ယန်ယဲ့ လျှော့တွက်မိပြီလား
Vol. 79 Ch. 1563
“ငါက ဒြပ်စင်ဥပဒေကို နားမလည်ရင်တောင် မင်းကိုသတ်ဖို့တော့ လုံလောက်တယ်”
မိချောင်းသည် ပါးစပ်ဟလိုက်သည်နှင့် နေရောင်အောက်တွင် ချွန်ထက် သောသွားများမှာ တလက်လက်တောက်လာသည်။ ထိုအခိုက်အတန့်တွင် ၎င်း သည် လူသတ်ချင်စိတ်ရှိသည့်မိချောင်းဖြစ်သည်ကို မည်သူမှသံသယဝင်ဖွယ် ရာ မရှိပေ။ သခင်ဟွမ်ကျို့ပြောသည်မှာ မှန်သည်။
“မင်းကိုသတ်ဖို့မလွယ်ဘူးထင်တယ်၊ ဒါပေမဲ့ မင်းက ငါ့အသက်ကို အရင် ယူမယ်လို့တွေးရလောက်အောင် မရိုးရှင်းဘူး” ပေထင်းဟွမ်သည် ထိုမိချောင်း ကိုလုံးဝမကြောက်ဘဲ ကန်ဘောင်အထက်တွင် ရပ်ကာ ဓားပျော့ကိုကိုင်ထားပြီး အေးစက်စွာပြောလေသည်။
“လေကြီးလေကျယ်နိုင်လိုက်တာ”
သံချပ်ဝတ်တန်ဆာမိချောင်းသည် ထင်ရှားစွာပင် ဒေါသထွက်သွားလေ သည်။ သူ၏တိုပြီးအားကောင်းသည့် အမြီးသည် ကန်မျက်နှာပြင်မှ တဖြည်းဖြည်းမြောက်တက်သွားသည်။ သို့သော် အမြီးထိပ်သည် ရေမျက်နှာပြင်အောက်တွင် ရှိနေဆဲဖြစ်ကာ ခုံးထလာသည်။ သူ၏ တစ်ကိုယ် လုံးသည် သံမဏိကဲ့သို့ ထူထဲသောကြေးခွံများဖြင့်တည်ဆောက်ထားရာ သာမန်ကာလျှံကာလှုပ်ရှားလျှင်တောင် ကန်ရေသည် ပေထင်းဟွမ်အား ချွန်ထက်သည့်မြားတစ်စင်းအလား ပစ်လွှတ်နိုင်လေသည်။
၎င်းသည် အထွတ်အထိပ်ဘုံသို့ရောက်နေသော အားကောင်းသည့်လူ၏ တိုက်ခိုက်မှုပုံစံဖြစ်သည်။ ထိုအခိုက်အတန့်တွင် အားလုံးသည် ပေထင်းဟွမ် အတွက် ချွေးပြန်မိကြသည်။ မည်သူမှ ထွက်မသွားချင်ကြပေ။ သူတို့သည် သိချင်ကြသည်။ ဤလူငယ် အသက်ရှင်နိုင်ပါ့မလား။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးကို မြူခိုးမည်းအလွှာ များဖြင့် ဖုံးအုပ်ထားပြီး မြူခိုးမည်းသည် သူမခန္ဓာကိုယ်ရှေ့တွင် တဖြည်းဖြည်း စုစည်းလာကာ နောက်ဆုံးတွင် လူသားအသွင်သို့ စုစည်းလေသည်။ ၎င်းသည် ချောမောသောလူတစ်ယောက်ဟု မြင်ရသော်လည်း ဝေဝေဝါးဝါးပင်ဖြစ်သည်။ သူ၏နောက်ကျောမှပင် ၎င်း၏လွှမ်းမိုးနိုင်သော မောက်မာမှုကိုမြင်နိုင်လေ သည်။
“လူတစ်ယောက်ရဲ့ အစွမ်းအစကို လျှော့တွက်လိုက်တာလား၊ ဒီလိုစကား တွေနဲ့ ဘယ်သူကမှ ငါ့ကို အကဲမဖြတ်ဖူးဘူး”
ထိုလူ၏အသံသည် တိုးညင်းပြီးအေးစက်နေသည်။ လူအများကြားသော အခါ ငရဲမှလက်ဆန့်ထုတ်လိုက်သကဲ့သို့ ထိုလူ၏လည်ပင်းကို တင်းကြပ်စွာ ညှစ်ထားပြီး အသက်ရှူမရအောင်ဖြစ်စေသည်။
ပေထင်းဟွမ်သည် ထိုပုံရိပ်နှင့်ရင်းနှီးသည်။ သူမ၏ရင်ဘတ်ထဲမှ မွေးပွလုံးလေးထွက်လာပြီးနောက် ၎င်းသည် မြူခိုးမည်းအဖြစ် ပျောက်ကွယ် သွားပြီး နောက်ဆုံးတွင် ယန်ယဲ့၏အသွင်အပြင်အဖြစ် စုစည်းလေသ်ည။
ထိုပုံရိပ်ကို မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းနေချိန်တွင် ကန်မျက်နှာ ပြင်ပေါ်မှ ရက်စက်သောမိချောင်းသည် ရယ်မောကာ စူးရှသောအသံဖြင့်ပြော လေသည် “မင်းက ဝိညာဉ်အလင်းတန်းထက်မပိုပါဘူး၊ ငါနဲ့တိုက်ခိုက်ချင်တာ လား”
“သေမလား ရှင်မလားပဲ”
ယန်ယဲ့သည် ပေါ့ပါးစွာပင်ပြောလိုက်သည်။ သူသည် လက်မြှောက်လိုက် သည်နှင့် လက်ဖဝါးတွင် အနက်ရောင်မီးတောက်လုံး လောင်ကျွမ်းနေပြီး သံ ချပ်ဝတ်တန်ဆာမိချောင်း၏မျက်လုံးများသည် ကျယ်လာကာ ထိုမီးတောက် အား မယုံနိုင်စွာဖြင့် ကြည့်လေသည်။ သူ၏မျက်လုံးများထဲတွင် ကြောက်လန့်မှု များတဖြည်းဖြည်းစုဝေးလာသည်။ ယန်ယဲ့သည် လှုပ်ရှားမှုလုပ်နေပြီဖြစ်သည်။
မီးတောက်သည် ကြယ်ကြွေသည့်အလား အနောက်တွင် အမြီးရှည်ချန် ထားခဲ့ကာ လေဟာနယ် မီးလောင်ကျွမ်းသကဲ့သို့ ကန်ဆီသို့ပျံသွားလေသည်။
မီးတောက်သည် ကလေးလက်သီးဆုပ်အရွယ်အစားသာရှိသော်လည်း စွမ်းအားနှင့် မယှဉ်နိုင်သောအရှိန်သည် တောင်အနောက်တွင် ပုန်းအောင်း နေကြသော အမှောင်နတ်မိစ္ဆာဘုံမှလူများကို ရင်ဘတ်ပေါ်သို့ လေးလံသော တောင်တစ်လုံး ဖိလိုက်သည့် ခံစားချက်မျိုးရစေလေသည်။
ကန်မျက်နှာပြင်ပေါ်မှ မိချောင်းသည် ပျာယာခတ်သွားလေသည်။ ဤမျှ အားကောင်းသောလူနှင့်တွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားပေ။ ရုတ်တရက် ပေါ်လာသည့် ဤလူသည်မည်သူနည်း။ ရှောင်ရှားရန်မဖြစ်နိုင်သဖြင့် သူသည် အမြီးကိုယမ်းကာ ယန်ယဲ့၏အနက်ရောင်မီးတောက်ရှိရာသို့ အားပါပါ ရိုက်ချ လိုက်သည်။
ဘုန်း
မီးတောက်သည် ပြိုကွဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားဟန်တူ သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး တောင်နောက်တွင်ပုန်းနေကြသူများသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချမိလေသည်။ ဒီလူက မိချောင်းကို မအောင် နိုင်နိုင်ဘူးလား။
ထပ်မံစဉ်းစားကြည့်လျှင် ဤလူမည်မျှပင်သန်မာစေကာမူ မိချောင်းသည် တစ်ချက်တည်းနှင့် အနိုင်ယူနိုင်မည်လား။
စဉ်းစားကြည့်ရုံနှင့် ကြောက်စရာကောင်းသည်။
ရလဒ်အနေနှင့် ဤလူသည် ဤသားရဲကို အောင်နိုင်ရန် မဖြစ်နိုင်ခြင်းသာ အကျိုးအကြောင်းသင့်သကဲ့သို့ လူအများအပြားသည် သက်ပြင်းချမိကြသည်။