အဲဒီမှာဘယ်လိုလုပ် သခင့်ရဲ့အငွေ့အသက်ရှိနိုင်မှာလဲ
Vol. 79 Ch. 1565
နှစ်ပေါင်းမရေတွက်နိုင်အောင် ရှင်သန်လာသည့် သားရဲတစ်ကောင် အနေနှင့် သံချပ်ဝတ်တန်ဆာမိချောင်းသည် နတ်မိစ္ဆာနတ်ဘုရား၏ ဂူသင်္ချိုင်း တွင် နေနိုင်လောက်အောင် ထူးခြားလိမ့်မည်။ ထိုအခိုက်အတန့်တွင် သူသည် ထွက်သက်ကများနေသော်လည်း ဝင်သက်အနည်းငယ်သာရှိတော့သည်။ သူသည် အတန်ကြာသည်အထိ မှင်တက်မိသည်။ သူ၏အသံမှာတိုးညင်းလှကာ အရင်ကကဲ့သို့ စူးရှပြီးအားကောင်းမှုများမရှိတော့ပေ “မင်းပြောတာ အညံ့ခံရ မှာလား”
“ကောင်းတယ်”
ယန်ယဲ့သည် စွမ်းအားမဖြုန်းချင်တော့သဖြင့် ပေထင်းဟွမ်သည် မတ်တပ်ရပ်ကာ ယန်ယဲ့အား မျက်လုံးမှိတ်ပြလိုက်သည်။ ယန်ယဲ့သည် ခန္ဓာ ကိုယ်ကိုလှည့်ကာ နောက်ဆုံးတွင် ပေထင်းဟွမ်၏ရင်ဘတ်မှ စိတ်ဝိညာဉ်ဆေး ဆီသို့ ပြန်သွားလေသည်။
ထိုအရာကိုကြည့်ပြီး မိချောင်းနှင့် အမှောင်နတ်မိစ္ဆာဘုံမှလူများသည် မည်သည့်အခြေအနေဆိုသည်ကိုမသိတော့ဘဲ ခေတ္တမျှမှင်တက်နေသည်။
ကန်ဘေးရှိ သစ်ပင်ကြီးပေါ်တွင် နားနေသည့် ငှက်ပြာတစ်ကောင်သာ ပေထင်းဟွမ်၏ရင်ဘတ်ကိုစိုက်ကြည့်ပြီး ရေရွတ်လေသည် “ဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်သခင့်အငွေ့အသက်ရှိနေ တာလဲ”
နတ်မိစ္ဆာနတ်ဘုရား၏အငွေ့အသက်သည် ဤပုံရိပ်တွင်ရှိနေသည်ကို သူ နားမလည်နိုင်သေးပေ။ ထိုအခိုက်အတန့်တွင် ချင်းညောင်သည် မျက်ရည်များ ကျလာသည် “သခင် ငါ့ကိုမေ့သွားပြီ၊ ငါသူ့ကို နှစ်တွေအများကြီးစောင့်လာ တာ၊ ဒါပေမဲ့ သူကတော့ ငါ့ကိုမေ့သွားပြီ၊ သူက ငါ့ကို နောက်ဆုံးတစ်ခါတောင် လာမတွေ့ခဲ့ဘူး၊ သူက ငါ့ကို သူ့သားရဲအဖြစ် မသတ်မှတ်ဘူး”
လူငယ်သည် စောဒကတက်နေတုန်းပင်။ ကန်ထဲမှ သံချပ်ဝတ်တန်ဆာ မိချောင်းသည် ယန်ယဲ့ပျောက်ကွယ်သွားပြီးနောက် အေးစက်စွာနှာမှုတ်လိုက် သည်။ အရှင်အဆင့်မျှသာရှိသော အားနည်းသောလူသည် သူ၏ အထွတ်အထိပ်သန်မာသောသားရဲဂုဏ်ကို အငမ်းမရလိုချင်နေသည်။
သူ အေးစက်စွာနှာမှုတ်လိုက်သည်နှင့် ပေထင်းဟွမ်သည် သူ၏အစီအစဉ် ကိုသိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်မှ ကိုးရောင်နိဗ္ဗာန်မီး ထွက်လာကာ သူမ မီးတောက်များကို လက်ထဲထည့်လိုက်ချိန်တွင် ကောင်းကင် လှံတံမှာ ကိုးရောင်မီးဖြင့်တောက်ပလာသည်။ လှံတံကိုလက်ထဲတွင် ထည့် လိုက်ချိန်တွင် သံမိချောင်းသည် တုံ့ပြန်လာသည်။ ပေထင်းဟွမ်သည် ကောင်းကင်မှ ဥက္ကာပျံကဲ့သို့ သံချပ်ဝတ်တန်ဆာမိချောင်းဆီသို့ ပြေးလာသည်။
ကျွတ်...
အားလုံးသည် ပင့်သက်ရှိုက်မိကြသည်။ ထိုလူငယ်သည် သူ၏ ကြမ်းတမ်း မှုနှင့် ရက်စက်မှုကို ထပ်မံပြနေသည်။ သူမ၏ပစ်လွှတ်ချက်များသည် ညှာတာမှု ကင်းကာ ချောင်းမြောင်းတိုက်ခိုက်မှုတွင် တော်သည်။
သံချပ်ဝတ်တန်ဆာမိချောင်းသည် လျှို့ဝှက်ဆန်းကြယ်သောမီးတောက် များ၏လောင်ကျွမ်းခြင်းကိုခံရသဖြင့် မတုံ့ပြန်နိုင်တော့ပေ။ ပေထင်းဟွမ်သည် ဖန်ထျန်းလှံတံကို ဆွဲလိုက်သည်နှင့် မိချောင်း၏အမြီးသည် ပေထင်းဟွမ်ဆီသို့ ခက်ခက်ခဲခဲရိုက်ချလေသည်။ အထွတ်အထိပ်သားရဲ၏အရှိန်ကို ရိုးရှင်းစွာပင် မတားနိုင်ပေ။ သို့သော် ၎င်းသည် အားကုန်လည်းမသုံးနိုင်ပေ။
ကိုးရောင်ဖန်ထျန်းလှံသည် သံမိချောင်း၏ပခုံးကို တည့်တည့်ထိုးဝင်သွား လေသည်။ ပေထင်းဟွမ်သည် ဖန်ထျန်းလှံတံဖြင့် အားပြင်းပြင်းရိုက်ချလိုက်ရာ လှံတံသည် မိချောင်း၏ခန္ဓာကိုယ်တွင်းသို့ ဝင်သွားရာ ကြက်သီးထစရာအော်သံ သည် လေဟာနယ်ကိုဖြတ်၍ထွက်လာသည်။
အား...
ရုတ်တရက်ပင် အားလုံး၏မွေးညင်းများ အဆုံးထိထောင်သွားသည်။ အစောက ယန်ယဲ့၏အားကောင်းသော ခွန်အားကို အားလုံးထိတ်လန့်ခဲ့သည်ဟု ဆိုရလျှင် ယခုအခါ အားလုံးသည် ပေထင်းဟွမ်၏ရက်စက်သော တိုက်ခိုက်မှု ကို ကြောက်လန့်မိကြသည်။
“ငါ သေရင်တောင် လက်မလျှော့ဘူး” သံချပ်ဝတ်တန်ဆာမိချောင်း နာကျင်လွန်းသဖြင့် သေချင်လာသည်။ သူ၏အားကောင်းသော ခုခံမှုသည် လျှို့ဝှက်ဆန်းကြယ်သောမီးတောက်ကြောင့် ပျောက်ကွယ်ပြီးနောက်တွင် ပေထင်းဟွမ်၏တိုက်ခိုက်မှုသည် တည့်တည့်တိုးဝင်လာသည်။
ပေထင်းဟွမ်သည် အေးစက်စွာ ပြုံးလိုက်သည် “မင်းပေါ်မှာ မူတည်တာ ပဲ”
သူမသည် ကိုးရောင်နိဗ္ဗာန်မီးကို သန့်စင်ခဲ့သည်။ ပေထင်းဟွမ်အတွက် ကိုးရောင်နိဗ္ဗာန်မီးကို ထိန်းချုပ်ရသည်မှာ လက်ချောင်းလှုပ်သကဲ့သို့ လွယ်ကူ လှသည်။ အတွေးတစ်ချက်နှင့်ပင် သံချပ်ဝတ်တန်ဆာမိချောင်း၏ကိုယ်ပေါ်မှ ကိုးရောင်ဖန်ထျန်းလှံတံသည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားရာ အသွေးနှင့် အသားများ လွင့်ပျံထွက်လာသည်။ ကန်ထဲတွင်ကျန်နေသောရေများမှာ သွေး လွှမ်းသွားပြီး သွေးညှီနံ့များပျံ့လာသည်။ ထိုအဖြစ်သည် အနီးအနားမှ သားရဲ များကို ချက်ချင်းပင် ရန်စသလိုဖြစ်ပြီး ကျွတ်သပ်ကာ အော်ညည်းမိကြသည်။
“ဘယ်လောက်ခုခံနိုင်မလဲဆိုတာ ရှင်းလင်းသင့်တယ်၊ မင်း ငါ့ကို အညံ့ခံ ရင် ထွက်ပေါက်ရှိဦးမယ်၊ မဟုတ်ရင် ကိုးရောင်နိဗ္ဗာန်မီးက မင်းကို ကောင်းကင် နဲ့မြေကြီးကြားမှာ တစ်သက်တာ သေဆုံးအောင်လုပ်ပေးလိမ့်မယ်” ပေထင်းဟွမ်၏ အေးစက်သောအသံသည် ကမ္ဘာတစ်ခုလုံးတွင် မြည်ဟီးသွား သည်။ ရုတ်တရက်ပင် အေးစက်သောလေတိုက်ခတ်လာသလိုပင်။