမ်းထားကြ၏။
၎င်းတို့သည် ကောင်းကင်ဘုံ လွင်ပြင်သို့ သွားစရာမလိုဘဲ အထူး စမ်းသပ်မှု အချို့သာ ခံယူရချေပြီ။
ကြီးမားသော အခွင့်အလမ်းများသည် သိသာထင်ရှားသည့် အန္တရာယ်များ နောက်တွင် ကပ်ပါ လာတတ်သည်။
“ ဝှစ် ... ။ ”
အထူးသဖြင့် ကောင်းကင်ဘုံ လွင်ပြင်ရှိ ရတနာများနှင့် အခွင့်အလမ်းများ၌ ဖြစ်သည်။ တော်ဝင် ကောင်ကင် သခင်က သင်းထောက် များကို ဦးဆောင်ကာ စင်မြင့်ပေါ် ဆင်းသက် လိုက်၏။
ထို့နောက် နာမည်တစ်ခုဆီ ပါရှိသော ကျောက်စိမ်းချောင်းများကို သေတ္တာတစ်ခုထဲမှ ဆွဲထုတ်ကာ နာမည် ခေါ်ဆိုတော့သည်။
နာမည်အခေါ်ခံရသူများသည် ပြိုင်ပွဲစင်မြင့်ထက် တက်ရောက်ရ၏။ စုစုပေါင်း လူတစ်ရာ ဖြစ်သည်။
“ မင်းတို့ အချင်းချင်း လူဆယ်ယောက် ကျန်တဲ့ အထိ တိုက်ပါ။ ”
ဤသည်မှာ ရက်စက်သော ယှဉ်ပြိုင်မှု ဖြစ်သည်။ သို့သော် လူများစွာ ပါဝင်နေသဖြင့် ဤနည်းသည်သာ အလုပ်ဖြစ်ချေ၏။
စစ်မှန်သော ဉာဏ်ကြီးရှင်များကို အလျင်အမြန် စစ်ထုတ်ရပေမည်။ သည့်နောက် တိုက်ပွဲကြီး ဖြစ်ပွားလာ၏။ များမကြာမီ နဝမအဆင့် သူတော်စင် သခင် (၁၀) ကျန်ရစ်ခဲ့လေသည်။
နဝမအဆင့် သူတော်စင်သခင် ဟူသည် ဒုက္ခသုံးခုကို ဖြတ်ပြီးနောက် ခွန်အားအရာ၌ အဆင့်သစ်သို့ ရောက်ရှိနေသူများဖြစ်၏။
“ နဝမမြောက် စမ်းသပ်ကွင်းမှာ ... နဝမအဆင့် သူတော်စင် သခင်တွေ မရှိဘူး။ ”
လင်းယွန်က ရေရွတ်လိုက်သည်။ လင်းကျန်းရှန့် အဆိုအရ နဝမ စမ်းသပ်ကွင်း ဟူသည် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်များ အတွက် ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံမှု အားနည်းကြပေသည်။
နောက်ထပ် နာမည်များ ထပ်မံ ခေါ်ဆိုလာပြန်၏။ ပထမ အတွေ့အကြုံအရ ကောင်းကင်တံခါး၏ တပည့်များသည် အခြား လူများကို အလွယ်တကူ နှိမ်နင်းနိုင်သည်။
ဤတစ်ကြိမ်တွင် လင်းကျန်းရှန့် အမည် ခေါ်သံ ကြားလိုက်ရ၏။ နဝမ စမ်းသပ်ကွင်းမှ လာသူ ဖြစ်သဖြင့် သူမကို မည်သူမျှ ဂရုမစိုက်ကြချေ။
ထိုလူတစ်ရာတွင် တာ့ဖုန်သည် အကျော်ကြားဆုံး ဖြစ်သည်။ ရာထူးအရ ထုံပါ့ဟုန်ထက် မြင့်မားပြီး သန်မာ၏။
“ ဘယ်သူက ပိုသန်မာမယ်ထင်လဲ ... တာ့ဖုန်လား လင်းကျန်းရှန့်လား ။ ”
အောင်းကြွယ်က စိုးရိမ်တကြီး မေးသည်။
“ မသိဘူး ... ။ ”
ရှန်းထျန်းနန်က စိတ်ရှုပ်သွား၏။ ဤပြိုင်ပွဲသည် ပြင်းထန်ပြီး ရှုံးနိမ့်မှု အပေါ် ဝန်ခံခြင်းမပြုမီ လူများစွာ သေဆုံးရသည်။
သို့သော် လင်းယွန်က စိတ်ပူခြင်း မရှိချေ။ လင်းကျန်းရှန့်ကို ယုံကြည်၏။
“ မင်းတို့ ငါနဲ့အတူတူ ... စင်ပေါ်မှာ ရှိနေရတာ ကံမကောင်းဘူး ... နောက်တဆင့်ကို ငါတစ်ယောက်ပဲ တက်ခွင့်ရမယ်။ ”
တာ့ဖုန်က မာနကြီးလွန်းသောကြောင့် လူတိုင်း ဒေါသထွက် လာကြသည်။ အားလုံးက တုံ့ဆိုင်း မနေတော့ဘဲ၊
“ သွားကြရအောင် ... သူ့ကို အရင် သတ်ကြမယ်။ ”
-ဟု အော်ဟစ်လိုက်ကြသည်။
“ ကောင်းလိုက်တာ ... ။ ”
ထိုမြင်ကွင်းကြောင့် တာ့ဖုန်တစ်ယောက် စိတ်လှုပ်ရှားလာ၏။ ငွေရောင် အလင်းတန်းများ လွင့်စင်လာပြီး လူတိုင်း၏ တိုက်ခိုက်မှုများ ရပ်တန့်ကုန်သည်။
“ ဝှစ် ... ။ ”
ထို့နောက် တာ့ဖုန်၏ လက်သီးများဖြင့် ထိုးနှက်ခြင်းခံလိုက်ရသည်။ ဤလက်သီးများမှာ ရိုးရှင်းပြီး မည်သည့် နည်းပညာမျှ မပါချေ။
“ ဘောင်း ... ။ ”
ရှုံးနိမ့်မှုကိုပင် ဝန်ခံချိန် မရတော့ဘဲ လူများစွာသည် လေထုထဲ၌ ပေါက်ကွဲ သေဆုံး ကုန်ရ၏။
“ မျှော်လင့်ထားသလိုပါပဲ။ ”
လူတိုင်း ထိတ်လန့် တုန်လှုပ်လာသည်။
“ ဒီခွန်အားမျိုးနဲ့ မင်းတို့က အများကြီး မျှော်လင့်ထားတာလား ဘိုးဘေး နတ်ဘုရားက အမှိုက်တွေကို လက်မခံဘူး ဟား ဟား ဟား။ ”
တာ့ဖုန်၏ ရယ်မောသံနှင့် ရောင်ဝါက စင်မြင့်အပေါ် ဖုံးလွှမ်းနေသော်လည်း စင်မြင့် တစ်နေရာတွင် လူတစ်ယောက် ရပ်နေသေး သည်ကို သတိထားမိသွား၏။
သူ့တိုက်ခိုက်မှုကို စင်မြင့်အပြည့် လွှမ်းခြုံပစ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤရလာဒ်က အံ့သြစရာ ဖြစ်စေ၏။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... စောစောက မင်းကို ... သတိ မထားမိခဲ့ပေမယ့် မင်းလည်း ချွင်းချက် မရှိပါပဲ။ ”
“ ဒါဆို ... ငါ့ဓားနဲ့ နင့်လက်သီး ဘယ်သူ ပိုမြန်လဲ ကြည့်ရအောင်။ ”
လင်းကျန်းရှန့်က တုန့်ပြန်လိုက်သည်။ သူမသည် စစ်သူရဲ တစ်ယောက်ကဲ့သို့ ထက်ရှ နေချေ၏။ သူမ၏ ဓားတာအိုသည် သူမ ထက်ပင် လှပချေပြီ။
“ ဟိတ် ... ။ ”
တာ့ဖုန်က လှိုင်းလုံးများနှင့်အတူ သူမ ရှေ့ရောက်လာသည်။ သို့သော် လှိုင်းလုံးများက ဓားဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရ၏။
“ နောက်ဆုံးတော့ သင့်တော်တဲ့ ပြိုင်ဘက်တွေ့ပြီ။ ”
တာ့ဖုန်တစ်ယောက် စိတ်လှုပ်ရှား လာတော့သည်။ လက်သီးသွားရာ လေဟာနယ် အတွင်း အာကာသ အက်ကြောင်းများ ဖြစ်ပေါ် စေ၏။
“ ဝှစ် ... ။ ”
လင်းကျန်းရှန်က ဓားဆွဲလျက် သူ့လက်သီးများကို အလွယ်တကူ ရှောင်တိမ်း နေခဲ့သည်။
“ အရမ်း နှေးနေတယ် ... နင့်မျိုးရိုးက ဝံပုလွေလား လိပ်လား။ ”
ထိုလှောင်ပြောင်သံကြောင့် တာ့ဖုန်က နက္ခတ်ကို ခေါ်လိုက်၏။ ကောင်းကင်ဘုံ လမင်း ဝံပုလွေ တစ်ကောင် ပေါ်လာပြီး သူမကို အပိုင်းပိုင်း ကုပ်ဖြဲတော့သည်။
သို့သော် မည်မျှ ကြိုးစားစေကာမူ အာကာသ အက်ကြောင်းများက လင်းကျန်းထံ မရောက်ခဲ့ချေ။
“ ဒါ … ။ ”
လူတိုင်း မျက်နှာများ ပြောင်းလဲ ကုန်၏။ လင်းကျန်းရှန်သည် ဤမျှ သန်မာသည်လော။ မယုံနိုင်စရာ ပေပင်။
“ ဟမ့် ... ဒါက နင်လုပ်နိုင်တာ အကောင်းဆုံးပဲလား ... စိတ်ပျက်စရာပဲ။ ”
လင်းကျန်းရှန့်က အေးစက်စွာ မော့ကြည့်လိုက်သည်။
“ မကောင်းတော့ဘူး။ ”
ထိုအကြည့်ကြောင့် အလွန် အန္တရာယ်များသော အငွေ့အသက်ကို ခံစားလာ ရသဖြင့် တာ့ဖုန်က ချက်ချင်း ပြန်ဆုတ်မိသည်။ သို့သော် နောက်ကျနေသေး၏။
“ ဘောင်း ... ။ ”
ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကေွး ပြုတ်ကျကာ ဆိုးရွားသော ပြတ်ရှရာတစ်ခု ရရှိသွားသည်။
ဤမြင်ကွင်းက လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်စေ၏။ ချောက်ချားဖွယ် မြင်ကွင်းမျိုး ပေပင်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
“ ဓားက အရမ်းမြန်တယ်... လိုက်မမှီနိုင်တော့ဘူး ... ။ ”
“ မြန်ရုံတင်မကဘူး ... နက်နဲမှုတစ်ခုလည်း ပါ၀င်နေပုံရတယ်။ ”
“ သူမ ဘယ်သူလဲ ... ဘယ်မျိုးနွယ်က လာတာလဲ။ ”
ဂိုဏ်းချုပ် လောထျန်းရှီက ပြုံးလျက် လင်းကျန်းရှန့်ထံ ပြန်ကြည့်၏။ ရှချင်းယွင်နှင့် ယဲ့ဝူရှန်သည်ပင် အံ့အားသင့်သွားခဲ့သည်။
“ ဂိုဏ်းချုပ် ... ဒီကောင်မလေးက ကောင်းကင်ဓားခန်းမရဲ့ တပည့် လင်းကျန်းရှန့် ပါ ... သူ့ဆရာက ငရဲကောင်းကင်။ ”
တစ်စုံတစ်ယောက် ဝင်ရောက် မိတ်ဆက်ပေးသည်။
“ နဝမမြောက် စမ်းသပ်မြေမှာ ပန်းသင်္ချိုင်းလည်း ရှိသေးတယ် မဟုတ်လား။ ”
“ ဟုတ်ကဲ့ ... ။”
လောထျန်းရှီက ပြုံးလျက် တိတ်ဆိတ် သွားတော့၏။ နာမည်ကြီး ပန်းသင်္ချိုင်းအပေါ် ကြည့်ရှုလိုသော ဆန္ဒကို မချုပ်တည်း နိုင်တော့ချေ။
ကြမ်းပြင်ပေါ် ပြုတ်ကျသွားသော တာ့ဖုန်တစ်ယောက် မျက်နှာ ဖြူဖျော့လျက် မျိုးဆက်သွေးကို အသက်သွင်းရန် ကြိုးစား လိုက်သည်။
“ လုံလောက်ပြီ ... နဝမမြောက် စမ်းသပ်ကွင်းက တစ်စုံတစ်ဦးကို ရှုံးရတာ ရှက်စရာ မဟုတ်ဘူး။ ”
တော်ဝင် ကောင်းကင် သခင်က ခွင့်မပြုခဲ့ချေ။ သူမသည် ပန်းသင်္ချိုင်းကြောင့် ဤပွဲသို့ ရောက်ရှိ လာသူ ဖြစ်သော်လည်း အလားအလာကောင်းများ ရှိသည်။
“ အဲဒီလူကြီးက တော်တော် မာနကြီးတာပဲ။ ”
လင်းယွန်က ပြုံးရယ် လိုက်မိသည်။ နဝမမြောက် စမ်းသပ်ကွင်းဟူသည် အညံ့ဆုံး ဖြစ်ချေ၏။ သို့သော် သူ့စကားသည် လူအုပ်ကို စိတ်ဝင်စားစရာ ဖြစ်စေသည်။
“ နဝမမြောက် စမ်းသပ်ကွင်းက တစ်စုံတစ်ယောက်က တာ့ဖုန်ကို အနိုင်ယူခဲ့ တာလား။ ”
“ ဒါက မယုံနိုင်စရာပဲ ... ။ ”
တာ့ဖုန်တစ်ယောက် မည်းမှောင်သော မျက်နှာဖြင့် ထွက်ခွာသွား၏။ လင်းကျန်းရှန့်က ဓားသိမ်းလျက် စင်ပေါ်မှ ဆင်းသက်လာသည်။
“ ကောင်မလေး ... မင်းကိုယ်မင်း တော်တော် နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ။ ”
တော်ဝင် ကောင်းကင် သခင် အနားမှ အဖြတ်တွင် သူမကို ချီးကျူးသံ ထွက်ပေါ် လာသည်။
သူမက ခေါင်းညိတ်ပြကာ ဆက်လျှောက်လာခဲ့၏။ တစ်ဖက်တွင် လူတိုင်း အံ့ဩနေဆဲ ဖြစ်သည်။
ကောင်းကင်ဘုံ ဧည်ခံပွဲသည် နောက်ဆုံး၌ စိတ်ဝင်စားစရာ အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။
***