Chapters

သံချပ်ဝတ်တန်ဆာဝတ်မိချောင်း၊ အထွတ်အထိပ်ဘုံ

Vol. 79 Ch. 1561

သံချပ်ဝတ်တန်ဆာဝတ်မိချောင်း၊ အထွတ်အထိပ်ဘုံ

Vol. 79 Ch. 1561

ကန်မျက်နှာပြင်သည် ဘာမှမဖြစ်ခဲ့သလိုမျိုး ထပ်မံငြိမ်သက်သွားလေ၏။ ခေါင်းတစ်ဝက်သာပေါ်ခဲ့သဖြင့် မည်သည့်သားရဲအမျိုးအစားဖြစ်သည်ကို မည်သူမှရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။ တဒင်္ဂထင်ယောင်ထင်မှားမျိုးပင်။

ကပ်ဘေးမှရှင်သန်ခဲ့သူများသည် ကန်ဆီသို့ပြန်လာကြသည်။ အမှောင် နတ်မိစ္ဆာဘုံ၏ တပ်ဆုတ်ခြင်းသည် အားလုံး၏အာရုံကို မဆွဲဆောင်နိုင်ပေ။

ပေထင်းဟွမ်ရောက်လာချိန်တွင် အားလုံးသည် ဆွေးနွေးဆဲဖြစ်သည်။ သို့သော် သူတို့သည် ခပ်တိုးတိုးသာ ပြောရဲကြသည်။

“ဒါ ဘယ်လိုသားရဲမျိုးလဲ”

“နဂါးနဲ့တော့တူတယ် ဒါပေမဲ့ ဒီနဂါးရဲ့ခွန်အားက တကယ်သန်မာတာပဲ”

“မင်းပြောသလိုမျိုး အရှင်ကြီးအဆင့်ခွန်အားရှိတာလား”

“ကန်ထဲက အဲဒီရတနာက တော်တော်ထူးခြားလို့ပဲဖြစ်မယ်”

ကန်ထဲမှ ရတနာအမျိုးအစားကို ဆွေးနွေးနေကြချိန်တွင် ပေထင်းဟွမ် သည် ရှို့ဟွမ်နှစ်ခု၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရကြောင်းကို ကောင်းစွာသိ၏။ ဤကန်တွင်ဖြစ်ပေါ်သော မြင်ကွင်းမှာ ရှို့ဟွမ်ကြောင့်ဖြစ်သည်မှာ သံသယဝင် ဖွယ်ရာမရှိပေ။

“ယန်ယဲ့ ကျွန်မ ဒီကန်ထဲက သားရဲကိုမကိုင်တွယ်နိုင်ဘူး” ပေထင်းဟွမ် သည် ကန်ဘေးမှ ရှေးသစ်ပင်ကိုမှီပြီး ကန်ကိုစိုက်ကြည့်နေသည်။ ကန်သည် ပြာလဲ့နေပြီး ကောင်းကင်မှတိမ်တိုက်ဖြူများသည် ကန်ထဲတွင် ပေါလောပေါ် နေသလိုပင်။ ထိုသားရဲသည် ကန်ကို လှိုင်းထစေသည်။ ကန်ထဲတွင် အားကောင်းသောသားရဲ ပုန်းအောင်းနေသည်ကို မြင်ရန်မဖြစ်နိုင်ပေ။

ကန်သည် အဆုံးထိမမြင်ရလောက်အောင် ကျယ်သည်။ ကုန်းမြေပေါ် တွင်ရှိသည့် ပင်လယ်တစ်စင်းနှင့်တူသည်။

မွေးပွလုံးလေးသည် ပေထင်းဟွမ်၏ရင်ဘတ်မှထွက်လာကာ ကော်လာ အား ရှေ့လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး အတန်ကြာအောင်ကြည့်လေသည်။ ထို့နောက် အသိစိတ်ပင်လယ်ထဲတွင် ယန်ယဲ့၏အသံထွက်ပေါ်လာသည် “ငါ့ အာရုံသာမှန်ရင် ဒီကန်ထဲကရှိတဲ့ဟာက အထွတ်အထိပ်ဘုံကို ရောက်နေတဲ့ သံချပ်ဝတ်တန်ဆာမိချောင်းပဲ”

“အထွတ်အထိပ်လား” ပေထင်းဟွမ်သည် အော်ပြီး ရှို့ဟွမ်အားမေးလိုက် သည်။ ဒါက သေလမ်းရှာတာပဲမလား။

ယန်ယဲ့သည် ပေထင်းဟွမ် ဂနာမငြိမ်ဖြစ်သါားသည်ကိုကြည့်ပြီး ရယ်မော မိသည်။ ဤကောင်မလေး အလောတကြီးဖြစ်သည်ကို မြင်ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူသည် စိတ်ထိခိုက်မိသည် “စိတ်မပူနဲ့၊ မင်းမှာသာ ဘိုးဘေး ကျောက်တုံးနဲ့ ရှို့ဟွမ်နှစ်ခုမရှိရင် ငါတို့တွေ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး ဒါပေမဲ့ အခုတော့ ဒြပ်ထုတွေရဲ့ စည်းမျဉ်းကိုနာမးလည်တာက အဲဒီအထွတ်အထိပ် သတ္တဝါပဲ၊ မကြောက်နဲ့ ကိုယ်ရှိတယ်”

ထိုအခိုက်အတန့်တွင် သစ်ပင်အားမှီနေသော ပေထင်းဟွမ်အား လူတစ် ယောက်တွေ့သွားသဖြင့် ကန်တစ်ခုလုံး ဆူညံသွားလေသည်။ ထိုလူသည် ပေထင်းဟွမ်အား လက်ညှိုးထိုးပြီး ပြောလေသည် “ဒါက ခုနက ငါတို့ကို ကယ်ခဲ့တဲ့ သခင်ဟွမ်ကျို့ပဲ”

ဤလူသည် အစက ကန်ထဲသို့ဆင်းပြီး ရတနာယူရန်ပြင်ဆင်ခဲ့ သော်လည်း ပေထင်းဟွမ်၏တားမြစ်သံကိုကြားပြီးနောက် အလိုလို နောက်ဆုတ်ခဲ့သူဖြစ်သည်။ သူသည် အသက်ပါသွားနိုင်သည်ကို မည်သူ သိမည်နည်း။ ဘာကြောင့် မပျော်ဘဲနေရမည်နည်း။

ထိုလူသည် ပေထင်းဟွမ်အား လက်အုပ်ချီကာ ပြောလေသည် “ဆရာ ဒီရတနာရှာဖို့ကို အရှင်နဲ့ မဟာမိတ်ဖွဲ့လို့ရလား၊ ဒီသားရဲကိုသတ်ပြီး ရတနာယူ ဖို့အကုန်လုံး အင်အားပေါင်းလိုက်လို့ရပါတယ်၊ ကျွန်တော်တို့ အရှင်နဲ့ ညီတူမျှတူ ခွဲပါ့မယ်”

ထိုလူစကားပြောပြီးနောက်တွင် ပေထင်းဟွမ် သဘောမတူခင်မှာပင် လှည့်ပြီး အားလုံးအား လှုံ့ဆော်လိုက်သည် “ကျုပ်ရဲ့ကမ်းလှမ်းချက်ကို အားလုံး သဘောတူမလားမသိဘူး၊ သဘောတူရင် မတ်တပ်ရပ်ကြပါ”

အားလုံး နှုတ်ဆိတ်နေသည်ကိုကြည့်ပြီး ပေထင်းဧွမ်အားကြည့်ပြီးနောက် သူ့ကိုယ်သူ ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လေသည်။ ထိုလူသည် အလျင်အမြန်ပင် ပေထင်းဟွမ်အား ခေါင်းလှည့်ကြည့်သည်။ ပေထင်းဟွမ် သည် သစ်ကိုင်းပေါ်တွင်ရပ်ပြီး လက်ပိုက်ကာ သူ့အား လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။ “ငါက ဘာလို့မင်းတို့နဲ့ မဟာမိတ်ဖွဲ့ရမှာလဲ၊ မင်းတို့က ငါနဲ့မဟာမိတ်ဖွဲ့ဖို့ ဘာအရည်အချင်းရှိလို့လဲ”

အတန်ကြာသည်အထိ ကန်ဘေးတွင် မည်သည့်အသံမှထွက်မလာတော့ ပေ။ တစ်စုံတစ်ယောက်သာ ထိုစကားကိုပြောလာမည်ဆိုပါက လူအများသည် နာကြည်းသွားနိုင်သည်။ သို့သော် ပေထင်းဟွမ်၏ပါးစပ်မှထွက်လာခြင်းဖြစ် သဖြင့် ထိုစကားများသည် မှန်သည်ဟု အားလုံး ခံစားရသည်။

ဆန့်ကျင်ဘက်အနေနှင့် သူမသည် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းသည့် သန်မာသောလူကို မကျေနပ်ပေ။ သူသည် သူ့ကိုယ်သူပင် မသိပေ။