အညံ့ဆုံး မိန်းကလေး။
Vol. 171 Ch. 2394
လင်းယွန် စကားကြောင့် ချီလင်တောင်မှ လူတိုင်း၏ မျက်နှာများ မည်းမှောင်သွားတော့ သည်။
ချီလင် နတ်သားတော်သည် လင်းယွန်းကို ကျွန်အဖြစ် ခေါ်ဆောင်ရန် ကြံရွယ် နေသည်မှာ လူတိုင်းသိ၏။
ယွဲ့ဝေဝေ၏ အငြင်းခံရ ပြီးနောက် ဤနည်းလမ်းဖြင့် တုန့်ပြန်ရန် ကြိုးပမ်းနေခြင်း ပေပင်။
စင်မြင့်ပေါ်ရှိ ချီလင်တောင် ဓားသမားက လင်းယွန်ကို ကြည့်ကာ၊
“ ငါက ချီလင်ဓားတန်းခိုးရှင် မျိုးရိုးက မဟုတ်ဘူး ... မင်းငါ့ကို နိုင်ရုံနဲ့ ချီလင်တောင်ကို ဘာလို့ အရှက်ခွဲနေတာလဲ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်၏။
“ ငါမင်းကို အရှက်ခွဲနေတာ မဟုတ်ဘူး၊ ချီလင်တောင်က ဓားသမားတွေ အစွမ်းသတ္တိကို တကယ် ခံစားချင်လို့ပါ ... နောက်ဆုံးတော့ မင်းတို့ရဲ့ နတ်သားက ချီလင်တောင်ဟာ ...
... ဓားသမားတွေ အတွက် မြင့်မြတ်နယ်မြေလို့ ပြောခဲ့တယ် မဟုတ်လား ဒါကြောင့် မင်းတို့တွေ ဘယ်လောက်အထိ သန်မာလဲဆိုတာ ...
... ငါ စမ်းကြည့်လိုက်တာပဲ၊ ဒါပေမယ့် ချီလင်တောင် ဓားသမားက ... သီချင်းတစ်ပုဒ် ကိုတောင် မခံနိုင်ဘူးလို့ ငါဘယ်ထင်မလဲ။ ”
“ ဝေါ့ ... ။ ”
လင်းယွန်က ပြုံးပြီး ပြန်ပြောလာသဖြင့် ချီလင်ဓားသမားခမျာ နောက်ထပ် သွေးများ ထပ်အန် ကုန်သည် ။
ချီလင်နတ်သားတော်၏ မျက်နှာမှာ မည်းမှောင်သွား၏။ ဤရလဒ်ကြောင့် အလွန် အရှက်ရစရာ ပေပင်။
နောက်ဆုံးတွင် လင်းယွန်က တာ့ဖုန်ထံ လှည့်ကြည့်သည်။ တာ့ဖုန်မှ ကောင်းကင်လမင်း ဝံပုလွေ အသွင်ယူရန် စဉ်းစားမိ သော်လည်း အရှုံးပေးလိုက်သည်။
ထို့နောက် ချီလင်နတ်သားတော်၊ တုကုကြွယ်၊ အော်ကျန့်၊ လုံချယ်တို့ ကဲ့သို့သော ကျန်စမ်းသပ်ကွင်းမှ လာသည့် ဉာဏ်ကြီးရှင် များစွာကလည်း အရည်အချင်းများ ပြသလာ ကြသည်။
ရီဝူရှောင်၊ ပိုင်ရီ၊ လီတင်းနှင့် အခြားသော ဖိတ်ကြားထားသည့် ပါရမီရှင် လူငယ်များလည်း ရှိနေသေး၏။
၎င်းတို့သည် ကောင်းကင် လွင်ပြင်သို့ ဆင်းသက်ခြင်းမရှိချေ။ ဤပွဲသို့ ပါဝင်ကြရန် သီးသန့် ဖိတ်ခေါ် ခံရသူများ ဖြစ်သည်။
ပိုင်ရီနှင့် လီတင်းတို့သည် ကောင်းကင် တံခါး၏ တပည့်များ ဖြစ်သောကြောင့် သဘာဝ အတိုင်း ပြောစရာ မရှိချေ။
အရည်အချင်းအရ သန့်ရှင်းသော သားတော်များနှင့် ယှဉ်ပြိုင် နိုင်သည်။ ရီဝူရှောင် အတွက်မူ ကျော်ကြားပြီး အမြန်ဆုံးဓား အဖြစ် လူသိများ၏။
မွန်းတည့်ချိန်ရောက်သောအခါ ထိပ်တန်းအယောက် သုံးဆယ်စာရင်း ထွက်ပေါ် လာတော့သည်။
ထိုလူများသည် ကောင်းကင် ကံကြမ္မာ ကျောက်တိုင်၌ အမည်များကို ချန်ထားရန် အခွင့်အရေး ရရှိပြီဖြစ်၏။
ဘိုးဘေး နတ်ဘုရားမှ လက်မခံလျှင်ပင် ဤအခွင့်အရေးသည် သူတို့အတွက် ကြီးမားလှ ချေပြီ။
ထိုသုံးဆယ်တွင် လင်းယွန်၊ ကျိကျစ်ရှီ၊ ယွဲ့ဝေဝေနှင့် လင်းကျန်းရှန့်တို့မှာ ကျင့်ကြံမှု အနိမ့်ဆုံး ဖြစ်သည်။
ကျိကျစ်ရှီနှင့် ယွဲ့ဝေဝေက နတ်သားရဲ အသွေးအသားကို ပိုင်ဆိုင်ကာ အဋ္ဌမအဆင့် သူတော်စင်သခင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
သူတို့၏ လျှို့ဝှက် နည်းပညာများကို အသုံးပြုမည်ဆိုသော် နဝမအဆင့် သူတော်စင် သခင် အဖြစ် တိုးမြှင့်နိုင်မည်။
လင်းယွန်သည် အဋ္ဌမ အဆင့် သူတော်စင်သခင် ဖြစ်ပြီး လင်းကျန်းရှန့်မှာ သတ္တမအဆင့် အထွတ်အထိပ် ဖြစ်သည်။
ဤလူသုံးဆယ်အတွင်း သူမ၏ ကျင့်ကြံမှုသည် အနိမ့်ကျဆုံး ဖြစ်သော်လည်း လေးစားစရာ ဖြစ်နေဆဲ ပေပင်။
ကောင်းကင်ဘုံ ဓားသုံးလက်သည် ဘုံသုံးထောင်တွင် ကျော်ကြားလှကာ အဆင့် တစ်ခုသို့ နားလည်ပြီးနောက် စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်မည်။
သည့်အပြင် ထာဝရ တာအိုကို နားလည် ထားခဲ့သဖြင့် ထိုအဆင့်မီသည်ဟု လူအများက သူမအပေါ် ထင်ကြေးပေး ကြသည်။
လောထျန်းရှီက၊
“ ထိပ်ဆုံး သုံးဆယ်အတွင်း ဝင်ကြတဲ့ အတွက် ... မင်းတို့အားလုံးကို ဂုဏ်ယူပါတယ် ရိုးရိုးသားသား ပြောရရင် မင်းတို့တွေဟာ ငါ့ဆရာရဲ့ တပည့်တွေ ဖြစ်လာဖို့ ...
... အပြည့်အ၀ ထိုက်တန်တဲ့ လူတွေပဲ ဒါပေမယ့် ခွဲတမ်းက အကန့်အသတ် ရှိနေတဲ့ အတွက် အထက်တန်းစားတွေ ထဲက အထက်တန်းစားတွေကို ...
... ထပ်မံ ရွေးချယ်ရမယ် ... ဒါက သဘာဝပဲမို့ မင်းတို့ နားလည်မယ် ထင်ပါတယ် ကျေးဇူးပြုပြီး စိတ်ထဲ မထားကြပါနဲ့ ...
... နောက်ဆုံး တိုက်ပွဲ ပြန်မစခင် အားလုံးအတွက် နှစ်နာရီလောက် အချိန်ရမယ် ငါ့ဆရာက ပထမ သုံးယောက်ကို တပည့်အဖြစ် ယူမယ် ဆိုပေမယ့် ...
... သူ့အာရုံကို ဆွဲဆောင်နိုင်တဲ့ ... ဘယ်သူမဆို ဒီအခွင့်အရေးကို ရရှိနိုင်ပါတယ် စိတ်မပျက်ကြပါနဲ့ ... ။ ”
တိုက်ပွဲ၏ ရလဒ်သည် အရေးကြီး သော်လည်း တပည့်ရွေးသောအခါ၌ အနာဂါတ် အလားအလာမှာ များစွာ စကားပြောချေ၏။
ရှုံးနိမ့်ခဲ့လျှင်ပင် လုံလောက်သော အလားအလာကို ပြသနိုင်ပါက ရွေးချယ်ခံရနိုင် ပေမည်။ အနားယူချိန် နှစ်နာရီမျှသာ ရှိသဖြင့် လူတိုင်းဆက်ထိုင်နေခဲ့ကြသည်။ ထွက်ခွာရန် ဆန္ဒ မရှိတော့ချေ။
ထိပ်ဆုံး သုံးယောက်နှင့် ချန်ပီယံတို့ကို မကြာမီ ဆုံးဖြတ်တော့မည် ဖြစ်ရာ စိတ်လှုပ်ရှား နေခဲ့ကြသည်။ ကျိကျစ်ရှီက ကြောက်ရွံ့နေ၏။
“ ကျစ်ရှီ ... မင်း ဒီခရီးအဝေးကြီးကို ရောက်လာခဲ့ပြီးပြီ ... စိတ်အေးအေးထားစမ်းပါ တကယ်လို့ ရှုံးသွားရင်တောင် ... မင်းက ငါတို့ ထဲမှာ အငယ်ဆုံး ဖြစ်လို့ ...
... ဘိုးဘေး နတ်ဘုရားက ရွေးနိုင်တယ်လို့ တော်ဝင် ကောင်းကင် သခင် ပြောခဲ့ဖူးတယ် မဟုတ်လား။ ”
ယွဲ့ဝေဝေက နှစ်သိမ့် အားပေး၏။ ကျိကျစ်ရှီအတွက် သူမ၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
“ မှန်တယ် ဒီအတွက် စိတ်မပူပါနဲ့ ... နတ်ဖီးနစ် တောင်တန်း သခင်ကို ပေးထားတဲ့ ကတိကို ငါ ဖြည့်ဆည်းပေးမှာပါ။ ”
ချန်ပီယံသည် တောင်းဆိုမှု တစ်ခု ပြုလုပ်နိုင်သဖြင့် လင်းယွန်က အာမခံဝံ့ခြင်း ဖြစ်ချေ၏။
“ အစ်ကိုကြီး လင်း ... ဒီခရီးက မလွယ်ဘူးဆိုတာ ငါသိပါတယ် ... ငါ မင်းကို ပြန်ဆပ်မယ်။ ”
ကျိကျစ်ရှီက လေးလေးနက်နက် ပြောကြားလာသည်။
“ ကောင်းပြီ ... ငါမင်းကို စောင့်နေမယ် ... ကောင်းကင်လမ်းကို ပြင်ပြီးတာနဲ့ မင်းတို့ကို ငါ လာပြန်ရှာမယ်။ ”
လင်းယွန်က ပြုံးကာ ကတိပေး၏။
“ ဟုတ်ကဲ့ ... ။ ”
ကျိကျစ်ရှီက ခေါင်းညိတ်လိုက်သည်။ စကားစမြည် ပြောနေကြစဉ် လူအများအပြား သူတို့ဆီ ဦးတည်လာခဲ့ကြသည်။
“ ပန်းသင်္ချိုင်း ... မင်း ငါတို့ဂိုဏ်းကို ဝင်ဖို့အတွက် စိတ်ဝင်စားသလား ... ငါတို့မှာ သန့်ရှင်းသော သားတော် ရာထူး အတွက် တစ်နေရာ လစ်လပ်နေသေးတယ် ...
... ပြီးတော့ မင်းရဲ့ဂီတက မဆိုးပါဘူး ... ဒါကအနာဂတ်မှာ နတ်နဂါးသံစဉ် ကိုတောင် ဖန်တီးနိုင်လိမ့်မယ်လို့ ငါယုံတယ် ... ငါတို့နဲ့ လိုက်မလား။ ”
သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦးက သူမ အမြင်ကို ထုတ်ဖော် ပြောကြား လာခဲ့သည်။
“ ငါတို့ဆီမှာလည်း သက်တမ်း မကုန်သေးတဲ့ နတ်ဘုရားတစ်ပါးရှိတယ် သူ့မှာ အမွေခံ မရှိသေးဘူး ... မင်းစိတ်ဝင်စားရင် နတ်ဘုရားအမွေနဲ့ အကောင်းဆုံး အရင်းအမြစ်တွေ ရနိုင်ပါတယ်။ ”
ယနေ့ပွဲသည် ဘုံသုံးထောင်၏ ပါရမီရှင်များနှင့် ပြည့်နေသဖြင့် အကြီးအကဲ များစွာ တက်ရောက်လာကြသည်။ အချို့မှာ ထာဝရ မြင့်မြတ်မြေ၏ ဧကရာဇ်များပင် ဖြစ်နေကြသည်။
ပြိုင်ပွဲသည် လူအချို့ကို ဖယ်ထုတ် ပစ်သော်လည်း ၎င်းတို့သည် ဉာဏ်ကြီးရှင်များ ဖြစ်နေဆဲ ဖြစ်၏။
ထို့ကြောင့် သူတို့၏ ဂိုဏ်းများအတွက် ခေါ်ယူနိုင်က အကောင်းဆုံး ပေပင်။ အချို့သော ရှေးဟောင်း နတ်ဘုရား မျိုးနွယ်စုများစွာ ကလည်း သူတို့မျိုးနွယ်ဖြင့် လက်ထပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်လာ၏။
လင်းယွန်တွင် ယွဲ့ဝေဝေရှိမှန်း သိထားကြသည်။ သို့သော် ပြောင်မြောက်သော စွမ်းဆောင်ရည်နှင့် အသွင်အပြင်ကြောင့် အမျိုးသမီးများက စိတ်ဝင်စားဆဲ ဖြစ်၏။
လင်းယွန်က ကူကယ်ရာမဲ့စွာဖြင့် ယွဲ့ဝေဝေ၏ သဘောထား ကြီးပြနေသော အပြုံးအောက်တွင် သတိကြီးစွာ ငြင်းဆန် နေခဲ့ရသည်။
“ အစ်ကိုလင်း ... မင်းက တကယ် နာမည်ကြီးလာပြီ ထာဝရ မြင့်မြတ်မြေတောင် သန့်ရှင်းသောသားတော် ရာထူးနဲ့ ကမ်းလှမ်းနေရတယ်။ ”
ရှန်းထျန်းနန်က မနာလိုစွာ ပြောကြား လာခဲ့သည်။ တစ်ဖက်တွင် လင်းကျန်းရှန့်က ငြိမ်သက်သွား၏။
ဤလုပ်ရပ်များ အရ လင်းယွန်သည် သူ့ပြိုင်ဘက်များထက် အားနည်းနေသည်ဟု ၎င်းတို့က ယူဆထားပုံ ပေပင်။
“ ဒါက မကောင်းဘူး။ ”
“ ဘာလို့လဲ ... ။ ”
နောက်ဆုံးတွင် လင်းကျန်းရှန့်က သူမအမြင်ကို ပြောပြလိုက်ရာ ရှန်းထျန်းနန် တစ်ယောက် ဖြစ်ပျက်နေသည့် အပေါ် သဘောပေါက်သွား၏။
“ မင်း အခုမှ သဘောပေါက်တာလား။ ”
လင်းယွန်က ၎င်း၏ နုံအမှုကြောင့် ပြုံးလိုက်၏။ ခေါင်းကုပ်လျက် ရှန်းထျန်းနန်မှ စကား မပြောတော့ချေ။ နှစ်နာရီကြာပြီးနောက် လောထျန်းရှီ ပြန်ရောက်လာသည်။
ထို့နောက် ၎င်းက တော်ဝင် ကောင်းကင် သခင်ကို အချက်ပြ၏။ တော်ဝင် ကောင်းကင် သခင်မှ လူတိုင်းကို ကြည့်ကာ၊
“ မင်းတို့ ပြိုင်ဘက်တွေကို ... ကိုယ်တိုင်ရွေးလို့ ရတယ် အောင်နိုင်သူက ဆက်လက် စိန်ခေါ်နိုင်ပြီး ... ရှုံးနိမ့်သူက ဆင်းပေးရမယ် ... လုံလောက်တဲ့ အလားအလာကို ...
... ပြသနိုင်သရွေ့ မင်းတို့ကို ဘိုးဘေး နတ်ဘုရားက ရွေးချယ်လိမ့်မယ် ... ဒါကြောင့် ရလဒ်အပေါ် စိတ်ပူနေစရာ မလိုဘူး။ ”
-ဟု ပြောကြားလိုက်သည်။
ထိုသို့ ပြောသောအခါတွင် အားလုံး၏ အကြည့်များက လင်းယွန်နှင့် ကျိကျစ်ရှီထံ ရောက်ရှိသွား၏။
လင်းယွန်သည် အမျိုးသားထု၏ သေစေလိုသော ရန်သူဖြစ်ပြီး သူ့ကို သင်ခန်းစာ ပေးလိုသည်မှာ သဘာဝ ပေပင်။ ကျိကျစ်ရှီ အတွက်မူ အညံ့ဆုံး ဖြစ်ချေ၏။
နတ်ဖီးနစ် မျိုးဆက်သွေးသည် ကန့်သတ်ချက် ရောက်ရှိနေပြီး ဝေးဝေး မပို့နိုင် တော့ချေ။ သူမကို စိန်ခေါ်ခြင်းဖြင့် သေချာသော နိုင်ပွဲတစ်ပွဲ ဖြစ်လာနိုင်မည်။
လူတိုင်းက ပထဆုံးသော နိုင်ပွဲဖြင့် ဖွင့်လှစ်လိုသဖြင့် အရာရာချိန်ဆကာ မည်သူမျှ အလျင်မလို ခဲ့ကြချေ။
“ အစ်ကိုကြီး လင်း၊ ငါ တိုက်ချင်တယ်။ ”
ကျိကျစ်ရှီက တောင်းဆိုသည်။
“ ကောင်းပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ်လိုက်၏။ ကျိကျစ်ရှီဒေါသကို သူ သိသည်။ အားနည်းပုံ ပြနေသော်လည်း မာကြောသည့် နှလုံးသား ရှိချေ၏။
လူတိုင်းက သူမသည် အပျော့ဆုံးနှင့် အငယ်ဆုံးဖြစ်ပြီး ဤခရီးတွင် သွေးသားအပေါ် အားကိုးသူ အဖြစ်သာ မြင်ကြသည်။
လင်းယွန်အတွက်မူ ကျိကျစ်ရှီသည် သူမကိုယ် သူမ အားကိုးခြင်းဖြင့် မည်မျှအထိ သွားနိုင်မည်ကို သိချင်၏။
သူမသည် နတ်ဖီးနစ်တောင် သခင်၏ သမီးဖြစ်ကာ ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ရာထူးကို ရရှိထားသည်။
မြင်သလောက် ပျော့ညံ့မည် မဟုတ်ချေ။ လင်းယွန်၏ ယုံကြည်ပေးမှုကြောင့် ကျိကျစ်ရှီမှ မကျေနပ်ချက်များ လျော့ပါးသွားပြီး တောက်ပစွာ ပြုံး၏။
“ ဝှစ် ... ။ ”
ထို့နောက် ကောင်းကင်ပေါ် ခုန်တက်ကာ စင်မြင့်ပေါ် ဆင်းသက် လိုက်လေသည်။ သူမကို မြင်သည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ထွက်လာတော့၏။
“ ငါမင်းကို ရင်ဆိုင်ပါရစေ။ ”
***