ကိုးပါး ကောင်းကင် ချပ်ဝတ်၏ အဓိပ္ပါယ်။
Vol. 171 Ch. 2392
ကောင်းကင် သူတော်စင် ခြံဝင်း၏ အဆောက်အဦးများ ပုံစံသည် ခမ်းနားပြီး ကျောက်ဆင်းတုတော်များ၊ ကျောက်တိုင်များ မျိုးစုံရှိသည်။
၎င်းတို့အားလုံးတွင် နတ်ဘုရား ရောင်ဝါအပြည့်ဖြင့် မှိန်ဖျော့ဖျော့ အလင်းများ ဖြာထွက်နေသည်။
ညစာစားပွဲကို ဖုဟွာ နန်းတော်တွင် ကျင်းပခဲ့ပြီး အားလုံးက ဖန်ပုမြောင် နှင့်အတူ လိုက်ပါလာခဲ့သည်။
ရှချင်းယွင်က လင်းယွန်နှင့်အဖွဲ့ကို ဦးဆောင်လာသဖြင့် အာရုံစူးစိုက်မှု အခံရဆုံး ဖြစ်၏။
“ ပန်းသင်္ချိုင်း ... မင်းငါ့ကျွန် ဖြစ်ချင်တယ်ဆိုရင် မင်းကိုငါ ပြန်စဉ်းစားပေးလို့ ရတယ်။ ”
ချီလင် နတ်သားတော်က သူတို့ကို လမ်းပိတ်ပြီး အေးစက်စွာ ပြောကြားလာ၏။
“ နင့်ကို ဘယ်သူက ဒီမှာ စကားပြောခိုင်းနေလို့လဲ ပါးစပ်ပိတ်ပြီး ထွက်သွားစမ်း ... ။
လင်းကျန်းရှန့်က ချက်ချင်း အော်ငေါက်လိုက်၏။ သူမ၏ အကြည့်များက စူးရှပြီး လူတိုင်းကို အေးစိမ့်သွားစေသည်။
သူမ မျက်လုံးထဲတွင် ဤလူသည် ယင်ကောင်တစ်ကောင်မျှသာ ဖြစ်၏။ ယွဲ့ဝေဝေ ငြင်းပယ်ခံရခြင်းကြောင့် လင်းယွန်အပေါ် ပစ်မှတ်ထား နေခြင်း ပေပင်။
လင်းယွန်သည် သူမ၏ ဓားဖြစ်သည်။ ထို့ကြောင့် ဤလူပြက်၏ စကားများသည် သူမကို စော်ကားနေရာ ရောက်၏။
လူတိုင်း တိတ်ဆိတ်သွားတော့သည်။ ယနေ့ပွဲတွင် တာ့ဖုန်ကို အနိုင်ယူပြပြီးနောက် သူမအပေါ် မည်သူမျှ မထင်မသေးရဲချေ။
“ လင်းကျန်းရှန့်... မင်းက ကောင်းကင် ဓားခန်းမကနေ ထွက်ပြေးသွားတဲ့ တပည့်ပဲ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ ... ဟမ့်။ ”
ချီလင် တောင်တန်းမှ တစ်စုံ တစ်ယောက်သည် အေးစက်စွာ ဝင်ရောက် ပြောကြား လာသည်။
“ ငါ့ဓားက နင့်လို ခွေးတစ်ကောင်ကို အလွယ်တကူ သတ်နိုင်တယ်။ ”
“ မင်း ... ။ ”
ထိုလူက လှမ်းတက် လိုသော်လည်း မဝံ့ခဲ့ချေ။ ရုတ်တရက် နက်ပြာဝတ် လူငယ် တစ်ဦး လှမ်းထွက်လာ၏။ ဤလူငယ်သည် ဓားသမား တစ်ယောက် ဖြစ်သည်။
နေ့ခင်းဘက် တိုက်ပွဲတွင် လင်းယွန်မှ အနည်းငယ် သတိထားမိခဲ့သည့် ဓားသမား ဖြစ်၏။
“ လင်းကျန်းရှန့် ... ချီလင် နတ်သားတော်က သူ့ကို ကယ်တင်ဖို့ ကြိုးစား နေတာပါ ... စမ်းသပ်ကွင်းမှာ သူ သတ်ပစ်ခဲ့တဲ့ အကျိုးဆက်အတွက် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး၊ ....
... သူ့ရဲ့ တစ်ခုတည်းသော ရှင်သန်ဖို့ အခွင့်အရေးက ချီလင်ဓားတန်ခိုးရှင် ဆီမှာ အနှစ်တစ်ရာ ကျင့်ကြံနေဖို့ပဲ ... ။ ”
ဤဓားသမား လူငယ်သည် ဆဋ္ဌမမြောက် စမ်းသပ်ကွင်း ထံမှ လာသော ကျိကျန်းကောင် ဖြစ်၏။
ကျိမျိုးဆက် ဝင်တိုင်းသည် ရက်စက် ကြမ်းကြုတ်သော ဉာဏ်ကြီးရှင်များကိုသာ မွေးထုတ်ပေးချေပြီ။
“ ငါတို့ ဂရုမစိုက်ဘူး။ ”
လင်းကျန်းရှန့်က ပြန်ဖြေ၏။ ကျိကျန်းကောင်မှ အံ့အားသင့်စွာ ပြုံးပြီး၊
“ ပြိုင်ဘက်ကင် ဓားသမားလား ... တကယ်တော့ မင်းက ငါ့မျက်လုံးထဲမှာ တကယ့် အရူး တစ်ယောက်ပါပဲ။ ”
-ဟု လင်းယွန်ကို ကြည့်ကာ ဝေဖန်လိုက်သည်။
“ ငါက သူ့ရဲ့ တစ်ထောင်ပုံ တစ်ပုံတောင် မဟုတ်ဘူး။ ”
လင်းကျန်းရှန့်က လေးလေးနက်နက် ဝင်ပြောလိုက်သည်။ သူမသည် တာ့ဖုန်အပေါ် အနိုင်ယူထားသဖြင့် ဤနှိုင်းယှဉ် ပြသမှုက လူအုပ်ကို တိတ်ဆိတ်သွားစေ၏။
လင်းယွန်ကို ဤသို့ အထင်တကြီး ကာကွယ်နေသည်မှာ အဓိပ္ပါယ် မရှိ ချဲ့ကားရာ ရောက်နေသည်။
“ အစ်ကိုကျိ ... စိတ်မဆိုးပါနဲ့ ... ငါ့ရဲ့ စေတနာကို လက်မခံတဲ့အတွက် သူ ဘယ်လို သေသွားလဲ ... ကြည့်ကြရအောင်။ ”
ချီလင်နတ်သားတော်က ပခုံးတွန့်လျက် လှည့်ထွက်သွားတော့သည်။
“ ဒီမှာအားလုံးက ဧည့်သည်တွေမို့ ဒီနေ့ ရန်ငြိုးတွေ ဖယ်ထားရအောင် ... ငါက လူတိုင်း အတွက် တစ်ခွက် သောက်ပါရစေ။ ”
ဖန်ပုမြောင်က ခွက်ကို မြှောက်ပြက လေထုကို ပြန်လည် ကောင်းမွန်လာစေ ခဲ့သည်။ လင်းယွန် နှင့် လင်းကျန်းရှန့်က တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
လင်းကျန်းရှန့်ကြောင့် သူ့အတွက် သက်တောင့်သက်သာ လေထုကို ရရှိစေသည်။ နောက်ထပ် ရန်စမှုများ ရောက်မလာတော့ချေ။
“ ဒီမှာ ဝိုင်တွေရှိတယ် ... သောက်ရအောင်။ ”
သူတို့ အဖွဲ့သည် အခြားသူများနှင့် ရောနှောခြင်း မပြုဘဲ ပျော်ရွှင်စွာ သီးသန့် ထိုင်လိုက် ကြသည်။
အဝေးက ငြိမ်သက်ဟန်ဆောင်နေသော ချီလင်နတ်သားတော်က ဤမြင်ကွင်းကြောင့် မျက်နှာ မည်းမှောင်လာ၏။
သူ့ကို လျစ်လျူရှု နေကြပေသည်။ လင်းကျန်းရှန့်မှ လင်းယွန်ကိုယ်စား အားလုံးကို ကိုင်တွယ်မည့်ပုံ ဖြစ်၏။ ဤသည်မှာ သူသည် လင်းယွန်နှင့် မထိုက်တန်ဟု မြင်နေပုံပင်။
“ ပန်းသင်္ချိုင်း၊ ငါတို့ ပြန်ဆုံကြပြီ။ ”
ရုတ်တရက် အဖြူဝတ် လူငယ်က ပြုံးလျက် ရောက်ရှိလာသည်။ လမ်း၌ လင်းယွန်ကို စကား လာပြောသည့် လူငယ် ဖြစ်၏။
“ မင်း ဒီကို ဘယ်လို ရောက်လာတာလဲ။ ”
လင်းယွန်က ပြုံးပြီး ပြန်မေးလိုက်သည်။ ယနေ့ပြိုင်ပွဲတွင် ဤလူငယ် မပါဝင်ကြောင်း သူ မှတ်မိနေသည်။
အဖြူဝတ်လူငယ်က ပြုံးပြီး၊
“ ငါဒီကို ပုံမှန်အတိုင်း ဝင်လာတာ၊ ငါ့အသက် အရွယ်ကြောင့် ဘယ်သူကမှ သံသယ မဝင်ကြဘူး။ ”
“ ဟုတ်လား ... မင်း နာမည် ဘယ်လိုခေါ်လဲ။ ”
“ ဖန်ချင်းယု ... ဖျောက်ဆိပ် ကြယ်စုတန်းက ဖန်မိသားစု ... မင်းငါ့ကို သိလား။ ”
“ မသိဘူး ... ။ ”
“ ဒါ ကောင်းကင်ဘုံ သူတော်စင် ခြံဝင်းရဲ့ ကောင်းကင် ကျောက်စိမ်း သူတော်စင် ဝိုင်တွေ ငါ သွားခိုးလိုက်ဦးမယ်။ ”
အဖြူဝတ် လူငယ်က မေးခွန်းများကို ရှောင်လိုဟန်ဖြင့် လှစ်ခနဲ ပျောက်သွားသည်။
“ ဒီလူနဲ့ ရင်းနှီးသလို ခံစားနေရတယ်။ ”
ယွဲ့ဝေဝေက ရေရွတ်လိုက်သည်။
“ ဖျောက်ဆိပ်ကြယ်စုတန်းက ဖန်မျိုးနွယ် ... လင်းကျန်းရှန့် ... မင်း ကြားဖူးလား။ ”
လင်းယွန်က လှည့်မေးသည်။ လင်းကျန်းရှန့်မှ ခေါင်းခါပြ၏။
“ ဒါဆို မေ့လိုက်ရအောင် ... သူက ထူးခြားပေမယ့် တကယ့် ရိုးရိုးသားသားပါပဲ။ ”
လင်းယွန်က ပြုံးကာ အဆုံးသတ် လိုက်တော့၏။ ပွဲစချိန် အတော်ကြာပြီးချိန်၌ ရှချင်းယွင် ပြန်ရောက်လာသည်။
ဤပွဲသို့ လင်းယွန်ကို ဖိတ်ကြားရသည့် အကြောင်းရင်းအပေါ် စတင် ထုတ်ပြောလာ၏။
“ သခင်လေးလင်း ... မင်း နေ့ခင်းက ကိုးပါးကောင်းကင် ချပ်ဝတ် ကို တီးခဲ့တာ မဟုတ်လား။ ”
လင်းယွန်က ခေါင်းညိတ်ပြ၏။ ဘေးမှ နားထောင်နေသော ယွဲ့ဝေဝေက ရှချင်းယွင်၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်၏။ သို့သော် ပြုံးလျက် နားထောင်နေမိသည်။
ထိုအချင်းအရာကို မသိနိုင်သော ရှချင်းယွင်က တောက်ပစွာ ပြုံးလိုက်ပြီး၊
“ သခင်လေးလင်း ... ငါ့အတွက် ဒီည ကစားပေးနိုင်မလား တွေးမိတယ် မင်းအတွက် ငါ ကပြနိုင်တယ်။ ”
-ဟု တောင်းဆိုတော့၏။
ထိုစဉ်က ယွဲ့ဝေဝေ ဖျော်ဖြေခဲ့သည့် ကချိုးကို ကောင်ကင်ဘုံ ကိုးပါး ကကြိုးဟု ခေါ်တွင်ပြီး အမျိုးသမီးတိုင်း အတွက် ပျော်ရွှင်ဖွယ် ကကြိုး ဖြစ်သည်။
ရှချင်းယွင် သည်လည်း ချွင်းချက် မရှိချေ။ ထို့ကြောင့် သူမအတွက် သီချင်း တီးမှုတ်ပေးရန် လင်းယွန်ကို ခေါ်လာခြင်း ဖြစ်၏။
သူတို့ဝန်းကျင်ရှိ အသံများ တိတ်ဆိတ် သွားသည်။ ဤသို့သော ဆန္ဒမျိုး ရှချင်းယွင်တွင် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်ကြချေ။
“ တောင်းပန်ပါတယ် ... ဒါက ငါသဘောကျတဲ့ လူအတွက်ပဲ ကစားပေးလို့ ရတယ် ... မဟုတ်ရင် ဖဲကြိုးတွေကို လိုအပ်ချက် ရှိနေလိမ့်မယ်။ ”
လင်းယွန်က ချက်ချင်း ငြင်းဆိုခဲ့၏။ လူတိုင်းအသက်ရှူ ကြပ်ကာ ထိတ်လန့်သွား တော့သည်။
“ အဟွတ် ... ဟွတ် ... ။ ”
ကောင်းကင် တံခါး၏ ပုလဲကို ပြတ်ပြတ်သားသား ငြင်းဆန်နေသောကြောင့် ရှန်းထျန်းနန်က ဝိုင်နင်သွား၏။
ရှချင်းယွင် အပြုံးသည်လည်း ချက်ချင်း အေးခဲသွားသည်။ သို့သော်လည်း၊
“ ဒါဆို ... ကိုးပါး ကောင်းကင် ချပ်ဝတ်ကို ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်သမီးလေး အတွက်ပဲ ကစားပေးနိုင်တယ်လို့ ပြောချင်တာလား။ ”
-ဟု တည်ငြိမ်စွာ ထပ်မေးလိုက်၏။
လင်းယွန်က ပြန်ဖြေရန် ပြင်လိုက်စဉ် ယွဲ့ဝေဝေက ပြုံးပြီး၊
“ အစ်မရှ ... မင်း တခြားသီချင်းတွေ ရွေးလို့ရပါတယ် ... အစ်ကိုကြီးလင်းက သီချင်း တော်တော်များများကို သိတယ်။ ”
-ဟု ဝင်ပြောပေးသည်။
“ ဒါဆို စိတ်မကောင်းစရာ ပါပဲ။ ”
ရှချင်းယွင်သည် ကိုးပါး ကောင်းကင် ချပ်ဝတ်ကိုသာ အလိုရှိသောကြောင့် ခေါင်းယမ်း ပြခဲ့သည်။ လင်းယွန်က ငြီးငွေ့လာသဖြင့် ပွဲတော်မှ ထွက်ခွာလာခဲ့၏။
“ အစ်မယွဲ့ ... ရှချင်းယွင်က ဘာလို့ ကိုးပါး ကောင်းကင် ချပ်ဝတ်ကိုပဲ တီးစေချင် ရတာလဲ ... တခြား သီချင်းတွေ မရဘူးလား။ ”
ကျိကျစ်ရှိက စိတ်ဝင်တစား မေးသည်။ ယွဲ့ဝေဝေမှ ပြန်မဖြေပဲ ပြုံး၏။ လင်းကျန်းရှန်က သူမကိုယ်စား ပြန်ဖြေသည်။
“ ဒါက ဝေဝေကြောင့်ပဲ ... တကယ်တော့ ရှချင်းယွင်ဆိုတာ ကောင်းကင် တံခါးရဲ့ ပုလဲ ဖြစ်ပြီး သူမအလှက ဘုံသုံးထောင်မှာ ...
... နာမည်ကြီးတယ် ဒါပေမယ့် ငါတို့ရဲ့ သခင်လေးလင်းက အခုလို ငြင်းလိမ့်မယ်လို့ သူမ မျှော်လင့်ထားပုံ မရဘူး။ ”
တစ်ဖက်တွင် လင်းယွန်က ကောင်းကင် ရနံ့သင်းသင်း၌ ယွဲ့ဝေဝေကို ပြန်တွေ့ရသည့် အချိန်ထံ ပြန်သတိရသွားမိသည်။
“ ငါ တကယ် မလိမ်ပါဘူး ... ကိုးပါး ကောင်းကင်ချပ်ဝတ်က ကိုယ့်ချစ်သူ အတွက်ပဲ တီးခတ်လို့ရတယ် မဟုတ်ရင် ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ”
ထိုစကားကြောင့် ယွဲ့ဝေဝေက ပြုံး၏။ သူမတို့ နှစ်ယောက်ကြား ဆက်ဆံရေးဟူသည် တခြားသူများ မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိချေ။
ခြံဝင်းသို့ ပြန်ရောက်သော အခါတွင် လင်းယွန်က အနားယူခြင်း မရှိဘဲ အဋ္ဌမအဆင့် သူတော်စင် သခင်ကို ချိုးဖြတ်ရန် ကြံစည် ခဲ့သည်။
သူ့တွင် နတ်နဂါး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဒုက္ခအတွက် စိုးရိမ်စရာ မရှိချေ။ နဂါးဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း သည်လည်း (၁၁)ဆင့်သို့ ရောက်ရှိ ထားခဲ့သည်။
ထို့ကြောင့် သူတော်စင် စွမ်းအင်များ စုစည်းရန် နဂါးဖီးနစ် ကမ္ဘာဖျက်ဓားကျမ်းကို ဖြန့်ကျက် လိုက်တော့၏။
***