← Chapters

ယန်ယဲ့ လိုချင်လား

Vol. 79 Ch. 1564

ယန်ယဲ့ လိုချင်လား

Vol. 79 Ch. 1564

မီးတောက်သည် ပြိုကွဲသွားပြီး ကန်မျက်နှာပြင်ပေါ်တွင် ပျောက်ကွယ် သွားလေသည်။ မိချောင်းသည် စိတ်အေးသွားသည့်အလား ရယ်မောလေသည် “ဒီအတိုင်းပဲ....”

စကားမဆုံးခင်မှာပင် မီးတောက်သည် ကန်မျက်နှာပြင်တစ်ခုလုံးကို လောင်ကျွမ်းလေသည်။ အနက်ရောင်မီးတောက်များသည် မိချောင်းအား ဖျက်ဆီးလိုသည့်ရောင်ဝါဖြင့် လွှမ်းမိုးလေသည်။ ကန်မျက်နှာပြင်တစ်ခုလုံးတွင် ရေခိုးသည် ကောင်းကင်ဆီသို့ အငွေ့ပြန်လေသည်။ ကန်အစွန်းကိုပင် မမြင်ရ ဘဲ ရေမျက်နှာပြင်သည် မျက်စိနှင့်မြင်နိုင်ရလောက်အောင် လျော့နည်းသွား လေသည်။

ဒါဘယ်လို မီးတောက်မျိုးလဲ။

အမှောင်နတ်မိစ္ဆာဘုံမှ အပြင်လူများသည် ခန့်မှန်းနေကြသည်။ သို့သော် မိချောင်းသည် ပိုသိချင်မိသည်။

ထိုအခိုက်အတန့်တွင် သူသည် ရေအောက်တွင် ခေါင်းမြှုပ်နေချင် သော်ငြား မနေနိုင်ပေ။ ကန်တစ်ခုလုံးသည် ထိန်းချုပ်မှုအောက်ရောက်သွား သကဲ့သို့ သူ့ကိုချုပ်နှောင်ထားသည့် လှောင်အိမ်တစ်ခုသဖွယ်ဖြစ်နေသည်။ မီးတောက်များသည် သူ၏သံနှင့်တူသော ကြေးခွံများကို လောင်ကျွမ်းစေကာ စိတ်ဝိညာဉ်ထဲထိ နာကျင်မှုရောက်လာပြီး သူ့ကို မရုန်းနိုင်အောင်ဖြစ်စေလေ သည်။

“အား...”

ကောင်းကင်ကိုဖြဲလိုက်သည့်အသံထွက်ပေါ်လာပြီး ပွဲကြည့်ပရိသတ်ကို မွေးညင်းများထောင်သွားသည်အထိ တုန်ယင်သွားစေသည်။

ခက်ထန်သောမိချောင်းသည် ကန်ထဲတွင် မြုပ်ဝင်သါားသည့်အလား လုံးဝမလှုပ်တော့ပေ။ တဖြည်းဖြည်းနှင့် ရေပေါ်သို့ သူ၏ဦးခေါင်း၊ ခန္ဓာကိုယ် အပေါ်ပိုင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးပေါ်လာသည်အထိ ထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးသည် မီးသွေးခဲသို့ မည်းနက်နေသည်။ အမှုန့်များဖြာထွက်လာ သည်။ အမှောင်ကမ္ဘာမှလူများသည် နှုတ်ဆိတ်သွားပြီး တုန့်သွားကြသည်။

ဤလူသည် ဝိညာဉ်တစ်ခုသာဖြစ်သော်လည်း အထွတ်အထိပ်ဘုံရှိ သားရဲ ကို စက္ကန့်ပိုင်းအတွင်းသတ်နိုင်သည်။

တစ်ချက်တည်းနှင့် သတ်လိုက်ခြင်းပင်။

ထိုအခိုက်တွင် အားလုံးသည် ထိုလူ၏ပုံရိပ်ကို ပိုရှင်းလင်းစွာမြင်ချင် သော်လည်း ကံမကောင်းစွာပင် နောက်ကျောကိုသာမြင်ရသည်။ သူ၏ တောက်ပသော ငွေရောင်ဆံပင်သည် လေထဲတွင်လွင့်နေပြီး ဤလူသည်မည်မျှ ခမ်းနားသည်ကို တွေးမရနိုင်လောက်အောင်ပင်။ ဤအချိန်မှာပင် သူသည် ပုံရိပ် တစ်ခုသာ ပြသခဲ့သည်။

“ယန်ယဲ့ အဲဒါကိုလိုချင်လား”

ပေထင်းဟွမ်သည် အလွန်စိုးရိမ်လျက်ရှိသည်။ သူ၏ခွန်အားကို အားလုံး ကြောက်နေကြချိန်တွင် ယန်ယဲ့သည် ထိုတိုက်ကွက်သုံးလိုက်သဖြင့် သူ၏ပုံရိပ် သည် အနည်းငယ်မှိန်သွားသည်ကို ပေထင်းဟွမ်မြင်နိုင်သည်။ ၎င်းသည် ယန်ယဲ့၏ဝိညာဉ်ကို ထိခိုက်စေသည်ကိုမြင်နိုင်သည်။ သူမသည် ထိုအတွက် ကြောင့်နှင့် ယန်ယဲ့ကို မထိခိုက်စေလိုပေ။

“ဘာမှမဖြစ်ဘူး မစိုးရိမ်နဲ့”

၎င်းသည်ပုံရိပ်တစ်ခုသာဆိုသော်လည်း ယန်ယဲ့သည် ပေထင်းဟွမ်အား ရင်ခွင်ထဲပွေ့ဖက်ထားချင်မိသည်။ သူမ စဉ်းစားကြည့်ရာ လုပ်ရန်နည်းလမ်းမရှိ ပေ။ သူသည် ဘေးသို့အနည်းငယ်လှည့်လိုက်မှပင် အားလုံးသည် ထိုမျက်နှာကို မြင်ရလေသည်။ တောင်နှင့်မြစ်များကဲ့သို့ ချောမွတ်လှပြီး နေနှင့်လကဲ့သို့ တောက်ပသည်။ သို့သော် သူတို့သည် ကြည့်ရုံသာကြည့်နိုင်လေသည်။ တည့်တည့်မကြည့်နိုင်လောက်အောင် ခမ်းနားလွန်းသည်။

သို့သော် ပေထင်းဟွမ်သည် သူ့ဆီသို့ လက်ဆန့်ထုတ်လိုက်သည်။ သို့သော် လက်သည် ပုံရိပ်အား ဖြတ်သွားရာ ပေထင်းဟွမ်အား ပြောမပြနိုင် လောက်သည့် ဝမ်းနည်းမှုကိုခံစားစေသည်။

ထိုအရာကိုကြည့်ပြီး ယန်ယဲ့သည်လည်း ရင်နာမိသည်။ သူသည် လက် မြှောက်ကာ သူမ၏ဦးခေါင်းကိုထိရန်ပြင်လိုက်သည်။ သို့သော် သူ မြှောက်ရုံသာ မြှောက်ရဲသည် “သူက အထွတ်အထိပ်ဘုံသားရဲပဲ၊ မင်း သူ့ကိုထိန်းကျောင်းပြီး စာချုပ်တည်ထောင်နိုင်တယ်၊ သူ့ကို နိဗ္ဗာန်မီးနဲ့ရှို့လိုက်”

ကိုးရောင်နိဗ္ဗာန်မီးလား။

လျှို့ဝှက်ဆန်းကြယ်သောမီးဖြင့် လောင်ကျွမ်းထားကာ နတ်အသိစိတ် ကျန်ရှိသော မိချောင်းသည် တစ်ကိုယ်လုံး အားလျော့သွားသလိုခံစားလိုက်ရ သည်။ ထိုလူသည် လက်မြှောက်ကာ ယမ်းလိုက်သည်။ သူ၏တစ်ကိုယ်လုံးကို အနက်ရောင်မီးတောက်များဖြင့် ရစ်ပတ်လေသည်။ မသေရုံတမယ် မလှုပ်နိုင်သည့် သံချပ်ဝတ်တန်ဆာ မိချောင်းကို အေးစက်စွာကြည့်ပြီး ကင်းကောင်းမေးလိုက်သည် “အညံ့ခံမှာလား အသေခံမှာလား”

လွှမ်းမိုးလိုက်ခြင်းပင်။

အားလုံးသည် တောင်အနောက်မှရပ်ကာ ထိုဘက်သို့ကြည့်ကြလေသည်။ တချို့မလူများသည် အညံ့ခံသည်ဆိုသည့်စကားကိုပင် နားမလည်နိုင်ကြပေ။ ဒီလူ ဒါမှမဟုတ် ဒီလူငယ်က သားရဲထိန်းလား။ အထွတ်အထိပ်အဆင့်သားရဲကို ထိန်းကျောင်းနိုင်သူသည် ရှေးဟောင်းသားရဲထိန်းပင်ဖြစ်လိမ့်မည်။

ရှေးဟောင်းသားရဲထိန်းသည် မည်သည့်နေရာသွားစေကာမူ လူအများ၏ လေးစားမှုကိုခံရပြီး နောက်မှလိုက်ကြသည်။

All Chapters