ငါ့အတွက် လမ်းပြပါ ... ။
Vol. 171 Ch. 2391
ဤသည်မှာ ကောင်းကင်ဘုံ ကိုးပါးမှ ယွဲ့ဝေဝေအတွက် အံဝင်ခွင်ကျဖြစ်သော အင်္ကျီ တစ်ထည် ယှက်လုပ်ပေးနေသည်နှင့် တူ၏။
ပလွေသံကြောင့် အမျိုးမျိုးသော ဖြစ်စဉ်များ ဖြစ်ပေါ်လာပြီး ဒဏ္ဍာရီလာ ချပ်ဝတ် အပေါ် ပို၍ ပြတ်ထင်လာစေသည်။
“ ဘယ်လောက်တောင် လှလိုက်လဲ ... ။ ”
ဤမြင်ကွင်းကို ကြည့်ပြီး ရှချင်းယွင် တစ်ယောက် မနာလိုစွာ သက်ပြင်းချ လိုက်မိ လေသည်။
“ သီချင်းက ချိုတယ် ... ကကျိုးက ဆွဲဆောင်မှု ရှိတယ် ... သူမက မှော်ဆန်တယ်။ ”
“ ဒါက ပြီးပြည့်စုံတဲ့ ဒဏ္ဍာရီလာ ကောင်းကင် ချပ်ဝတ် တစ်ထည်ပဲ။ ”
ရှချင်းယွင်က မှတ်ချက် ထပ်ပေး၏။ လောထျန်းရှန် သည်ပင် ပြုံးရွှင်စွာ ငေးကြည့် နေမိသည်။
သူသည် ပန်းသင်္ချိုင်း၏ ခွန်အားကို မြင်ချင်သူ ဖြစ်သည်။ ယခုမူ ၎င်း၏ ချစ်ခြင်းကို ကြည့်ရှုနေရသည်။
သို့သော် စစ်မှန်သော ယောကျ်ား တစ်ယောက်အတွက် ထိုသို့သော ချစ်ခြင်းမျိုး သည်ပင် ခွန်အား တစိတ်တပိုင်း ဖြစ်၏။
“ ဒါဆို ကောလဟာလက အမှန်ပဲပေါ့ ... ။ ”
ကျိကျစ်ရှီက ဖျော်ဖြေပွဲကို ကြည့်ရှု နေလျက်မှ စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ ဘဝသုံးပါး သစ်ပင်ကို ပွင့်စေသော အကနှင့် သီချင်းပေပင်။
လင်းကျန်းရှန့်က အံ့အားသင့် သွားပြီး၊
“ သခင်လေး လင်းက တကယ့်ကို ထူးခြားပါပေတယ်။ ”
-ဟု ညည်းညူ လိုက်သည်။
ရှန်းထျန်းနန်က စိတ်ဓာတ်ကျလာကာ၊
“ ဒီကောင်က ဘာလို့ ... ငါ့ထက် ပိုပြီး ကြည့်ကောင်း နေရတာလဲ။ ”
-ဟု ရေရွတ်တော့သည်။
အောင်းကြွယ်က ပြုံးလျက် ကူကယ်ရာမဲ့နေ၏။ မည်သူမဆို လင်းယွန်ကို သတ်ချင်နေသည်မှာ သံသယ မရှိချေ။
သီချင်း ပြီးဆုံးသွားသော အခါတွင် ကောင်းကင်အပြည့် ချည်မျှဉ်များ အောက်၌ လူနှစ်ဦးသာ ရပ်လျက် ကျန်ရစ်ခဲ့၏။
လင်းယွန်နှင့် ယွဲ့ဝေဝေ ဖြစ်သည်။ ယွဲ့ဝေဝေက အပြုံးဖြင့် ကချိုးကို ရပ်ကာ လင်းယွန်ထံ လျှောက်လှမ်းလာ၏။
တော်ဝင် ကောင်းကင် သခင်က တုန်လှုပ်နေဆဲ ဖြစ်သည်။ သတိဝင်လာချိန်၌ နိုင်ပွဲအကြောင်း ကြေငြာရန်ပြင်စဉ် လောထျန်းရှီက ထရပ်လာ၏။
“ ပန်းသင်္ချိုင်း ... သီချင်း အရမ်း ကောင်းတယ် ... ။ ”
“ ကျေးဇူးတင်ပါတယ် ဧကရာဇ်။ ”
လင်းယွန်က အံ့သြသွားသော်လည်း ချက်ချင်း တုန့်ပြန် လိုက်လေသည်။ တော်ဝင် ကောင်းကင် သခင်သည်ပင် လောထျန်းရှီထံ ခိုးကြည့်မိ၏။
ကောင်းကင် တံခါး၏ ဂိုဏ်းချုပ်ကြီး တစ်ယောက်အနေဖြင့် ဤမျှလောက် မျက်နှာချို သွေးနေစရာ မလိုဟု မြင်သည်။
“ နဝမ စမ်းသပ်ကွင်းမှာ ... မင်းရဲ့ သတင်းတွေ ငါကြားပါတယ်။ ”
လင်းယွန်က ပြုံးလျက် နားထောင်နေပြီး တုန့်ပြန်စကား မဆိုတော့ချေ။
“ မင်းက ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက်လို့ တော်ဝင် ကောင်းကင် သခင်က ပြောတယ် ဒါပေမယ့် မင်းဓားကို မြင်ခွင့် မရခဲ့တာ နှမျောစရာပဲ။ ”
ဤစကားသည် ဓားသမား လူငယ် ပါရမီရှင်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်စေ ခဲ့သည်။
“ အခွင့်အရေး ရှိလာမှာပါ။ ”
လင်းယွန်က ပြန်ဖြေ၏။
“ ငါ စောင့်မျှော်နေပါတယ် ... ပြီးတော့ ငါ့ဆရာရောပဲ ... ။ ”
ထို့နောက် လောထျန်းရှီက ယွဲ့ဝေဝေထံ လှည့်ကြည့်ပြီး၊
“ ယွဲ့ဝေဝေ ... ။ ”
“ ဟုတ်ကဲ့ ... ရှိပါတယ် ။ ”
“ မင်းက ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်သမီးပဲ ... ငါ့ဆရာက မင်းအတွက် စဉ်းစား ပေးထားပါတယ် ... မင်းရဲ့ စွမ်းဆောင်ရည် ဘယ်လိုပဲ ဖြစ်နေပါစေ ...
... မင်းကို အတွင်းတပည့် အဖြစ် ခေါ်လိမ့်မယ်၊ ဒါ ကောင်းကင် ရနံ့ သင်းသင်း နတ်တောင်ကို ငါ့ဆရာရဲ့ လေးစားမှုပါပဲ။”
“ ကောင်းကင်ရနံ့ သင်းသင်း အတွက် ဂုဏ်ယူစရာပါ စီနီယာ ... ။ ”
ယွဲ့ဝေဝေက ပြုံးလိုက်သည်။ သူတို့၏ စကားဝိုင်းသည် လင်းယွန်အပေါ် လောထျန်းရှီ အမြင်ထက် ပို၍ ခရီးရောက်ချေ၏။
ဘိုးဘေး နတ်ဘုရား၏ တပည့်များ ဖြစ်လာရန် လူအများအပြားက ဤနေရာသို့ လာရောက် ခဲ့ကြခြင်း ဖြစ်သည်။ ယွဲ့ဝေဝေ အတွက်မူ ပြိုင်ပွဲ မစခင်ကပင် ရွေးချယ်ခံ ထားရ၏။ မနာလိုစရာ ပေပင်။
လောထျန်းရှီက ပြန်၍ ထိုင်ချလိုက်သည်။ သူ့အနားရှိ ဘိုးဘေး နတ်ဘုရား၏ တပည့်များ သည်ပင် လင်းယွန်နှင့် ယွဲ့ဝေဝေတို့ထံ စူးစူးဝါးဝါး ကြည့်လာကြ၏။
တစ်ဖက်တွင် လင်းယွန်နှင့် ယွဲ့ဝေဝေက ထိုအချင်းအရာကို စိတ်မဝင်စားတော့ သကဲ့သို့ လက်ချင်းချိတ်ကာ ဆင်းသက်လာခဲ့သည်။
တိုက်ပွဲမှာ ဆက်သွားနေပြီး မရေမတွက်နိုင်သော ဉာဏ်ကြီးရှင်များကို ပေါ်လွင်လာစေ၏။ ပါရမီရှင် ဟူသည့် အဓိပ္ပာယ်ကို ပြသလာကြသည်။
များမကြာမီ ကောင်းကင်ဘုံ ချီလင် နတ်သားတော် စင်ပေါ် တက်လာ၏။ အဆုံးတွင် ချီလင်နတ်သားတော်သည် အချိန်-အာကာသ တာအိုကို ထုတ်ပြကာ လူထု၏ အာရုံစိုက်မှုကို ပြန်လည် ရယူသွားသည်။
အချိန်-အာကာသ တာအိုကို မြင်ချိန်၌ လင်းယွန်တစ်ယောက် ယဲ့ကူဟန်နှင့် တျန်ရွှမ်ဇီ တို့အပေါ် ပြန်၍ သတိလာ၏။
ချီလင်နတ်သား လှုပ်ရှားလိုက်ချိန်တိုင်း အာကာသသည် စုပ်ဝဲကြီးအဖြစ် ပုံပျက်လျက် လူတိုင်းကို စုပ်ယူတော့သည်။
သို့သော် မည်သူမျှ မသေစေခဲ့ချေ။ ဤသည်မှာ အာကာသတာအို နိုင်နင်းမှုကို ပြသရာ ရောက်ပေ၏။
ထို့နောက်တွင် နဝမတန်း သူတော်စင် ပုံကြမ်းများကို လက်ဝှေ့ယမ်း ဖန်တီးနိုင်သည့် သူတော်စင် ဝိညာဉ်ရေးရာ ဆရာသခင် များလည်း ထွက်ပေါ်လာသည်။
၎င်းတို့၏ နည်းလမ်းများကို မြင်တွေ့ ပြီးနောက် သက်ပြင်းချမိသည်။ ဝိညာဉ်ရေးရာ လမ်းစဉ်အပေါ် စွန့်လွှတ်လိုက်သည်မှာ ကံကောင်းချေ၏။
ခွန်လွန်နယ်မြေရှိ အမွေများသည် ဘုံသုံးထောင်နှင့် လုံးဝ မယှဉ်နိုင်ချေ။ ထို့နောက် သူတော်စင်ဘုရင် အသံကို ဖန်တီးနိုင်သည့် ဂီတပညာရှင်များ ထွက်ပေါ်လာ၏။
ဓားသမားများလည်း အများအပြား ထွက်ပေါ်လာသည်။ လင်းကျန်းရှန့် မိတ်ဆက် စကားများအရ ထိုလူများသည် အသက် (၈၀)ဝန်းကျင်၌ ရှိ၏။
တစ်နေ့တာ ကုန်ဆုံးပြီးနောက် မနက်ဖြန်အတွက် နောက်တစ်ဆင့် တက်လှမ်း နိုင်သူ လူနှစ်ရာသာ ကျန်ရှိတော့သည်။
လောထျန်းရှီက မတ်တပ်ထရပ်ပြီး ယနေ့ ပြိုင်ပွဲများပြီးဆုံးကာ မနက်ဖြန်ပြန်၍စတင်မည့် အကြောင်း ကြေညာ၏။
ထို့နောက် ရှချင်းယွင်နှင့် ယဲ့ဝူရှန်က မတ်တပ် ထရပ်လာ၏။ ၎င်းတို့နှင့် အတူ လူငယ် တစ်ယောက်လည်း ထရပ်လာသည်။
ထိုလူငယ်အမည်မှာ ဖန်ပုမြောင် ဖြစ်ပြီး ဘိုးဘေး နတ်ဘုရား၏ အတွင်းတပည့် တစ်ဦး ဖြစ်၏။ ကောင်းကင်ဘုံ သူတော်စင် ခြံဝင်း၏ သန့်ရှင်းသော သားတော် ပေပင်။
ကောင်းကင် တံခါးတွင် ခြံဝင်းပေါင်း (၃၆)ဝင်းရှိပြီး သန့်ရှင်းသော သားတော်များကို တစ်ဦးစီ ခန့်အပ်ထား၏။ ထိုခြံဝင်းများ အနက် သူတော်စင် ခြံဝင်းသည် အမြင့်ဆုံး ဖြစ်သည်။
“ အားလုံး အလျင်လို မနေပါနဲ့ ... ဒီညအတွက် လူတိုင်းကို ပွဲတစ်ခု လုပ်ပေးမှာမို့ တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ”
ဖန်ပုမြောင်က ပြုံးပြီး လူတိုင်းကို ဖိတ်ကြားလေသည်။ သူသည် ကောင်းကင်ဘုံ သူတော်စင် ခြံဝင်း၏ သန့်ရှင်းသော သားတော် ဖြစ်သဖြင့် ဤသို့ လုပ်ပိုင်ခွင့် ရှိ၏။
ကောင်းကင်ဘုံ ချီလင် နတ်သားတော် ကဲ့သို့သော ပါရမီရှင်များသည် ထိုပွဲကျင်းပ မည်ကို သိရှိထားပြီး ဖြစ်သောကြောင့် လက်သီးဆုပ်ကာ ခေါင်းညိတ်ကြသည်။
“ အစ်ကိုကြီးလင်း မင်းသွားချင်လား။ ”
ယွဲ့ဝေဝေက လင်းယွန်ကို သတိတရ မေးသည်။ ထိုပွဲသည် လင်းယွန်အတွက် အဆင် မပြေနိုင်ဟု သူမ ခံစားရ၏။
ထို့ကြောင့် အလိုက်သင့် ထွက်ခွာ တော့မည့်အချိန်တွင် ရှချင်းယွင်နှင့် ယဲ့ဝူရှန်တို့ ရောက်ရှိလာ၏။
တစ်ယောက်သည် ကောင်းကင် တံခါး၏ အလှဆုံးအမျိုးသမီးဖြစ်ပြီး ကျန်တစ်ယောက်မှာ ပထမတန်းစား ပါရမီရှင် ပေပင်။
ထို့ပြင် ယဲ့ဝူရှန်သည် ဘိုးဘေး၏ အငယ်ဆုံး တပည့်ဖြစ်ပြီး သမိုင်းတွင် အငယ်ဆုံး နတ်သား ဖြစ်လာ နိုင်သည်ဟု ထင်ကြေးပေးကြ၏။
“ မင်္ဂလာပါ ... စီနီယာ အစ်မနဲ့ အစ်ကိုယဲ့။ ”
ရှယွမ်က အံ့အားသင့်သွားသော်လည်း နှုတ်ခွန်းဆက်စကားများ ပြောကြားလိုက်ရ၏။ သူမသည် ကောင်းကင်တံခါး၏ တပည့်တစ်ဦး ဖြစ်ကာ ဂိုဏ်း၏ စည်းမျဉ်းများကို လိုက်နာ ရပေမည်။
ရှချင်းယွင်က ခေါင်းညိတ်ပြပြီး လင်းယွန်ကို လှည့်ကြည့်၏။
“ ပန်းသင်္ချိုင်း၊ ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာပေးဖို့ ဒီညပွဲကို တက်ပေးနိုင်မလား။ ”
ထို့နောက် ဖော်ရွေစွာ ပြုံးလျက်၊
“ ပန်းသင်္ချိုင်း ဆိုတဲ့ ... နာမည်ကို ငါကြားဖူးတာ ကြာနေပါပြီ၊ ငါ့ဆရာတောင် မင်းနာမည်ကို မကြာခဏ ပြောဖူးတယ်။ ”
-ဟု ကောင်းမွန်သော သဘောထားကို ပြသလာသည်။
သူမ စကားကြောင့် လင်းယွန်က အံ့ဩသွားလေသည်။ ဘိုးလေး နတ်ဘုရားမှ သူ့ကို အာရုံစိုက်မိ နေသည်လော။
“ ဒါက ထူးဆန်း နေစရာ မလိုပါဘူး။ ငါတို့ဆရာက နဂါးပြာဘိုးဘေးနဲ့ မိတ်ဆွေတွေ မဟုတ်လား ... ဒါကြောင့် သူ့မိတ်ဆွေနဲ့ ပတ်သတ်တဲ့ မင်းကို သတိထားမိတာ သဘာဝပါပဲ။ ”
သူမက လင်းယွန် အပြင် ကျန်လူများကိုလည်း ထပ်မံ ဖိတ်ကြားလာ၏။ တစ်ဖက်တွင် သူမဘေးရှိ ယဲ့ဝူရှန်က တိတ်ဆိတ်နေခဲ့သည်။
“ ငါ သွားချင်ပေမယ့် ... ဂိုဏ်းချုပ် စကားကြောင့် ငါ့အတွက် ရန်ပွဲတွေ ဖြစ်လာမှာ စိုးမိပါတယ်။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေ၏။
“ ဒါကို မင်း ကြောက်နေတာလား ... ဒါက မေးခွန်းထုတ်ရဲတဲ့ လူကို ရိုက်နှက် ဆုံးမပေးရုံနဲ့ ပြေလည်သွားမဲ့ ကိစ္စပဲ။ ”
ယဲ့ဝူရှန်က ကြားဝင်ပြော၏။ သူသည် လင်းယွန်ထက် ငယ်ရွယ်ကာ မာနကြီးချေပြီ။ စကားပြော ပြတ်၏။
“ သူ့စကားကို နားမထောင်နဲ့ ... ဒီညဧည်ခံပွဲမှာ ငါတို့ ရန်ဖြစ်ကြမှာ မဟုတ်ပါဘူး မင်းစိတ်အေးအေး ထားနိုင်တယ်။ ”
ရှချင်းယွင်က ပြုံးပြီး ပြန်ပြော၏။
“ ငါပြောတာ မှားလို့လား ... သူက ပြိုင်ဘက်ကင်း ဓားသမားဆိုပြီး ဓားတောင် မသုံးခဲ့ဘူးလို့ ဂိုဏ်းချုပ်ကတောင် ပြောခဲ့တယ် မဟုတ်လား ...
... ငါ့အတွက်ကတော့ သူဓားဆွဲတာ မမြင်ရသရွေ့ ... ပြိုင်ဘက်ကင်း ဓားသမား ဆိုတာကို မယုံဘူး။ ”
ယဲ့ဝူရှန်က မျက်ခုံးပင့်ကာ လှောင်ပြုံးဖြင့် ပြောကြားလာ၏။ ထို့ကြောင့် လင်းကျန်းရှန့်မှ မပျော်တော့ချေ။ ချက်ချင်းပင်၊
“ နင်က ... သူ့ဓားနဲ့ မထိုက်တန်ဘူး။ ”
-ဟု ပြန်လည် ပြောကြားလိုက်သည်။
ယင်းကြောင့် ယဲ့ဝူရှန်ခမျာ အံ့အားသင့်စွာ သူမထံ လှည့်ကြည့်ပြီး၊
“ မင်း တိုက်ချင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ အချိန် မရွေးဘူး ... ။ ”
လင်းကျန်းရှန့်က မကြောက်မရွံ့ လက်ခံ လိုက်သည်။ လင်းယွန်မှ ပြုံး၏။ လင်းကျန်းရှန့် ဒေါသသည် သူမ ဓားကဲ့သို့ ပေပင်။ ရိုးသားပြီး အကြောက်တရား ကင်၏။ သို့သော် မလိုအပ် သဖြင့် သူမကို လက်ပြကာ၊
“ တိုက်ပွဲက ဒုက္ခတွေကို ဖြေရှင်းနိုင်တယ် ဆိုပေမယ့်လည်း ... ဒုက္ခက ဒုက္ခပဲ၊ လှိုင်းထိပ်မှာ ရပ်ဖို့ မကြိုးစားနဲ့ ...
... ကြွယ်ဝမှုဆိုတာ မမြဲဘူး၊ မင်းက ငယ်သေးတယ် ဒါကြောင့် သဘာဝအတိုင်း မင်း အတွက် ဒီနည်းလမ်းကို သုံးတာ ပုံမှန်ပါပဲ။ ”
-ဟု တုန့်ပြန် စကား ဆိုလိုက်တော့သည်။
ယဲ့ဝူရှန်က ထိုစကားအပေါ် မကျေမနပ် ဖြစ်သွားသော်လည်း တုန့်ပြန် စကား မရှိခဲ့ချေ။ လင်းယွန်က သူ့ကို လျစ်လျူရှုလိုက်ပြီး ရှချင်းယွင်ထံ လှည့်ကြည့်ကာ၊
“ ကောင်းပြီ ... ငါသွားမယ် ကျေးဇူးပြုပြီး လမ်းပြပါ။ ”
-ဟု ပြောကြား လိုက်တော့၏။
ထိုစကားက ယဲ့ဝူရှန်ကို မျက်နှာ ပျက်ယွင်းသွားစေသည်။ ဤလူကို လမ်းပြရန် ရှယွမ် ရှိ၏။ အဘယ့်ကြောင့် ရှချင်းယွင်ကို လမ်းပြရန် တောင်းဆိုရသနည်း။
“ ရှယွမ် ... မင်း သွားလို့ရပြီ ... သခင်လေးလင်းနဲ့ ... သူ့အဖော်တွေကို ငါပဲ ခေါ်သွားလိုက်တော့မယ်။ ”
ရှချင်းယွင် အမိန့်ကြောင့် ရှယွမ်ခမျာ တုန်လှုပ်သွားခဲ့သည်။ စီနီယာ အစ်မ ရှချင်းယွင် ဟူသည် ကောင်းကင်တံခါး၏ ပုလဲဖြစ်၏။
သို့သော် လင်းယွန်က သူ့အတွက် လမ်းပြ စေလိုခဲ့သည်။ ရဲဝံ့လှ ချေ၏။ ယနေ့ည ဧည့်ခံပွဲ အနေဖြင့် ညတာ ရှည်တော့မည်ကို ကြောက်ရွံ့လာမိချေပြီ။
***