← Chapters

မင်းကိုကိုင်တွယ်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေရှိ တယ်

Vol. 79 Ch. 1568

မင်းကိုကိုင်တွယ်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေရှိ တယ်

Vol. 79 Ch. 1568

ထိုအခိုက်အတန့်တွင် အားလုံး၏မျက်လုံးများ ပြူးကျယ်သွားကာ ပေထင်းဟွမ်သည် သူမပိုင်ဆိုင်သည့်အရာကို မည်သို့ပြန်ရအောင်လုပ်မည်ကို ကြည့်နေကြသည်။ သူမ လုပ်နိုင်လျှင် အမှောင်နတ်မိစ္ဆာမှလူများသည် သူမကို နာခံလိမ့်မည်။ မလုပ်နိုင်လျှင် အားလုံးသည် သူမ၏ခွန်အားဖြင့် ခြိမ်းခြောက် ခြင်းကိုခံမည်မဟုတ်သလို သူတို့၏ရင်အတွင်းထဲမှ ကြည့်မည်မဟုတ်ပေ။

ကန်ဆီမှ နောက်ထပ်အရိပ်တစ်ခုထွက်လာသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ဒေါသထွက်နေပြီဖြစ်သည်။ သူမ လျစ်လျူရှုလိုက်သည်။ ဘိုးဘေးကျောက်တုံးသည် ထိုအကောင်ကို ဖိနှိပ်နိုင်သည်ကိုတွေးပြီး ကိုးရောင် မီးဖြင့် ဘိုးဘေးကျောက်တုံးကိုလှုံ့ဆော်လိုက်သည်။ နဂိုက သူမသည် ကြိုးစား ကြည့်ရုံသာဖြစ်သော်လည်း ဘိုးဘေးကျောက်တုံးသည် ကျိုးနွံစွာပင် သူမ၏ ဆန္ဒအတိုင်း ခန္ဓာကိုယ်ထဲမှ ပျံထွက်သွားလိမ့်မည်ဟု မည်သူထင်ထားမည် နည်း။

အမှန်တကယ်ပင် ထိုငှက်ပြာပင်။ အနက်ရောင်ဖုံးလွှမ်းထားသည်မှအပ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရောင်စုံအလင်းအနည်းငယ်ရှိနေပြီဖြစ်သည်။ ထို အကောင်သည် ရှို့ဟွမ်ကိုရသွားပြီဟု ခန့်မှန်းရလိုက်သည်။

လုံလောက်စွာပင် ထျယ်ကျဲသည် ကန်ထဲမှ စိတ်ဓာတ်ကျစွာဖြင့် ထွက်လာကာ ပေထင်းဟွမ်ဆီသို့ အပြစ်မကင်းသည့်ပုံစံနှင့် ရောက်လာသ်ည။

ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် သူ့အား ဂရုစိုက်ရန် မည်သို့ အချိန်ရှိမည်နည်း။ သူမ အော်လိုက်သည် “အဲဒါသွားယူလိုက်”

ငှက်ပြာသည် ထိုစကားကြားသောအခါ ခေါင်းလှည့်ပြီးကြည့်လေသည်။ မကြည့်လျှင်လည်း သူ၏တောင်ပံများသည် ခွေယိုင်သွားမည်ကို စိုးရသည်။

ငှက်ပြာ၏အရှိန်သည် မိုးကြိုးကဲ့သို့ မြန်ဆန်သည်။

ဘိုးဘေးကျောက်တုံး၏အရှိန်သည် ငှက်ပြာထက်ပင် မြန်သည်။ သူသည် နောက်မှရောက်လာကာ ငှက်ပြာအနားသို့ ချဉ်းကပ်လိုက်ချိန်တွင် ရုတ်တရက် အနက်ရောင်အလင်းထုတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ပိုပိုကြီးမားလာ ပြီး သုံးမြောင့်ထောက်ကဲ့သို့ ငှက်ပြာအား ဖုံးအုပ်လေသည်။

“ဝူး”

နာကျင်သောအသံသည် လူများကို ငိုချင်လောက်အောင်ဖြစ်စေသည်။ ငှက်ပြာသည် အနက်ရောင်အလင်း လွှမ်းမိုးခံလိုက်ရချိန်တွင် မပျံနိုင်တော့ပေ။ ငှက်ပြာသည် သန်မာသော်လည်း ဘိုးဘေးကျောက်တုံး၏ခွန်အားသည် တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ ငှက်ပြာအား ဖုံးအုပ်ပြီးနောက် ထပ်မံ လှုပ်ခါသွားကာ ပေထင်းဟွမ်ဆီသို့ ပျံသွားပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ်အတွင်း တွင် ပျောက်ကွယ်သွားလေသည်။

ထျယ်ကျာသည် သက်ပြင်းချလိုက်သည်။

ထိုကောင်အား ရှင်းလင်းစွာမြင်ပြီးနောက် သံချပ်ဝတ်သည် သူနှင့် တိုက်ခိုက်ရန် ခွန်အားနှင့် သတ္တိမရှိပေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ဘေးတွင်ကြည့်နေကြသော အမှောင်နတ်မိစ္ဆာ ဘုံမှ လူအားလုံးသည် ထပ်မံထိတ်လန့်သွားရပြန်သည်။ ဤကောင်လေးသည် ထိုသားရဲနှင့် ကျိန်းသေပေါက်တိုက်ခိုက်လိမ့်မည်ဟု အားလုံးထင်ထားခဲ့ကြ သည်။ ၎င်းသည် ငှက်လား ပိုးဖလံလား သဲသဲကွဲကွဲမသိရသေးခင်မှာပင် သားရဲ မှ အစာသည် ဤကောင်လေးဆီသို့ ပြန်ရောက်သွားလိမ့်မည်ဟု မည်သူသိမည် နည်း။

ဒီလောက်ရိုးရှင်းသလား။

အဲဒီသုံးမြှောင့်ပျံ လက်နက်က ဘာကြီးလဲ။ တိုက်ခိုက်ရေးဝိညာဉ်လား။

မည်သူမှ အဖြေပြန်မပေးကြပေ။ ထိုလူငယ်တွင် များစွာသော လျှို့ဝှက်ချက်၊ လှည့်ကွက်နှင့် မမြင်နိုင်သောအရာများရှိသည်ဟု ထိုလူများ ခံစားရသည်။

ပေထင်းဟွမ်သည် သက်ပြင်းချလိုက်သည်။ သည်တစ်ခေါက်တွင် ဘိုးဘေးကျောက်တုံးသည် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားပေ။ ထိုကျောက်တုံးသည် ငှက်ပြာကိုတွေ့သည့်အချိန်တိုင်းတွင် မတည်ငြိမ်နိုင်ပုံ ပင်။ ထိုစဉ်က ငှက်ပြာသည် သူ့အား ရဲတင်းစွာဖိနှိပ်ခဲ့ခြင်းကြောင့်လားမသိပေ။

ပေထင်းဟွမ်အား အားလုံးအား လျစ်လျူရှုသလိုကြည့်ပြီး ဘာမှမပြောဘဲ နှင့် လေဟာနယ်ဝင်ပေါက်ဆီသို့ လျှောက်သွားလေသည်။ သို့သော် သူမ၏စိတ် ထဲတွင် ငှက်ပြာနှင့်အငြင်းပွားနေသည်။

“ငါ ရှို့ဟွမ်ကိုထုတ်ပေးတာနဲ့ ငါ့ကိုထုတ်ပေးမလား” ချင်းညောင်သည် ထပ်ခါထပ်ခါ အတည်ပြုနေသည်။

“ဟုတ်တယ် ယောက်ျားဆိုတာ စကားတည်ရတယ်” ပေထင်းဟွမ် ကိုယ်ရည်သွေးလေသည်။

“ဟုတ်ပြီ မင်းပြောတဲ့စကားကို တာဝန်ယူရမယ် မဟုတ်ရင် မင်းကို ဘယ်ကိုမှသွားခွင့်မပြုနိုင်ဘူး” ချင်းညောင်သည် ဘာမှမလုပ်နိုင်ရန် ဖိအားပေး နေလေသည်။ သူ ဘာလုပ်နိုင်မည်နည်း။ ထိုစကားကိုတုံ့ပြန် ဦးညွှတ်ရတော့ မည်။

ငှက်ပြာသည် ဘိုးဘေးကျောက်တုံးမှ ရှို့ဟွမ်ကိုထုတ်ပေးလိုက်သည်။ သူ ကန်ထဲသို့ရောက်သည်နှင့် ပထမဆုံးလုပ်သည်မှာ ခန္ဓာကိုယ်ထဲသို့ ရှို့ဟွမ်ကို ရှူသွင်းခြင်းပင်။ နင်သေမည်ကိုပင် မကြောက်ခဲ့ပေ။

All Chapters