Chapters

ငှက်ပြာတိုက်ခိုက်ခြင်း

Vol. 79 Ch. 1567

ငှက်ပြာတိုက်ခိုက်ခြင်း

Vol. 79 Ch. 1567

အထွတ်အထိပ်ဘုံသားရဲကို ရပြီးစာချုပ်တည်ထောင်လိုက်သဖြင့် ဤလူငယ်သည် အမှောင်နတ်မိစ္ဆာဘုံတွင်မဆိုထားနှင့် တခြားဘုံများ၌ပင် ဘေးတိုက်လျှောက်နိုင်သည့်ခွန်အားရှိသည်။ ထို့အပြင် သူမတွင် အထွတ်အထိပ်သားရဲများကို ချက်ချင်းသတ်ဖြတ်နိုင်သည့် ဝိညာဉ်လည်းရှိ သည်။

သံချပ်ဝတ်တန်ဆာမိချောင်းသည် ပေထင်းဟွမ်၏သားရဲဖြစ်လာ ပြီးနောက် ပေထင်းဟွမ်အကြောင်း များစွာသိလိုက်ရသည်။ ပေထင်းဟွမ်သည် အပြင်ပန်းကဲ့သို့ ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဖြစ်လိမ့်မည်ဟု သူ ထင်မထားပေ။

သူ ပိုထင်မထားသည်မှာ ပေထင်းဟွမ်၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျား နတ်အရင်းအမြစ်ရှိနေသည်။ သူသည် နတ်မိစ္ဆာနတ်ဘုရားခေတ်မှ လက်ရှိ အထိ နေလာခဲ့သည့် သတ္တဝါဖြစ်သည်။ သူသည် နတ်မိစ္ဆာဝိညာဉ်နှင့် တိုက်ပွဲ အတွေ့အကြုံရှိပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကောင်းစွာနားလည် ထားသည်။ နတ်ဘုရား၏သွေး ကူးပြောင်းသည့်နည်းပညာပင်။

ကစဥ့်ကလျားနတ်အရင်းအမြစ် တည်ရှိမှုကိုသိပြီးနောက် ထျယ်ကျာ သည် ပေထင်းဟွမ် ဤနေရာသို့လာရသည့်အကြောင်းအရင်းကို သေချာ နားလည်သွားသည်။ သူသည် ပေထင်းဟွမ်အား လက်အုပ်ချီလေသည် “သခင် ငါ အဲဒီရတနာကို တစ်လျှောက်လုံး စောင့်ကြပ်လာတာ၊ သခင် ဆင်းပြီး ယူဖို့ ကူညီပေးပါ့မယ်”

ထိုစကားကိုကြားသောအခါ စောင့်ကြည့်နေကြသော ပရိသတ်များသည် ရဲရဲတောက်သော မျက်နှာထားများဖြင့် ပြည့်သွားကြလေသည်။ သူတို့၏ လောဘသည် သူတို့၏ ဆင်ခြင်တုံတရားကို ပျောက်သွားစေသည်။ တချို့သည် လက်ထဲမှလက်နက်များကိုထိကာ ဓားရှည်များကို မြှောက်ရန် ပြင်ဆင်လေ သည်။ ပေထင်းဟွမ်သည် ခေါင်းကိုအသာညိတ်ကာ ကန်ဘောင်ပေါ်မှ အားလုံး ကို အေးစက်သောအကြည့်ဖြင့် ဝဲကြည့်လိုက်ရာ ထိုအသိစိတ်မဲ့နေသောလူများ ထိတ်လန့်သွားကြလေသည်။

“ခုနက မင်းကငါနဲ့ မဟာမိတ်ဖွဲ့ချင်တယ်လို့ပြောခဲ့တယ်၊ ရတနာရပြီး သွားရင် တစ်ယောက်တစ်ဝက်ခွဲမယ်ဟုတ်လား၊ အခုရော အဲလိုအကြံရှိသေး လား၊ ရှိတယ်ဆိုရင် မတ်တပ်ရပ်ပါဦး” ပေထင်းဟွမ်၏အသံသည် ကြည်လင်ပြီး အေးစက်သည်။ ကြီးမားသောဖိနှိပ်မှုသည် ချက်ချင်းပင် အားလုံးကို နောက်ဆုတ်သွားစေသည်။

ထိုဖိနှိပ်မှုသည် သူတို့၏လောဘကို ပျောက်သွားစေကာ အသိစိတ်ဝင် သါားစေသည်။ ရုတ်တရက်ပင် အားလုံး၏ကျောပြင်တွင် ချွေးအေးအလွှာများ ထွက်လာလေသည်။ သူတို့ ဘာလုပ်နိုင်မည်နည်း။ အစောက သူတို့ ဘာလုပ်ဖို့ ကြိုးစားခဲ့သနည်း။

သူတို့သည် အစောက သေခြင်းတရားနှင့် နီးသွားခဲ့သည်။

အားလုံးသည် ရှင်းလင်းသည်။ ကောင်လေးပြောသလိုပင် သူတို့သည် သူမဆီမှ ရတနာကိုယူရန်မဆိုထားနှင့် သူမနှင့် မဟာမိတ်ဖွဲ့ရန် ခွန်အားမရှိပေ။

ထိုအခိုက်အတန့်တွင် ကန်ဘေးမှ ရှေးသစ်ပင်ကြီးပေါ်မှ ကြယ်ကြွေသွား သည့်အလား ရုတ်တရက် အရာတစ်ခုပျံလာသည်။ ငှက်ပြာသည် အတန်ကြာ သည်အထိ နောက်မှနေခဲ့ရာမှ ကန်ဆီသို့ပျံလာသည်။

“သံချပ်ဝတ်”

ပေထင်းဟွမ် ကြိမ်းဝါးလိုက်သည်နှင့် သံချပ်ဝတ်သည် ကန်ဆီသို့ပြေး သွားပြီဖြစ်သည်။ ဤအချိန်တွင် ပေထင်းဟွမ်ဆီမှ ရတနာလုချင်သည့် လူ မဟုတ်သေးပေ သားရဲရှိလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ ဤသားရဲသည် အထွတ်အထိပ်ကြီးသားရဲများလား။

လူသားများသည် အထွတ်အထိပ်ဖြစ်သော်လည်း ဆန္ဒများရှိနေတုန်းပင်။ သူကိုယ်တိုင်အတွက်သာမက မိသားစုအတွက်လည်းပါဝင်သည်။ လူသားများ သည် လူမှုရေးရှိသည့် သတ္တဝါများဖြစ်ကြသည်။

သို့သော် သခင်ကြီးအဆင့်သားရဲသည် မတူပေ။ သားရဲများအကြားတွင် အုပ်စုဖွဲ့နေကြသည့် သတ္တဝါများစွာရှိသော်လည်း ရှေးဟောင်းသွေးသားရှိ သားရဲများသည် တစ်ဦးတည်းနေထိုင်ကြသည်။ သူတို့အတွက် ကျင့်ကြံခြင်း၏ အမြင့်ဆုံးပန်းတိုင်မှာ ဆက်လက်၍ပိုသန်မာရန်ဖြစ်သည်။

ရှို့ဟွမ်ကိုလုရန် သားရဲရှိပါက ပေထင်းဟွမ်သည် မည်သူမည်ဝါဖြစ်သည် ကို စဉ်းစားမရပေ။ သို့သော် ထိုသားရဲ၏အသွင်အပြင်ကို အကဲဖြတ်ကြည့်ရာ ပေထင်းဟွမ်သည် တစ်ခုနှစ်ခု ခန့်မှန်းမိသည်။

ဤကောင်၏အရှိန်သည် အလွန်မြန်ဆန်သည်။

ထိုအရာကိုကြည့်ပြီး အားလုံးနီးပါးမှင်တက်စွာဖြင့် ပေထင်းဟွမ်အား ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လေသည်။ ကောင်းကင်ပေါ်တွင် လူများ စုဝေးလာကြသည်။ သူမနှင့် မဟာမိတ်ဖွဲ့ရန် ခွန်အားမရှိကြခြင်းသည် ကျားပါးစပ်မှ အစာကို လုယူနိုင်သည့်လူမရှိဟု မဆိုလိုပေ။

၎င်းသည် ကန်ဘေးမှ သစ်ပင်ကြီးပေါ်တွင်ရှိသော ငှက်ပြာဖြစ်သည်။ ၎င်းသည်မည်မျှကြာအောင် ပုန်းအောင်းနေသည်ကို မသိပေ။

ထင်ရှားစွာပင် ၎င်းသည် အောင်မြင်မှဖြစ်မည်။ မဟုတ်လျှင် ထွက်ပြေး နိုင်မည်မဟုတ်ပေ။