လွန်ခဲ့တဲ့နှစ်တစ်သောင်းက ယန်ယဲ့က အထွတ်အထိပ် အမြင့်ဆုံးကိုရောက်ပြီးပြီ
Vol. 79 Ch. 1562
ထိုအချိန်တွင် အတူတကွဝင်လာခဲ့သော ယင်းလုံနှင့် လန်ဖုန်း လျှို့ဝှက် မိသားစုနှစ်ခု၏ခေါင်းဆောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကန်တစ်ခုလုံးကို ကင်းလှည့်ကြည့်လေသည်။ သူတို့သည် ကျို့ယင်းအပြင် အမှောင်နတ်မိစ္ဆာဘုံမှ မည်သူ့ကိုမှ မမြင်မိပေ။
ယင်းလုံမိသားစုခေါင်းဆောင်သည် ပေထင်းဟွမ်အား အရိုအသေပေးပြီး ပြောလေသည် “သခင်ဟွမ်ကျို့ ဒီကန်ထဲက သားရဲက ဘာသားရဲလဲဆိုတာ သခင်ဟွမ်ကျို့သိမလားမသိဘူး၊ သူ့ခွန်အားကဘာလဲ၀”
ပေထင်းဟွမ်အား လေ့လာသည့်သဘောပင်။ ပေထင်းဟွမ်သည် ထိုလူ အား ပေါ့ပေါ့ပင်ကြည့်လိုက်သည်။ ဤလူသည် မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်သော်လည်း သူမကို လေးစားသမှုရှိသဖြင့် ပြောလိုက်သည် “သံချပ်ဝတ်တန်ဆာမိချောင်းပဲ ခွန်အားကအထွတ်အထိပ်”
“အထွတ်အထိပ်ဘုံလား”
လူအများ ပင့်သက်ရှိုက်ကြသည်။ အံ့အားသင့်မှု၊ ကြောက်လန့်မှုနှင့် ထိတ်လန့်မှုတို့သည် သူတို့၏မျက်လုံးများထဲသို့ ရောက်လာသည်။
ဤအခိုက်အတန့်တွင် ဝိညာဉ်နှောက်နိုင်သည့်အသံသည် အဘက်ဘက်မှ ရောက်လာသလို ကောင်းကင်နှင့်မြေကြီးမှ အသံထွက်လာသည် “သံချပ်ဝတ် တန်ဆာမိချောင်းကိုလည်း နာမည်တပ်နိုင်တယ်၊ သူ့ခွန်အားကိုလည်း မြင်နိုင် တယ်၊ မင်းက အားနည်းတဲ့အရှင်အဆင့်လောက်ပဲရှိတာကို ဘယ်ကနေသိလာ တာလဲ”
သံသယဝင်စရာပင်မလိုပေ။ ထိုအချိန်တွင် အားလုံးသည် ကန်နှင့်ဝေးရာ သို့ နောက်ဆုတ်သွားကြပြီဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့၏မျက်လုံး များသည် ကြောက်လန့်မှုများဖြင့် ပိုပိုပြည့်နှက်လာသည်။ အထွတ်အထိပ်ဘုံ၏ ကျွမ်းကျင်သူသည် သူတို့ရန်စရမည့်သူမဟုတ်ပေ။ ထို့ကြောင့်ပင် ထိုခက်ထန် သောမိချောင်းသည် ပါးစပ်တစ်ချက်ဟလိုက်သည်နှင့် လူများစွာ၏အသက်ကို ဝါးမျိုနိုင်ခြင်းပင်။
နေရာတွင် တောင်ငယ်တစ်လုံးကို တွေ့ထားသည်မှာကြာပြီဖြစ်သည်။ ထိုနေရာတွင် ငှက်တော်နှင့် ကျီးကန်းတို့သည် လျှို့ဝှက်ကျင့်ကြံကာ ဂူအတွင်း ပိုင်းထဲတွင် ပုန်းအောင်းနေကြသည်။
ထိုဆုံးရှုံးမှုသည် ဆုံးရှုံးမှုမဟုတ်သလို ပေထင်းဟွမ် ခံစားရသည်။ ထိုသံ ချပ်ဝတ်တန်ဆာမိချောင်းကို မနိုင်လျှင်တောင် အနည်းဆုံးတော့ မကြောက် သင့်ပေ။ အေးစက်စွာနှာမှုတ်လိုက်ပြီး ပေထင်းဟွမ် ပြောလိုက်သည် “မင်းက ဒြပ်စင်ဥပဒေကိုနားမလည်တဲ့ အထွတ်အထိပ်ပဲ၊ ဘာတွေပုံကြီးချဲ့နေတာလဲ”
အထွတ်အထိပ်ဘုံသည် မည်မျှသန်မာသည်ကိုမသိသော်လည်း ဒြပ်စင် ဥပဒေကိုတော့ သိသည်။ သို့သော် ထိုအချိန်တွင် ပေထင်းဟွမ်၏စကားကို ကြားပြီးနောက် တောင်ထိပ်ထိနောက်ဆုတ်သွားသောလူများသည် အလွန် သိချင်စိတ်ဖြစ်လာသည်။ သခင်ဟွမ်ကျို့ ဒါကိုဘယ်လိုသိတာလဲ။ မိချောင်းက ဒြပ်စင်ဥပဒေကိုနားမလည်ဘူးလား။
ပေထင်းဟွမ်သည် ယန်ယဲ့ကြောင့် နာမည်ကြီးခဲ့ပြီးဖြစ်သည်။ အရှင်ကြီး အဆင့်သို့ရောက်ပြီးနောက်တွင် အထွတ်အထိပ်ဘုံရှိသည်။ အထွတ်အထိပ်ဘုံ တွင်သန်မာခြင်းသည် ကောင်းကင်နှင့်မြေကြီးအကြားမှ ဒြပ်စင်ဥပဒေကို နားလည်ရန်လိုအပ်သည်။ ဒြပ်စင်ဥပဒေတွင် အားလုံးပေါင်း ၆ ခုရှိသည်။ ကမ္ဘာမြေကြီး၊ မီး၊ ရေ၊ လေ၊ အလင်းနှင့် အမှောင်တို့ဖြစ်ကြသည်။ ထိုဥပဒေ များကိုနားလည်သွားသည်နှင့် တိုက်ခိုက်ရေးဝိညာဉ်ကိုစုစည်းနိုင်ပြီး အရည်အချင်းရလာမည်ဖြစ်သည်။
အထွတ်အထိပ်သည် အထွတ်အထိပ်ကြီးအဆင့်သို့ တက်ချင်ပါက အနည်းဆုံး ထိုဒြပ်စင်ဥပဒေများကို နားလည်ရမည်ဖြစ်သည်။ အထွတ်အထိပ် ဘုံကျွမ်းကျင်သူမှ စုစုည်းထားသည့် တိုက်ခိုက်ရေးဝိညာဉ်တွင် အနည်းဆုံး အရည်အချင်းသုံးခုရှိသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ တွေးလိုက်သည် နှင့်ပင် ကမ္ဘာပေါ်မှအရာအားလုံးသည် မြေကြီး၊ ရေ၊ မီးနှင့် လေတို့ဖြင့် ပြုလုပ် ထားသည်။ ဒြပ်စင်ဥပဒေကိုနားလည်သည်နှင့် ချုပ်တည်းခြင်းမရှိ ကမ္ဘာကြီး စွမ်းအင်ကို အသုံးပြုနိုင်သည်။
အထွတ်အထိပ်အမြင့်ဆုံး၊ ယခု ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် အားအကောင်းဆုံးလူသည် အချိန် သို့မဟုတ် နေရာ၏ အဆင့်မြင့်ဥပဒေကို နားလည်ရန်လိုအပ်သည်။ တချို့အားကောင်းသောအထွတ်အထိပ်များသည် အဆင့်မြင့်ဥပဒေနှစ်ခုကို တစ်ချိန်တည်းမှာ ထိန်းချုပ်နိုင်ပြီး သူတို့ထိန်းချုပ် လိုက်သည်နှင့် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သေလည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းက ယန်ယဲ့သည် အထွတ်အထိပ်အမြင့်ဆုံးသို့ ရောက်ခဲ့ပြီးသားဖြစ်သည်။
ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် ချပ်ဝတ်တန်ဆာမိချောင်း သည် ဟင်းခနဲအသံပြုကာ ခေါင်းတစ်ဝက်ထွက်ပေါ်လာပြန်သည်။ သည်တစ် ခေါက်တွင် သူသည် ပါးစပ်မဟတော့ပေ။ ထိုသားရဲ၏ဦးခေါင်းသည် သံမည်း အရောင် တြိဂံဖြစ်သည်ကို အားလုံးမြင်နိုင်ကြသည်။ ၎င်း၏အေးစက်သော မျက်လုံးများသည် တဖြည်းဖြည်းလှည့်ပတ်ကြည့်လေသည်။ အားကောင်းသော ဖိနှိပ်မှုကြောင့် အားလုံးသည် တောင်အကွယ်ဆီသို့ ပုန်းကွယ်ကြလေသည်။