← Chapters

ငါ ... စဉ်းစားသင့်ပြီ။

Vol. 171 Ch. 2393

ငါ ... စဉ်းစားသင့်ပြီ။

Vol. 171 Ch. 2393

သူတော်စင် သခင် အထွတ်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်း လိုနေသေးသည်။ သို့သော် အခွင့်အလမ်း မရှိသော် အချိန်အတော် ကြာပေလိမ့်မည်။

ထို့ကြောင့် အများစုသည် အသက် ငါးဆယ်ကျော်သည့်တိုင် သူတော်စင် သခင် နယ်ပယ်၌ ပိတ်မိနေခြင်း ဖြစ်သည်။

ညရောက်သောအခါ ကျင့်ကြံမှုကို ရပ်နားလိုက်ပြီး နတ်ကျောက်စိမ်းဝါးပလွေ မှုတ်သည်။

ဓားရည်ရွယ်ချက်အပေါ် အောင်မြင်မှု ရယူရန် ဂီတကို အားကိုးချင် နေခြင်း ဖြစ်ချေ၏။

“ သနားစရာ ကောင်းလိုက်တာ … ။ ”

ထိုမြင်ကွင်းကို လင်းကျန်းရှန်က ခေါင်းမိုးပေါ်တွင် ထိုင်လျက် ငေးကြည့်ကာ ညည်းတွား လိုက်သည်။

ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် နှစ်ကောင်က ထိုလူငယ်ကို ဖုံးအုပ်ထားပြီး အလင်းများ တောက်ပ နေခဲ့၏။

မိုးလင်း သွားသည့်တိုင် လင်းယွန် တစ်ယောက် အောင်မြင်မှု မရခဲ့ကြောင်း သူမ ပြောနိုင်သည်။

သူ၏ တောက်ပသော ရောင်ခြည်တော် ဓားသည် ကနဦး ကျွမ်းကျင်မှုသို့ ရောက်ရှိရန် များစွာ နီးစပ်နေ၏။

ထိုအဆင့် မရောက်သော် တောက်ပသော ရောင်ခြည်တော် ဓားသည် အမည်ခံအဆင့်သာ ယူဆနိုင်ပေမည်။

များမကြာခင် ကျိကျစ်ရှီ၊ ယွဲ့ဝေဝေနှင့် တခြားလူများ အားလုံး ထွက်လာပြီး ဧည့်ခံပွဲ သွားရန် စုရုံးလာကြ၏။

ယနေ့တွင် လူနှစ်ရာသာ ကျန်ရှိခဲ့ပြီး ယမန်နေ့ကဲ့သို့ ဝရုန်းသုံးကား မနိုင်လှချေ။ သို့သော် ကျန်ရှိနေခဲ့သည့် ထိုလူနှစ်ရာသည် ဉာဏ်ကြီးရှင် စင်စစ်များ ဖြစ်ကြပြီး ဝှက်ဖဲ အများအပြား ပိုင်ဆိုင်ထားကြ၏။

လင်းယွန်နှင့်အဖွဲ့ ရောက်ရှိလာသော အခါတွင် လူမစုံသေးချေ။ ကျန်ပြိုင်ပွဲဝင်များကို စောင့်ဆိုင်းလျက် လောထျန်းရှီ ရောက်ရှိလာ၏။

“ စကြရအောင် ... ။ ”

သင်းထောက်များက ပြင်ဆင်မှုများ ပြုလုပ်ကြပြီး အမည်ကျောက်စိမ်းပြားများကို ထုတ်ကာ အုပ်စုများခွဲဝေ လိုက်ကြသည်။

“ ဒီနေ့ စည်းကမ်းတွေ မတူဘူး၊ ပထမ အကျော့မှာ ထိပ်တန်းသုံးဆယ်ကို ဆုံးဖြတ်မယ်၊ ဒီသုံးဆယ်က ကောင်းကင် ကံကြမ္မာ ကျောက်တိုင်မှာ နာမည် ရေးခွင့်ရမယ်၊ ...

... ဒါက ဘိုးဘေးရဲ့ ကံမို့ မင်းတို့ အလေးထားပါ အခု မင်းတို့ကို အုပ်စုခြောက်ခု ခွဲထားပေးမယ် ... အုပ်စုတစ်ခုစီကနေ ထိပ်ဆုံး ငါးယောက်ပဲ ရွေးချယ်မယ်။ ”

တော်ဝင် ကောင်းကင် သခင်က စည်းမျဉ်းများကို ကြေငြာ၏။ လင်းကျန်းရှန့်နှင့် ကျိကျစ်ရှီသည် အုပ်စုတစ်ခုတည်း ဖြစ်သည်။

ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်ပြီး ပထမငါးနေရာ ရရှိရန် ခက်ခဲ လိမ့်မည် မဟုတ်ဟု ယုံကြည်၏။

တိုက်ပွဲ စတင်သည်နှင့် ပြင်းထန်သော အဟုန်ကို လူတိုင်းမှပြသလာသည်။ ဤသည်မှာ နောက်ဆုံး တိုက်ပွဲဖြစ်၏။

နဝမအဆင့် သူတော်စင် သခင်များသည် သူတို့ ပြိုင်ဘက်များအပေါ် အသာစီး ရယူနိုင်ခဲ့ ကြသည်။

သတ္တမအဆင့် သူတော်စင်သခင်များအတွက် နေရာ မရှိချေ။ ဤအခိုက်တွင် နဝမအဆင့်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို နားလည်လာကြသည်။

၎င်းတို့၏ ရောင်ဝါနှင့် နက္ခတ်များ ပေါင်းစပ်ကာ လက်ဝှေ့ယမ်းလျက် ကောင်းကင် ကိုပင် ဆွဲငင်နိုင်ခဲ့သည်။

မယုံနိုင်စရာ မြင်ကွင်းမျိုး ဖြစ်ချေ၏။ အသက် တရှိုက်စာအတွင်း လူတစ်ဝက်နီးပါး လျော့ကျသွားသည်။

လင်းယွန်က စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ် မိသည်။ လင်းကျန်းရှန့် အတွက် စိတ်မပူသော်လည်း ကျိကျစ်ရှီကို စိတ်ပူမိ၏။

သူမ အသွေးအသားသည် နဝမအဆင့် သူတော်စင် သခင်၏ တန်ခိုးကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

“ စိတ်မပူနဲ့ ... ။ ”

ယွဲ့ဝေဝေက ဘေးမှနေ၍ နှစ်သိမ့်လာခဲ့သဖြင့် သူမကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။

“ ကျီး ... ။ ”

ထိုစဉ် နဝမအဆင့် သူတော်စင် သခင်၏ ဖိအားကို မျက်နှာမူကာ နတ်ဖီးနစ်တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် လင်းကျန်းရှန်က သက်ပြင်းချကာ တိုက်ပွဲကို အာရုံစိုက်လာနိုင်ခဲ့သည်။

နောက်ဆုံးတွင် သူမတို့ နှစ်ဦးသည် ဖိအားများကို အောင်မြင်စွာ ဖြတ်ကျော်နိုင် တော့၏။ ယနေ့ ကောင်းစွာ မလုပ်ဆောင် နိုင်သော် မနက်ဖြန် ကံကောင်းမည် မဟုတ်ချေ။

“ လင်ယွန်းရဲ့ အမျိုးသမီးတွေက နောက်တစ်ဆင့် တက်သွားပြီ။ ”

“ အခု ထိပ်တန်း အယောက်သုံးဆယ်မှာ ပါဝင် နေကြတဲ့အတွက် သူတို့ရဲ့ နာမည်တွေကို ကောင်းကင် ကံကြမ္မာ ကျောက်တိုင်မှာ ထားခဲ့နိုင်ပြီ။ ”

“ ပြောတော့ ... နဝမမြောက် စမ်းသပ်ကွင်းက အညံ့ဆုံးဆို ဒီရလာဒ်က မယုံနိုင်စရာပဲ။ ”

ဆွေးနွေးမှုများ ဖြစ်ပေါ်နေစဉ် ဒုတိယ အဖွဲ့၏ တိုက်ပွဲစတင်တော့မည် ဖြစ်သဖြင့် ယွဲ့ဝေဝေအမည် ခေါ်သံ ကြားလိုက်ရ၏။

များမကြာခင် ယွဲ့ဝေဝေသည်လည်း ပြိုင်ဘက်များကို အနိုင်ယူကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။

“ အစ်ကိုကြီးလင်း ... မင်းတစ်ယောက်ထဲ ကျန်တော့တယ်။ ”

လင်းယွန် တည်ငြိမ်စွာ ခေါင်းညိတ် လိုက်သည်။ တတိယ အကြိမ်တွင် သူ့အမည်ကို ခေါ်ဆိုလာ၏။

ဤတစ်ကြိမ်သည် သားရဲ တာ့ဖုန်၊ ချီလင်တောင် နတ်တပည့် ဓားသမားတစ်ဦးနှင့် အခြားသော ထူးချွန်သူများ ပါဝင်သည်။

“ ဒီတစ်ခါတော့ မင်းကို ဘယ်သူ ကာကွယ်ပေးမလဲ ကြည့်ရအောင်။ ”

ချီလင်တောင် ဓားသမား လူငယ်က လှောင်ပြုံးဖြင့် ပြောကြားလာသည်။

“ အိုး ... မင်းက ချီလင်တောင်ရဲ့ နတ်တပည့်လား ကောင်းပြီ အခွင့်အရေးရတုန်း မင်းရဲ့ခွန်အားကို ခံစားခွင့်ပေးပါ။ ”

လင်းယွန်က ပြုံးလျက် တုန့်ပြန်လိုက်၏။ သို့သော် ချီလင်ဓားသမား လူငယ်က လှောင်ပြုံးနှင့်၊

“ ချီလင် ဓားတန်ခိုးရှင်ရဲ့ တပည့် အနေနဲ့ မင်းကိုတိုက်ဖို့ မလိုပါဘူး။ ”

-ဟု ပြန်လည် ပြောကြားလာသည်။

ထိုစကားကြောင့် လင်းယွန်က စိတ်ပျက်သွား၏။ ဤအဖွဲ့တွင် လူလေးဆယ် မျှသာရှိပြီး ချီလင်ဓားသမား လူငယ်သည် အသန်မာဆုံးဖြစ်သည်။

လူများစွာက အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ လောထျန်းရှီ၏ ပြိုင်ဘက်ကင်း ဓားသမား ဟူသော ရည်ညွှန်းနာမ်စားက မုန်းတီးမှုများ ဖြစ်ပေါ်စေ၏။

တိုက်ပွဲစတင်ရန် ကြေငြာလိုက်သော အခါတွင် လူထက်ဝက်ခန့်က လင်းယွန်ထံ ဦးတည်လာကြသည်။

“ မင်းက ဒဏ္ဍာရီလာ ဓားသမား မဟုတ်လား ... မင်းရဲ့ ဓားကို ဆွဲပြီး အစွမ်း သတ္တိကို မြင်ပါရစေ။ ”

တာ့ဖုန်က အော်ငေါက် လိုက်၏။

“ မင်းငါ့ကို ဓားဆွဲစေချင်တာ သေချာလား။ ”

လင်းယွန်က ပြုံးသည်။ သူ့ဓားကို မဆွဲလိုချေ။ ထို့ကြောင့် နတ်ကျောက်စိမ်း ဝါး ပလွေကို ထုတ်ယူပြီး ဓားရည်ရွယ်ချက်ဖြင့် ရင်ဆိုင်ရန် ကြံစည်ခဲ့သည်။

ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့ပြေးထွက်လာပြီး လင်းယွန်ကို လှည့်ပတ် ပျံသန်းတော့သည်။

“ ဒီလူ … ။ ”

လင်းကျန်းရှန့်က လင်းယွန်၏ အကြံအစည်ကို ချက်ချင်းသိပြီး ဤလုပ်ရပ်မှာ ရဲဝံ့ကြောင်း ဝန်ခံလိုက်ရသည်။

၎င်းသည် ဤဖိအားများ အောက်တွင် အောင်မြင်မှုတစ်ခု ပြုလုပ်ရန် သူ့ကိုယ်သူ လောင်းကြေး ထပ်နေခြင်း ဖြစ်၏။

တိုက်ပွဲ စတင်သောအခါ ထူးခြားသည့် မြင်ကွင်းတစ်ခု ဖြစ်ပွားလာ၏။ လင်းယွန်သည် ဓားကို မသုံးသော်လည်း ဓားအလင်းများက နေရာတိုင်းတွင် ရှိနေခဲ့သည်။

ထိုဓားရောင်ဝါသည် နဝမအဆင့် သူတော်စင် သခင်၏ ဖိအားကို ကောင်းစွာ ခံနိုင်ရည် ရှိချေ၏။

တိုက်ခိုက်မှု အားလုံးကို ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်တို့က ဖြေရှင်းခဲ့ပြီး လင်းယွန် အနား မည်သူမျှ မကပ်နိုင်တော့ချေ။

လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ လင်းယွန်သည် ဂီတတာအို၌ ဤမျှမြင့်မားသော အောင်မြင်မှု ရရှိထားရန် မမျှော်လင့်ကြချေ။

ဂီတကြောင့် ခမ်းနားကြီးကျယ်သည့် ကမ္ဘာတစ်ခုတွင် ရှိနေသည်ဟု ခံစားရစေသည်။ တေးသွားအပေါ် အာရုံစိုက်ထားသောကြောင့် အရာအားလုံးကို မေ့လျော့သွားသည်။

ဝင်လာသော တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ် ကောင်းသော်ငြားလည်း မျက်စိမှိတ်လျက် လျစ်လျူရှုခဲ့၏။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှာ သည်းမခံနိုင်တော့ဘဲ ဝှက်ဖဲကို အသုံးပြုပြီး ဖြစ်စဉ်များ ခေါ်ဆောင်လိုက်သည်။

ထိုစက္ကန့်ပိုင်းအတွင်း ပလွေသံ၊ ဓားသံ၊ နဂါးဟောက်သံနှင့် ဖီးနစ် အော်ဟစ်သံများ ချက်ချင်း တိတ်ဆိတ်သွားသည်။

ဤသည်မှာ ထိတ်လန့်ဖွယ် ကောင်းသော ဝှက်ဖဲဖြစ်ခေျ၏။ သို့သော် လင်းယွန်က စိုးရိမ် သွားခြင်း မရှိချေ။

မျက်လုံးဖွင့်ပြီး ဝင်လာသော တိုက်ခိုက်မှု များထံ တစ်လှမ်းခြင်း တိုးကပ် သွားခဲ့သည်။ ခြေလှမ်း ကိုးလှမ်း လှမ်းတက် လိုက်ပြီးနောက် ပလွေသံမှာ ဖိအားကြောင့် ပေါက်ကွဲလာ၏။

“ ဘောင်း ... ။ ”

အဆုံးတွင် နဂါးနှင့် ဖီးနစ်သည် သူ့အပေါ် ဖုံးအုပ်လျက် ဆေးကြိုအိုးကြီးအဖြစ် ပေါင်းစပ် သွားတော့သည်။

တိုက်ခိုက်မှုအားလုံး ထိုနတ်ဆေးအိုးကြီး အပေါ် ကျရောက်ကုန်သည်။ နတ်ဆေးအိုးက ဒေါသဖြင့် အရာအားလုံးကို ဝါးမြိုတော့၏။

ဤမြင်ကွင်းက လင်းယွန်အပေါ် အုပ်စုဖွဲ့သော လူတိုင်းအတွက် ထိတ်လန့်ဖွယ် ဖြစ်သည်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်က ရယ်မောလိုက်ပြီး ပလွေမှုတ်ခြင်းကို ရပ်ကာ ကောင်းကင်မှ ဆင်းသက်လာသည်။ ပလွေသံသည် ရေလှိုင်း ကဲ့သို့ စင်မြင့်ပေါ် ပျံ့ကားသွား၏။

ပါရမီရှင်များစွာ၏ မျက်နှာများ ဖြူဖျော့ ကုန်ပြီး သွေးများ စီးကျလာသည်။ တာ့ဖုန်နှင့် ချီလင် ဓားသမား လူငယ် သာလျှင် ရပ်လျက် ကျန်ရှိခဲ့သည်။ အသံလှိုင်းမှာ ကြောက်စရာ ကောင်းချေ၏။

“ ချီလင်တောင်ရဲ့ ဓားသမားက ... တကယ့်ကို အထင်ကြီးစရာပါပဲ ... ချီလင်ဓား တန်ခိုးရှင်ကို ငါ့ဆရာအဖြစ် ခံယူဖို့ ... ဒါမှမဟုတ် ချီလင်နတ်သားရဲ့ ...

... ကျွန်အဖြစ် လိုက်ပါဖို့ ဒီတစ်ကြိမ်တော့ ငါပြန်စဉ်းစားသင့်ပြီလို့ ထင်မိတယ် ဟား ဟား ဟား ... ။ ”

ချီလင်တောင်၏ ဓားသမားလူငယ်မှာ သွေးတစ်လုတ် အန်လျက် မျက်နှာဖြူဖျော့ကာ ချက်ချင်း ဒူးတစ်ဖက် ထောက်ကျသွားသည်။

လင်းယွန်သည် သူ့ဓားကို မသုံးဘဲ ချီလင်တောင်၏ နတ်တပည့် လူငယ်အပေါ် ဒူးထောက်စေခဲ့၏။

ထို့ကြောင့် သူ့ဆရာအဖြစ် ချီလင်ဓား တန်ခိုးရှင်ကို ပြန်၍ စဉ်စားသင့်သည် ဟူသော ထိုစကားများသည် ချီလင်နတ်သားတော်အပေါ် ပျက်ရယ်ပြုခြင်းမည်ပေ၏။

***

All Chapters